A1
ရင်းနှီးကျွမ်းဝင်နေကျ၊ နေ့စဉ်သုံး အသုံးအနှုန်းများ၊ လွယ်ကူရိုးရှင်းသည့် စာကြောင်းများကို နားလည်နိုင်ခြင်း။ မိမိ၏လိုအပ်ချက်များကို ဖော်ပြနိုင်ရန် အဆိုပါ စာကြောင်းများ၊ အသုံးအနှုံးများကို အသုံးပြုနိုင်ခြင်း။ မိမိကိုယ်ကိုနှင့် သူတစ်ပါးကို မိတ်ဆက်ပေးနိုင်ခြင်း။ အခြားသူများကို ၎င်းတို့အကြောင်း မေးခွန်းများမေးနိုင်ခြင်း ဥပမာ။ ။ မည်သည့်နေရာတွင် နေထိုင်သည်၊ မည်သူတို့ကို သိကျွမ်းသည် သို့မဟုတ် မည်သည့်အရာများ ရှိသည် စသဖြင့်။ မိမိနှင့်စကားပြောနေသူသည် ဖြည်းဖြည်းနှင့် ရှင်းရှင်းလင်းလင်းပြောဆိုပြီး မိမိနားမလည်သည့် အရာများအတွက် မိမိအားကူညီရှင်းပြပေးပါက ထိုကဲ့သို့သော လွယ်ကူသည့် အမေးအဖြေများကို ပြောဆိုနားလည်နိုင်မည် ဖြစ်ပါသည်။
A2
စာကြောင်းများ၊ တိုက်ရိုက်အဓိပ္ပါယ်ဖော်ဆောင်သည့် အသုံးများသည့် အသုံးအနှုန်းများကို နားလည်နိုင်ခြင်း။ (ဥပမာ။ ။ လူပုဂ္ဂိုလ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မိသားစုအကြောင်း၊ ဈေးဝယ်ခြင်း၊ အလုပ်အကိုင်၊ အနီးအနားပတ်ဝန်းကျင်) ရိုးရှင်းသည့် သမားရိုးကျအခြေအနေများတွင် တစ်ဖက်သားအား မိမိဆိုလိုသည်ကို နားလည်စေနိုင်ခြင်း။ လွယ်ကူသည့် အသုံးအနှုန်းများဖြင့် မိမိလာရာအရပ်ဒေသ၊ ပညာရေး၊ အနီးအနားပတ်ဝန်းကျင်စသည့် မိမိ၏လိုအပ်ချက်များကို ပြောဆိုဖော်ပြနိုင်ခြင်း။