ရိုမန်နီ
ဘာသာစကား သဲလွန်စများ

Prowadiya မှ  လားဟိုအုပ်စု ရိုမားအမျိုးသားများ - ပုံထဲရှိ ဘယ်ဘက်မှ အမျိုးသားက စာရေးသူ ရဲ့အဘိုးဖြစ်ပြီး ညာဘက်မှ အမျိုးသားက သူရဲ့ညီဖြစ်ပါတယ်။ အလယ်မှ အမျိုးသားက စာရေးသူရဲ့ဝမ်းကွဲအစ်ကိုဖြစ်ပါတယ်။ ဓာတ်ပုံက  ၁၉၆၀ နဲ့ ၁၉၇၀ ကြားကာလမှာ  Prowadiya မှာ ရိုက်ကူးခဲ့ပါတယ်။ ထိုအုပ်စုက  ၁၉ ရာစုမှာ ခရစ်ယာန်ဘာသာဝင် ရိုမန်နီစကားပြော ရိုမား‌-နော်မာဒီလူမျိုးတွေ ဖြစ်ပေမဲ့  နောက်ပိုင်းမှာ အစ္စလာမ်သာသာသို့ကူးပြောင်းလာခဲ့ပြီး ရိုမန်နီဘာသာစကားအစား တူရကီဘာသာစကားကို ပြောဆိုခဲ့ကြတယ်။
Prowadiya မှ လားဟိုအုပ်စု ရိုမားအမျိုးသားများ - ပုံထဲရှိ ဘယ်ဘက်မှ အမျိုးသားက စာရေးသူ ရဲ့အဘိုးဖြစ်ပြီး ညာဘက်မှ အမျိုးသားက သူရဲ့ညီဖြစ်ပါတယ်။ အလယ်မှ အမျိုးသားက စာရေးသူရဲ့ဝမ်းကွဲအစ်ကိုဖြစ်ပါတယ်။ ဓာတ်ပုံက ၁၉၆၀ နဲ့ ၁၉၇၀ ကြားကာလမှာ Prowadiya မှာ ရိုက်ကူးခဲ့ပါတယ်။ ထိုအုပ်စုက ၁၉ ရာစုမှာ ခရစ်ယာန်ဘာသာဝင် ရိုမန်နီစကားပြော ရိုမား‌-နော်မာဒီလူမျိုးတွေ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ အစ္စလာမ်သာသာသို့ကူးပြောင်းလာခဲ့ပြီး ရိုမန်နီဘာသာစကားအစား တူရကီဘာသာစကားကို ပြောဆိုခဲ့ကြတယ်။ | Photo (detail): Hristo Kyuchukov

ရိုမန်နီက ရိုမားလူမျိုးတို့ရဲ့ဘာသာစကားဖြစ်ပြီး စကားလုံးအများစုက အိန္ဒိယမှဆင်းသက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးမားလူမျိုးတွေ ဥရောပသို့ပြောင်းရွှေ့ကြတဲ့လမ်းကြောင်းတစ်လျှောက်မှာ ရိုမန်နီဘာသာစကားက ဥရောပဘာသာစကားများစွာနဲ့ထိတွေ့မှုရှိခဲ့ပြီး အပြန်အလှန်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ ဘူလ်ဂေးရီးယား၊ ဂရိနှင့်ဆွီဒင်နိုင်ငံတို့မှာတွေ့နိုင်ပါတယ်။

ရိုမန်နီဘာသာစကားက  အိန္ဒိယနိုင်ငံပြင်ပတွင် ပေါ်ထွန်းလာခဲ့ပြီး ဥရောပဘာသာစကားတွေနဲ့  ထိတွေ့ရာမှတစ်ဆင့် ဆင့်ပွားဖွံဖြိုးလာတဲ့ အိန္ဒိယလက်သစ်ဘာသာစကားဖြစ်ပါတယ်။ ထိုဘာသာစကားက ဘယ်လောက်ထိ ထွေပြားခြားနားတယ်ဆိုတာ ၁၉ ရာစုမှာ ဆားဘီးယားရိုးမားလူမျိုးတွေ ရေးစပ်သီဆိုခဲ့ကြပြီး  ဘော်လ်ကန်‌ဒေသရှိ ရိုမားလူမျိုးစုတွေကြားမှာ ယနေ့အထိ အလွန်ရေပန်းစားဆဲဖြစ်တဲ့ ရိုမန်နီသီချင်းတစ်ပုဒ်နဲ့  သရုပ်ဖော်ပြနိုင်ပါတယ်။  ထိုသီချင်းကို ထိမ်းမြားလက်ထပ်ပွဲတွေ နဲ့အခြားမိသားစုအခမ်းအနားတွေမှာ မကြာခဏဆိုသလို သီဆိုလေ့ရှိကြပါတယ်။အိပ်ရာဝင်တေးသီချင်းအနေနဲ့လည်း အသုံးပြုတဲ့ ထိုသီချင်းက  ဇီးသီးပင်တစ်ပင်အောက်က ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ရိုမားကလေးငယ်တစ်‌ယောက်ရဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက် ကိုပြောပြထားတာပါ။ ကလေးရဲ့အမေက ဆုံးပါးသွား‌တော့  ငိုယိုပြီး သူ့အမေ ကို အော်ခေါ်နေတယ်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဒီကလေးငယ် ကိုစောင့်ရှောက်မယ့်သူကလဲ မရှိရှာပြန်ဘူး။ ဒါနဲ့ သိုးတစ်ကောင် ရောက်လာပြီး ကလေးငယ်ကို နို့တိုက်ပေးတယ်။ တိုက်ခတ်သွားတဲ့လေက ပုခတ်လွှဲပေးလိုက်တယ်။ နောက်မိုးရွာတော့  ကလေးငယ်ကို ရေချိုးပေးပြီးသားဖြစ်သွားတော့တယ်။  အဆုံးမှာတော့ဖခင်ဖြစ်သူက ကူညီမစမှုအတွက် ဘုရားသခင်ရဲ့  ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

Talaj phruna,
ande kuna,
o bakrja brej,
o čhavo rovel,
pe dajake ov phučel.
Buzni nakel čuči del les,
balval phurdel sovljarel les,
Devla, Devla o čhavo barvalo.
Bakrja nakhen čuči den les,
bryšind del najarel les.
Ah mo čhavo o barvalo!
Talaj phruna,
ande kuna,
si man čhavo Devlester,
o Devel les mange bičaldja.
Bakre nakhen čuči den les,
balval phurdel sovljarel les, Devla, Devla mo čhavo barvalo.
bryšind del najarel les,
ah mo čhavo o barvalo,
ah mo čhavo o barvalo!

Lied: © Hristo Kyuchukov

ဒီသီချင်းကို နိုင်ငံအမျိုးမျိုးမှာ မတူညီတဲ့ပုံစံမျိုးစုံနဲ့ သရုပ်ဖော်သီဆိုကြပါတယ်။အထူးသဖြင့် ဘောလ်ကန်ဒေသနိုင်ငံတွေမှာ ရေပန်းစားပါတယ်။ ဘူလ်ဂေးရီးယားရှိခရစ်ယာန်ရိုမားအသိုင်းအဝိုင်းထဲမှာ  ထိုသီချင်းကို ဘူလ်ဂေးရီးယား ရိုးရာသီချင်းတစ်ပုဒ်လိုပဲ သီဆိုကြပြီး ဒီသီချင်းကိုပဲ  တူရကီရှိ မူဆလင်ရိုမား‌တွေကြားထဲမှာ ဖော်ကြူးသီဆိုကြပုံက  အရှေ့တိုင်းအ‌ငွေ့အသက်တွေပါဝင်နေပါတယ်။  သီချင်းစာသားက‌တော့  အတူတူနီးပါးဆိုပေမဲ့ တေးသွားကတော့  ကွဲပြားပါတယ်။  ဟန်ဂေရီမှာကျော်ကြားတဲ့  ရိုမန်နီအိပ်ရာဝင်တေးသီချင်းတွေမှာလည်း အတူတူပါပဲ။
အဲဒီမှာလည်း တူညီတဲ့သီချင်းကို မတူကွဲပြားတဲ့ရိုမားလူမျိုးစုတွေက ကွဲပြားတဲ့ပုံစံမျိုးစုံနဲ့ သီဆိုလေ့ရှိကြပါတယ်။
 
ရိုမန်နီမှာ  ကွဲပြားတဲ့ဒေသိယစကားများစွာ ပါဝင်ပြီး တစ်ခုချင်းစီမှာ ကိုယ်ပိုင်သဒ္ဒါတည်ဆောက်ပုံရှိပါတယ်။ ဒီဘာသာစကားက အိန္ဒိယနိုင်ငံမှာပဲ ပေါ်ထွန်းလာခဲ့တာမဟုတ်ပဲ ရိုမားလူမျိုးတွေ အိန္ဒိယတိုက်ငယ်ကနေ ဥရောပသို့ ပြောင်းရွှေ့နေထိုင်ရာမှဆင့်ပွားပြောင်းလဲလာတာဖြစ်တယ်။ အကြီးမားဆုံး ပြောင်းရွှေ့နေထိုင်မှုလှိုင်းအနေနဲ့  အိန္ဒိယရွှေ့ပြောင်းသူတွေ (ယခု ရိုမားလူမျိုးများ)က  အေဒီ ၉ ရာစု နဲ့ ၁၀ ရာစုအစမှာအိန္ဒိယမှစွန့်ခွှာသွားခဲ့ကြပြီး ၁၁ ရာစုမှာတော့  ဘိုင်ဇင်တိုင်းအင်ပါယာကို  ရောက်ရှိလာခဲ့ကြ‌တယ် လို့ သမိုင်းပညာရှင်တွေက တစ်ညီတစ်ညွတ်တည်းဆိုကြပါတယ်။  ၁၂ရာစုနဲ့  ၁၃ ရာစုမှာတော့ နောက်ဆုံးမှာ ဥရောပအလယ်ပိုင်းနဲ့ အနောက်ဘက်ခြမ်းဘက် ကိုရောက်ရှိခဲ့ကြ‌ပါတယ်။  သူတို့နဲ့အတူ  မိရိုးဖလာအသက်မွေးဝမ်းကျောင်းပညာ‌တွေကိုပါ ယူဆောင်လာခဲ့ကြပြီး ယနေ့အချိန်ထိ ထိုပညာတွေနဲ့ ဂီတပညာရှင်တွေ၊ ပန်းပဲအတတ်ပညာရှင်တွေ၊ ဆပ်ကပ်အနုပညာရှင်တွေ၊ အကပညာရှင်‌တွေအဖြစ် လုပ်ကိုင်နေကြဆဲဖြစ်ပါတယ်။
 
  • မင်္ဂလာဆောင်ပထမနေ့အတွက် မင်္ဂလာဝတ်စုံ။ အဲ့ဒီနေ့မှာ သတို့သမီးက အခမ်းအနားအတွက်ပြင်ဆင်နေပြီး သူမရဲ့ လက်တွေကို ဒန်းဆေးချယ်ထားပါတယ်။  ဓာတ်ပုံကို ၁၉၇၀ ကျော်ကာလအစောပိုင်းတွင် ရိုက်ထားခဲ့ပါတယ်။ Photo (detail): Hristo Kyuchukov
    Prowadiya မှ မွတ်စလင်ရိုမားအမျိုးသမီးငယ် - မင်္ဂလာဆောင်ပထမနေ့မှာ ဝတ်မယ့် မင်္ဂလာဝတ်စုံ။ မင်္ဂလာဆောင်ပထမနေ့အတွက် မင်္ဂလာဝတ်စုံ။ အဲ့ဒီနေ့မှာ သတို့သမီးက အခမ်းအနားအတွက်ပြင်ဆင်နေပြီး သူမရဲ့ လက်တွေကို ဒန်းဆေးချယ်ထားပါတယ်။ ဓာတ်ပုံကို ၁၉၇၀ ကျော်ကာလအစောပိုင်းတွင် ရိုက်ထားခဲ့ပါတယ်။
  • ၁၉၇၀ ပြည့်လွန်အစောပိုင်းကာလက  ရိုက်ကူးခဲ့တဲ့ဓာတ်ပုံ ထဲမှာ ဒီအမျိုးသမီးငယ်က မင်္ဂလာလက်ထပ်ပွဲကျင်းပဖို့ ဘယ်လိုပြင်ဆင်လဲဆိုတာကို တွေ့နိုင်ပါတယ်။ Photo (detail): Hristo Kyuchukov
    Provadiya ရှိ မွတ်စလင်ရိုမားအသိုင်းအဝိုင်းထဲက မင်္ဂလာဆောင်ပထမနေ့အတွက် နောက်ထပ်သတိုသမီးဝတ်စုံတစ်စုံ။ ၁၉၇၀ ပြည့်လွန်အစောပိုင်းကာလက ရိုက်ကူးခဲ့တဲ့ဓာတ်ပုံ ထဲမှာ ဒီအမျိုးသမီးငယ်က မင်္ဂလာလက်ထပ်ပွဲကျင်းပဖို့ ဘယ်လိုပြင်ဆင်လဲဆိုတာကို တွေ့နိုင်ပါတယ်။
  • အလယ်က အမျိုးသားက စာရေးသူရဲ့ အဖေဘက်က ဘေးဖြစ်ပါတယ်။ ဓာတ်ပုံက ၁၉၅၀ ကျော်ကာလတုန်းက ရိုက်ထားခဲ့တာပါ။ Photo (detail): Hristo Kyuchukov
    မြင်းကုန်သည်တွေအဖြစ် လုပ်ကိုင်ခဲ့ကြတဲ့ Prowadiya မှ မွတ်စလင်ရိုမားအမျိုးသားများအဖွဲ့ (Dzhambaz Roma) - အလယ်က အမျိုးသားက စာရေးသူရဲ့ အဖေဘက်က ဘေးဖြစ်ပါတယ်။ ဓာတ်ပုံက ၁၉၅၀ ကျော်ကာလတုန်းက ရိုက်ထားခဲ့တာပါ။
  • Prowadiya မှ  လားဟိုအုပ်စု ရိုမားအမျိုးသားများ - ပုံထဲရှိ ဘယ်ဘက်မှ အမျိုးသားက စာရေးသူ ရဲ့အဘိုးဖြစ်ပြီး ညာဘက်မှ အမျိုးသားက သူရဲ့ညီဖြစ်ပါတယ်။ အလယ်မှ အမျိုးသားက စာရေးသူရဲ့ဝမ်းကွဲအစ်ကိုဖြစ်ပါတယ်။ ဓာတ်ပုံက  ၁၉၆၀ နဲ့ ၁၉၇၀ ကြားကာလမှာ  Prowadiya မှာ ရိုက်ကူးခဲ့ပါတယ်။ ထိုအုပ်စုက  ၁၉ ရာစုမှာ ခရစ်ယာန်ဘာသာဝင် ရိုမန်နီစကားပြော ရိုမား‌-နော်မာဒီလူမျိုးတွေ ဖြစ်ပေမဲ့  နောက်ပိုင်းမှာ အစ္စလာမ်သာသာသို့ကူးပြောင်းလာခဲ့ပြီး ရိုမန်နီဘာသာစကားအစား တူရကီဘာသာစကားကို ပြောဆိုခဲ့ကြတယ်။ Photo (detail): Hristo Kyuchukov
    Prowadiya မှ လားဟိုအုပ်စု ရိုမားအမျိုးသားများ - ပုံထဲရှိ ဘယ်ဘက်မှ အမျိုးသားက စာရေးသူ ရဲ့အဘိုးဖြစ်ပြီး ညာဘက်မှ အမျိုးသားက သူရဲ့ညီဖြစ်ပါတယ်။ အလယ်မှ အမျိုးသားက စာရေးသူရဲ့ဝမ်းကွဲအစ်ကိုဖြစ်ပါတယ်။ ဓာတ်ပုံက ၁၉၆၀ နဲ့ ၁၉၇၀ ကြားကာလမှာ Prowadiya မှာ ရိုက်ကူးခဲ့ပါတယ်။ ထိုအုပ်စုက ၁၉ ရာစုမှာ ခရစ်ယာန်ဘာသာဝင် ရိုမန်နီစကားပြော ရိုမား‌-နော်မာဒီလူမျိုးတွေ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ အစ္စလာမ်သာသာသို့ကူးပြောင်းလာခဲ့ပြီး ရိုမန်နီဘာသာစကားအစား တူရကီဘာသာစကားကို ပြောဆိုခဲ့ကြတယ်။
  •  ဓာတ်ပုံက ၁၉၄၀ ကျော်ကာလတုန်းကပါ။ ဒီရို‌မားတွေက အမျိုးသားတွေရော အမျိုးသမီးတွေပါ လုပ်ကိုင်ခဲ့ကြတဲ့ အလုပ်တစ်ခုဖြစ်တဲ့ မီးဖိုပြုလုပ်သူတွေဖြစ်ကြပါတယ်။ အလယ်က အမျိုးသမီးကတော့ စာရေးသူရဲ့ အဖေဖက်က အဘိုးရဲ့ ညီမဖြစ်ပါတယ်။ Photo (detail): Hristo Kyuchukov
    Prowadiya မှ ရိုမားမွတ်စလင်အမျိုးသမီးများ - ဓာတ်ပုံက ၁၉၄၀ ကျော်ကာလတုန်းကပါ။ ဒီရို‌မားတွေက အမျိုးသားတွေရော အမျိုးသမီးတွေပါ လုပ်ကိုင်ခဲ့ကြတဲ့ အလုပ်တစ်ခုဖြစ်တဲ့ မီးဖိုပြုလုပ်သူတွေဖြစ်ကြပါတယ်။ အလယ်က အမျိုးသမီးကတော့ စာရေးသူရဲ့ အဖေဖက်က အဘိုးရဲ့ ညီမဖြစ်ပါတယ်။
  • သူတို့တွေက တစ်ချိန်က အရပ်တကာလှည့်ပြီး ဒန်အိုးပေါက်ဖာသူတွေဖြစ်ကြပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ တန်းတူရည်တူလုပ်ကိုင်ကြတဲ့အလုပ်ဖြစ်ပါတယ်။ ဓာတ်ပုံကတော့ ၁၉၃၀ ကျော်ကာလတုန်းကဖြစ်ပါတယ်။ Photo (detail): Hristo Kyuchukov
    Lom မြို့မှ မွတ်စလင်ရိုမားတွေက Kalajdzii လို့ခေါ်တဲ့ အုပ်စုကြီးထဲမှာ ပါဝင်ပါတယ်။ သူတို့တွေက တစ်ချိန်က အရပ်တကာလှည့်ပြီး ဒန်အိုးပေါက်ဖာသူတွေဖြစ်ကြပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ တန်းတူရည်တူလုပ်ကိုင်ကြတဲ့အလုပ်ဖြစ်ပါတယ်။ ဓာတ်ပုံကတော့ ၁၉၃၀ ကျော်ကာလတုန်းကဖြစ်ပါတယ်။
  • ဓာတ်ပုံကို ၁၉၇၀ ကျော်ကာလမှာ  ရိုက်ကူးခဲ့ပါတယ်။ Photo (detail): Hristo Kyuchukov
    Dobrich မြို့မှ မွတ်စလင်ရိုမားများ - ဓာတ်ပုံကို ၁၉၇၀ ကျော်ကာလမှာ ရိုက်ကူးခဲ့ပါတယ်။
ရိုမန်နီဝေါဟာရရဲ့  ရာခိုင်နှုန်း ၇၀/၈၀ လောက်က  မြောက်အိန္ဒိယဘာသာစကားအမျိုးမျိုးမှဆင်းသက်လာတာပါ။ ဒါပေမဲ့ အိန္ဒိယမှတစ်ဆင့် အနောက်အာရှကိုဖြတ်ပြီး ဥရောပသို့  ရှည်လျားကြာရှည်လှတဲ့ ပြောင်းရွှေ့မှုကြောင့်ပဲ  ရိုမားလူမျိုးတွေက အခြားဘာသာစကားတွေနဲ့ ထိတွေ့မှုရှိခဲ့ရာကနေ  ရိုမန်နီဘာသာစကားရဲ့ ဆင့်ကဲပြောင်းလဲမှုအပေါ်  သိသိသာသာလွှမ်းမိုးခဲ့ပါတယ်။ ဒီမွေးစားစကားလုံးတွေက အဓိကအားဖြင့် ဝေါဟာရအသုံးတွေဖြစ်ပြီး အဲ့ဒီဘာသာစကားမှာ သုံးတဲ့ သဒ္ဒါပုံစံတွေကိုလည်းတွေ့ရပါတယ်။ ရိုမန်နီဘာသာစကားမှ  ပုလ္လိင် နဲ့ ဣတ္ထိလိင် တိကျတဲ့နာမ်သတ်မှတ်ချက်တွေ  (o/i) က ဂရိဘာသာစကားမှဆင်းသက်လာတာဖြစ်ပြီး  သဒ္ဒါစည်းမျဉ်းအရ နာမ်ပုဒ်တွေရဲ့ တည်နေရာပေါ်မူတည်ပြီး နာမ်တွေရဲ့နောက်မှာ ထပ်ပေါင်းထည့်ရတဲ့စကားလုံးတွေ(-es) နဲ့ (-os) တို့ကိုလဲ ဥပမာအနေနဲ့ တွေ့နိုင်ပါတယ်။။ "Evidentiality" သဒ္ဒါပုံစံတွေရဲ့ ထင်ရှားသိသာတဲ့လက္ခဏာဖွဲ့စည်းပုံတွေကတော့  ဘယ်ဘာသာစကားနဲ့ထိတွေ့ခဲ့သလဲဆိုတာကို မူတည်ပြီး ဘူဂေးရီးယန်း နဲ့ တူရကီစကားတို့ကနေ ပေါ်ပေါက်လာတာပါ။ ဒါ့အပြင်ရိုမန်နီဘာသာစကားမှာ ရိုမေးနီးယားစကားလုံး အတော်များများ  ရှ်ိနေပါသေးတယ်။ ရိုမားတွေရဲ့ ဘာသာစကားမှ အသုံးအနှုန်းတွေကလည်း အခြားနိုင်ငံ‌တွေရဲ့  အမျိုးသားဘာသာစကားတွေဆီလည်း ရောက်ရှိသွားခဲ့ပါတယ်။ ဥပမာ ဆွီဒင်စကားလုံး "čhaj" (မိန်းကလေး) က ရိုမန်နီဘာသာစကားကနေ မွေးစားထားတာပါ။ ရိုမန်နီဘာသာစကားနဲ့ gadži ဆိုတဲ့ စကားလုံးက
ဘူဂေးရီးယားဘာသာစကားရှိ   ဗန်းစကားအသုံးအနှုန်းအနေနဲ့  "ချစ်သူရည်စား" ဟုအဓိပ္ပါယ်ရပါတယ်။
 
ရိုမန်နီဘာသာစကားက အင်ဒို-ဥရောပဘာသာစကားအုပ်စုကြီးရဲ့ အင်ဒို-အာရိယန်အုပ်စုခွဲထဲက အကိုင်းအခက်တစ်ခုဖြစ်ပြီး  အာမေးနီးယန်း၊ ဂရိ၊ ကာဒ် နဲ့ ရိုမေးနီးယန်းဘာသာစကားတွေရဲ့လွှမ်းမိုးမှုတွေရှိပါတယ်။ သမိုင်းကြောင်းအရ ဟင်ဒီဘာသာစကားနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက နဲ့ဩစတြေးလျရှိ ရိုမန်နီ ဒေသိယစကားတွေကို  ရိုမေးနီးယန်းဘာသာစကားတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အုပ်စုနဲ့ မရှိခဲ့တဲ့အုပ်စုဆိုပြီး  အဓိကအမျိုးအစားနှစ်မျိုးခွဲခြားထားပါတယ်။ ဘောလ်ကန်ဒေသနိုင်ငံအများစုတွင် ရိုမေးနီးယန်းဘာသာစကားနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဒေသိယစကားတွေ သို့မဟုတ် ဒေသိယစကားအခွဲတွေကို ပြောဆိုကြတဲ့ မြို့တစ်မြို့ ဒါမှမဟုတ် ရွာတစ်ရွာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီစကားတွေ မပြောကြတဲ့ ဒေသတွေလည်းရှိပါတယ်။ ဥရောပအလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာတော့ ရိုမန်နီဒေသိယစကားအချို့က‌‌ ရို‌‌မေးနီးယန်း ဘာသာစကားရဲ့ လွှမ်းမိုးမှု မရှိပါ။ ရိုမေးနီးယန်းဘာသာစကားနဲ့ ထိတွေ့မှုရှိကြောင်းသိသာ ထင်ရှားတဲ့ ဒေသိယစကားတွေကို "Vlax Dialects" ဟုခေါ်ပြီး အခြားကိုတော့ "non-Vlax" ဟုခေါ်ပါတယ်။ ဘာသာစကားအုပ်စုနှစ်ခုလုံးကိုပြောဆိုကြသူတွေ  ဘော်လ်ကန်ဒေသတစ်ခုလုံးမှာ ရှိတဲ့နိုင်ငံတိုင်းမှာ တွေ့နိုင်ပါတယ်။ သူတို့တွေက ဘူလ်ဂေးရီးယား၊ မက်ဆီဒိုးနီးယား၊ ဂရိ၊ တူရကီ၊ ဆားဘီးယား၊ ခရို‌အေးရှား၊ ကိုဆိုဗို နဲ့ ရိုမေးနီးယားနိုင်ငံတို့ မှာ နေထိုင်ကြပါတယ်။
 
ကိုးကွယ်တဲ့ဘာသာတရားအနေနဲ့  အစ္စလာမ်ဘာသာဝင်ရိုမားတွေ (Xoraxane Roma) နဲ့ ခရစ်ယာန်ဘာသာဝင်ရိုမားတွေ  (Dasikane Roma) ဆိုပြီးရှိပါတယ်။ မကြာသေးမီကပင် ရိုမားလူမျိုးများစွာက ပင်တေကုတ္တေပွဲခံ အခြားဘာသာတရားတွေဆီကူးပြောင်းခဲ့ကြပါတယ်။ ယေဘုယျအားဖြင့် ဘာသာတရားက ဘာသာစကားသို့မဟုတ် ဒေသိယစကားတွေရဲ့ သဒ္ဒါသွင်ပြင်လက္ခဏာ‌တွေအပေါ်မှာ  လွှမ်းမိုးမှုမရှိပါ။ ဥပမာအနေနဲ့  နောက်ဆက်စကားလုံးတွေ ( suffix) နဲ့ ရှေ့ဆက်စကားလုံးတွေ(prefix) ကို ရှိပြီးသားစကားလုံးတွေထဲမှာ ပေါင်းထည့်လိုက်တဲ့အခါ ရိုမန်နီဘာသာစကားမှာ မရှိခဲ့ခဲ့တဲ့ ဝေါဟာရအသစ်တွေ ထွက်ပေါ်လာပါတယ်။
 
သဒ္ဒါအမျိုးအစားအားလုံးကို ခေတ်သစ်ရိုမန်နီစကားမှာ သုံးစွဲလျက်ရှိပါတယ်။ဘာသာစကားကို ဘိုးစဉ်ဘောင်ဆက် မိဘတွေမှတစ်ဆင့် သားမြေးတွေဆီသို့လက်ဆင့်ကမ်းခဲ့ကြတာကြောင့် ရိုမန်နီဘာသာစကားက အထူးသဖြင့် အပြောဘာသာစကားအ‌နေနဲ့ ကျန်ရစ်နေဆဲဖြစ်ပေမဲ့  ဒေသိယစကားအများစုကို  အက္ခရာများအဖြစ်မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်းမျိုး မရှိခဲ့‌သေးပါ။ ရိုမန်နီစကားက ရိုမားလူမျိုးတွေ နေ့စဉ်ဘဝမှာ ပြောဆိုသုံးစွဲနေဆဲဖြစ်တဲ့ သက်ဝင်နေဆဲဘာသာစကားတစ်ခုအဖြစ် ကျန်ရစ်နေပါတယ်။ သူတို့ရဲ့ သီချင်းဟောင်းတွေနဲ့  ဒဏ္ဍာရီပုံပြင်တွေကိုထိန်းသိမ်းထားကြဆဲဖြစ်ပြီး ရိုမန်နီဘာသာစကားဖြင့် ‌ကဗျာ‌တွေကို ရေးသားနေကြဆဲဖြစ်တဲ့ ရိုးမားလူမျိုးတွေ ယနေ့အထိ ရှိကြပါတယ်။

အိန္ဒိယနိုင်ငံပြင်ပတွင် ပြောဆိုကြတဲ့ တစ်ခုတည်းသော အိန္ဒိယဘာသာစကားတစ်ခုဖြစ်တဲ့ ရိုမန်နီဘာသာစကားက ဥရောပယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ရိုးမားလူမျိုးတွေက  ဥရောပရဲ့ တစ်စိတ်တစ်ပိုင်းလဲ ဖြစ်ပါတယ်။ သူတို့တွေကလွန်ခဲ့သော နှစ်ထောင်ချီကတည်းက ဥရောပမှာ နေထိုင်ကြတာဖြစ်ပြီး နောင်တွင်လည်းပဲ နေထိုင်သွားကြဦးမှာဖြစ်ပါတယ်။
Kunst, Literatur und Sprache

Ein Beitrag aus Bulgarien

mit Bezug zu Griechenland,
Schweden