ပညာရပ်များကိုတစ်ခုထပ်ပို၍လေ့လာခြင်း
ခြုံငုံလေ့လာသောသုတေသနနည်းအရချဉ်းကပ်မှုများ

တက္ကသိုလ်ပညာသင်ကြားခြင်းကို ရာစုနှစ်များစွာ ပိုမို၍ အထူးလေ့လာလိုက်စားလာခဲ့ကြသည်။ သို့သော် ယနေ့ခေတ် မေးခွန်းအများစုသည် အမြဲလိုလိုပင် ကြိမ်ဖန်များစွာ တစ်ခုထပ်ပိုသော ပညာရပ်ဆိုင်ရာ သုတေသနချဉ်းကပ်မှုများကို တောင်းဆိုလာကြသည်။ Leibniz အဖွဲ့အစည်း၏ ဦးဆောင်သူ Matthias Klleiner သည် အဖက်ဖက်မှအလုံးစုံခြုံငုံလေ့လာသော သုတေသနများ၏ တစ်ခေတ်ဆန်းချိန်ကို မျှော်မြင်သည်။

Alexander von Humboldt သည် မကြာခဏဆိုသလိုပင် နောက်ဆုံးသောကမ္ဘာ့ပညာရှင်အဖြစ်ဖော်ပြခြင်းခံရသည်။ ထင်ရှားကျော်ကြားသောသဘာဝသိပ္ပံပညာရှင်ဖြစ်သည်သာမက လူမျိုးစု၊ သမိုင်းကြောင်းနှင့်ပထဝီဝင်အနေအထားဆိုင်ရာပညာရပ်များတွင်လည်း ကျွမ်းကျင်နှံ့စပ်သည်။ (၁၇) ရာစုနှင့် (၁၈) ရာစုများတွင် ထိုသို့သောပညာရှင်များမရှားပါးပါ။ ဒဿနိကဗေဒပညာရှင် Gottfried Wilhelm Leibniz သည် သင်္ချာနှင့်ရူပဗေဒတွင် ညီတူညီမျှကျွမ်းကျင်ပြီး ရူပဗေဒပညာရှင် Isaac Newton သည်လည်း ဒဿနိကဗေဒနှင့်သီအိုရီပိုင်းဆိုင်ရာပညာရပ်များတွင်ကျွမ်းကျင်သည်။ ထိုဂန္တဝင်တွင်လောက်သော ကမ္ဘာ့ပညာရှင်များသည် ရှေးယခင်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အထူးသဖြင့် အမျိုးမျိုးသောပညာရပ်နယ်ပယ်များမှအသိပညာတောင်းဆိုမှုများဖြစ်ကြသည်။ သို့သော် ၎င်းသည်အဖက်ဖက်မှအလုံးစုံခြုံငုံလေ့လာသောသုတေသနများ၏အဆုံးသတ်သည်ဟုမခေါ် ဆိုနိုင်ပေ။ Matthias Kleiner က ဤကိစ္စရပ်တွင် ဆန့်ကျင်ဖက်ထင်မြင်ယူဆသည်။ Leibniz အဖွဲ့အစည်း၏ဦးဆောင်သူက မတူညီသောပညာရပ်များပူးပေါင်းလေ့လာခြင်းသည် ယနေ့ခေတ်အချိန်ခါ၏ ရံဖန်ရံခါရှုပ်ထွေးသောစိန်ခေါ်မှုများအတွက်အဖြေဖြစ်သည်ဟု ထင်မြင်သည်။

 
Herr Kleiner - သိပ္ပံပညာရှင်တွေမကြာခဏပြောလေ့ရှိကြသလိုပဲ သူတို့ပိုပိုပြီးသိလာလေ ပိုပိုပြီးနည်းလာလေပဲ။ Leibniz နဲ့ Humboldt တို့နဲ့စပ်ဆက်ထားတဲ့ ဒီလိုမျိုးအဖက်ဖက်ကခြုံငုံလေ့လာတဲ့ပညာရေးဟာ ဂျာမန်ပညာရေးစနစ်ကနေပျောက်ကွယ်သွားတော့မှာလား။

မှန်လည်းမှန်နိုင်သလို၊ မှားလည်းမှားနိုင်ပါတယ်။  နက်နက်ရှိုင်းရှိုင်းအထူးပြုလေ့လာခြင်းနဲ့အလုပ်ခွဲဝေမှုတွေရှိသလို တစ်ခုထက်ပိုတဲ့ပညာရပ်တွေပူးပေါင်းဆောင်ရွက်ခြင်းမျိုးလည်း ရှိနေပါတယ်။ သိပ္ပံပညာရပ်ကကျယ်ပြန့်ပါတယ်။ ဒီပညာရပ်တွေက ကျွန်တော်တို့ဘဝတစ်လျှောက်လုံးနဲ့ အနာဂတ်နဲ့ပတ်သတ်တဲ့ ရှုပ်ထွေးတဲ့မေးခွန်းတွေရဲ့အ‌ဖြေကို ပေးနိုင်ပါတယ်။ အရေးကြီးတာက သိပ္ပံပညာဟာ သူ့ရဲ့သီးသန့်နယ်ပယ်ထဲမှာသာနစ်မြုပ်မနေဘဲ အခြားနယ်ပယ်တွေနဲ့လည်း ချိတ်ဆက်မှုရှိနေပါတယ်။ ဒါပေမယ့် ဘက်စုံထူးချွန်သူတွေဟာ ဘက်စုံယှဉ်ပြိုင်နိုင်စွမ်းလည်းလိုအပ်တာကို မေ့ထားလို့ မရနိုင်ပါဘူး

ဒါကြောင့် သုတေသနပညာရှင်တွေဟာအထူးပြုလေ့လာနိုင်ရမယ်။ ဒါပေမယ့် အဖက်ဖက်ကခြုံငုံလေ့လာတဲ့ သုတေသန ချဉ်းကပ်မှုတွေကတော့ နယ်ပယ်စုံကပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်လို့ရပါတယ်။ ဒါကလည်း Leibniz အဖွဲ့အစည်းရဲ့ရပ်တည်ချက်ပဲလား။


Matthias Kleiner သည် ဂျာမနီသုတေသနအဖွဲ့အစည်း၏အကြီးအကဲအဖြစ်နှစ်ပေါင်းများစွာဆောင်ရွက်ခဲ့သည်။ (၂၀၁၄) ခုနှစ်ကတည်းက Leibniz သိပ္ပံအဖွဲ့အစည်း၏စက်မှုအင်ဂျင်နီယာဌာနအားဦးဆောင်ခဲ့သည်။ ဓါတ်ပုံ။ ။ © Leibniz-Gemeinschaft/Oliver Lang Leibniz အဖွဲ့အစည်းကဒီအဓိကအကြောင်းရင်းကြောင့်ရပ်တည်နေတာပဲ။ သုတေသနအဖွဲ့အစည်းတွေ၊ သုတေသနအခြေခံအဆောက်အဦးတွေနဲ့ သုတေသနပြတိုက်တွေမှာ အသိပညာတွေပိုမိုဖန်တီးဖို့ လူပေါင်း (၂၀၀၀၀) ကျော်အလုပ်လုပ်နေကြတယ်။ အဖွဲ့အစည်းတစ်ခုစီမှာ ပညာရပ်ဆိုင်ရာအနှစ်ချုပ်တွေကိုဖော်ပြနိုင်တဲ့ ဦးတည်ချက်တစ်ခုစီရှိနေပါတယ်။ ဥပမာ -  ရာသီဥတုပြောင်းလဲခြင်းပေါ့။ Potsdam Institut က သဘာဝနဲ့လူမှုရေးသိပ္ပံပညာရပ်ဆိုင်ရာ မတူကွဲပြားတဲ့ပညာရပ်နယ်ပယ်တွေကရာသီဥတုဆိုင်ရာအကျိုးဆက်သုတေသနစာတမ်းကိုပြုစုခဲ့ပါတယ်။ ဒီနေရာမှာ အဖွဲ့အစည်းတစ်ခုတည်းကဒါကိုတာဝန်မယူနိုင်ဘူးဆိုတဲ့ အဲ့ဒါနဲ့ပတ်သက်ပြီး မေးခွန်းတွေကရှိလာပါပြီ။ ဒါကြောင့်လည်း အမျိုးမျိုးသောပညာရပ်တွေပူးပေါင်းလုပ်ဆောင်မှုအတွက် ယဉ်ကျေးမှုနဲ့ယှဉ်ပြိုင်မှုတွေလိုအပ်လာတာပေါ့။

တက္ကသိုလ်တွေနဲ့တခြားသုတေသနသင်တန်းကျောင်းတွေက အဲ့ဒီအကြောင်းအရာကိုသိရှိခဲ့ပါသလား။

သူတို့တွေသိတယ် မသိဘူးကိုတော့ ကျွန်တော်အတိအကျမပြောနိုင်ပါဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်တာကိုသတိပြုမိတာကတော့ မြင့်တက်လာခဲ့ပါတယ်။ ဥပမာအားဖြင့် ဂျာမန်သုတေသနအဖွဲ့အစည်းရဲ့သုတေသနပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေပေါ့။  သူတို့ရဲ့ရန်ပုံငွေတွေ နှစ်များစွာအတွင်း လုံလုံလောက်လောက်တောင်းဆိုခံလာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန်းသစ်တီထွင်မှုတွေက ပညာရပ်တွေကြားပေါင်းကူးသဖွယ်ရပ်တည်နေတာကြောင့်ပါပဲ။


ဒါက အလုံးစုံခြုံငုံလေ့လာတဲ့ပညာရေးချဉ်းကပ်မှုတွေဆီ ပြန်ရောက်လာတယ်ထင်တာပါပဲ။ ပညာရပ်တွေကို ခြုံငုံလေ့လာတာမျိုးတစ်ခေတ်ဆန်းမယ်လို့ ပြောနိုင်မလား။

မေးခွန်းတွေကပိုကျယ်ပြန့်လာတာကြောင့် ဒီလားရာနဲ့ပတ်သတ်ပြီး ငြင်းခုံဆွေးနွေးနိုင်ပါတယ်။ ဒါ့အတွက်ဥပမာတွေအများကြီးရှိပါတယ်။ ရာသီဥတုပြောင်းလဲမှု၊ ပဋိပက္ခတွေနဲ့ငြိမ်းချမ်းရေးသုတေသန၊ ကမ္ဘာ့စားနပ်ရိက္ခာ၊ ဒါမှမဟုတ် ကပ်ရောဂါတွေတို့လိုပေါ့။ ကျွန်တော်တို့အနေနဲ့ ဒီဖြစ်ပေါ်နေတဲ့မေးခွန်းတွေအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖို့နဲ့ ဖြေရှင်းဖို့လိုအပ်ပါတယ်။ ဒါ့အတွက် ကျွန်တော်တို့မှာ Gesundes Altern လို Leibniz သုတေသနအဖွဲ့အစည်းက ဥပမာပြုစရာရှိနေပါတယ်။ ကျွန်တော်တို့နောင်လာမည့်နှစ်တွေမှာ ဘဝကိုကျေနပ်ရောင့်ရဲစွာနဲ့ ဖြတ်သန်းဖို့ဖြစ်နိုင်မှာလား။ သုတေသနက ဆဲလ်များအိုမင်းရင့်ရော်ခြင်းအကြောင်းကို ပင်စင်စနစ်များမှတဆင့်လူကြီးတွေကမြို့ပြမှာ ဘဝကို ဘယ်လိုဖြတ်သန်းနိုင်ကြောင်း မေးခွန်းတွေအထိပါဝင်ပါတယ်။ ဒါက မကြာခဏတွေ့မြင်ရတတ်တဲ့ အလုံးစုံခြုံငုံလေ့လာတဲ့သုတေသနချဉ်းကပ်မှုတစ်ခုပဲဖြစ်တယ်။ ဒါကဇီဝမျိုးကွဲသုတေသနမှသည်အဏ္ဏဝါသုတေသနအထိ ပျံ့နှံ့လာပါတယ်။

ဂျာမနီနိုင်ငံကနိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် ဘယ်နေရာမှာရပ်တည်နေမလဲ။

ကျယ်ပြန့်ကောင်းမွန်တဲ့အခြေအနေတွေကြောင့် ဂျာမနီနိုင်ငံကသိပ္ပံပညာရပ်တွေကို ဘယ်လိုမှဖုံးကွယ်နိုင်ဖို့မရှိပါ။ ကျွန်ုပ်တို့သိပ္ပံပညာရပ်ရဲ့မြင့်မားတဲ့အရည်အသွေးတွေက အရင်ကတည်းကနိုင်ငံအတွင်းမှာကျယ်ကျယ်ပြန့်ပြန့်ဖြန့်ကျတ်ထားပါတယ်။ အမေရိကန်မှာလိုမျိုး တစ်ဦးတည်းထူးချွန်ဦးဆောင်တာတွေမှာတော့ အားနည်းပေမယ့်လို့ စုပေါင်းဆောင်ရွက်နိုင်မှုမှာတော့အလွန်မြင့်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့အရေးပေးပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရှ အထူးသဖြင့် တရုတ်က အရှိန်အဟုန်နဲ့အမှီလိုက်လာတာကြောင့်ပါပဲ။ ဒါကြောင့်ပဲ ကျွန်တော်တို့တွေ အလုံးစုံအတူတကွလုပ်ဆောင်ကြရမယ်။ ယှဥ်ပြိုင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့သိသာထင်ရှားတဲ့ပေါင်းစပ်မှုနဲ့ ပိုမိုခိုင်မာတဲ့ဥရောပဆန်ဆန်လည်းတွေးခေါ်အသုံးချရမယ်။ ဒါက ကျွန်တော်တို့ရဲ့အားသာချက်ပဲ။ ဂျာမနီကလူငယ်တွေက ကမ္ဘာနှင့်အဝှမ်းမေးခွန်းထုတ်နေကြတယ်။ ဒါကကျွန်တော်တို့ရဲ့ထူးခြားကောင်းမွန်တဲ့ပညာရေးကို ဖော်ပြနေတာပဲ။ 

ကျောင်းသားတွေရဲ့မြင့်မားတဲ့အထူးပြုလေ့လာမှုကို အလုပ်သမား‌ဈေးကွက်လိုအပ်ချက်၊ သုတေသနနဲ့သင်ကြားရေးမှာစီးပွားရေးအရအဟန့်အတားတွေက ဘယ်လောက်ထိသက်ရောက်စေနိုင်လဲ။

သင်ကြားရေးမှာပြင်ဆင်ဖို့အတွက် (Bologna-Reform) ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပညာရပ်ဆိုင်ရာဘွဲ့နဲ့ ဘွဲ့လွန်သင်တန်းတွေမှာလည်း လေ့လာမှုလမ်းကြောင်းသစ်တွေဖြစ်လာပါတယ်။ တစ်ချို့အပိုင်းတွေကအတော်လေးကိုအသေးစိတ်ကျပါတယ်။ ကျွန်တော်တို့တွေ လေ့လာမှုပထမအဆင့်တွေမှာ အလွန်အမင်းကျယ်ပြန့်ဖို့မလိုအပ်ပဲ မဟာဘွဲ့သင်တန်းတွေမှာသာ အသေးစိတ်အထူးပြုလေ့လာဖို့လည်း စဥ်းစားရပါမယ်။ ရာထူးတိုးအဆင့်အတွက် အရည်အချင်းစစ်ဆေးခြင်းနဲ့ ဒါ့နောက်တော့ အခြားအကြောင်းအရာတွေပေါ့။ အရည်အချင်းအမြင့်ဆုံးသူတွေရဲ့ (၂၀) ရာခိုင်နှုန်းကသာလျှင် သိပ္ပံပညာရပ်မှာရှိနေပြီး သူတို့ထဲကအချို့သာလျှင် ပါမောက္ခတွေဖြစ်ကြပါတယ်။ (၈၀) ရာခိုင်နှုန်းကတော့ စီးပွားရေး ဒါမှမဟုတ်လူမှုအဖွဲ့အစည်းတွေမှာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ လူငယ်တွေကို ပိုပြီးတော့ကောင်းကောင်းမွန်မွန်ပြင်ဆင်ပေးရပါမယ်။

သတင်းအချက်အလက်

Leibniz (နာမည်အပြည့်အစုံအားဖြင့်  Gottfried Wilhelm Leibniz) သိပ္ပံအဖွဲ့အစည်းသည် ပညာရပ်တစ်ခုထပ်ပို၍ အတူတကွပူးပေါင်းလုပ်ဆောင်သော အမျိုးမျိုးအထွေထွေသောပညာရပ်ဌာနများ၏တက္ကသိုလ်မဟုတ်သော သုတေသနအဖွဲ့အစည်း (၉၅) ခုဖြင့်ချိတ်ဆတ်၍အတူတကွလုပ်ဆောင်နေသည်။ ထိုအဖွဲ့တွင် သုတေသနပြတိုက်များလည်းပါဝင်နေသည်။