Bauhaus အနုပညာကျောင်းမှ အမျိုးသမီးအနုပညာရှင်များ။
အမျိုးသမီးအလုပ်သင်များ အလိုရှိသည်။ သို့သော် လူအရေအတွက်အများကြီးမဟုတ်ပါ။

Bauhaus အနုပညာကျောင်းမှ အမျိုးသမီးအနုပညာရှင်များ။
© Juan Camilo Roa 2018

Bauhaus အနုပညာကျောင်းတွင် အမျိုးသမီးများ အကြောင်း ဒဏ္ဍာရီဇာတ်လမ်းများစွာရှိသည်။ ဤအနု ပညာ ကျောင်းသည်အမျိုးသမီးများ တန်းတူမှု နှင့်စပ်လျဉ်း၍ အခြေအနေတိုးတက်မှုရှိခဲ့သော်ငြား လူတိုင်းလွှမ်းခြုံပါဝင်ခြင်းသဘောထားကမူ ပြီးပြည့် စုံမှုမရှိကြောင်း စာရေးဆရာမ Theresia Enzensberger က မီးမောင်းထိုးပြသည်။

#MeToo လှုပ်ရှားမှု အနုပညာလောကဆီသို့ ရောက်ရှိ လာချိန်တွင် ဤလှုပ်ရှားမှု၏အဓိပ္ပါယ်ဆိုလိုရင်းမှာ ‘’လိင်ကိစ္စကို လိုက်လျောရင် ပြပွဲတွေပါဝင်ပြသခွင့်တို့၊ ကူညီထောက်ပံ့မှုတို့ ပေးမယ်လို့ အမျိုးသမီးအနုပညာရှင်တွေကို ပြခန်းတာဝန်ခံတွေက ကမ်းလှမ်းတာဟာ ဒီလောကမှ မဆန်းပါဘူး။ သူတို့စင်တင်ထားတဲ့ အနုပညာရှင်တွေရဲ့ ဒီလို လိင်မှုကိစ္စကို ရင်းပြီး အောင်မြင်မှု ရှာတဲ့ အပေါ် ပြခန်းပိုင်ရှင်တွေ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကိစ္စလို၊ မပြောပလောက်တဲ့ ကိစ္စလို ဖုံးကွယ်ထားတာကိုလည်း အံ့သြစရာ မရှိပါ။ စုဆောင်းသူ တစ်ယောက် ဒါမှမဟုတ် အလားအလာရှိတဲ့ အနု ပညာ ကို အားပေးထောက်ပံ့သူတစ်ယောက်ယောက်နဲ့ ဆုံ တွေ့မှုဟာ လိင်ကိစ္စတောင်းဆိုခံရမှု ဖြစ်လာတာကို လည်း မအံ့သြဘူး။ မလိုက်လျောခြင်း အတွက် ကျွန်မ တို့ အငြိုးထားလက်စားချေခံရရင် လည်း မအံ့သြဘူး။ အာဏာကို အလွဲသုံးစားလုပ်မှုဟာ အံ့သြစရာ မဟုတ် ဘူး။’’အနုပညာလောကသား ထောင် ပေါင်း များစွာ ပါဝင်လက်မှတ်ရေးထိုးထားကြပြီး၊ ၂၀၁၇ခုနှစ် အောက်တိုဘာလ ၃၀ရက် နေ့ထုတ် The Guardian သတင်းစာတွင် ပါရှိခဲ့သည့် ထို အိတ်ဖွင့် ပေးစာသည် ဤလောကတွင် အာဏာဆက်ဆံရေး များ အကြောင်း ပြောဆိုဆွေးနွေးကြရန် အချိန်မည်မျှလင့် နေပြီကို ရှင်း လင်းစွာ ဖော်ပြနေသည်။ သို့ရာတွင် ဤသို့ ပြန်လည် ထိန်းညှိရန် ကြိုးပမ်းမှုကို အခက်ကြုံစေသည့်အရာများ အနုပညာလောကတွင် ရှိနေသည်။ ဥပမာ - ပါရမီရှင် အဖြစ် ယုံမှတ်လက်ခံပုံ အယူအစွဲများ၊ အနုပညာ အသိုင်းအဝိုင်းအတွင်းက နား လည်ရခက်သည့် အပြန် အလှန်ဆက်ဆံရေးများနှင့်၊ အတွေးသစ် အမြင်သစ် အနုပညာကိုယ်တိုင်က လမ်းဟောင်းမလိုက်ဘဲ လမ်း သစ်ထွင်နေသည့် အချက်များ ကြောင့် အာဏာ အလွဲ သုံးစားလုပ် ခဲ့ကြ သည်များ၊ အလွှာအသီးသီးတွင် လိင် အရ ခွဲခြားနှိမ့်ချဆက်ဆံ ခဲ့ကြသည်များကို နှိုင်းယှဉ် စဉ်းစားရာတွင် ပြဿနာအတော် ကြီးကြီးမားမားရှိ နေပါသည်။

ဤမျက်ကွယ်အကြောင်းတရားများသည် အသစ်အဆန်းမဟုတ်။ ယနေ့ခေတ်တွင် Bauhaus အနုပညာ ကျောင်းအား လူမှုဗိသုကာရှေ့ဆောင်၊ခေတ် ရှေ့ပြေး သောကျောင်း၊ အရည်အချင်း ရှိသူတို့၏ ပျိုးမြေအဖြစ်၊ ခေတ်သစ်ကမ္ဘာရှိ အရေးအပါဆုံး အဖွဲ့ အစည်းများ အနက် တစ်ခု အဖြစ် လက်ခံရှုမြင်ထား ကြသည်။
လက်ခံ ရှုမြင် ထားကြသည်မှာ မမှားသော်လည်း ပြည့် စုံခြင်းမရှိ။ ၁၉၁၉ ခုနှစ်၊ ဂျာမဏီနိုင်ငံအလယ်ပိုင်းရှိ Weimar မြို့၌ ဂျာမန်ဗိသုကာ ပညာရှင်Walter Gropius က ကျောင်းကိုစတင် တည်ထောင်ရသည့် ရည် ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။  “အသက် အရွယ်၊ လိင်အမျိုးအစားမခွဲခြားဘဲ၊ Masters’ Council (ဆရာများကောင်စီ) က အရည်အချင်းနှင့် ပညာရေး နောက်ခံ ပြည့်မီသည်ဟု ယူဆခြင်း ခံရသူ ဂုဏ်သရေရှိ မည်သူ့ကိုမဆို အလုပ်သင်တစ်ဉီး အဖြစ် လက်သင့် ခံမည်။”  Weimar မြို့ရှိ the Grand Ducal-Saxon Academy of Fine Arts ကျောင်းသည် Bauhaus အနုပညာကျောင်း မတိုင်ခင် က တည်ရှိခဲ့ပြီး၊ Weimar Republic (မင်းစိုးရာဇာခေတ်အကုန်၊ ၁၉၁၈-၁၉၃၃၊ နာဇီဂျာမဏီ ခေတ်ဦး ဂျာမဏီအစိုးရခေတ်)ကို မတည်ထောင်မီ အမျိုးသမီးများကို လက်ခံသောအနုပညာကျောင်း အနည်းငယ် အနက်မှ တစ်ကျောင်း ဖြစ်သည်။  Gropius ၏ ထုတ်ပြန်ချက်ကိုကောင်း ကောင်းမွန်မွန် လက်သင့်ခံခဲ့ ကြသည်။ ၁၉၁၉ ခုနှစ် Bauhaus ကျောင်း ၏နွေရာသီအတန်းအတွက် အမျိုး သမီးဦးရေမှာ ၅၀ ရာခိုင်နှုန်းကျော်ဖြင့် အမျိုးသမီး ၈၄ ဦး၊ အမျိုးသား ၇၉ ဦး ကျောင်းအပ်နှံလာကြသည်။ အပ်နှံသူများပြားလာသဖြင့် Masters’ Council က ထိတ်ထိတ်ပျာပျာ ဖြစ်လာသည့်အတွက် ကျောင်းအပ် လက်ခံပြီးသည်နှင့် တစ်ပြိုင်နက် အထူးသဖြင့် အလွန် များပြားသည့်အရေအတွက် အားဖြင့် စိုးရိမ်ဖွယ်ရာ ကိုယ်စားပြုမှု အလွန်အကျွံ့ ဖြစ်နေသည့် အမျိုးသမီး များကြောင့် ကျား-မ သပ်သပ်စီ တင်းကြပ်စွာ ခွဲခြားရန်  Gropius က တောင်းဆိုရလေသည်။ သို့သော် လက်တွေ့တွင် ထိုသို့ခွဲထားခြင်းဆိုသည်မှာ အမျိုးသမီးများ ကို သီးခြားသတ်မှတ်နေရာများတွင် ကန့်သတ် ထား ရှိခြင်းနှင့် ထိုအချိန်က အမျိုးသမီး စာသင်ခန်းဟု ရည်ညွှန်းသည့် ရက်ကန်းရုံများတွင် ထားရှိခြင်းသာ ဖြစ်ကြောင်း ထင်ရှားလေသည်။ 

ထိုသို့ ထားရှိမှုကို အမျိုးသမီးအချို့က လုံးဝ ကောင်းမွန် သည့် အတွေ့အကြုံတစ်ခုအဖြစ် ရှုမြင်ကြသည်။အခြား ဆရာများက ရက်ကန်းရုံ၏ အရေးကိစ္စများတွင် ဝင် ရောက် စွက်ဖက်ခြင်း မရှိကြသဖြင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိသည့် စည်းလုံးညီညွတ်သည့် သဘော ရှိ သည်။ ၁၉၂၀ ခုနှစ်တွင် “အမျိုးသမီး စာသင်ခန်း”၏ ခေတ္တတာဝန်ခံမှာ Gunta Stölzl ဖြစ်ပြီး သူ့တာဝန် နှင့် သူ့အရည်အချင်း ကိုက်ညီမှုရှိလှသဖြင့် အထည်အလုပ် နှင့် အလွန်သင့်တော်သူဖြစ်သည်။  ၁၉၂၇ ခုနှစ်တွင်ကျောင်းသားများ၏တောင်းဆိုမှု ကြောင့် ရက်ကန်း လက်ထောက်ဆရာမငယ် ဖြစ်လာ သဖြင့် ၎င်းဌာန၏ တစ်ဉီးတည်းသော ဌာနမှူးဖြစ်သည်။ သူသာလျှင် Bauhaus အနုပညာကျောင်း၏ တစ်ဉီးတည်းသော အမျိုးသမီးလက်မှုပညာ သည်ဆရာမအဖြစ် တည်ရှိခဲ့ သည်။ ပန်းချီဆရာ ဖြစ်ချင်ခဲ့သည့် Anni Albers သည် ရက်ကန်းပညာအားဖြင့် သူဖြစ်လိုသည့် ဖန်တီး တီထွင် သူ တစ်ဦး ဖြစ်လာစေမည့် မီဒီယမ်တစ်ခုအဖြစ် တွေ့ ရှိခဲ့ သည်။ရက်ကန်းစင်၏ တိကျသည့် ဇယား ကွက်ပုံ လွန်း ခွင်ကို တီထွင်ဉာဏ်ကွန့်မြူးရာအဖြစ် အနှစ်ချုပ် ထုတ် နုတ်ယူခြင်းသဘောတရားဖြင့် သူ စမ်းသပ်ပြီး ထိုသို့ ချည်မျှင်ရက်ကန်းထည်ပညာအပေါ် သူ့ချဉ်း ကပ် မှုက အလွန်ဆန်းသစ်ခဲ့သည်။ ချည် ထည်နှင့် မှန်ကြည် စက္ကူတို့ ဖြင့်ပြုလုပ်ထားသော အသံ လုံ၊အလင်းပြန် နံရံကပ်ပြားဖြင့် ၁၉၃၀ ခုနှစ်တွင်Bauhaus diploma ဘွဲ့ကို သူ ရရှိသည်။

သို့သော် အမျိုးသမီးများ အားလုံး ရက်ကန်း အလုပ်ရုံ တွင် ရှိချင်၍ရှိနေကြခြင်းမဟုတ်။ Gropius ၏ ကျား/ မ ခွဲခြား သင်ကြား လိုက်ခြင်းက ၎င်း၏အကျိုးရလဒ် ကို ပြသနေသည်။  Bauhaus ကျောင်းကို တည်ထောင်ပြီး နောက်ပိုင်း နှစ်များတွင်အမျိုးသမီး အရေအတွက် သည် ပုံမှန် ကျဆင်းလာသည်။  အနုပညာနှင့် ဒီဇိုင်း နယ်ပယ်တွင် အလွန်နိမ့်သည့် လက်မှုပညာတစ်ရပ် အဆင့်အဖြစ်သာ ရက်ကန်းပညာကို သတ်မှတ်ခဲ့ကြ သည်။ နှစ်ပေါင်းများစွာ အမြတ်အစွန်းရရှိ လည်ပတ် နေခဲ့သည့် တစ်ခုတည်းသော ဌာနအဖြစ် ရက်ကန်းရုံ သည် အမျိုးသားများလွှမ်းမိုးထားသော နယ်ပယ်များ၏ စိတ်ကူးထည်သက်သက် အနုပညာစမ်းသပ်မှုများ အကောင်အထည်ဖော်ရာတွင် ငွေကြေးအရ ထောက်ကူ ပေးနိုင်ခဲ့သည့် အဖြစ်မှာ ခါးသီးလှသော ဟာသတစ်ပုဒ် ပင် ဖြစ်လေသည်။

နံရံဆေးရေး ပန်းချီ ပုံသဏ္ဍာန်ပိုင်းဆရာ Oskar Schlemmer က ယခုလို ဖွင့်ဟသည်။ “သိုးမွှေးရှိတဲ့ နေရာမှာ အမျိုးသမီးတွေကို တွေ့မယ်။ရက်ကန်းရက် တယ် ဆိုတာ အချိန်ကို ကုန်အောင်လုပ်ရုံပါပဲ” ဟူ၍။ သို့သော် သူ့အလုပ်ရုံရှိ အမျိုးသမီးများက တိုးတက် ဖြစ်ထွန်းမှုများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။ ဥပမာ - ရက်ကန်းရုံပြင်ပ ဧရိယာများကို အမျိုးသားများသာ အသုံးပြုနိုင်သည်ဟု လက်မှုပညာရပ်ဆရာက ဆိုပင်ဆို သော်ငြား ငြမ်းစင်ပေါ်တွင် မကြာခဏ တွေ့ရသည့် Lou Scheper-Berkenkamp လို အမျိုးသမီးများ။
 Marianne Brandt ကလည်း အမျိုးသားများ ကြီးစိုးထားသော သတ္တုအလုပ်ရုံတွင် နေရာတစ်နေရာယူထားလိုက်နိုင်သည်။ လူသိအများဆုံးဖြစ်နိုင်သောBauhaus အနုပညာကျောင်း၏ဒီဇိုင်း အချို့ကို သူထုတ် ခဲ့ခြင်းဖြစ်သည်။ အချို့အတွက် သူ့တွင်တာဝန် ရှိ သည်။ ၎င်း ဒီဇိုင်းနမူနာနှစ်မျိုးမှာ တြိဂံအဖုံးဖြင့် တြိဂံ ပုံအပေါက်ဝပါ ဆေးလိပ်ခွက်အဝိုင်း၊ သို့မဟုတ် MT49 လက်ဖက် ရည်နှပ်အိုး တို့ဖြစ်ကြသည်။ ၁၉၂၆ ခုနှစ်တွင် မှသာ စတင်တည်ထောင် သော ဗိသုကာသင်တန်း သည်ပင်အမျိုးသမီးများနှင့် မလွတ်ကင်းနိုင်။ သင်တန်း ကိုပထမဆုံး လက်ခံတက် ရောက်ခွင့် ရသော အမျိုး သမီးမှာ Lotte Stam-Beese ဖြစ်သည်။ ဤမကြုံစဖူး အမျိုးသမီးတစ်ဦး ဝင်ခွင့်ရ သည့်ဖြစ်ရပ် မတိုင်မီ ၎င်းနှင့် Bauhaus အနုပညာကျောင်း ညွှန်ကြားရေး မှူးအသစ် Hannes Meyerနှင့် အချစ်ဇာတ်လမ်း ဖြစ်ခဲ့သည့်ကိစ္စတော့ ရှိသည်။  Lotte Stam-Beeseအတွက် အရာရာ အဆုံး သတ်မကောင်းခဲ့။ သူတို့နှစ်ဦး ဆက်ဆံရေး လူသိရှင် ကြားဖြစ်လာသော်Hannes Meyer က Lotte Stam-Beese ကိုသင်တန်းမှ ထွက်ခိုင်းလိုက်သည်။

ဤ တစ်ကိုယ်တော် စစ်သည်များသည် ထူးခြားသည်။ သို့သော် ဘဝက သူတို့အတွက် မလှပပြန်ပါ။Bauhaus ကျောင်းတွင် ကျား-မ ဖြစ်တည်မှုဆိုင်ရာများ၏ ကန့် သတ်ရှုမြင်ခွဲခြားမခံရဘဲ အမျိုးသမီးများအတွက် အတိုင်းအတာတစ်ခုအထိ လွတ်လပ်သည့် ရပ်ဝန်း သည်ကား ဓာတ်ပုံကဏ္ဍဖြစ်သည်။Gertrud Arndt နှင့် Lucia Moholy တို့ကဲ့သို့သောအမျိုးသမီး များသည် ဤလွတ်လပ်နေရာများအတွင်း သူတို့ကိုယ် သူတို့ ပြန်လည် ဖန်တီးတည်ဆောက် နိုင်သွားကြ သည်။

နာဇီများကြောင့် ၁၉၃၃ ခုနှစ်တွင် ကျောင်းကို ပိတ် လိုက်ရပြီးနောက် ကျောင်းနှင့် ပါဝင်ပတ်သက် သူ အများအပြားအတွက် ပရမ်းပတာ၊ ဖရိုဖရဲဖြစ်ကာ ကြေ ကွဲစရာ နှစ်ကာလအချို့ ပေါ်ပေါက်လာသည်။Bauhaus အနုပညာကျောင်း၏ ကျောင်းသူ ခြောက်ဦး တို့သည် ချွေးတပ်စခန်းတွင် အသတ်ခံခဲ့ရပြီး၊တစ်ဦးသည် ဗုံးခွဲ တိုက်ခိုက်မှုတွင် အသက်ဆုံးပါးခဲ့သည်။ အမျိုးသမီး အနုပညာရှင်များ သည် ပြည်ပနိုင်ငံ များသို့ ရှေ့ဆင့် နောက်ဆင့် ထွက်ပြေးလွတ်မြောက် သွားကြသည်။ ထိုသူများအနက် Gunta Stölzl က လက်ရက်ကန်း လုပ်ငန်းကို Switzerland နိုင်ငံတွင် တည်ထောင်သည်။ ပြည်ပသို့ထွက်ပြေးလွတ်မြောက် သွားကြည်သည့် အမျိုးသမီးအနုပညာရှင်များက Bauhaus၏ အစဉ် အလာကိုဆက်လက်ထိန်းသိမ်းခဲ့ ကြသည်။ Gunta Stölzl ကSwitzerland နိုင်ငံတွင် လက်ရက်ကန်း လုပ်ငန်းကို တည်ထောင်သည်။ Anni Albers က အမေ ရိကန်နိုင်ငံ၊ North Carolina ရှိ Black Mountain College တွင် ၁၉၃၃ ခုနှစ်ကတည်းက စာ သင်ကြား နေခဲ့ပြီး၊Lotte Stam-Beese ကမူ ဟော်လန် နိုင်ငံတွင် ဘဝသစ်တည်ဆောက်ခဲ့သည်။
 
ဤသို့ဆိုလျှင် Bauhaus အနုပညာကျောင်းကအမျိုး သမီး တွေက ဘာကို ချန်ထားရစ်ကြသလဲ။Lux Feininger ၏ လူသိများဓာတ်ပုံတစ်ပုံ တွင်Dessau မြို့ရှိ Bauhaus  ကျောင်း၏ လှေကားထစ်များ ပေါ်ရှိ မိန်းမ ပျိုတစ်အုပ်ကို ပြသထား သည်။သူတို့က ဆံပင် တိုတို၊ ဘောင်းဘီရှည် များ ဝတ်ဆင်လျက် ကင်မရာ ကို ရဲရဲတင်းတင်း မသိုမဝှက်အကြည့်များဖြင့် ကြည့် နေကြသည်။ တိုးတက်ခဲ့ပုံရသော်လည်း မျက်ကွယ် ပြုခံခဲ့ကြရသည့် အတိတ်က အဖြစ်များ ဆက်လက် တည်မြဲနေရန် ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို လမ်းလွှဲ မည့် အစား ဤအမျိုးသမီးကိုပင်ကိုယ်အနုပညာ အရည် အချင်းပြည့်ဝကြသူများအဖြစ် ကျွန်ုပ်တို့ ရှုမြင်သင့် သည်။ ‘‘ဒါ Mart Stam ရဲ့ ချစ်သူမဟုတ်ဘူးလား။ ဒါ Joseph Albers ရဲ့ချစ်သူမဟုတ်ဘူးလား။ ဒါ László Moholy-NagyJoseph Albers ရဲ့ချစ်သူမဟုတ် ဘူး လား” ဆိုတဲ့စကားမျိုးပဲ နားကြားပြင်း ကပ် လောက် အောင် သင် ကြားနေရဆဲဖြစ်လိမ့်မည်။ (စကားချပ် ။  ။ ထိုသူတို့မှာ ဂျာမန် မော်ဒန်ဝါဒလှုပ်ရှားမှု၏ အဓိက  Bauhaus ဂိုဏ်းဝင် နာမည်ကြီး အမျိုးသားဗိသုကာနှင့် ဒီဇိုင်းပညာရှင်များဖြစ်ကြသည်။)
 
Bauhaus အမျိုးသမီး အနုပညာရှင်များကို ရည်စူးဂုဏ် ပြုလျက် တစ်ကြိမ်တစ်ခါသာ ကျင်းပသည့် ပြပွဲများ ပိုမိုများလာပြီး ဝီကီပီးဒီးယားတွင် သူတို့ကို ထည့်သွင်း လာကြခြင်းနှင့် သူတို့၏ ဘဝဇာတ်ကြောင်းများကို အနုပညာသမိုင်းဆရာများက ရေးသားလာကြခြင်း စ သည့်အချက်များကြောင့် အမျိုးသမီးအနုပညာရှင် များ ကို မျက်ကွယ်ပြုခဲ့၊ အသိအမှတ်မပြုခဲ့ကြသည့် အခြင်း အရာများ အားလုံး မကြာမီ အဆုံးသတ်သွား လိမ့်မည် ဟု မျှော်လင့်ချက်ရေးရေး ရှိနေပါသည်။ ။