လုပ်ငန်းတာ၀န်များနှင့်ရည်ရွယ်ချက်များ

Goethe-Institut က ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံရဲ့  တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ ယဥ်ကျေးမှုအင်စတီကျုတစ်ခု ဖြစ်ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ နိုင်ငံရပ်ခြားမှာ ဂျာမန်ဘာသာစကားတတ်ကျွမ်းမှုကို မြှင့်တင်ပေးပြီး၊ နိုင်ငံတကာယဥ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပါတယ်။ ဂျာမနီနိုင်ငံက ယဥ်ကျေးမှု၊ လူမှုအသိုင်းအ၀ိုင်းနဲ့ နိုင်ငံရေးဘ၀တွေအကြောင်း သတင်းအချက်အလက်တွေကနေ ဂျာမနီနိုင်ငံရဲ့ ပုံရိပ်ကို ဘက်ပေါင်းစုံကနေ ကျွန်ုပ်တို့က ထင်ဟပ်ပြသပါတယ်။ ကျွန်ုပ်တို့ရဲ့ ယဥ်ကျေးမှုနဲ့ ပညာရေးအစီအစဥ်တွေက ယဥ်ကျေးမှုစုံ ဒိုင်ယာလော့ဂ်နဲ့ ယဥ်ကျေးမှုအရ အ၀င်အပါဖြစ်မှုကို အထောက်အကူပေးပါတယ်။ ဒီအစီအစဥ်တွေက လူမှုအသိုင်းအ၀ိုင်းရဲ့ တည်ဆောက်ပုံတွေကို တည်ရာမှာ ပိုမိုအားကောင်းစေပြီး၊ ကမ္ဘာတစ်၀ှမ်းလုံး ရွေ့လျားမှုကို အထောက်အကူပြုစေပါတယ်။

Goethe-Institut များ၊ Goethe စင်တာများ၊ ယဥ်ကျေးမှုအဖွဲ့အစည်းများ၊ စာမေးပွဲနဲ့ ဘာသာစကားသင်ကြားရေးဌာနတွေနဲ့အတူ ကျွန်ုပ်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကတည်းက မြောက်များစွာသောလူတွေကို ဂျာမနီနဲ့ ပထမဆုံး အဆက်အသွယ်ရရှိစေခဲ့ပါတယ်။ နိုင်ငံပေါင်း ၉၀ ကျော်မှာ၊ ထိပ်သီးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနဲ့ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းက ဂျာမနီနိုင်ငံအပေါ် ရေရှည်တည်မြဲတဲ့ ယုံကြည်မှုဖြစ်လာစေပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ဂျာမနီနိုင်ငံ၊ ယဥ်ကျေးမှုအကြောင်းအရာနဲ့ ပတ်သက်ပြီး တက်ကြွစွာလုပ်ဆောင်တဲ့ မည်သူမဆိုအတွက် မိတ်ဖက်များဖြစ်ပြီး၊ တာ၀န်အပြည့်အ၀ယူကာ ပါတီနိုင်ငံရေးကင်းရှင်းစွာ လုပ်ငန်းတာ၀န်များကို လုပ်ဆောင်ပါတယ်။  

Die Goethe Villa bei der Eröffnung Foto: Goethe-Institut Myanmar / Imelda Taurina Mandala

မြန်မာနိုင်ငံရှိ Goethe-Institut

မြန်မာနိုင်ငံအတွက် ယဥ်ကျေးမှုအစီအစဥ်၏အဓိကအချက်များမှာ မြန်မာနှင့်ဂျာမန်အနုပညာရှင်များအကြားဆုံစည်းတွေ့ဆုံခြင်း၊ ဂျာမနီနိုင်ငံ၏မျက်မှောက်ခေတ်ယဥ်ကျေးမှုကို တင်ဆက်ပြသခြင်း၊ ယဥ်ကျေးမှုနှင့် အသိပညာ၊ အတတ်ပညာနယ်ပယ်များတွင် ဂျာမန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ကူညီပံ့ပိုးခြင်းများဖြစ်ပါသည်။ ထို့အပြင် Goethe-Institut အနေနှင့် ပုဂ္ဂလိက ဂီတကျောင်းတစ်ကျောင်းဖြစ်သော ဂီတမိတ်၊ ရန်ကုန်ရုပ်ရှင်ကျောင်း (Yangon Film School) နှင့် ရန်ကုန်မြို့ရှိ ပြင်သစ်ယဥ်ကျေးမှုဌာနများနှင့်အတူ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
 
(၂၀၁၃) ခုနှစ် ဩဂုတ်လမှစတင်ပြီး၊ ရန်ကုန်မြို့ရှိ Goethe-Institut အနေနှင့် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်ခဲ့ပြီး စာမေးပွဲများလည်းစစ်ဆေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဂျာမန်ဘာသာစကားကိုပံ့ပိုးအားပေးကူညီခြင်း၊ ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်အသီးသီး၏ ဂျာမန်ဘာသာဌာနမှ ဆရာ၊ ဆရာမများကို အရည်အသွေးမြှင့်တင်အားပေးကူညီခြင်းများသည် Goethe-Institut ၏အရေးကြီးသောတာ၀န်တစ်ခုပင်ဖြစ်ပါသည်။