Yael Bartana
အမြင်ဆိုင်ရာအနုပညာ တက်ကြွလှုပ်ရှားသူ

“ဉရောပတိုက်သည်ပင် အံ့ဩသင့်ပေလိမ့်မည်” ဟူ သော ဗီဒီယို သုံးကားတွဲ သည် နိုင်ငံတကာ အနုပညာ လောကဆီသို့ ရောက်ရှိလာသော Bartana ၏ အောင်မြင်မှုဖြစ်သည်။
“ဉရောပတိုက်သည်ပင် အံ့ဩသင့်ပေလိမ့်မည်” ဟူ သော ဗီဒီယို သုံးကားတွဲ သည် နိုင်ငံတကာ အနုပညာ လောကဆီသို့ ရောက်ရှိလာသော Bartana ၏ အောင်မြင်မှုဖြစ်သည်။ | Photo (detail): © picture alliance/KEYSTONE

ဗီဒီယိုအနုပညာရှင် Yael Bartana သည် ပကတိတရား နှင့် စိတ်ကူးဖန်တီးမှုတို့အကြားရှိ နယ်စည်းများကို မှိန်ဖျော့သွားအောင် လုပ်ဆောင်ပစ်သည်။ သူ့လက်ရာ များသည် ကဗျာဆန်ဆန် စွဲမက်ဖွယ်၊ စွမ်းရည် အင်အားရှိရှိ ပုံပြမှတ်တမ်းများဖြစ်ကြပြီး တက်ကြွ လှုပ်ရှားသူသဘောဆန်ဆန် အတွေးအခေါ် စမ်းသပ် ဖော်ထုတ်တင်ပြချက်များဖြစ်သည်။ အနုမာန စမ်းသပ် ဆင်ခြင်မှုများ ဖြစ်သည်။

သူ့ရုပ်ရှင်များ၊ ဓာတ်ပုံများနှင့် ပြဇာတ်ပရောဂျက်များ တွင် Yael Bartana က ‘‘မည်သူမည်ဝါဖြစ်ခြင်း၏ အမြင်ဘာသာစကား’’၊ ‘‘မှတ်ဉာဏ်၏ နိုင်ငံရေး’’ ဆိုသည့် အကြောင်းအရာကို လေ့လာစူးစမ်းထားသည်။ နိုင်ငံတကာပြတိုက်များနှင့် ရုပ်ရှင်ပွဲတော် များ တွင် ပါဝင်ပြသသော သူ့လက်ရာများသည် အမြင်အယူ အဆပိုင်းဆိုင်ရာအပြောင်းအလဲ၊ ဤသို့ဆိုရင်- ဘယ်လိုလဲဟူသော အတွေးအခေါ် စမ်းသပ်မှု ကို အနုမာန စမ်းသပ် ဆင်ခြင်မှုကို တွန်းအားပေးထားတင်ပြထားသည်။

မည်သူမည်ဝါဖြစ်မှုအား စူးစမ်းခြင်း။

Yael Bartana အား ၁၉၇၀ခုနှစ်တွင် အစ္စရေးနိုင်ငံ မြောက်ဘက်ပိုင်း အလုပ်သမားများအခြေချနေထိုင်ရာ အရပ်တွင် မွေးဖွားခဲ့ပြီး၊ သူ့လက်ရာများသည် ဂျူးလူမျိုးမည်သူမည်ဝါဆိုသည့်အကြောင်းအရာများကို အဓိကထား စူးစမ်းလေ့လာတင်ပြထားသည်။ သမ္မာကျမ်းစာလာ ဆော်လမွန် ဝတ်ကျောင်း၏ ကိုယ်ပွားအဖြစ် ဘုရားသခင့် နိုင်ငံတော်၏ ကမ္ဘာလုံး ဆိုင်ရာ အသင်းတော်က တည်ဆောက်ခဲ့သည့် ဆော်ပိုလိုမြို့က ဘုရားကျောင်းအဆောက်အအုံကို ၂၀၁၃ ခုနှစ် သူရိုက်ကူးထားသည့် ဗွီဒီယိုလက်ရာတွင် ဇာတ်ခုံအဖြစ် ထည့်သွင်းထားပြီး ၄င်း၏ နောက်ဆက်တွဲ ပျက်စီးမှုကို စိတ်ကူးယဥ်ပြသည်။  ၅၈၆ ဘီစီတွင် ဂျေရုဆလင်မြို့ရှိ ပထမဆုံး ဂျူးဘုရားကျောင်း ဖျက်ဆီးခံရပြီးနောက် ဂျူးလူမျိုးများ ယုဒပြည် (ရှေးဟောင်း ဂျူးနှင့် အစ္စရေးတို့၏ နိုင်ငံ)ကိုစွန့်ခွာပြီး နေရာအနှံ့ ပြန့်ကြဲရောက်ရှိသွားကြခြင်း၏ အစတို့ကို ဤဗွီဒီယိုပါ အဖြစ်အပျက်နှင့် နှိုင်းယှဥ်ထားသည်ဟု ဆိုသည်။ စိတ်ကူးယဥ်မှု နှင့် အချက်အလက်မှန်၊ ကြိုတင်ခန့်မှန်းမှုနှင့် အတိတ်ကာလတို့ကို ပညာ ကျကျ ရောနှောထားသည်က သမိုင်းဝင်အဖြစ်အပျက်များကို အစဥ်အလာအတိုင်း ပြန်လည်တင်ဆက်တတ်ကြသည်ကို အနုပညာမြောက် ပြောင်းပြန်လှန်ပစ်သည့် သမိုင်းဝင် ကြိုတင်-တင်ဆက်မှု ဖြစ်သည်ဟု Bartanaက  ဖော်ပြသည်။ ဉရောပတိုက်သည်ပင် အံ့ဩသင့်ပေလိမ့်မည် ဟူသော ၂၀၁၁ခုနှစ်၏ ဗီဒီယိုသုံးတွဲတွင် Bartana က ပိုလန်နှင့် ဂျူးဆက်ဆံရေးများသမိုင်းကြောင်းကို အကြောင်းအရာ ပြုကာ ခေတ်ပြိုင်ပိုလန်သည် မည်သူမည်ဝါဖြစ်ခြင်းကို သုံးသပ်လေ့လာထားသည်။ ဗီဒီယိုဇာတ်လမ်းများက လွတ်မြောက်ရန် ပြည်ပသို့ထွက်ပြေးသွားကြသော ဂျူးလူမျိုးတို့မှ ဆင်းသက်လာသူများသည် ဉရောပတိုက်သို့ ပြန်လည် ရောက် ရှိလာကြမည်ဆိုပါက အဘယ်သို့ ဖြစ်ချိမ့်မည် နည်းဟူသော မေးခွန်းကိုဗဟိုပြု တင်ပြ ထား သည်။ ဤ လက်ရာသည် နိုင်ငံတကာ အနုပညာလောကဆီသို့ သူ၏ထိုးဖောက်မှုတစ်ရပ်လည်းဖြစ်သည်။
ဘယ်ဟာက အချက်အလက်လဲ၊ ဘယ်ဟာက စိတ်ကူးယဥ်လဲ။ သူ့လက်ရာအားဖြင့် အနုမာန စမ်းသပ်ဆင်ခြင်မှု များနိုးထလာအောင် လှုံဆော်ရသည်ကို အစ္စရေးဗီဒီယိုအနုပညာရှင် Yael Bartana က နှစ်သက်သည်။ ဘယ်ဟာက အချက်အလက်လဲ၊ ဘယ်ဟာက စိတ်ကူးယဥ်လဲ။ သူ့လက်ရာအားဖြင့် အနုမာန စမ်းသပ်ဆင်ခြင်မှု များနိုးထလာအောင် လှုံဆော်ရသည်ကို အစ္စရေးဗီဒီယိုအနုပညာရှင် Yael Bartana က နှစ်သက်သည်။ | Photo: © picture alliance/ZUMA Press

နိုင်နိုင်နင်းနင်းကိုင်တွယ် လှုံ့ဆော်ခြင်း။

ဘာလင်မြို့နှင့် နယူးယောက် မြို့တို့တွင် ပြသခဲ့သော ကိုယ့်ပုံကိုယ်ရိုက်ကူးထားသည့် ဓာတ်ပုံစီးရီး Stalag ကို ဥပမာ ကိုးကားပြီး စကားလုံးများ၊ သကင်္တေများ နှင့် ဓာတ်ပုံများကို ကိုင်တွယ်ရာတွင် ပါရမီထူးသည့် စေ့ဆော်နိုးကြားတတ်သူ အနုပညာရှင်တစ်ဦးအဖြစ် Bartana ကို အစ္စရေးနေ့စဉ်သတင်းစာ ‘‘Haaretz’’က ရေးသားဖော်ပြသည်။ ထိုဓာတ်ပုံများထဲတွင် (နာဇီဝါဒဖြန့် ရုပ်ရှင်ကားများ ရိုက်ကူးထုတ်လုပ်ခဲ့သူ ဂျာမန် ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်၊ ကချေသည်) Leni Riefenstahl ကဲ့သို့ Bartana က အက်စ်အက်စ်ယူနီဖောင်းကို ဝတ်ဆင်ပြီး ကြည့်သူကို ရုပ်ရှင်ကင်မရာဖြင့် ချိန်ပြီး စိုက်ကြည့်နေသည့်နှယ် ရိုက်ကူးထားသည်။ မလုပ်အပ်သည့် နာဇီသင်္ကေတကို ဘာလင်မြို့တွင် နေထိုင်သူ Bartana က ဤသို့ တမင်တကာထည့်သွင်းလုပ်ဆောင်ထား သည်မှာ ပြစ်မှုဖြစ်ရာနေရာသို့ ပြန်သွားပြီး အဆုံးသတ်ကို ရှာဖွေသည်နှင့် တူညီသည်ဟု “Haaretz” သတင်းစာကို Bartana က ထုတ်ဖော်ပြောကြားလိုက်သည်။

ကမ္ဘာ့ပါဝါ၏စားပွဲဝိုင်းမှ အမျိုးသမီးများ

မကြာသေးမီကထွက်ရှိသော သူ့ လက်ရာဖြစ်သည့် “အမျိုးသမီးများ ကမ္ဘာမြေကို အုပ်ချုပ်မည်ဆိုပါက အဘယ်သို့ဖြစ်ချိမ့်” သည် အလားတူ နာမည်ပြဇာတ် တွင် အမျိုးသမီးတို့၏ အမှတ်အသားကို စူးစမ်းလေ့လာ ထားသည်။ နိုင်ငံရေးသမားနှင့်တက်ကြွလှုပ်ရှားသူအမျိုးသမီးများကို သရုပ်ဆောင် အမျိုးသမီးများနှင့်အတူ စင်မြင့်ပေါ်သို့ Bartana က ခေါ်ဆောင်လာသည်။ ဘာလင် Volksbühne ပြဇာတ်ရုံတွင် တင်ဆက်ခဲ့သော ထိုလိုက်ဖ်ပါဖောမန့်ကို တင်ဆက်ခြင်းသည် မီတူး ဒီဘိတ် (me-too debate)ကြောင့် ဆိုသည်ထက် အကယ်၍ သာ အမျိုးသမီးများသာ ကမ္ဘာကို ဉီးစီး ဉီးဆောင် ပြုလျှင် ပဋိပက္ခများ ပိုမို ငြိမ်းချမ်းသွား မလားဆိုသည့် အနုမာနမှန်းဆ တင်ပြချက်ကို ဖန်တီးလိုမှုဆန္ဒအားကြောင့်သာဖြစ်ကြောင်း Monopol မဂ္ဂဇင်းကို သူ က ပြောသည်။ “စနစ်ကို မလိုက်နာဖို့၊ စနစ်ကို ပြောင်းလဲဖို့ ပြင်းပြတဲ့စိတ် ကျွန်မမှာ အမြဲရှိပါတယ်၊ ကျွန်မဟာ ရုပ်ပုံတွေကို ဖန်တီးတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ပါ”ဟု သူ့ကိုသူ ညွှန်းသည်။