Podcast များ
သောတအတွေ့အကြုံ၏ဆွဲဆောင်မှု။

မီးရထားစီးခရီးစဉ်များတွင် Podcast များကလည်း အာရုံလွှဲစရာဖျော်ဖြေမှုဖြစ်ပေးသည်။
မီးရထားစီးခရီးစဉ်များတွင် Podcast များကလည်း အာရုံလွှဲစရာဖျော်ဖြေမှုဖြစ်ပေးသည်။ | Photo (detail): © Adobe

ဂျာမန်လေးဦးလျှင်တစ်ဦး၊ အမေရိကန်ပြည်ထောင်စု၌ အမေရိကန်နှစ်ဦးလျှင် တစ်ဦးသည် Podcast များကို နားထောင်ကြသည်။  ဘယ်အရာက အသံအစီအစဉ်ကို အလွန်လူကြိုက်များစေသလဲ။ ဂျာမန်စကားပြော Podcast လောကတွင် မည်သူတို့ပါဝင်သလဲ။

Podcast များ အောင်မြင်ဖြစ်ထွန်းလာသည် - ၂၀၂၀ ခုနှစ် ဧပြီလ၌ iTunes တစ်မျိုးတည်းတွင်ပင်တစ်ပိုင်းချင်းစီ စုစုပေါင်း ပုဒ်ရေ သန်း ၃၀ ကျော်ဖြင့် မတူညီသော podcast တစ်သန်းကျော်မှ ရွေးချယ်နိုင်ပြီး အသစ်များနေ့တိုင်းထပ်ရှိသည်။
 
 
အမေရိကန်ပြည်ထောင်စုသည် ဤဖွံ့ဖြိုးမှု၏ ကမ္ဘာလုံးဆိုင်ရာရှေ့ဆောင်ဖြစ်သည်။ “podcast” ဟူသော စကားလုံးအသစ်ကို တစ်နှစ်တာ၏စကားလုံးအဖြစ် New Oxford American Dictionary က ၂၀၀၅ခုနှစ်တွင် ရွေးချယ်ထားပြီးသားဖြစ်သည်။ podcast ဟူသော စကားလုံးမှ “pod” ဟူသော စကားလုံး (ဘာသာ ပြန်ဆိုရာတွင်မူတည်သည်) မှာ “တောင်းဆိုသည်နှင့် ဖွင့်ပြခြင်း” ဆိုသည့် အဓိပ္ပါယ်၏အတိုကောက် သို့မဟုတ် “ipod” ၏အတိုကောက်လည်းဖြစ်ပြီး “cast” ဆိုသော စကားလုံးမှာ ““broadcast” “အသံလွှင့်ခြင်း” မှရယူကာ ပေါင်းစပ်ထားခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် အမေရိကန်နှစ်ဦးလျှင်တစ်ဦးထက်မက podcast တစ်ခုကို ပုံမှန်နားထောင်ရန် စာရင်းသွင်းထားပြီးဖြစ်သည်။ ဂျာမနီနိုင်ငံတွင် လေးဦးတွင်တစ်ဦးသည် ထိုသို့သော အစီအစဉ်များကို ပုံမှန်နားဆင်တတ်ကြသည်။ အသက်၁၆ နှစ်မှ ၂၉ နှစ်အရွယ်ငယ်ရွယ်သောပရိသတ်တို့တွင် လူဦးရေသုံးဦးတွင်တစ်ဦးမက ပိုမိုရှိတတ်ကြသည်။ ဘယ်အရာက ဤအသံစီးရီးများကို အလွန်လူကြိုက်များစေပါသလဲ။

လှုပ်ရှားမှုမပါသောသင်ကြားမှုအတွက် ပညာပေးအစီအစဉ်များ။

ဂန္ထဝင်မီဒီယာပုံစံများတွင် နေရာလုံလုံလောက်လောက်မပေးသော အကြောင်းအရာများကို နိစ္စဓူဝဘဝတွင် ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးတစ်ရပ်အဖြစ်  သောတရှင်များစွာတို့က Podcast များကို ရှုမြင်ကြသည်။ ရေဒီယိုနားထောင်သကဲ့သို့မဟုတ်ဘဲ သူတို့နားထောင်ချင်သည်ကို သူတို့ဆုံးဖြတ်နိုင်ကြသည်။ ထို့ပြင်အခြားအလုပ်များ လုပ်ဆောင်နေစဉ်အတွင်း ဥပမာ- ရထား၊ ကားစသည် စီးနေရင်း၊ အားကစားလုပ်နေရင်း သို့မဟုတ် အိမ်မှုကိစ္စလုပ်နေရင်း စသည်ဖြင့် podcast ကို တစ်ပြိုင်နက်တည်း သုံးစွဲနိုင်ပြန်သည်။ podcast ပုံစံ၏ ဖြစ်နိုင်ချေအလားအလာက ဤအချက်တွင် အမှန်တကယ်တည်နေခြင်းဖြစ်သည်။ ဖျော်ဖြေမှုရရှိရန် သို့မဟုတ် ရည်ရွယ်ထားသော နောက်ထပ်သင်ယူလေ့လာမှုတို့တွင် သင့်နေ့စဉ်ဘဝ ၏ ပိုမိုကြီးမားသော အစိတ်အပိုင်းအား အသုံးပြုနိုင်သည်။
ရောဂါပိုးမွှားဗေဒပညာရှင် Christian Drosten က ကမ္ဘာ့ကပ်ရောဂါကိုရိုနာ၏ နောက်ဆုံးပေါ်တွေ့ရှိချက်များကို NDR podcast တွင် အပတ်စဉ် ရှင်းလင်းပြောကြားပေးသည်။ ရောဂါပိုးမွှားဗေဒပညာရှင် Christian Drosten က ကမ္ဘာ့ကပ်ရောဂါကိုရိုနာ၏ နောက်ဆုံးပေါ်တွေ့ရှိချက်များကို NDR podcast တွင် အပတ်စဉ် ရှင်းလင်းပြောကြားပေးသည်။ | Photo (detail): © picture alliance/dpa/Christophe Gateau အစီအစဉ်တစ်ခုချင်းတို့သည် အလွန်ပင်ကွဲပြားခြားနားသည်။ အချို့ကဇာတ်လမ်းများကို အပိုင်းလိုက်တသီတတန်းအများကြီးပြောကြသလို၊ အခြားသူတို့က သတ်သတ်မှတ်မှတ်ဘာသာရပ်အကြောင်းအရာပိုင်းကို ပြောဆိုကြ၍၊ အခြားသူတို့ကလည်း တွေ့ဆုံမေးမြန်းမှုတို့ကို အဓိကထားကြသည်။ ဂျာမနီနိုင်ငံ Bitkom စစ်တမ်းအရ သောတရှင်အများစုသည် နိုင်ငံရေးနှင့် သတင်း အကြောင်းအရာများကို စိတ်ဝင်စားကြပြီး ရုပ်ရှင်နှင့်ရုပ်မြင်သံကြား၊ အားကစားနှင့်အားလပ်နားနေချိန်၊ ဟာသအစီအစဉ်တို့က နောက်ကလိုက်သည်။ သို့သော် သိပ္ပံအကြောင်း podcast တို့သည်လည်း လူကြိုက်များသည်။ ထို့ကြောင့်လည်း ပို၍ပို၍သော တက္ကသိုလ်များသည် သူတို့၏သင်ကြားချက်များကို ဤပုံစံဖြင့်ရရှိနိုင်အောင် လုပ်ဆောင်လာကြသည်။ လက်ရှိဂျာမနီနိုင်ငံတွင် လူကြိုက်အများဆုံးမှာ Jan Böhmermann နှင့် Olli Schulz နှစ်ယောက်တို့၏ podcast Fest & Flauschig သရော်စာဆွေးနွေးမှုဖြစ်သည်။ ဤပုံစံအား အပတ်စဉ် နားသောတဆင်သူပေါင်း ၁၀၀,၀၀၀ ရှိပြီး Spotify ၏လူကြိုက်အများဆုံး အပတ်စဉ်စာရင်းများတွင် ပထမရနိုင်လောက်သည့် အနေအထားဖြစ်သည်။
Fest & flauschig - သူတို့၏ဇိမ်ကျကျခုံရှည်ပေါ်မှ သရော်သူများ Jan Böhmerman နှင့် Olli Schulz။ Fest & flauschig - သူတို့၏ဇိမ်ကျကျခုံရှည်ပေါ်မှ သရော်သူများ Jan Böhmerman နှင့် Olli Schulz။ | Photo: © picture alliance/dpa/Henning Kaiser

ဒေါ်လာတစ်သန်းရဖို့ မျှော်လင့်လျက်။

iTunes တစ်ခုတည်းပေါ်တွင် podcast ပေါင်း တစ်သန်း မကရှိ၍၊ ဤလွှမ်းမိုးနိုင်သော ထုတ်ကုန်ပမာဏ၏ အစိတ်အပိုင်းတစ်ခုတည်းကပင်လျှင် စီးပွားရေးအရ အောင်မြင်ပါသည်ဟု ယူဆနိုင်ပါသည်။ မည်သို့ပင်ဆိုစေ လူကြိုက်အများဆုံးpodcast စာရင်းများ၏ ထိပ်ဆုံးတွင် ဒေါ်လာသန်းပေါင်းများစွာရရှိနိုင်နေပါသည်။ တစ်လလျှင် သန်း ၂၀၀ ဒေါင်းလုပ်ဖြင့် Joe Rogan Experience သည် အမေရိကန်နိုင်ငံတွင် အအောင်မြင်ဆုံး podcast ဖြစ်ပြီး၊၂၀၁၉ ခုနှစ်တွင် ဒေါ်လာသန်း ၃၀ ခန့် အမြတ်ရရှိသည်။
 
podcast တစ်ခုဖြင့် ငွေရှာနိုင်သော နည်းလမ်းအသွယ်သွယ်ရှိသည့်အနက် တစ်နည်းမှာ Apple၊ Spotify သို့မဟုတ် အခြားသောအင်တာနက်ပေါ်မှ ထုတ်လွှင့်ခြင်းဝန်ဆောင်မှုဖြင့် သီးသန့်သဘောတူညီချက်တစ်ခု ပြုလုပ်ခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ မေလတွင် Spotify သည် Joe Rogan Experience နှင့် လက်မှတ်ထိုးခဲ့ပြီး၊ ပရိသတ်များများရရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ဤကဲ့သို့ ကမ်းလှမ်းချက်မျိုးများကို ပရိသတ်နည်းပါးသော Podcast ထုတ်လုပ်သူများသည် ဘယ်သောအခါမှ ရလေ့မရှိပါ။ ထိုအစားနားထောင်ရန် အသင်းဝင်ကြေးဖြင့် ရောင်းချခြင်း သို့မဟုတ် ပရိသတ်များထံမှ အလှူငွေရယူခြင်းတို့ကိုကြိုးစားလုပ်ဆောင်နိုင်သည်။ နောက်တစ်မျိုးမှာ ကြော်ငြာခြင်းဖြစ်သည်။ ကုန်ကျစရိတ်ကျခံပေးထားသောအပိုင်းများနှင့် ထုတ်ကုန်ကိုဇာတ်လမ်းထဲတွင် ကြော်ငြာထည့်ခြင်းတို့မှာ Podcast လောကတွင် အတွေ့ရများပါသည်။

Podcast တစ်ခု ဖန်တီးခြင်း။

အထူးသဖြင့် အသံပိုင်းအစီအစဉ်ကို အတော်လွယ်လင့်တကူ ထုတ်လုပ်နိုင်ခြင်းက podcast အော်ပရေတာများအတွက် ဆွဲဆောင်မှုလှရှိသည်။ podcast ထုတ်လုပ်မှု လောကဆီသို့ လှမ်းသောပထမခြေလှမ်းသည် မြန်ဆန်သည်။ “အခြေခံအရ podcast တစ်ခုကိုလုပ်ရတာ သိပ်ကိုလွယ်ကူတယ်။ ဈေးလည်းသက်သာတယ်။ လိုအပ်တာဆိုလို့ အသံသွင်းစက်တစ်လုံးပဲလိုတာ။ အသံသွင်းစက်ဆိုတာကလည်း စမတ်ဖုန်းတစ်လုံးနဲ့လည်း ဖြစ်နိုင်တယ်။ ပလက်ဖောင်းအမျိုးမျိုးမှာ စာရင်းသွင်းခံရဖို့ မှန်ကန်တဲ့ပုံစံနဲ့ RSS ထည့်သွင်းမှုတစ်ခုလည်းရှိတယ်” ဟု podcast ကျွမ်းကျင်သူလည်းဖြစ်၊ ဩစတြီးယား ဘောလုံးပရိသတ်ပုံစံ  Spielfrei ၏တွဲဖက်အော်ပရေတာ Alexander Stegisch က ရှင်းလင်းပြောကြားသည်။
 
သူတို့၏ဖောမတ်ပုံစံအား နည်းပညာပိုင်းတပ်ဆင်ဆောင်ရွက်ခြင်းနှင့် တည်ဆောက်ခြင်းတို့တွင် Stegisch က သူ၏ဖန်တီးမှုကိုယ်စားလှယ်လုပ်ငန်းဖြင့် အခြား podcast အော်ပရေတာများကိုအထောက်အပံ့ပေးသည်။ “အသံသွင်း-လွှင့်တင်-နားထောင်”ဟူသော အခြေခံနည်းပဒေသသည် ရိုးရှင်းပုံရသော်ငြား၊ အောင်မြင်သော podcast တစ်ခုဆီသို့ သွားသောလမ်းသည် ရှည်ကြာနေတုန်းဖြစ်သည်။ သူက “podcastတစ်ခုဟာ အစလွယ်သလောက်အရေအသွေးတိုးတက်ဖို့က အချိန်အကြာကြီးယူရတယ်။ အသက်သွင်းစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ အသံပန်နယ်တွေစသည်ဖြင့် လုပ်ဆောင်ရမယ့်နယ်ပယ်တွေ အများကြီးပဲ။ Spielfrei မှာ ကျွန်တော်တို့အတွက် သင့်လျော်တဲ့ မိုက်ခရိုဖုန်းတွေ တွေ့အောင်လုပ်နိုင်တော့မှ စုဆောင်းတဲ့နေရာထဲမှာ အရာရာစပြီး စုပုံလာတာ။” ယင်းနောက် ထုတ်လုပ်မှုအလွန်ကဏ္ဍရှိသည်။ podcast ကို မထုတ်လွှင့်ခင် ဖြတ်ညှပ်ခြင်း၊ တည်းဖြတ်ခြင်းရှိသည်။ “အဲဒါကအချိန်သိပ်စားတာ။ ဒါပေမဲ့ Audacity လို အခမဲ့ဆော့ဖ်ဝဲလ်နဲ့ဆိုရင် ခင်ဗျား ငွေလည်းစုနိုင်တယ်။ အလုပ်လည်းတွင်တယ်။ တခြားရွေးစရာ Adobe Audition ကတော့ ဝင်ကြေးပေးရတယ်။ ဒါပေမဲ့ အဲဒါကနည်းနည်းပိုပြီး မြန်မြန်ဖြစ်အောင် အကူအညီပေးတယ်”
 
 
Podcast များကို လူထုဆီရောက်အောင် ဆိုရှယ်မီဒီယာများနှင့် အခြား podcast အော်ပရေတာများနှင့် အပြန်အလှန်လုပ်ဆောင်မှုအပေါ်တွင် Spielfrei သည် အဓိကထားမှီတည်ထားသည်။ “တကယ်လို့ ခင်ဗျားတတ်နိုင်ရင် ဆိုရှယ်မီဒီယာကမ်ပိန်းတွေကနေ ဒါမှမဟုတ် တစ်ခြား podcast တွေမှာ ကြော်ငြာထည့်တာတွေဟာ သောတရှင်အသစ်တွေကို ဆွဲဆောင်ဖို့ တကယ်ထိရောက်တဲ့နည်းလမ်းတစ်ရပ်ပဲ။တကယ်လို့မင်းရဲ့ အစီအစဉ်က နည်းနည်းချင်းကြီးလာပြီဆိုရင် တခြား podcast တွေက မင်းကိုဖိတ်ကြားနိုင်တယ်။ ဒါကလည်း သောတရှင်အရေအတွက် တိုးပွားလာစေတယ်။” အားလုံးခြုံကြည့်ပါက အရေးအကြီးဆုံးက အကြောင်းအရာပိုင်းဖြစ်သည်။ မည်သို့ဆိုစေ အဆုံးသတ်တွင် လူများသည် သူတို့နှစ်သက်သည်ကိုသာ နားထောင်ကြသည်ဟူ၍။