ပြန်လည်ပေးအပ်မှုနှင့်စပ်လျဉ်း၍ ငြင်းခုံဆွေးနွေးမှု
ကိုလိုနီခတ်က ရှေးလူ့အသုံးအဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းကို ဖြည်းဖြည်းချင်းသာ ဆောက်ရွက်လျှက်ရှိပါသည်။

မည်သူပိုင်ဆိုင်ပါသလဲ။ ကိုလိုနီခေတ်မှ  ယဉ်ကျေးမှုပစ္စည်းများကို ပိုင်ဆိုင်ခွင့်‌တောင်းဆိုချက်များက  မကြာခဏဆိုသလို အငြင်းပွားမှုများဖြစ်ပေါ်လာပြီး  တတ်နိုင်သမျှ ပြန်လည်ပေးအပ်ရန်ညှိုနှိုင်းမှုများက အမြဲလိုလို  ခက်ခဲနေပြီး ကြန့်ကြာနေပါသည်။ ထို့အတွက် ဂျာမနီနိုင်ငံက  ပထမခြေလှမ်း ကိုလှမ်းလိုက်ပြီဖြစ်သည်။

ပေါ်တူဂီ ကိုလိုနီအုပ်စိုးသူများသည် တောင်အာဖရိကရှိ Cross Cap ပိုင်ဆိုင်မှုနှင့်ပတ်သက်၍တောင်းဆိုမှုကို လူသိရှင်ကြားထုတ်ဖော်ခဲ့ကြသည်။ အမြင့် ၃မီတာခွဲ ရှိပြီး သက်တမ်း ၅၃၀နှစ်နီးပါးရှိသည့် တိုင်ကို ထုံးကျောက်လက်ဝါးကပ်တိုင်ဖြင့် အထွတ်တင်ထားပါသည်။  ပေါ်တူဂီ ကိုယ်စားပြု အဆောင်အယောင် ဒီဇိုင်းများက ထိုတိုင် ပထမဆုံး စိုက်ထူခဲ့သည့် အချိန်မှာ ၁၄၈၅ ဖြစ်ကြောင်း ညွှန်ပြနေသည်။ ထိုနေရာတွင် ၁၈၉၃ အထိ ရှိနေခဲ့ပြီးနောက် ထိုအချိန်က ဂျာမန် ကိုလိုနီနယ်ချဲ့များက ထိုသမိုင်းဝင် ယဉ်ကျေးမှု ပစ္စည်းကို ဘာလင်မြို့သို့ ယူဆောင်လာခဲ့ကြသည်။ ယခုဆိုလျှင် ပြည်တော်ပြန်ခရီးသည် အလှမ်းမဝေးတော့ပြီဖြစ်သည်။ ဂျာမနီသည် Cape Cross တိုင်ကို နမီးဘီးယားနိုင်ငံကို ပြန်လည်ပေးအပ်တော့မည်ဖြစ်သည်။  " ဒီဆုံးဖြတ်ချက်က  အရေးကြီးပြီး အနာဂါတ်ကို ရည်မျှော်တဲ့တိုးတက်မှုကို ပြသတဲ့သဘောပါပဲ။” ဟု ဖက်ဒရယ်ယဉ်ကျေးမှုဝန်ကြီး Monika Grütters ကပြောကြားခဲ့သည်။
 
ယဉ်ကျေးမှုပစ္စည်းများကို ပြန်လည်ပေးအပ်ခြင်းသည် ယခုအချိန်ထိ ဂျာမနီနိုင်ငံတွင်အထူးတလည်ဆောင်ရွက်သည့်ကိစ္စဖြစ်သည်။  နမီးဘီးယားအမျိုးသားခေါင်းဆောင်ကြီးHendrik Witbooi ၏ သမ္မာကျမ်းစာ နှင့် ကြာပွတ်ကို ၂၀၁၉ ခုနှစ်ဆန်းတွင် နမီးဘီးယားအစိုးရထံသို့ ပြန်လည်ပေးအပ်ရန်  Budden-Württemberg ပြည်နယ်အစိုးရက  ဆုံးဖြတ်လိုက်ခြင်းသည် အံဩဖွယ်ဖြစ်ခဲ့သည်။ သို့ပေမဲ့  သြစတြေးလျရှိ ရှေးဦးလူမျိုးများ၏ ဦးခေါင်းခွံများသို့မဟုတ် အာဖရိကနိုင်ငံများမှ သင်္ချိုင်းမြေပုံများထဲမှပစ္စည်းများ စသည့် ရုပ်ကြွင်းများကို  ပြန်လည်ပေးအပ်ရာတွင်‌ အထူးသဖြင့် အကန့်အသတ်ရှိပါသည်။ ဆိုရှယ်ဒီမိုကရက်များ နှင့်ကွန်ဆာဗေးတစ်များဖြင့် ဖွဲ့စည်းထားသည့် အာဏာရညွန့်ပေါင်းအဖွဲ့သည် အစိုးရစီမံချက်တွင်ကိုလိုနီကာလကို ပြန်လည်သုံးသပ်ရန် ကတိကဝတ်ပြုခြင်းပါဝင်သည်။ ထိုကာလရှိ  ရာဇဝတ်မှုများကို အောက်မေ့သတိရခြင်းသည် နိုင်ငံ့အထိမ်းအမှတ်ယဉ်ကျေးမှု၏ တစိတ်တပိုင်းဖြစ်လာသင့်သည် ဟု ၄င်းက ဆိုသည်။ စီရင်ချက်တွင် ဖော်ပြထားသည်။

နမီးဘီးယားအမျိုးသားခေါင်းဆောင် Hendrik Witbooi က သူ၏ ကြာပွတ် နှင့် သမ္မာကျမ်းစာသည် တစ်နေ့တွင် အပြည်ပြည်ဆိုင်ရာအငြင်းပွားမှုများကို ဖြစ်ပေါ်စေနိုင်သည့်အရာများရှိလာလိမ့်မည်ကို အိမ်မက်ပင် မက်ဖူးခဲ့လိမ့်မည်မဟုတ်ပေ။ နမီးဘီးယားအမျိုးသားခေါင်းဆောင် Hendrik Witbooi က သူ၏ ကြာပွတ် နှင့် သမ္မာကျမ်းစာသည် တစ်နေ့တွင် အပြည်ပြည်ဆိုင်ရာအငြင်းပွားမှုများကို ဖြစ်ပေါ်စေနိုင်သည့်အရာများရှိလာလိမ့်မည်ကို အိမ်မက်ပင် မက်ဖူးခဲ့လိမ့်မည်မဟုတ်ပေ။ | Foto (Zuschnitt): © picture-alliance/dpa

ကိုလိုနီခေတ်အတိတ်ကာလနှင့်စပ်လျဉ်း၍ မရှိသလောက်ဖြစ်သည့် ဆွေးနွေးငြင်းခုံမှုများ

၁၉ ရာစုအဆုံးနှင့် ၂၀ရာစုအစမှ ဧကရာဇ်အင်ပါယာနှင့်စပ်လျဉ်း၍ အကြိတ်အနယ် ဆွေးနွေးငြင်းခုံခြင်းမျိုး ယ‌ခုအချိန်ထိ ဂျာမနီတွင် လုပ်ဆောင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ဂျာမန်ကိုလိုနီတပ်များက  နမီးဘီးယားနိုင်ငံရှိ နာမာ (Nama) နှင့် ဟီရီရို (Herero) လူမျိုးစုများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍  ဆွေးနွေးငြင်းခုံမှုမှတဆင့်လည်း ထိုအချိန်ကာလက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသည့် အသိစိတ်များ မကြာသေးမီနှစ်များအတွင်းမှသာ  တိုးပွားလာသည်။ ဖယ်ဒရယ်အစိုးရသည် အတင်းအဓမ္မယူဆောင်ခဲ့ကြသည့် ယဉ်ကျေးမှုပစ္စည်းများကို ပြန်လည်ပေးအပ်ခြင်းအပါအဝင်  ယခင်ကိုလိုနီဒေသနှင့်ပြန်လည်ရင်ကြားစေ့ရေးနည်းလမ်းများကို ရှာဖွေနေသည်။

ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ရှေးလူ့အသုံးအဆောင်ပစ္စည်းများသည် ဂျာမန်ပြတိုက်များ၏ ပိုင်ဆိုင်မှုလက်ဝယ်၌ ရှိနေသည်။ ၎င်းတို့ကို တရား‌သောနည်းလမ်းဖြင့်  ရရှိခဲ့ခြင်းရှိ မရှိကို‌သော်လည်းကောင်း ပစ္စည်းအ‌ရေအတွက်  အတိအကျကိုသော်လည်းကောင်း ဖော်ပြခြင်းမျိုးမရှိပါ။   ယင်းတို့ထဲတွင် အီဂျစ်တို့က ပြန်လည်ပေးအပ်ရန် တောင်းဆိုရာတွင် အချည်းနှီးဖြစ်ခဲ့ရသည့် အီဂျစ်မိဖုရားခေါင်ကြီး Nefertiti ၏ ကိုယ်အထက်ပိုင်းရုပ်ထုကဲ့သို့သော အံ့မခန်းလက်ရာများပါဝင်သည်။ ထို့အပြင် ဘာလင်သဘာဝသမိုင်းပြတိုက်ရှိ  ဒိုင်နိုဆောတစ်ကောင်၏၁၃ မီတာရှည်သော အရိုးစုလည်းပါဝင်ပါသည်။ တစ်ချိန်က ဂျာမန်သိပ္ပံပညာရှင်များသည် တန်ဇန်းနီးယားနိုင်ငံတွင် အရိုးများကိုရှာဖွေတွေ့ရှိခဲ့ကြပြီး တပါတည်း ယူဆောင်ခဲ့ကြပါသည်။

ပထမဦးစားပေး ဇာစ်မြစ်သုတေသနလုပ်ငန်း

ပြန်လည်ပေးအပ်ရန် ကြန့်ကြာနေမှု - အီဂျစ်မိဖုရား Nefertiti၏  ကိုယ်အထက်ပိုင်းရုပ်ထုကို မည်သူပိုင်ဆိုင်ပါသလဲ။ ပြန်လည်ပေးအပ်ရန် ကြန့်ကြာနေမှု - အီဂျစ်မိဖုရား Nefertiti၏ ကိုယ်အထက်ပိုင်းရုပ်ထုကို မည်သူပိုင်ဆိုင်ပါသလဲ။ | Foto (Detail): © picture alliance / Eventpress Herrmann ထိုအဖိုးထိုက်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ထားကြသူများသည်  သဘာဝကျစွာပဲ ထိုသို့သော အဓိပ္ပါယ်ပြည့်ဝသည့် ရှာဖွေတွေ့ရှိမှုများကို မစွန့်လွှတ်လိုကြပေ။ မည်သို့ဆိုစေ နောက်ဆုံးတွင် ဖက်ဒရယ်နှင့်ပြည်နယ်အစိုးရများက ၂၀၁၉ ၌ ထိုကိစ္စနှင့်စပ်လျဉ်း၍ အဓိကအချက်များကိုသဘောတူခဲ့ကြသည်။ “ယနေ့ခေတ်တွင် ဥပဒေအရသော်လည်းကောင်း ကျင့်ဝတ်အရသော်လည်းကောင်း တရားမျှတမှုမရှိသော ကိုလိုနီခေတ်နည်းဥပဒေများမှ  ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများပြန်လည်ပို့ဆောင်ရန် နှင့် ရုပ်ကြွင်းများကို ပြန်လည်ပေးအပ်ရန် ကျွန်ုပ်တို့အနေဖြင့်လုပ်ဆောင်လိုပါသည်။" ဟု ဖော်ပြထားပါသည်။ လက်တွေ့တွင် Grütters သည် မူလဒေသ နှင့်ယဉ်ကျေးမှုပစ္စည်းများရှာမှီးမှုအခြေအနေများကို စုံစမ်းဖော်ထုတ်ခြင်းကဲ့သို့သော  ဇာစ်မြစ်သုတေသနလုပ်ငန်းကို  ပထမဦးစားပေး လုပ်ဆောင်ခဲ့သည်။
 
သို့ရာတွင် ဤဆုံးဖြတ်ချက်သည် ဝေဖန်မှုများစွာဖြစ်ပေါ်စေခဲ့သည်။ Hamburg မြို့သား သမိုင်းပညာရှင် Jürgen Zimmerer က ဇာစ်မြစ်သုတေသနလုပ်ငန်းအပေါ် အာရုံစိုက်ခြင်းသည် လိုအပ်သော မူဝါဒရေးရာထိရောက်သည့် ဆုံးဖြတ်ချက်များကို အချိန်ဆွဲရွေ့ဆိုင်းနေသည့် ဗျူဟာတစ်ခုအဖြစ် ရှုမြင်သည်။ ၎င်းသည် လိုအပ်သောဆွေးနွေးမှုများကို လှုံ့ဆော်ပေးမည့်အစား "ကိုလိုနီအတိတ်မေ့လျော့မှု" ကို အားပေးအားမြှောက်ပြုရာကျမည်ကို ပညာရှင် Zimmerer က  စိုးရိမ်သည်။ "ဥရောပ၏ ကိုလိုနီအမွေအနှစ်များနှင့်ပတ်သက်၍  ကိုင်တွယ်အဖြေရှာခြင်းသည်ကျွန်ုပ်တို့ခေတ်မှာ အရေးအကြီးဆုံး အထောက်အထားဆိုင်ရာ ဆွေးနွေးငြင်းခုံမှုမဟုတ်တောင်၊အရေးပါသည့်  အခန်းကဏ္ဍများထဲက တစ်ခုတော့ ဖြစ်ပါသည်။ ” ဟု Zimmerer ကရေးသားခဲ့သည်။ သူ့တွင် ဇာစ်မြစ်သုတေသနကို ဆန့်ကျင်သော အဆိုပြုချက်တစ်ခု အသင့်ရှိနေပါသည်။ကိုလိုနီစုဆောင်းမှုများသည် ၄င်းတို့ ရန်ပုံငွေ၏ ဥပဒေအရတရားဝင် စုဆောင်းသိုမှီးမှူအဖြစ် ညွှန်းဆိုကာ ခုခံသက်သေပြရမည်။ သို့မဟုတ်ပါက ၄င်းသည် လုယူထားသော ပစ္စည်းသာဖြစ်သည်။
 

ပြင်သစ်နိုင်ငံသည် စံနမူနာထိုက်ပါသလား။

ဂျာမနီဖက်ဒရယ်အစိုးရသည် ပြင်သစ်နိုင်ငံရှိ ကိုလိုနီပစ္စည်းများကို ပြန်လည်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အာဖရိကနိုင်ငံများနှင့် သဘောတူညီချက် ရယူလိုသော ပြင်သစ်သမ္မတ Emmanuel Macron ၏  ဖိအားပေးခြင်း ခံနေရသည်။ ပြင်သစ်သမ္မတသည်လည်း ဘာလင်နည်းပညာတက္ကသိုလ်၌ သင်ကြားပေးနေသော ပြင်သစ်အနုပညာသမိုင်းပညာရှင် Bénédicte Savoy နှင့်စီးပွားရေးပညာရှင် Felwine Sarr တို့၏ ကြိုးပမ်းမှုမှတဆင့် လှုံ့ဆော်တိုက်တွန်းခံခဲ့ရသည်။  အစီအရင်ခံစာတစ်ခုတွင်  အတင်းအဓမ္မယူဆောင်ခဲ့သည့်အနုပညာကို အမြဲတမ်း ပြန်ပေးရန်သမ္မတ Macron ကို သူတို့က အကြုံပြုခဲ့ကြသည်။
 
Savoy ၏ တောင်းဆိုချက်များသည် ဘာလင်မြို့တွင်လည်း ရိုက်ခတ်လျက်ရှိပါသည်။ ဤနေရာတွင် Humbolt Forum (ဟမ်းဘိုလ် ဖိုရမ်) သည် အထူးသဖြင့် ဝေဖန်မှု၏ဗဟိုချက်ဖြစ်သည်။  ပြတိုက်က ထောင်သောင်းချီသောသည့် ဇာတ်မြစ်အငြင်းပွားဖွယ်ပစ္စည်းများနှင့်အတူ ပရက်ရှားယဉ်ကျေးမှုအမွေအနှစ်ဖောင်ဒေးရှင်း၏ ဥရောပပြင်ပနှင့် အာရှမှ စုဆောင်းမှုများကို စုစည်းကာပြန်လည်တည်ဆောက်ထားသော ဧကရာဇ်ရဲတိုက်၏ တစ်နေရာတွင် ခင်းကျင်းပြသသွားမည်။  Savoy သည် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် သက်သေအထောက်အထားဆိုင်ရာ လေ့လာဆန်းစစ်မှုကို လျစ်လျူရှုခြင်းတို့ကြောင့် ကန့်ကွက်ဆန္ဒပြခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဖိုရမ်၏ အကြံပေးဘုတ်အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။