နေ့စဉ်ဘဝနှင့်လှုပ်ရှားမှုများ

ဂျာမနီတွင် နေထိုင် အလုပ် လုပ်ကိုင်လိုပါသလား။ ဤနေရာမှာ သင့်ဂျာမန်စကားကို မြှင့်တင်ပေးနိုင်တဲ့ A1 ကနေ B2 နဲ့ C2 အထိ အခမဲ့ လေ့ကျင့်ခန်းများ၊ အပ်ပလီကေးရှင်းများနဲ့ ရုပ်ရှင်များလည်း ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ရဲ့ဂျာမနီကနေ့စဉ်ဘဝအတွက် ပြင်ဆင်ပေးထားပြီး ဥပမာအားဖြင့် နေထိုင်ခြင်း (သို့) ဈေးဝယ်ခြင်း စတဲ့အကြောင်းအရာများပါဝင်ပါတယ်။ ဒါ့အပြင် ဂျာမနီမှာလက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေတဲ့သူတွေကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးထားပါတယ်။

နားကြပ်တပ်ပြီး ပြုံးနေသော အမျိုးသမီး © Goethe-Institut, Getty Images

သတင်းအချက်အလက်နှင့်အကြံပြုချက်များ

Mein Weg nach Deutschland

ဂျာမနီသို့ ပြောင်းရွှေ့အခြေချရန် စီစဉ်နေပါသလား။ ဤနေရာတွင်ဝင်ရောက်ဖတ်ရှုပါ။ ဂျာမန်ဘာသာစကားအဆင့် A1 မှ B2 အထိ သို့မဟုတ် သင်နှစ်သက်ရာ ဘာသာစကားဖြင့် ဂျာမနီတွင် နေထိုင်ခြင်းနှင့်အလုပ်လုပ်ခြင်းအကြောင်း အရေးကြီးသောသတင်းအချက်အလက်များကို စာများ၊ ဗီဒီယိုများနှင့်ကားချပ်များဖြင့် ရှာဖွေကြည့်ရှုနိုင်ပါသည်။ 

Das Gesicht einer jungen dunkelhaarigen Frau ist vor dem Brandenburger Tor zu sehen im Sonnenlicht. © Alina Holtmann / Maridav © Alina Holtmann / Maridav

YouTube

24H DEUTSCH

ဟိုင်း ငါ့နာမည်က Ida ပါ။ YouTube ပေါ်က မင်းရဲ့ဂျာမန်ဘာသာစကားဆရာမပါ။ ငါ့ဆီကနေ သဒ္ဒါ၊ ဝေါဟာရအသစ်တွေသင်ယူနိုင်ပြီး ဂျာမနီမှာနေထိုင်မှုဘဝအတွက် အကြံပေးချက်တွေလည်း ရယူနိုင်ပါတယ်။ မင်းသာ ဂျာမန်ဘာသာစကား တတ်ကျွမ်းပြီးဖြစ်မယ်ဆိုရင် (အထူးသဖြင့် A2 ကနေ B1 အထိသင့်လျော်ပါတယ်) ငါ့ရဲ့ဗီဒီယိုတွေကို လွယ်လွယ်ကူကူနားလည်နိုင်မှာပါ။ ပြီးတော့ လုံးဝအခမဲ့ ဖြစ်ပါတယ်။ 

Ida aus 24h Deutsch mit einem Mikrofon in der Hand Foto: © Goethe-Institut Foto: © Goethe-Institut

လူမှုကွန်ယက်

TikTok နှင့် Instagram တွင်ဂျာမန်စာလေ့လာပါ

ကျွန်ုပ်တို့၏အသိုင်းအဝိုင်းမှ ကြိုဆိုပါတယ်။ ကျွန်ုပတို့၏ TikTok နှင့် Instagram ချန်နယ်များတွင် ဘာလင်မှအဲလက်စ်နှင့် ကမ္ဘာအနှံ့မှဧည့်သည်တော်များက စောင့်ကြိုနေပါတယ်။ ဂျာမန်ဘာသာစကားနှင့်ပတ်သက်၍ သိသင့်သမျှ၊ ဂျာမနီနှင့်အခြားနိုင်ငံများမှနေ့စဉ်လူနေမှုဘဝများအကြောင်း ထဲထဲဝင်ဝင်လေ့လာနိုင်ပါသည်။ အခြားသောသူများနှင့်လည်း သင်၏အတွေ့အကြုံကို ဆွေးနွေးဖလှယ်နိုင်ပါသည်။

TikTok Host Alexander Foto: Goethe-Institut Foto: Goethe-Institut

ဂိမ်းအပ်ပလီကေးရှင်း

Die Stadt der Wörter

သင်သည် ဂျာမန်ဘာသာစကားကို သင်ယူပြီး ဖြစ်ပြီး ဝေါဟာရအသစ်များကို ပျော်ရွှင်ဖွယ်နည်းလမ်းဖြင့်သင်ယူလိုပါက ဤအခမဲ့အပ်ပလီကေးရှင်းအသစ်ကို ဒေါင်းလုပ်ဆွဲရယူလိုက်ပါ။ A1/A2 အဆင့်များအတွက် သင့်လျော်ပါသည်။ ဝေါဟာရအသစ်များစွာကို သင်ယူနိုင်မည်ဖြစ်ပြီး အခြားသော ကစားဖော်များနှင့်လည်း မှတ်စုများကိုနှိုင်းယှဉ်နိုင်မည်ဖြစ်သည်။

 © Goethe-Institut © Goethe-Institut

ဂိမ်းအပလီကေးရှင်း

Deutschland. Kennen. Lernen

ဂျာမနီကိုစူးစမ်းလေ့လာရင်း ဂျာမန်စာသင်ယူပါ။ အခမဲ့ အပ်ပလီကေးရှင်း Deutschland. Kennen. Lernen. တွင် ဂျာမနီနှင့်ပတ်သက်သမျှအားလုံး သင့်ကို သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံ့သမိုင်းနှင့် နေထိုင်မှုဘဝပုံစံအကြောင်းတို့ကိုလည်း လေ့လာနိုင်ပါသည်။ အမျိုးမျိုးအထွေထွေသော အပြန်အလှန်ဆက်သွယ်သည့် သင်ခန်းစာများကိုရှာတွေ့နိုင်ပြီး ပဟေဠိများနှင့် ဗီဒီယိုများဖြင့်လည်း သင် ဂျာမန်စာကို အလွယ်တကူလေ့ကျင့်နိုင်ပါသည်။ အိမ်တွင်ဖြစ်စေ၊ လမ်းပေါ်တွင် သွားရင်းလာရင်းဖြစ်စေ အခမဲ့ လေ့လာနိုင်ပါသည်။
 

Deutschland.Kennen.Lernen Grafik: © Goethe-Institut Grafik: © Goethe-Institut

သင်၏အွန်လိုင်းအသိုင်းအဝိုင်း

Deutsch für dich

အတူတကွဆိုလျှင်အရာများစွာ ပိုမိုလွယ်ကူပါတယ်။ ကျွန်ုပ်တို့၏အွန်လိုင်းအသိုင်းအဝိုင်းမှာ ဘာသာစကားအဆင့်အမျိုးမျိုးအတွက် အခမဲ့ ဂျာမန်စာလေ့ကျင့်ခန်းပေါင်း ၂၆၀ ကျော်ရှိပြီး သင်နဲ့အတူ ဂျာမန်ဘာသာစကားကို လေ့ကျင့်ပေးနိုင်မယ့်သူများစွာလည်းရှိပါတယ်။ ဒီနေရာမှာ ဒီလူတွေနဲ့ သိကျွမ်းကာ နှီးနှောဖလှယ်ပြီး အတူတကွ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ပါတယ်။

လူငယ် ၇ ဦး အတူတကွရပ်နေပြီး ဖုန်း (သို့) Tablet ကို အတူကြည့်နေကြသည်။ Shutterstock.com, Rawpixel.com Shutterstock.com, Rawpixel.com

လူမှုကွန်ယက်

Facebook တွင်ဂျာမန်စာလေ့လာပါ

ကမ္ဘာတဝန်းမှ ဂျာမန်စာလေ့လာသင်ယူသူများနှင့် သင်တွေ့ဆုံလိုပါသလား။ သို့ဆိုပါက ဤဖေ့စ်ဘွတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ပါ။ ဤနေရာတွင် သင်ဂျာမန်စကားကို အခမဲ့လေ့ကျင့်နိုင်ပြီး ဆွေးနွေးဖလှယ်နိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများအကြောင်း အရေးကြီးသတင်းအချက်အလက်များနှင့် ဂျာမနီတွင်နေထိုင်မှုဘဝအတွက် အကြံပြုချက်များကိုလည်း ရယူနိုင်ပါသည်။

Facebook Foto: © Goethe-Institut, Sonja Tobias Foto: © Goethe-Institut, Sonja Tobias

သင်ယူမှုအပ်ပလီကေးရှင်း

Lirica – ဂီတဖြင့်ဂျာမန်စာလေ့လာပါ

Lirica အပ်ပလီကေးရှင်းဖြင့် ဘာသာစကားကို ပျော်ရွှင်ဖွယ်ဂီတဖြင့် သင်ယူနိုင်ပါသည်။ နာမည်ကြီး ဂျာမန်စကားပြော ဂီတပညာရှင်များကို စူးစမ်းလေ့လာပြီး ၎င်းတို့၏သီချင်းများကို နားဆင်ကာ ယှဉ်တွဲသည့်သင်ခန်းစာများပြုလုပ်ကြည့်ပါ။

Singende Frau mit Kopfhörern Foto: © Goethe-Institut Foto: © Goethe-Institut

ဂျာမနီရှိနေ့စဉ်ဘဝ

Ticket nach Berlin

ပြိုင်ပွဲ၀င်ခြောက်ဦး၊ အဖွဲ့နှစ်ဖွဲ့၊ ရည်ရွယ်ချက်ကတော့ ဘာလင်မြို့တော် တစ်ခုတည်းပါ။ ဂျာမနီနိုင်ငံတနံတလျား သူတို့၏ခရီးစဉ်တွင် ဂျာမန်ဘာသာစကားသင်ယူသူခြောက်ဦးက စိတ်လှုပ်ရှားဖွယ်စိန်ခေါ်မှုများကို ကြုံတွေ့ကြရမည်ဖြစ်သည်။

သင်ယူမှုအပ်ပလီကေးရှင်း

Deutschtrainer A1

ဂျာမန်လို ဂဏန်းများကို မည်သို့ရေတွက်ပါသလဲ။ အချိန်ကိုမည်သို့ပြောပါသလဲ။ ဤအစားအစာကို မည်သို့ခေါ်ပါသလဲ။ ကျေးဇူးပြု၍ နှင့် ကျေးဇူးတင်ပါတယ်ကို မည်သို့ပြောပါသလဲ။ အခြေခံအဆင့် A1 အတွက် ဤအပ်ပလီကေးရှင်းသည် ဂျာမန်ဘာသာစကားကို အခမဲ့ စတင်လေ့လာရန် နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ နားထောင်ခြင်း၊ စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် ကနဦးအရေးပါသော ဝေါဟာရများပါဝင်ပါသည်။ 

Deutschtrainer A1 Grafik: © Goethe-Institut Grafik: © Goethe-Institut

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက