အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

ဟင်းလင်း အနုပညာနေရာများ
အနုပညာထံမှ ငွေကို ထုတ်ယူခြင်း။

Berlin မြို့၏ အကျော်ကြားဆုံး ဟင်းလင်းအနု ပညာ နေရာများ - Kunsthaus Tacheles
Berlin မြို့၏ အကျော်ကြားဆုံး ဟင်းလင်းအနု ပညာ နေရာများ - Kunsthaus Tacheles | Foto (Zuschnitt): © picture alliance/imageBROKER

ဘာလင်မြို့တော်သည် ကျောချင်းကပ်ပြတိုက်များ၊ ဇာတ် ရုံများ၊ ပြခန်းများ၊ ကလပ်များနှင့် ရုပ်ရှင်ရုံများ နှင့် ပြည့်နှက်နေသည်။ ဤသို့ယဉ်ကျေးမှု ဆုလာဘ်၏ အလယ် “off-spaces” ပို၍ပို၍ ပေါ်ပေါက်လာကြသည်။  “off-spaces”သည် ဟင်းလင်းအနုပညာ နေရာများဖြစ်ပြီး၊ ငွေကြေးစရိတ်စကအတွက် စိတ်ပူစရာ မလိုဘဲ အနုပညာသီးသန့်စိတ်ထည့်ထားနိုင်စေရန် ရည်ရွယ် ဖန်တီးထားသည့် နေရာများဖြစ်သည်။

ရေးသားသူ​ Romy König

တည်ရှိပြီးသားပြတိုက်များနှင့် ပြခန်း များကြောင့်သာ မဟုတ်ဘဲ အသွေးအရောင်စုံ၊ အခမဲ့ အနုပညာမြင်ကွင်း ကြောင့် ဘာလင်မြို့တော်သည် နာမည်ကျော်ကြားလေ သည်။ “off-space” များ အဖြစ်သိရှိကြသော “ဟင်းလင်းအနုပညာနေရာများ” သည် အနုပညာရှင်များကိုရော၊ အနုပညာကို ချစ်မြတ်နိုးသူများကိုပါ ဆွဲဆောင်လေသည်။ အချို့သည် Berlin Kunsthaus Tacheles အစီအမံကဲ့သို့ ပိုမို၍ ထင်ရှားကျော်ကြားကြပြီး အခြားသူတို့ကမူ အရွယ် အစားလည်းသေးငယ်သလို၊ လူသိနည်းပါးကြသည်။ စီးပွားရေးအရ အောင်မြင်မှုသည် သူတို့၏ ပဓာနရည်မှန်း ချက်မဟုတ်။ သူတို့ အဓိကထားလုပ်ဆောင်ခြင်းက ဒေသခံအနုပညာရှင်များကို ကူညီဆွဲခေါ်စင်တင်ပေးရန် ဖြစ်သည်။

တစ်နေရာပြီးတစ်နေရာသွားရောက်မည့်အစား အနုပညာတွက် အချိန်ပေးခြင်း။

ဥပမာဆိုသော် ဘာလင်ခရိုင် အနုပညာနေရာသည် ပြပွဲများ၊ ပါဖောင်မန့်များနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၀ ပြည့်နှစ်ကတည်းက အစီအစဉ်တစ်ရပ်အဖြစ် စုစည်း လုပ်ဆောင်လာခဲ့သည်။ ထိုအစီအစဉ်တွင် အနုပညာရှင်များ၊ သုတေသီများနှင့် ပြည်သူလူထုတို့သည် လူမှု-နိုင်ငံရေးကိစ္စရပ်များအကြောင်းကို တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးနိုင်ကြသည်။ အနုပညာဒါရိုက်တာအဖြစ် ခုနစ်နှစ်တာလုပ်ခဲ့သော Suza Husse က သူ့လက်ရာထဲတွင် ဗဟုဝါဒ၏အရေးပါပုံကို အဓိကထား၍တင်ပြသည်။ ရည်ရွယ်ချက်မှာ အသံ အမျိုးမျိုးကိုနားထောင်ရန်ဖြစ်ပြီး၊ သူတို့အပြန်အလှန် ဆက်သွယ်နိုင်သော နေရာတစ်နေရာကို ဖန်တီးပေးရန် ဖြစ်ကြောင်း သူက ထပ်လောင်းပြောဆိုသည်။ “မဖြေရှင်းရသေးတဲ့ ဝိရောဓိတွေနဲ့ ပျက်ကွက်မှုတွေကို ကျွန်မတို့ အဓိကအကြောင်းအရာဖြစ်လာအောင် လုပ်ဆောင်နိုင်တယ်။ လက်တွဲလုပ်ဆောင်ခြင်း၊ အပြန်အလှန်လွှမ်းမိုးခြင်းတို့နဲ့ အသိုင်းအဝိုင်းပုံစံအမျိုးမျိုးကို စမ်းသပ်လုပ်ဆောင်ကြည့်လို့ရတယ်။ အဲဒါကပဲ ကျွန်မတို့နဲ့ ကျွန်မတို့ရဲ့ ပရောဂျက်တွေကိုမောင်းနှင်ပေးနေတာပါ။”
ဘာလင်ခရိုင်သည် ဘာလင်မြို့ Tempelhof-Schöneberg ခရိုင်ရှိ သမိုင်းဝင်မုယောစက်ရုံတွင် တည်ရှိသည်။ “နီနီကြီး” ဟု လူသိများကြသည့် အမြင်ဆန်းနေသည့် အုတ်အဆောက်အဦးကြီးကို ကျူရေတာ (ပြခန်းတာဝန်ခံ) က မြို့ပြနှင့် ဗဟိုချုပ်ကိုင်မှု ကင်းလွတ်ရာနေရာအဖြစ် ရှုမြင်သည်။ မြို့ပြ၏ အဆုံးသတ်တွင် “ပဋိပက္ခတွေ၊ လူမှုအမြင်တွေနဲ့ ဝိဉာဉ်တွေနဲ့ ကျွန်ုပ်တို့မြို့နဲ့ အဲဒီမှာ ကျွန်တော်တို့ ဘယ်လိုနေထိုင်ချင်ကြသလဲဆိုတဲ့” မေးခွန်းကို အဓိက လေ့လာစူးစမ်းကြသည်။ Berlin မြို့၏ မြင်တွေ့နေကျ hipster beats (ခေတ်ပြိုင်ယဉ်ကျေးမှုခွဲ) မှဝေးရာ စက်မှုဇုန်နေရာသို့ သွားရောက်လည်ပတ်ဖို့ တစ်စုံတစ်ယောက်က စိတ်ဝင်တစားဖြစ်သည် ဆိုသော်လည်း  အပျော်ခြေကျင်ခရီးထွက်ခြင်းတစ်ခုလိုသာဖြစ်သည်။ ခရီးသွားဧည့်သည် အချို့သည် ပေါ့ပေါ့ပါးပါး ဝင်ကြည့်ပြီးနောက် နောက်ထပ် ပွဲတစ်ပွဲဆီသို့ သွက်သွက်လက်လက်ထွက်သွားကြပေမည်။“တစ်ခါတစ်ရံမှာ လူတွေက အနုပညာနဲ့ အနုပညာနဲ့စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကိုထိတွေ့ဖို့၊ အခြားသူတွေနဲ့ အမြင်ခြင်း ဖလှယ်ဖို့ သုံးနာရီ၊ ငါးနာရီ ဒါမှမဟုတ် ခုနစ်နာရီ လောက်အထိ နေကြတယ်။”

ပရောဂျက်စီမံခန့်ခွဲမှုနှင့် အနုပညာကို တစ်ပေါင်းတစ်စည်းတည်း

 မြို့လယ်နှင့်ပိုမိုနီးကပ်သော ခုနစ်ကီလိုမီတာတွင် အရာရာသည် ကွဲပြားသလို ထင်မြင်ရပါမည်။ ခေတ်မီ ခေတ်ဆန်သော Neukölln ခရိုင်နှင့် Kreuzberg ခရိုင်တို့အကြား နယ်ခြားစည်းပေါ်တွင် Spektrum ယဉ်ကျေးမှုဗဟိုဌာနရှိသည်။ စင်တင်ပွဲများ၊ သရုပ်ပြတင်ဆက်မှုများ၊ ရုပ်ရှင်ပြသခြင်းများနှင့် ပြပွဲများကို ဤနေရာတွင် နေ့တိုင်းနီးပါး ကျင်းပဖြစ်သည်။ Spektrum ၏ ကနဦးဆောင်ရွက်သူများဖြစ်သော Lieke Ploeger နှင့် Alfredo Ciannameo တို့က ဤဟင်းလင်းအနုပညာနေရာကို လွန်ခဲ့သော လေးနှစ်ခန့်က အဖွဲ့ အသီးသီးကို တစ်စုတစ်စည်းတည်းဖြစ်လာစေရန်အတွက် တည်ထောင်ခဲ့ကြသည်။ “အဲဒီတုန်းက Berlin မြို့မှာ အနုပညာရှင်တွေဟာ အနုပညာရေးရာပညာရှင်တွေနဲ့ တွေ့ဖို့နေရာ တကယ်မရှိဘူး။ ဟက်ကာတွေနဲ့ အင်တာနက်-တက်ကြွ လှုပ်ရှားသူတွေနဲ့ဆက်စပ်ဖို့ နေရာမရှိဘူးလို့ ခံစား မိတာ။ ဒါကို ကျွန်တော်တို့က ပွဲလုပ်ဖို့‌နေရာတစ်နေရာပဲဖြစ်တယ်ဆိုတာထက် ပိုပြီးမြင်ထားတယ်။ ဒါဟာ လူတိုင်း ပါဝင်နိုင်တဲ့ ဖန်တီးမှုဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခုလည်း ဖြစ်ပါတယ်။” ဗိသုကာများနှင့် သိပ္ပံပညာရှင်များသည် အနုပညာရှင်များအဖြစ် ပါဝင်ပတ်သက်ကြသည်။ အနီးပတ်ဝန်းကျင်မှ လူများသည်ပင် သူတို့ဖြတ်သန်းသွားလာရင်း ဆိုင်ပြတင်းပေါက်က သူတို့ကို စိတ်ဝင်စားအောင် လုပ်ဆောင်ပါက ခဏခဏ ဝင်ဝင်လာတတ်ကြသည်။

Berlin အနုပညာနေရာ နှစ်နေရာစလုံးက သိပ္ပံစူးစမ်းမှု နှင့် ပညာရေးနှစ်မျိုးစလုံးကို မီးမောင်းထိုးသော်လည်း အထူးပြုမှုများ ကွဲပြားကြသည်။ Spektrum က “ဓာတ်ခွဲခန်း” ဆိုသည့် စကားကို အလွန်အလေးအနက်ထားသည်။ “အနုပညာ ဒါမှမဟုတ် ဒီဂျစ်တယ်ပြောင်းခြင်းမှာ အနံ့ရဲ့ အခန်းကဏ္ဍကို သုတေသနလုပ်နေတဲ့လူတွေ ကျွန်တော်တို့မှာရှိတယ်” ဟု Ploeger က ပြောသည်။ Berlin ခရိုင်က ပိုပြီး နိုင်ငံရေးနွယ်ကာ စိတ်ဝင်စားသောအဖွဲ့များသည် ရုပ်ရှင်ရိုက်ကူးသူ Karina Griffith နှင့် လာရောက် ဆွေးနွေးကြသည်။ “၁၉၆၀ ပြည့်နှစ်တွေဆီက ဂျာမန်ကျောင်းသားလှုပ်ရှားမှုက ဘယ်လိုမျိုး၊ ပိုပြီးအရေးပါတာက ဒီနေ့ခေတ်အကြောင်း၊ နိုင်ငံရေးအရလွတ်လပ်မှုရအောင်လုပ်နိုင်ခဲ့တာ” ဟု Husse ရှင်းပြသည်။ “ဒါမှမဟုတ် သူတို့က မော်ကွန်းတိုက်က ပစ္စည်းတွေကို တူးဆွပြီး အနုပညာပိုင်း သုတေသနလုပ်၊ အမျိုးသမီးဝါဒလှုပ်ရှားမှုများနဲ့ပတ်သက်လို့ ဂျီဒီအာ (အရှေ့ဂျာမဏီနိုင်ငံ)နဲ့ ဆန့်ကျင်ပြီး ဆွေးနွေးကြ တယ်။”

  • Berlin မြို့၏ Spektrum အနုပညာနေရာသည် ခေတ်မီသော Kreuzberg ခရိုင်မှ အုပ်စုအမျိုးမျိုးကို တစ်စုတစ်စည်းတည်းဖြစ်စေသည်။ အနုပညာရှင်များ၊ သိပ္ပံပညာရှင်များသာမက ဟက်ကာများနှင့် တက်ကြွလှုပ်ရှား သူများ စသည်ဖြင့်။ Foto (Zuschnitt): Spektrum © Michael Ang / Spektrum Berlin
    Berlin မြို့၏ Spektrum အနုပညာနေရာသည် ခေတ်မီသော Kreuzberg ခရိုင်မှ အုပ်စုအမျိုးမျိုးကို တစ်စုတစ်စည်းတည်းဖြစ်စေသည်။ အနုပညာရှင်များ၊ သိပ္ပံပညာရှင်များသာမက ဟက်ကာများနှင့် တက်ကြွလှုပ်ရှား သူများ စသည်ဖြင့်။
  • စင်တင်ပွဲများ၊ ပါဖောင်မန့်များ၊ ရုပ်ရှင်ပြပွဲများ သို့မဟုတ် ပြခန်းများ ဤနေရာတွင် နေ့စဉ်နီးပါး ကျင်းပကြသည်။ Photo (detail): Spektrum © Dario Muriel Giorgio
    စင်တင်ပွဲများ၊ ပါဖောင်မန့်များ၊ ရုပ်ရှင်ပြပွဲများ သို့မဟုတ် ပြခန်းများ ဤနေရာတွင် နေ့စဉ်နီးပါး ကျင်းပကြသည်။
  • District Berlin အနုပညာနေရာတွင် ကျင်းပသော ပွဲတစ်ပွဲEine Veranstaltung im Berliner Kunstraum Spektrum Foto (Zuschnitt): Spektrum © Dario Muriel Giorgio
    District Berlin အနုပညာနေရာတွင် ကျင်းပသော ပွဲတစ်ပွဲ
  • ဘာလင်မြို့ရဲ့ hipster အိမ်နီးချင်းများ၏ လမ်းကြောင်းမှ အနည်းငယ် သွေဖီသော အရာသည် District Berlin မှ အခန်းများဖြစ်သည်။ ဤနေရာသည် အနုပညာကို စိတ်ဝင်စားသူများ အတူတကွ အနုပညာ နှင့် ထိတွေ့နိုင်ပြီး လူမှုရေးနှင့် နိုင်ငံရေး အကြောင်းအရာများ ဆွေးနွေးနိုင်သည်။ ဓါတ်ပုံ။ “wildes wiederholen” ပရော့ဂျက်။ အောက်မှ ပစ္စည်းပစ္စယများ။ DDR အတိုက်အခံ၏ အနုပညာ သုတေသန မော်ကွန်းတိုက်။ District Berlin ၂၀၁၈။ Foto (Zuschnitt): © Emma Haugh
    ဘာလင်မြို့ရဲ့ hipster အိမ်နီးချင်းများ၏ လမ်းကြောင်းမှ အနည်းငယ် သွေဖီသော အရာသည် District Berlin မှ အခန်းများဖြစ်သည်။ ဤနေရာသည် အနုပညာကို စိတ်ဝင်စားသူများ အတူတကွ အနုပညာ နှင့် ထိတွေ့နိုင်ပြီး လူမှုရေးနှင့် နိုင်ငံရေး အကြောင်းအရာများ ဆွေးနွေးနိုင်သည်။ ဓါတ်ပုံ။ “wildes wiederholen” ပရော့ဂျက်။ အောက်မှ ပစ္စည်းပစ္စယများ။ DDR အတိုက်အခံ၏ အနုပညာ သုတေသန မော်ကွန်းတိုက်။ District Berlin ၂၀၁၈။
  • ပွဲများနှင့် ပြပွဲများသည် နိုင်ငံရေးနှင့်သက်ဆိုင်လေ့ရှိသည်။ “သူပြောသောတော်လှန်မှု- ၆၈ ခုနှစ်ဆိုင်ရာ လွတ်လပ်မှုနှင့် အမျိုးသမီးဝါဒအမြင်များ" စီးရီးများမှ ရွတ်ဖတ်ခြင်းနှင့် ပါဖောင်မန့်။ Foto (Zuschnitt): © Kim Bode
    ပွဲများနှင့် ပြပွဲများသည် နိုင်ငံရေးနှင့်သက်ဆိုင်လေ့ရှိသည်။ “သူပြောသောတော်လှန်မှု- ၆၈ ခုနှစ်ဆိုင်ရာ လွတ်လပ်မှုနှင့် အမျိုးသမီးဝါဒအမြင်များ" စီးရီးများမှ ရွတ်ဖတ်ခြင်းနှင့် ပါဖောင်မန့်။

အရက်သောက်သုံးမှုက ငွေကြေးအချို့ ယူဆောင်လာ ပေး တယ်။

နေရာနှစ်နေရာစလုံးသည် ငွေကြေးနှင့် စီးပွားရေး ကန့်သတ်မှုအပြင်ဘက်တွင် ဖြစ်နိုင်သမျှ အနုပညာကို ပြုလုပ်မည်ဟူသော မျှတူဆန္ဒရှိကြသည်။ သို့သော် အခမဲ့အနုပညာတစ်ခုတည်းနှင့်ရေရှည်ဆက်မသွားနိုင်ပါ။ District Berlin ၏ ဆက်လက်တည်ရှိမှုကို အစိုးရ-ပုဂ္ဂလိက ဖက်စပ်သဘောမျိုးဖြင့် ကျောထောက်နောက်ခံပြုထားသည်။ မုယောစက်ရုံက အခန်းငှားခနှင့် ပုံမှန်ကုန်ကျစရိတ်အချို့ကိုပေးသည်။ ပရောဂျက်များအတွက် ပြည်သူ့ဘဏ္ဍာထဲမှ တောင်းခံသည်။ သို့ဆိုသည့်တိုင် နေရာသည် “ဖြစ်နိုင်ခြေအကန့်အသတ်များနှင့် သွားသွားတိုးတယ်”ဟု Husseက ပြောသည်။ Spektrum ရှိ အခြေအနေက အနည်းငယ်ပိုပြီးလုံခြုံသည်။ အနုပညာနေရာကို ဝင်ခများနှင့် ဘားဆိုင်မှဝင်ငွေတို့ဖြင့် ငွေကြေးအထောက်အပံ့ပြုထားသော်လည်း Lieke Ploeger က မနှစ်က ပရောဂျက် အဆိုပြုလျှောက်လွှာအချို့ကို ရေးသားခဲ့သည်။
 
The District collective သည် ယခုငွေကြေးထောက်ပံ့သည့်ပုံစံကို ပြောင်းလဲဖို့ ရှာဖွေနေသည်။ ဘဝက ဘယ်တော့မှ အဆုံးမသတ်သော အနိမ့်အမြင့်ခွင်ထဲတွင် ကုန်လွန်သည်။ ပရောဂျက်အဆိုပြုလွှာတစ်ခုပြီးတစ်ခုတင်ရင်း စိတ်ပျက်လက်ပျက်ဖြစ်ဖို့များသည်။ “အဓိပ္ပါယ်ရှိတဲ့ အလုပ်လုပ်ဖို့၊ မလျှောက်ဖူးတဲ့လမ်းတွေကို လျှောက်ဖို့ နေရာကိုမကျန်သလောက်ပဲ။” သို့နှင့် Suza Husse လည်း နောက်ထပ်နည်းလမ်းကို ကြိုးစားရှာဖွေနေရသည်။ “မြို့ထဲက အခြားနေရာ တွေနဲ့ ပဏာမခြေလှမ်းတွေလိုပဲ အဲဒါကလည်း မတူကွဲပြားပြီး၊ အနာဂတ်ကို ဦးတည်တဲ့ ယဉ်ကျေးမှု၊ လူမှုအစစ်အမှန် တရားတွေကို နှစ်ပေါင်းများစွာ စူးစမ်းရှာဖွေ ဖန်တီးနေတာ။ District က လူထုရံပုံငွေရဲ့ ပိုပြီးကြာရှည်တည်တံ့တဲ့ ပုံစံကို လိုအပ်တယ်” ။  သူနှင့် သူ့ရောင်းရင်းမိတ်ဆွေများက Berlin Senate နှင့် ဆွေးနွေးကြသည်။ ဆွေးနွေးသည်က နောက်နှစ်အနည်းငယ်အတွက် သတ်မှတ်သည့် အသုံးစရိတ်ကိုလတ်တလောတွင် အကြမ်းရေးသားနေခြင်းဖြစ်သည်။ သူ့အခွင့်အလမ်းများကို သူဘယ်လိုဖြစ်စေချင်သလဲဟု မေးမြန်းရာ Husse က “မဟာမိတ်အဖွဲ့တွေ ဖွဲ့ပြီး တိုက်ခိုက်ရမယ့်အချိန်ပဲ” ဟု မတုန်မလှုပ်ဖြေသည်။