နွေရာသီတွင်အလုပ်လုပ်သည်_ဆေးဖက်ဝင်ဟင်းရွက်အပင်ပျိုးဥယျာဉ်မှူး
ဆေးဖက်ဝင်အပင်မှန်းလူတွေသိသင့်ပါတယ်။

လန်းဆန်းစေတဲ့ကိုယ်တိုင်ပြုလုပ်ထားတဲ့ဒေါင်းကွေးရွက်နဲ့ ဝိုင်အဖြူကိုရောစပ်ဖျော်ထားတဲ့သောက်စရာနဲ့အတူ Heidi Knappe
လန်းဆန်းစေတဲ့ကိုယ်တိုင်ပြုလုပ်ထားတဲ့ဒေါင်းကွေးရွက်နဲ့ ဝိုင်အဖြူကိုရောစပ်ဖျော်ထားတဲ့သောက်စရာနဲ့အတူ Heidi Knappe | ဓါတ်ပုံ။ ။ © Ula Brunner

နွေရာသီဟာ Heidi Knapp ရဲ့ဆိတ်ငြိမ်အေးချမ်းတဲ့ပျိုးဥယျာဉ်ထဲမှာအလုပ်အများဆုံးအချိန်ပါ။ အပင်လေး‌တွေကို ခူးယူစုဆောင်းကြ၊ ချက်ကြပြုတ်ကြ၊ အံ့ဩမှင်သက်မိကြနဲ့ပေါ့။ Wegerich, Waldmeister & Co ထဲမှာ ဘာတွေရှိနေမလဲဆိုတာ ဘယ်သူကသိရှိနိုင်ပါ့မလဲ။

မြေအိုးငယ်လေးတွေထဲကဟင်းခတ်အမွှေးအကြိုင်တွေ၊ မြက်ခင်းပြင်ပေါ်ကဒုဒလီပန်း၊ ပန်းခင်းတွေကြားကအလေ့ကျဂေါက်ပင်ကလေးတွေနဲ့ ဒေါင်းကွေးပင်တို့ရဲ့အနံ့တွေက မွှေးကြိုင်နေပါတယ်။ Heidi Knapp ရဲ့ဥယျာဉ်ထဲကိုဝင်ရောက်သွားတဲ့သူဟာ ဆေးဖက်ဝင်အပင်လေးများဘုံဗိမ္မာန်တစ်ခုရဲ့အလယ်မှာရောက်ရှိသွားပါတယ်။ "ဂေါက်ပင်ကို တကယ်တမ်းတော့ ပေါင်းပင်အဖြစ်သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ သူကရောဂါအတော်များများကိုသက်သာစေနိုင်ပြီး အရသာကလဲ အံ့မခန်းကောင်းပါတယ်။ ကျွန်မ သူတို့ကို အဲ့သလိုရှင်းပြတဲ့အခါ လူတိုင်းကအမြဲ တော်အံ့ဩသွားကြတယ်။"
(၁၉၆၆) ခုနှစ်ဖွားဖြစ်တဲ့ Heidi Knappe ကဟင်းခတ်ပင်လေး‌တွေရဲ့အကျိုးအာနိသင်ဗဟုသုတတွေကိုစိတ်ပါဝင်စားကြတဲ့သူတွေဆီ ဆင့်ကမ်းမျှဝေနေတာဆယ်နှစ်ကြာပါပြီ။ သူမရဲ့သင်တန်းမှာ အပင်လေး‌တွေကိုအတူတကွစုဆောင်းထိတွေ့လေ့လာသင်ယူကြပါတယ်။ သူတို့တွေအနေနဲ့ ဆေးဖက်ဝင်အပင်‌တွေကိုအရက်နဲ့စိမ်ထားတဲ့ဆေးရည်စိမ်တွေ၊ လိမ်းဆေးဆီတွေနဲ့ အိမ်သုံးဆေးဝါးထုတ်လုပ်တာပဲဖြစ်ဖြစ်၊ ဟင်းတွေနှပ်ဖို့အနှစ်ရည်လုပ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်  အလှကုန်တွေဖန်တီးတာပဲဖြစ်ဖြစ်ပေါ့။ "ကျွန်မတို့ဆီမှာ ဘယ်အပင်တွေပေါက်တယ်၊ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတဲ့အ‌ကြောင်းအရာတွေအမြဲပါဝင်ပါတယ်။ လူတွေကအပင်လေးတွေကိုခူးလိုက်တာနဲ့ ဆေးဖက်ဝင်အပင်မှန်းတန်းသိသင့်ပါတယ်။”

ဆေးဖက်ဝင်အပင်တွေနဲ့ သက်ဆိုင်သမျှ အားလုံး ဆေးဖက်ဝင်အပင်တွေနဲ့ သက်ဆိုင်သမျှ အားလုံး | Photo (detail): © Ula Brunner
ဒီစနေနေ့မှာ သင်တန်းတက်ရောက်သူခုနှစ်ယောက်ဟာ Postdam မြို့အနီး Schwielowsee ရေကန်နားက သူမရဲ့ဥယျာဉ်ကြီးထဲကိုရောက်လာခဲ့ကြပါတယ်။ တစ်ချို့တွေကတော့ ဒုတိယအကြိမ်ရောက်လာခဲ့ကြတာပါ။ သခွားဖရုံသီးတံစို့သီတံ‌တွေ၊ ဆေးဖက်ဝင်ဟင်းရွက်တို့နဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ပန်ကိတ်နှင့်အာလူးတို့ဟာ လဟာပြင်မီးဖိုပေါ်မှာ တဖြည်းဖြည်းကျက်လာပါတယ်။ ဆောင်ပုဒ်ကတော့ "Men and women at the grill" ဆိုတာပါပဲ။ သီအိုရီပိုင်းကိုခဏတာရှင်းလင်းပြီးတဲ့နောက် မနက်ခင်းပိုင်းမှာပဲ သင်တန်းသားအဖွဲ့ဟာ ကလျာဏီပင်၊ အက်စထရာဂွန်ပင် (estragon - အရွက်ရှည်ရှည်သွယ်သွယ်၊ ပန်းပွင့်အဖြူ၊ အဖြူရောင်ပန်းပွင့်သည့်အပင်၊ အရွက်ခြောက်ကိုဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးသည်။) မပါမဖြစ်ဂေါက်ပင်နဲ့ဒေစီပန်းကလေးတွေခူးဖို့ အတူတကွထွက်လာခဲ့ကြတယ်။ အဲ့ဒီအပင်လေးတွေကနေ ဟင်းနှပ်အနှစ်၊ ဆေးဖက်ဝင်ဟင်းရွက်ဆော့စ်၊ အသုပ်နဲ့ပင်စိမ်းရွက်အနှစ်ရည်တွေကို အကင်လုပ်စားကြဖို့အတွက် ဘယ်လိုလုပ်ရတယ်ဆိုတာကို Knappe ကရှင်းပြပါတယ်။
အကင်ဖို‌ပေါ်ကနှပ်ထားပီးသားဟင်းသီးဟင်းရွက်တံစို့သီ‌တံတွေ အကင်ဖို‌ပေါ်ကနှပ်ထားပီးသားဟင်းသီးဟင်းရွက်တံစို့သီ‌တံတွေ | ဓါတ်ပုံ။ ။ © Ula Brunner
စားဖိုမှူးအဖြစ်အလုပ်လုပ်နေတုန်းမှာကတည်းက အလေ့ကျပေါက်တဲ့သစ်သီးဝလံ‌တွေနဲ့ ဆေးဖက်ဝင်အပင်တွေကို သူမ  စိတ်ဝင်စားခဲ့တယ်။ အဲ့ဒီကနေပဲ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကိုလုပ်ဖို့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ဆုံးဖြတ်ချက်ချလိုက်နိုင်တာက တကယ်တော့ပြင်းပြင်းထန်ထန်မသန်စွမ်းတဲ့ သူမရဲ့သား Konstantin ကြောင့်ပါပဲ။ "သူကမျက်မမြင်တစ်ယောက်ပေမဲ့ အနံ့အာရုံခံအတော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်မ ရနံတွေနဲ့အလုပ်လုပ်ချင်နေခဲ့တယ်။ "သူမရဲ့အမှတ်တံဆိပ်" Kräuter-Heidi" ကအလေ့ကျဟင်းရွက်ရှာလကာရည်၊ ဂေါက်ပင်အနှစ်ချိုရည်၊ ဟင်းခတ်အမွှေးအကြိုင်အနှစ်ရည်စတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီးအရာအားလုံးတို့ကိုရောင်းချပေးပါတယ်။ သူမရဲ့အမျိုးသားက Potsdam မြို့ ဒါမှမဟုတ် Berlin မြို့မှာရှိတဲ့ဈေးတွေထဲမှာ ဈေးဝယ်ဖို့ကူညီပေးပါတယ်။ တကယ်တော့ ဒါလေးက မိသားစုကိုယ်ပိုင်လုပ်ငန်းလေးဖြစ်တယ်လို့ သူမရှင်းပြခဲ့ပါတယ်။ - "ကျွန်မရဲ့သမီး၊ အမျိုးသားတို့နဲ့အတူတူ ညနေတိုင်းမီးဖိုချောင်ထဲမှာ ပုလင်းတွေ၊ ဖန်ခွက်တွေကိုဖြည့်ပြီး တံဆိပ်ကပ်ကြတယ်။ ကျွန်မတို့ အခြားအလုပ်တစ်ဖက်နဲ့ ဒါတွေအားလုံးကိုလုပ်ရတာပေါ့။ ဒီလိုနဲ့ပဲ ကျွန်မတို့လုပ်ငန်းလေးကိုစတင်ခဲ့တာပါ။"
ဖရဲသီးတွေကိုလည်းကင်စားနိုင်ပါတယ်။ ဖရဲသီးတွေကိုလည်းကင်စားနိုင်ပါတယ်။ | ဓါတ်ပုံ။ © Ula Brunner
ခုဆိုရင် သူမက ရာသီအလိုက်ခေါင်းစဉ်တွေပြောင်းပြီး ဆေးဖက်ဝင်အပင်တွေအကြောင်းသင်တန်းတွေကို တစ်နှစ်ပတ်လုံးဖွင့်လှစ်ထားပါတယ်။ _ ဆောင်းရာသီမှာဟင်းအနှစ်ပြုလုပ်နည်း၊ ဧပြီလမှာမှော်ချဉ်ပင်နှင့်တရုတ်နံနံရောစပ်ပြီး အစိမ်းရောင်ဆော့စ်ပြုလုပ်နည်း၊ နွေရာသီမှာဟင်းနှပ်အနှစ်ရည်နဲ့အကင်ပြုလုပ်နည်းတို့ဖြစ်ပါတယ်။
စိမ်းလန်းတဲ့ဥယျာဉ်ရှိဘူဖေး - ကိုယ်တိုင်ခူးဆွတ်ထားတဲ့ဆေးဖက်ဝင်ဟင်းရွက်များနဲ့ ပြုလုပ်ထားတဲ့အသုပ် စိမ်းလန်းတဲ့ဥယျာဉ်ရှိဘူဖေး - ကိုယ်တိုင်ခူးဆွတ်ထားတဲ့ဆေးဖက်ဝင်ဟင်းရွက်များနဲ့ ပြုလုပ်ထားတဲ့အသုပ် | ဓါတ်ပုံ။ © Ula Brunner
Heidi Knappe ကဧည့်ခံသူဖြစ်ရတာကို သဘောကျပါတယ်။ ဥယျာဉ်တစ်ခွင်လုံးလမ်းလျှောက်၊ ဆေးဖက်ဝင်အရွက်‌တွေနဲ့ ဝိုင်အဖြူရောစပ်ဖျော်ထားတဲ့သောက်စရာတွေပြင်ဆင်၊ ဆေးဖက်ဝင်ဟင်းရွက်နဲ့ပတ်သက်တဲ့ဗဟုသုတတွေမျှဝေနေတဲ့ သူမကိုတွေ့ရင် ဒီအမျိုးသမီးဟာ တအောင့်ကလေးမှနားဖြစ်ရဲ့လားဆိုပြီး တွေးမိမှာပါပဲ။ ညနေခင်းတွေဆိုရင် သူမခြေကုန်လက်ပန်းကျပင်ပန်းနေပေမဲ့ ဖတ်စရာစာအုပ်တွေတောင်လိုပုံနေခဲ့တယ်လို့ သူမကဝန်ခံပြောဆိုခဲ့တယ်။ "ပင်ပန်းနွမ်းနယ်တဲ့နေ့တွင်ချည်းပါပဲ။ ဥယျာဉ်ကိုပြုပြင်ထိန်းသိမ်းရသလို အိမ်နဲ့ကျွန်မသားကိုလည်းပဲ စောင့်ရှောက်ရပါတယ်။ ဒါပေမဲ့ စားပွဲမှာဧည့်သည်တွေပြည့်နေပြီး ကျေနပ်ပျော်ရွှင်နေကြတယ်ဆိုရင်တော့ ပျော်စရာပါပဲ။"