Logo Goethe-Institut

မြန်မာ

နေ့စဉ်ဘဝနှင့်လှုပ်ရှားမှုများ

ဂျာမနီတွင် နေထိုင် အလုပ် လုပ်ကိုင်လိုပါသလား။ ဤနေရာမှာ သင့်ဂျာမန်စကားကို မြှင့်တင်ပေးနိုင်တဲ့ A1 ကနေ B2 နဲ့ C2 အထိ အခမဲ့ လေ့ကျင့်ခန်းများ၊ အပ်ပလီကေးရှင်းများနဲ့ ရုပ်ရှင်များလည်း ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက သင့်ရဲ့ဂျာမနီကနေ့စဉ်ဘဝအတွက် ပြင်ဆင်ပေးထားပြီး ဥပမာအားဖြင့် နေထိုင်ခြင်း (သို့) ဈေးဝယ်ခြင်း စတဲ့အကြောင်းအရာများပါဝင်ပါတယ်။ ဒါ့အပြင် ဂျာမနီမှာလက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေတဲ့သူတွေကလည်း သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးထားပါတယ်။

နားကြပ်တပ်ပြီး ပြုံးနေသော အမျိုးသမီး © Goethe-Institut, Getty Images

  • Pronunciation made easy

    Online pronunciation training

    Do you want to be easily understood when you speak German? Are you preparing for a German examination and want to pass the “oral” section with confidence? Improve your pronunciation in a personalized and structured way. Our exercises are based on everyday communication, and you will receive direct feedback.
    Suitable for all levels.
     

    A woman sits on a pile of characters. Image: © Goethe-Institut Image: © Goethe-Institut

  • A1 training

    Fotogeschichten

    Shopping, going to the doctor, taking the train: Train your listening comprehension with simple, realistic dialogues and gain insights into everyday life in Germany. Complete the matching exercises.

    two friends are hugging © Goethe-Institut © Goethe-Institut

  • exercises in a virtual city

    DeutschLandStadt

    Learn German: from registration office to the doctor - in a virtual city, you learn the first steps of everyday life in Germany in a playful way. The interactive learning game conveys practical knowledge and is ideal for German learners at B1/B2 level.

    Screenshot aus DeutschLandStadt © Goethe-Institut | Izmir © Goethe-Institut | Izmir

  • YouTube

    24H DEUTSCH

    ဟိုင်း ငါ့နာမည်က Ida ပါ။ YouTube ပေါ်က မင်းရဲ့ဂျာမန်ဘာသာစကားဆရာမပါ။ ငါ့ဆီကနေ သဒ္ဒါ၊ ဝေါဟာရအသစ်တွေသင်ယူနိုင်ပြီး ဂျာမနီမှာနေထိုင်မှုဘဝအတွက် အကြံပေးချက်တွေလည်း ရယူနိုင်ပါတယ်။ မင်းသာ ဂျာမန်ဘာသာစကား တတ်ကျွမ်းပြီးဖြစ်မယ်ဆိုရင် (အထူးသဖြင့် A2 ကနေ B1 အထိသင့်လျော်ပါတယ်) ငါ့ရဲ့ဗီဒီယိုတွေကို လွယ်လွယ်ကူကူနားလည်နိုင်မှာပါ။ ပြီးတော့ လုံးဝအခမဲ့ ဖြစ်ပါတယ်။ 

    Ida aus 24h Deutsch mit einem Mikrofon in der Hand Foto: © Goethe-Institut Foto: © Goethe-Institut

  • လူမှုကွန်ယက်

    TikTok နှင့် Instagram တွင်ဂျာမန်စာလေ့လာပါ

    ကျွန်ုပ်တို့၏အသိုင်းအဝိုင်းမှ ကြိုဆိုပါတယ်။ ကျွန်ုပတို့၏ TikTok နှင့် Instagram ချန်နယ်များတွင် ဘာလင်မှအဲလက်စ်နှင့် ကမ္ဘာအနှံ့မှဧည့်သည်တော်များက စောင့်ကြိုနေပါတယ်။ ဂျာမန်ဘာသာစကားနှင့်ပတ်သက်၍ သိသင့်သမျှ၊ ဂျာမနီနှင့်အခြားနိုင်ငံများမှနေ့စဉ်လူနေမှုဘဝများအကြောင်း ထဲထဲဝင်ဝင်လေ့လာနိုင်ပါသည်။ အခြားသောသူများနှင့်လည်း သင်၏အတွေ့အကြုံကို ဆွေးနွေးဖလှယ်နိုင်ပါသည်။

    Learn German on TikTok and Instagram © Goethe-Institut © Goethe-Institut

  • from B1

    Theoretisch, praktisch, gut! Vocational training in Germany

    Vocational training and integration in Germany: Accompany Amir as he arrives, searches for an apartment, and goes through everyday life at vocational school. The training highlights challenges, leisure activities, friendships, and supports settling into a new daily life.

    Amir makes an ID-Check. © Goethe-Institut © Goethe-Institut

  • သင်၏အွန်လိုင်းအသိုင်းအဝိုင်း

    Deutsch für dich

    အတူတကွဆိုလျှင်အရာများစွာ ပိုမိုလွယ်ကူပါတယ်။ ကျွန်ုပ်တို့၏အွန်လိုင်းအသိုင်းအဝိုင်းမှာ ဘာသာစကားအဆင့်အမျိုးမျိုးအတွက် အခမဲ့ ဂျာမန်စာလေ့ကျင့်ခန်းပေါင်း ၂၆၀ ကျော်ရှိပြီး သင်နဲ့အတူ ဂျာမန်ဘာသာစကားကို လေ့ကျင့်ပေးနိုင်မယ့်သူများစွာလည်းရှိပါတယ်။ ဒီနေရာမှာ ဒီလူတွေနဲ့ သိကျွမ်းကာ နှီးနှောဖလှယ်ပြီး အတူတကွ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ပါတယ်။

    အပြာရောင်နောက်ခံနှင့် လူငယ် ၄ ယောက် သူတို့၏ဖုန်းများ၊ Tablet များကို အတူတကွကြည့်နေကြသည်။ © Foto: Shutterstock.com, Rawpixel.com © Foto: Shutterstock.com, Rawpixel.com

  • Online AI-Game A2

    Unser neues Zuhause

    Moving and integration in Germany: Help the Lopez family get started in their new life. Get to know the neighbors, furnish the apartment, and find a daycare place for Dalia. Complete all tasks and support the family as they settle in. 

    Screenshot of game Unser neues Zuhause © Goethe-Institut © Goethe-Institut

  • ဂိမ်းအပလီကေးရှင်း

    Deutschland. Kennen. Lernen

    ဂျာမနီကိုစူးစမ်းလေ့လာရင်း ဂျာမန်စာသင်ယူပါ။ အခမဲ့ အပ်ပလီကေးရှင်း Deutschland. Kennen. Lernen. တွင် ဂျာမနီနှင့်ပတ်သက်သမျှအားလုံး သင့်ကို သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံ့သမိုင်းနှင့် နေထိုင်မှုဘဝပုံစံအကြောင်းတို့ကိုလည်း လေ့လာနိုင်ပါသည်။ အမျိုးမျိုးအထွေထွေသော အပြန်အလှန်ဆက်သွယ်သည့် သင်ခန်းစာများကိုရှာတွေ့နိုင်ပြီး ပဟေဠိများနှင့် ဗီဒီယိုများဖြင့်လည်း သင် ဂျာမန်စာကို အလွယ်တကူလေ့ကျင့်နိုင်ပါသည်။ အိမ်တွင်ဖြစ်စေ၊ လမ်းပေါ်တွင် သွားရင်းလာရင်းဖြစ်စေ အခမဲ့ လေ့လာနိုင်ပါသည်။
     

    Deutschland.Kennen.Lernen Grafik: © Goethe-Institut Grafik: © Goethe-Institut

  • ဂိမ်းအပ်ပလီကေးရှင်း

    Die Stadt der Wörter

    သင်သည် ဂျာမန်ဘာသာစကားကို သင်ယူပြီး ဖြစ်ပြီး ဝေါဟာရအသစ်များကို ပျော်ရွှင်ဖွယ်နည်းလမ်းဖြင့်သင်ယူလိုပါက ဤအခမဲ့အပ်ပလီကေးရှင်းအသစ်ကို ဒေါင်းလုပ်ဆွဲရယူလိုက်ပါ။ A1/A2 အဆင့်များအတွက် သင့်လျော်ပါသည်။ ဝေါဟာရအသစ်များစွာကို သင်ယူနိုင်မည်ဖြစ်ပြီး အခြားသော ကစားဖော်များနှင့်လည်း မှတ်စုများကိုနှိုင်းယှဉ်နိုင်မည်ဖြစ်သည်။

     © Goethe-Institut © Goethe-Institut

  • လူမှုကွန်ယက်

    Facebook တွင်ဂျာမန်စာလေ့လာပါ

    ကမ္ဘာတဝန်းမှ ဂျာမန်စာလေ့လာသင်ယူသူများနှင့် သင်တွေ့ဆုံလိုပါသလား။ သို့ဆိုပါက ဤဖေ့စ်ဘွတ်စာမျက်နှာတွင် ဝင်ရောက်ကြည့်ပါ။ ဤနေရာတွင် သင်ဂျာမန်စကားကို အခမဲ့လေ့ကျင့်နိုင်ပြီး ဆွေးနွေးဖလှယ်နိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများအကြောင်း အရေးကြီးသတင်းအချက်အလက်များနှင့် ဂျာမနီတွင်နေထိုင်မှုဘဝအတွက် အကြံပြုချက်များကိုလည်း ရယူနိုင်ပါသည်။

    Facebook Foto: © Goethe-Institut, Sonja Tobias Foto: © Goethe-Institut, Sonja Tobias

  • သတင်းအချက်အလက်နှင့်အကြံပြုချက်များ

    Mein Weg nach Deutschland

    ဂျာမနီသို့ ပြောင်းရွှေ့အခြေချရန် စီစဉ်နေပါသလား။ ဤနေရာတွင်ဝင်ရောက်ဖတ်ရှုပါ။ ဂျာမန်ဘာသာစကားအဆင့် A1 မှ B2 အထိ သို့မဟုတ် သင်နှစ်သက်ရာ ဘာသာစကားဖြင့် ဂျာမနီတွင် နေထိုင်ခြင်းနှင့်အလုပ်လုပ်ခြင်းအကြောင်း အရေးကြီးသောသတင်းအချက်အလက်များကို စာများ၊ ဗီဒီယိုများနှင့်ကားချပ်များဖြင့် ရှာဖွေကြည့်ရှုနိုင်ပါသည်။ 

    Das Gesicht einer jungen dunkelhaarigen Frau ist vor dem Brandenburger Tor zu sehen im Sonnenlicht. © Alina Holtmann / Maridav © Alina Holtmann / Maridav

  • ဂျာမနီရှိနေ့စဉ်ဘဝ

    Ticket nach Berlin

    ပြိုင်ပွဲ၀င်ခြောက်ဦး၊ အဖွဲ့နှစ်ဖွဲ့၊ ရည်ရွယ်ချက်ကတော့ ဘာလင်မြို့တော် တစ်ခုတည်းပါ။ ဂျာမနီနိုင်ငံတနံတလျား သူတို့၏ခရီးစဉ်တွင် ဂျာမန်ဘာသာစကားသင်ယူသူခြောက်ဦးက စိတ်လှုပ်ရှားဖွယ်စိန်ခေါ်မှုများကို ကြုံတွေ့ကြရမည်ဖြစ်သည်။