ဂျာမန်ဘာသာစကားအတွက်ကျွန်ုပ်တို့၏အားထုတ်ကြိုးပမ်းမှုများ

Our commitment to German Photo: Panthermedia/Viktor Thaut

"Schulen: Partner der Zukunft" - (ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်) အစီအစဥ်

„Schulen: Partner der Zukunft” (PASCH) (ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်) အစီအစဥ်သည် ဂျာမနီနိုင်ငံနှင့် အထူးတလည် ဆက်နွှယ်မှုရှိနေသော ကျောင်းပေါင်း ၁၇၀၀ ကျော်ကို စုစည်းချိတ်ဆက်ထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံအဆင့် ပညာရေးစနစ်အတွင်းရှိ PASCH ကျောင်းပေါင်း ၅၅၀ ၀န်းကျင်ကို Goethe-Institut မှ ကူညီပံ့ပိုးပေးနေပါသည်။

Leben in Deutschland - ဂျာမနီနိုင်ငံတွင်နေထိုင်ခြင်း

သင်သည် ဂျာမနီနိုင်ငံသို့ပြောင်းရွှေ့နေထိုင်လိုသူဖြစ်ပါသလား။ မည်ကဲ့သို့ပြောင်းရွှေ့နိုင်ပါသနည်း။ မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ရမည်နည်း။ ဤကိစ္စများအတွက် Goethe-Institut သည် AMIF (ဥရောပသမဂ္ဂ၏နိုင်ငံရေးခိုလှုံခွင့်၊ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့်ပေါင်းစည်းခြင်း ရန်ပုံငွေအစီအစဉ်) နှင့်အတူ ပွဲအခမ်းအနားအမျိုးမျိုး၊ ဂျာမနီနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ခြင်းနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များ၊ အမေးအဖြေများကိုပေးနေပါသည်။

Alumniportal Deutschland - ဂျာမနီနိုင်ငံ၏ ကျောင်းသားဟောင်းများ အင်တာနက်စာမျက်နှာ

ဂျာမနီနိုင်ငံ၏ ကျောင်းသားဟောင်းများ အင်တာနက်စာမျက်နှာသည် ဂျာမနီနိုင်ငံတွင် ကျောင်းတက်ဖူးသည့် ကျောင်းသားဟောင်းများ၊ လုပ်ငန်းများ၊ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ဗဟုသုတဖလှယ်နိုင်ရန်အတွက် ကွန်ရက်ချိတ်ဆက်ရာတွင် အကူအညီပေးသည့် လူမှုကွန်ရက်တစ်ခုပင် ဖြစ်ပါသည်။