ဂျာမန်ဘာသာစကားစာမေးပွဲများ

ဤကိစ္စနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက

အခက်အခဲမရှိ အဆင်ပြေစွာဖြင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ (သို့) ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုပြဿနာရှိသူများပါ လေ့ကျင့်နိုင်ခြင်း

ကျွန်ုပ်တို့သည် ဂျာမန်ဘာသာစကားစာမေးပွဲများ အားလုံးအတွက် လေ့ကျင့်ခန်းများနှင့်  အစမ်းစာမေးပွဲများကို အခက်အခဲမရှိ အဆင်ပြေစွာဖြင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ (သို့) ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုပြဿနာရှိသူများပါ လေ့ကျင့်နိုင်ရန် စီစဥ်ပေးထားပါသည်။

အရည်အသွေးအဆင့်အတန်း

နှစ်စဥ် စာမေးပွဲဖြေသူဦးရေ ၂၃၀ ၀၀၀ (နှစ်သိန်းသုံးသောင်း) ကျော်သည် ကျွန်ုပ်တို့၏ စာမေးပွဲများအပေါ်တွင် စိတ်တိုင်းကျ ကျေနပ်မှုရှိကြပါသည်။ တစ်ကမ္ဘာလုံးတွင် Goethe-Institut ၏ ဘာသာစကားအရည်အသွေး အသိအမှတ်ပြု စာမေးပွဲအောင်လက်မှတ်များကို အကျုံး၀င်သည့် လက်မှတ်များအဖြစ် အသိအမှတ်ပြု တန်ဖိုးထားခံရပါသည်။

သင်၏ ဂျာမန်ဘာသာစကားအဆင့်ကို စစ်ဆေးကြည့်ပါ။

သင်၏ ဂျာမန်ဘာသာစကားစွမ်းရည်တိုးတက်မှုကို  ဤနေရာတွင် စစ်ဆေးကြည့်နိုင်ပါသည်။ သင်သည် အခြေခံအဆင့်တွင်ရှိနေသူလား၊ အလယ်အလတ်အဆင့်လား သို့မဟုတ် ကျွမ်းကျင်သူအဆင့်လားစသည်ဖြင့် ဤစာမေးပွဲက အသင့်အား ညွှန်ပြပေးပါလိမ့်မည်။

မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ

Goethe-Institut ၏ ဂျာမန်ဘာသာစကားစာမေးပွဲများနှင့်ပတ်သက်ပြီး မကြာခဏမေးလေ့ရှိသည့် မေးခွန်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။