Logo Goethe-Institut

မြန်မာ

ကလေး နှင့်ဆယ်ကျော်သက်များ အတွက်

တစ်တော့ခ်နှင့်အင်စတာဂရမ်တွင် ဂျာမန်လို ကွန်မန့်ပေးလိုပါသလား။ စိတ်လှုပ်ရှားဖွယ် အွန်လိုင်းဂိမ်းတစ်ခု ဆော့ချင်ပါသလား။ ဒါဆိုရင်တော့ ဒီမှာတစ်ချက် ကြည့် ကြည့်ပါ။ သင့်အတွက် အပ်ပလီကေးရှင်းနှင့်ဂိမ်းများ ဖန်တီးပေးထားပြီး ဗီဒီယိုများလည်းထုတ်လုပ်ကာ ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်ကိုလည်း ရွေးချယ်ပေးထားပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ် ကလေးနဲ့ဂျူနီယာ တက္ကသိုလ်က စိတ်ဝင်စားဖွယ် စမ်းသပ်မှုများကိုလည်း ပြသထားပါတယ်။

ကလေးတွေရယ် © Goethe-Institut, Getty Images

ကလေးများအတွက်ပလက်ဖောင်း

Digitale Kinder-Uni

တစ်ဦးတည်းမည်သို့ ကားမောင်းနိုင်ပါမည်နည်း။ ခရုခွံကို နား နားကပ်နားထောင်သည့်အခါ မည်သို့သော အသံကိုကြားရပါသနည်း။ ဘာကြောင့် အိပ်ဖို့လိုအပ်တာပါလဲ။ ကမ္ဘာကြီးသည်မေးခွန်းများဖြင့် ပြည့်နှက်နေပါသည်။ ထို့အတွက် ကျွန်ုပ်တို့တွင် အဖြေများရှိနေပါသည်။ အသေအချာရှင်းပြထားပြီး အခမဲ့ဖြစ်သည်။ ပရော်ဖက်ဆာ အိုင်းစတိုင်းနှင့် ဆိုဖီရှလောင်း တို့က သင့်ကိုတွေ့ရန် စောင့်မျှော်နေပါသည်။

KinderUni Foto: © Goethe-Institut Foto: © Goethe-Institut

ဆယ်ကျော်သက်များအတွက်ပလက်ဖောင်း

Digitale Junior-Uni

အာကာသသည် မည်သို့မည်ပုံရှိပါသနည်း။ လျှပ်စစ်မီးသည် ဘယ်ကလာပါသလဲ။ စက်ရုပ်တစ်ရုပ်သည် မည်သို့လုပ်ဆောင်ပါသလဲ။ ကျောင်းသား/သူတစ်ဦးအနေနှင့် ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ် ဂျူနီယာတက္ကသိုလ်တွင် သင့်အတွက်အဖြေများရှာဖွေနိုင်ပါသည်။ ထို့အပြင် သင့်ဂျာမန်ဘာသာစကားစွမ်းရည်ကိုလည်း အခမဲ့ မြှင့်တင်နိုင်ပါသည်။ ဂျူနီယာတက္ကသိုလ်သည် A1/A2 အဆင့်နှင့် A2/B1 အဆင့်များအတွက် အသင့်လျော်ဆုံးဖြစ်သည်။ 

JuniorUni Foto: © Goethe-Institut Foto: © Goethe-Institut

လူမှုကွန်ယက်

TikTok နှင့် Instagram တွင်ဂျာမန်စာလေ့လာပါ

ကျွန်ုပ်တို့၏အသိုင်းအဝိုင်းမှ ကြိုဆိုပါတယ်။ ကျွန်ုပတို့၏ TikTok နှင့် Instagram ချန်နယ်များတွင် ဘာလင်မှအဲလက်စ်နှင့် ကမ္ဘာအနှံ့မှဧည့်သည်တော်များက စောင့်ကြိုနေပါတယ်။ ဂျာမန်ဘာသာစကားနှင့်ပတ်သက်၍ သိသင့်သမျှ၊ ဂျာမနီနှင့်အခြားနိုင်ငံများမှနေ့စဉ်လူနေမှုဘဝများအကြောင်း ထဲထဲဝင်ဝင်လေ့လာနိုင်ပါသည်။ အခြားသောသူများနှင့်လည်း သင်၏အတွေ့အကြုံကို ဆွေးနွေးဖလှယ်နိုင်ပါသည်။

TikTok Host Alexander Foto: Goethe-Institut Foto: Goethe-Institut

ဂိမ်းအပလီကေးရှင်း

Deutschland. Kennen. Lernen

ဂျာမနီကိုစူးစမ်းလေ့လာရင်း ဂျာမန်စာသင်ယူပါ။ အခမဲ့ အပ်ပလီကေးရှင်း Deutschland. Kennen. Lernen. တွင် ဂျာမနီနှင့်ပတ်သက်သမျှအားလုံး သင့်ကို သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံ့သမိုင်းနှင့် နေထိုင်မှုဘဝပုံစံအကြောင်းတို့ကိုလည်း လေ့လာနိုင်ပါသည်။ အမျိုးမျိုးအထွေထွေသော အပြန်အလှန်ဆက်သွယ်သည့် သင်ခန်းစာများကိုရှာတွေ့နိုင်ပြီး ပဟေဠိများနှင့် ဗီဒီယိုများဖြင့်လည်း သင် ဂျာမန်စာကို အလွယ်တကူလေ့ကျင့်နိုင်ပါသည်။ အိမ်တွင်ဖြစ်စေ၊ လမ်းပေါ်တွင် သွားရင်းလာရင်းဖြစ်စေ အခမဲ့ လေ့လာနိုင်ပါသည်။
 

Deutschland.Kennen.Lernen Grafik: © Goethe-Institut Grafik: © Goethe-Institut

သတင်းအချက်အလက်နှင့်အကြံပြုချက်များ

Mein Weg nach Deutschland

ဂျာမနီသို့ ပြောင်းရွှေ့အခြေချရန် စီစဉ်နေပါသလား။ ဤနေရာတွင်ဝင်ရောက်ဖတ်ရှုပါ။ ဂျာမန်ဘာသာစကားအဆင့် A1 မှ B2 အထိ သို့မဟုတ် သင်နှစ်သက်ရာ ဘာသာစကားဖြင့် ဂျာမနီတွင် နေထိုင်ခြင်းနှင့်အလုပ်လုပ်ခြင်းအကြောင်း အရေးကြီးသောသတင်းအချက်အလက်များကို စာများ၊ ဗီဒီယိုများနှင့်ကားချပ်များဖြင့် ရှာဖွေကြည့်ရှုနိုင်ပါသည်။ 

Das Gesicht einer jungen dunkelhaarigen Frau ist vor dem Brandenburger Tor zu sehen im Sonnenlicht. © Alina Holtmann / Maridav © Alina Holtmann / Maridav

YouTube

24H DEUTSCH

ဟိုင်း ငါ့နာမည်က Ida ပါ။ YouTube ပေါ်က မင်းရဲ့ဂျာမန်ဘာသာစကားဆရာမပါ။ ငါ့ဆီကနေ သဒ္ဒါ၊ ဝေါဟာရအသစ်တွေသင်ယူနိုင်ပြီး ဂျာမနီမှာနေထိုင်မှုဘဝအတွက် အကြံပေးချက်တွေလည်း ရယူနိုင်ပါတယ်။ မင်းသာ ဂျာမန်ဘာသာစကား တတ်ကျွမ်းပြီးဖြစ်မယ်ဆိုရင် (အထူးသဖြင့် A2 ကနေ B1 အထိသင့်လျော်ပါတယ်) ငါ့ရဲ့ဗီဒီယိုတွေကို လွယ်လွယ်ကူကူနားလည်နိုင်မှာပါ။ ပြီးတော့ လုံးဝအခမဲ့ ဖြစ်ပါတယ်။ 

Ida aus 24h Deutsch mit einem Mikrofon in der Hand Foto: © Goethe-Institut Foto: © Goethe-Institut

အွန်လိုင်းဂိမ်း

Das Bild ist weg!

ပြတိုက်ထဲက ပန်းချီကား ပျောက်သွားပါတယ်။ ရဲတွေကိုကူညီပြီး သင့်ရဲ့သူငယ်ချင်း အန်နာနဲ့ ဘာစတီတို့နဲ့အတူ ပန်းချီကားကိုရှာဖွေပါ။ သင့်ရဲ့ရမှတ်တွေက သင်ဂျာမန်စာကို ဘယ်လောက်ကျွမ်းကျင်လဲဆိုတာ ပြသပါလိမ့်မည်။
ဤသင်ယူမှုဂိမ်းသည် A1.1 အဆင့် အသက် ၇ နှစ်မှ ၁၀ နှစ်အရွယ်အထိကလေးများအတွက်ဖြစ်သည်။
 

Screenshot vom Computerspiel „Das Bild ist weg!“ Grafik: © Goethe-Institut Grafik: © Goethe-Institut

ဂိမ်းအပ်ပလီကေးရှင်း

Die Stadt der Wörter

သင်သည် ဂျာမန်ဘာသာစကားကို သင်ယူပြီး ဖြစ်ပြီး ဝေါဟာရအသစ်များကို ပျော်ရွှင်ဖွယ်နည်းလမ်းဖြင့်သင်ယူလိုပါက ဤအခမဲ့အပ်ပလီကေးရှင်းအသစ်ကို ဒေါင်းလုပ်ဆွဲရယူလိုက်ပါ။ A1/A2 အဆင့်များအတွက် သင့်လျော်ပါသည်။ ဝေါဟာရအသစ်များစွာကို သင်ယူနိုင်မည်ဖြစ်ပြီး အခြားသော ကစားဖော်များနှင့်လည်း မှတ်စုများကိုနှိုင်းယှဉ်နိုင်မည်ဖြစ်သည်။

 © Goethe-Institut © Goethe-Institut

သင်ယူမှုအပ်ပလီကေးရှင်း

Deutschtrainer A1

ဂျာမန်လို ဂဏန်းများကို မည်သို့ရေတွက်ပါသလဲ။ အချိန်ကိုမည်သို့ပြောပါသလဲ။ ဤအစားအစာကို မည်သို့ခေါ်ပါသလဲ။ ကျေးဇူးပြု၍ နှင့် ကျေးဇူးတင်ပါတယ်ကို မည်သို့ပြောပါသလဲ။ အခြေခံအဆင့် A1 အတွက် ဤအပ်ပလီကေးရှင်းသည် ဂျာမန်ဘာသာစကားကို အခမဲ့ စတင်လေ့လာရန် နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ နားထောင်ခြင်း၊ စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် ကနဦးအရေးပါသော ဝေါဟာရများပါဝင်ပါသည်။ 

Deutschtrainer A1 Grafik: © Goethe-Institut Grafik: © Goethe-Institut

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက