IWD25
A Multi-Disciplinary Workshop
Facilitators: Maung Day, Nandar and The Purple Team
Organized by Goethe-Institut Myanmar
Workshop Date: 3rd-6th March 2025
Time: 10:00 AM – 5:00 PM (Lunch will be provided)
Public performance: 7th March 2025
Time: 4:30 PM – 6:00 PM (follow by a networking reception)
*The workshop will be held in local language.*
Plans for the 5-Day Workshop
Day 1 Activities (03.03.2025)
- အလုပ်ရုံဆွေးနွေးပွဲ မိတ်ဆက်
- သင်တန်းသားများ အသားကျစေရန် အလုပ်ရုံပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ခြင်း
- မတူညီသော ကဗျာ၊ စကားပြေအရေးအဖတ်နည်းလမ်းများကိုလေ့လာခြင်း
- မြန်မာ့ အမျိူးသမီး ကဗျာ၊ စကားပြေများကို လေ့လာခြင်း
- သင်တန်းသားအချင်းချင်း၏ အရေးသားများကို အပြန်လှန်လေ့လာခြင်း
- အမျိုးသမီးအနုပညာရှင်များ၏ အနုပညာလက်ရာများကို လေ့လာခြင်း
- ဂေဟဗေဒစနစ်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ၊ ဒဏ္ဍာရီဖန်တီးခြင်းတို့အပေါ် အမျိူးသမီးများ၏ အမြင်ကိုလေ့လာခြင်း။
- ကဗျာ၊ စကားပြေစာပေရေးခြင်းကို လေ့လာခြင်း
- သင်တန်းသားများ ဖန်တီးထားသော အနုပညာလက်ရာများကို မတူညီသောအမြင်အမျိူးမျိူးမှနေ၍ လေ့လာသုံးသပ်ခြင်း
- သင်တန်းသားများ ဖန်တီးထားသော အနုပညာလက်ရာများကို မတူညီသောအမြင်အမျိူးမျိူးမှနေ၍ လေ့လာသုံးသပ်ခြင်း
- သင်တန်းသားများဖန်တီးထားသော လက်ရာများကို အပြီးသတ်အချောသပ်ခြင်း
- သင်တန်းသားများကိုယ်တိုင် ပါဝင်ဖန်တီးထားသည့် လက်ရာများကို ပရိတ်သတ်ထံချပြဖျော်ဖြေခြင်း။
လျှောက်ထားရန်လိုအပ်ချက်များ
- လျှောက်ထားသူသည် စာပေ (သို့) အနုပညာအမျိုးအစားတစ်ခုခုကို ကျင့်သုံးဖန်တီးနေသူဖြစ်ရပါမည်။ (Multi-disciplinarian၊ Cross-disciplinarian တွေလည်းအကျုံးဝင်ပါတယ်။)
- လျှောက်ထားသူသည် အလုပ်ရုံဆွေးနွေးပွဲကာလအတွင်းမှာ အနုပညာလက်ရာတွေဖန်တီးစမ်းသပ်နိုင်ရပါမည်။
- လျှောက်ထားသူသည် အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အနုပညာဖန်တီးမှုဆိုင်ရာ လေ့ကျင့်ခန်းတွေကို (မပျက်မ ကွက်) စိတ်အားထက်သန်စွာလုပ်ဆောင်နိုင်ရပါမည်။
- လျှောက်ထားသူသည် အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အခြားသူများနဲ့ပူးပေါင်းဖန်တီးမှု (Collaboration) တွေလုပ် ဆောင်နိုင်ရပါမည်။
- လျှောက်ထားသူသည် မတူညီတဲ့အတွေးအမြင်၊ မတူညီတဲ့လူမှုဘဝနောက်ခံတွေကို စိတ်ဝင်စားပြီး၊ မိမိရဲ့အနုပညာအ လေ့အကျင့်ကို ချဲ့ထွင်လိုသူဖြစ်ရပါမည်။
- လျှောက်ထားသူသည် လက်တွေ့ရေးသားလုပ်ဆောင်ရတဲ့ ရေးသားမှုဆိုင်ရာလေ့ကျင့်ခန်းတွေကို လုပ်ဆောင်နိုင်ရပါမည်။
လျှောက်လွှာနှင့်တကွ တင်ပြရမည့် အက်ဆေး
*မြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာ ဖြင့် ပေးပို့နိုင်ပါသည်။*- မိမိပြုလုပ်ဖန်တီးခဲ့တဲ့ အနုပညာလုပ်ငန်း/လက်ရာတစ်ခုခုအကြောင်းကိုရေးသားရန်
- မိမိရဲ့အနုပညာအလေ့အကျင့်၊ တွေးခေါ်ချဥ်းကပ်ပုံ၊ သုံးစွဲတဲ့မီဒီယံ စတာတွေကိုထည့်သွင်းဆွေးနွေးရန်
- မိမိရဲ့ဖင်းမနစ္စ (သို့) အမျိုးသမီးရေးရာရှုထောင့်၊ စဥ်းစားပုံတို့ကို ထည့်သွင်းဆွေးနွေးရန်
လျှောက်လွှာများကို ဖေဖော်၀ါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ထိနောက်ဆုံးထားလက်ခံသွားမည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားသောကြောင့် အချိန်မီလျှောက်ထားနိုင်ရန် သတင်းကောင်းပါးလိုက်ရပါတယ်။