Nadia Budde
စကားလုံးများ၊ ရုပ်ပုံများနှင့်ကစားခြင်း

ကလေးစာအုပ်စာရေးဆရာနှင့် သရုပ်ဖော်ဆရာ Nadia Budde သည် သူ့အနုပညာအတွက် ဆုပေါင်းများစွာ ရရှိထားသည်။
ကလေးစာအုပ်စာရေးဆရာနှင့် သရုပ်ဖော်ဆရာ Nadia Budde သည် သူ့အနုပညာအတွက် ဆုပေါင်းများစွာ ရရှိထားသည်။ | Photo (detail): © picture alliance / Eventpress MP

ကလေးစာပေစာရေးဆရာမ Nadia Budde သည် စကားလုံးများ၊ ရုပ်ပုံများဖြင့် သူမ၏အနုပညာလက်ရာများကို ဖန်တီးလေ့ရှိပါသည်။ သူမ၏ဖန်တီးမှုများအပေါ်တွင် စာဖတ်သူနှင့် ‌စာ‌ပေ‌‌ဝေဖန်ရေးသမားများ၏ နှစ်သက်မှု ထပ်တူထပ်မျှဖြစ်ခြင်းမှာ သူမ၏ ထူးခြားသော ဖန်တီးနိုင်စွမ်းကြောင့်ဖြစ်ပါသည်။ 

လူကြီးတို့၏ကမ္ဘာသည် ထွေပြားကာနားလည်ရခက်ခြင်းကြောင့် ကလေးတစ်ယောက်အဖို့ တစ်နေ့တွင် ထိုကမ္ဘာ၏အစိတ်အပိုင်းဖြစ်လာမည်ကို မှန်းဆဖို့ရာမဖြစ်နိုင်ပေ။ ဤထူးထူးခြားခြားကလေးအမြင်ဖြင့် Nadia Budde က သူ၏ရုပ်ပြဖြစ်သော “Such’Dir was aus, aber beeil Dich” (တစ်ခုခုကိုရွေး၊ ဒါပေမယ့် မြန်မြန်လုပ်) တွင် သူ့ရုပ်ပြ၏ (အမြင်ပိုင်း) ဘာသာစကားဖြင့် သုံးသပ်ပြထားသည်။ ယင်းရုပ်ပြသည် ဂျာမန်ကလေးစာပေဆု ဂျူရီအဖွဲ့က ပေးအပ်သောဆုကို ၂၀၁၀ ခုနှစ်တွင် ရရှိခဲ့သည်။ စာရေးဆရာမ၊ သရုပ်ဖော်ဆရာမကို‌ သူ၏ (အာရုံခံအမြင်အသစ်) နှင့် ကလေးများ၏ အထူးသီးသန့် “အမြင်အယူအဆများ၊ အတွေးအခေါ် ပုံစံများ နှင့် နိဂုံးသုံးသပ်ချက်များ”ကို မှတ်သားတင်ပြခြင်းတွင်သူ၏ထူးချွန်မှုအတွက် အသိအမှတ်ပြု လက်ခံကြသည်။ သို့သော် ဘာလင်မြို့နေအနုပညာရှင်၏အောင်မြင်မှုလမ်းကြောင်းသည် ဒီထက်စောသောအချိန်ကာလကပင် စတင်ခဲ့ပါသည်။
"Viele Mädchen aus dem Haus sähen gern wie Elfen aus." သရုပ်ဖော် Nadia Budde "Viele Mädchen aus dem Haus sähen gern wie Elfen aus." သရုပ်ဖော် Nadia Budde | Photo: © Peter Hammer Verlag/Nadia Budde

ဆုရရှိသော ပွဲဉီးထွက်စာအုပ်

အရှေ့ဘာလင်တွင် ၁၉၆၇ခုနှစ်တွင် မွေးဖွားခဲ့သော Budde သည် စီးပွားရေးလုပ်ငန်းအနုပညာရှင်အဖြစ် အရင်ဆုံးသင်ယူလေ့ကျင့်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဂရပ်ဖစ်ဒီဇိုင်းပညာကို ဘာလင်အနုပညာနှင့်ဒီဇိုင်းကျောင်း Weißensee  နှင့် လန်ဒန်မြို့ရှိ တော်ဝင်အနုပညာကောလိပ်တွင် ဆည်းပူးသင်ကြားသည်။  ၁၉၉၉ ခုနှစ်တွင် Peter-Hammer-Verlag က ထုတ်ဝေခဲ့သော သူ့ပထမဦးဆုံးစာအုပ် “တစ်၊ နှစ်၊ သုံး ကျွန်မ” ကို ဝေဖန်ရေးဆရာများရော ပရိသတ်ကပါ လက်သင့်ခံအောင်မြင်ခဲ့သည်။ ၎င်းသည် ၂၀၀၀ ခုနှစ် ဂျာမန်ကလေးစာပေဆုကိုရရှိပြီး ယနေ့အချိန်အထိ ဘာသာစကားခုနှစ်မျိုးဖြင့် ဘာသာပြန်ဆိုခဲ့ပြီးဖြစ်သည်။ ယင်းစာအုပ် နောက်ပိုင်းတွင် ကလေးစာအုပ်များဖြစ်သော “Trauriger Tiger toastet Tomaten” (ဝမ်းနည်းနေသောကျားက ခရမ်းချဉ်သီးများကိုကင်သည်) ဟူသော စာအုပ်ထွက်ရှိပြီး အပတ်စဉ်သတင်းစာ Die Zeit နှင့် Radio Bremen တို့ကပေးအပ်သော “Luchs" ဆုကို ရရှိသည်။ နောက်ထပ်စာအုပ်မှာ "Kurz nach sechs kommt die Echs” (ခြောက်နာရီထိုးပြီး မကြာခင် ပုတ်သင်ညိုလာသည်) တို့ဖြစ်သည်။
"Eins zwei drei Tier" သရုပ်ဖော် Nadia Budde "Eins zwei drei Tier" သရုပ်ဖော် Nadia Budde | Photo: © Peter Hammer Verlag/Nadia Budde

“…သည့်နောက်တွင် ရက်ကွန်းဝက်ဝံက သူ့အင်္ကျီများကို မီးပူစတိုက်သည်"

ဂျာမန်ခေါင်းစဉ်များကို နောက်တစ်မျိုးအမြန်ဖတ်ကြည့်ပါက Nadia Budde၏ သံတူကြောင်းကွဲ ဟာသအသုံးအနှုန်းများအား နှစ်သက်မှုကိုတွေ့မြင်ရပါမည်။ သူ့လက်ရာသည် ကာရန်များ၊ အစအက္ခရာအသံတူပြုခြင်း၊ မြည်သံစွဲအလင်္ကာများဖြင့် စိတ်ကူးဉာဏ်ကွန့်မြူးမှုများ ပြည့်ဝနေသည်။ အပတ်စဉ်သတင်းစာ Die Zeit နှင့်တွေ့ဆုံမေးမြန်းခန်းတွင် သူ့လက်ရာဆီသို့ သူ၏ပေါင်းစပ်နိုင်သော ချဉ်းကပ်မှုကို ပြောကြားထားသည်။ သူသည် မကြာခဏ သူနှစ်သက်သော ကာရန် စကားလုံးများဖြင့်စတင်ကာ၊ ပြီးနောက် ကာရန်စနစ်နှင့် ကိုက်ညီသောတိရစ္ဆာန်များကို ရှာဖွေသည်ဟု ရှင်းပြသည်။ တစ်ချို့အချိန်များတွင် တိရိစ္ဆာန်၏ အမည်ကအရင်ပေါ်လာပြီး၊ ကျန်ရေးစရာများ ဆက်လက်ကွန့်မြူးရေးသားဖြစ်ကြောင်း ပြောဆိုသည်။ ဥပမာ ရက်ကွန်းဝံသည် ဂျာမန်အမည်အားဖြင့် Washbär ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က “လျှော်ဖွပ် ဝက်ဝံ” ဖြစ်ရာ စဉ်းစားဆင်ခြင်မှုအရ အဝတ်လျော်ခြင်း၊ မီးပူတိုက်ခြင်းစသည့်တွဲဖက်ဖြစ်စဉ်တို့ ပေါ်ထွက်လာသည်။ ဤမှထပ်ဆင့်၍ ပါးနပ်သော ကာရန်ကို ရရှိသည်။ “Und ist die Wäsche glatt, ist er von der vielen Bügelei eben platt” (လျှော်စရာအဝတ်တွေ ပြောင်လတ်သွားတာနဲ့ သူလည်း အားကုန်သွားတာပဲ။)
"Krake beim Schneider" သရုပ်ဖော် Nadia Budde "Krake beim Schneider" သရုပ်ဖော် Nadia Budde | Photo: © Peter Hammer Verlag/Nadia Budde

ပို့စကတ်များနှင့် ဂိမ်းအပလီကေးရှင်းများ

Nadia Buddeသည် များပြားသော အခြားစာအုပ်သရုပ်ဖော်များသာမက သူ့လက်ရာစုကိုလည်း ပုံမှန်ချဲ့ထွင်သွားသည်။ ဉီးချိုတစ်ချောင်းမြင်းအပြင်အဆင်များပါရှိသော ပို့စကတ်များကို ဒီဇိုင်းရေးသည်။ Die Zeit တွင် ကိုယ်ပိုင်တိရိစ္ဆာန်ရုပ်ပြတွဲများကို ရေးသည်။ ကလေးများနှင့် လူငယ်သရုပ်ဖော်ဆရာများအတွက် အလုပ်ရုံသင်တန်းပေးသည်။ ယင်းတို့ကို အိန္ဒိယနိုင်ငံ Gothe Institute ကိုယ်စားဆောင်ရွက်သည်။ သူ၏အောင်မြင်သော “တစ်၊နှစ်၊ သုံး ကျွန်မ”ကို မကြာသေးခင်က ဂိမ်းအပလီကေးရှင်းအဖြစ် ထုတ်ဝေသည်။ စာဖတ်သူများရော ဝေဖန်ရေး ဆရာများကပါ သူ၏အထင်ကြီးစရာ အလုပ်ကျင့်ဝတ်ကို ဂုဏ်ပြုချီးကျူးကြသည်။ တစ်ခါက Frankfurter Allgemeine Zeitung တွင်ရေးသားခဲ့သကဲ့သို့ “အကြိမ်တစ်ထောင်လောက် အသံထွက်ဖတ်ရင်တောင်” သူ့ရဲ့သရုပ်ဖော်ဇာတ်လမ်းတွေအတွက် “မလုံလောက်နိုင်ဘူး”ဟူ၍ဖြစ်သည်။
"Mein Onkel Parzival" သရုပ်ဖော် Nadia Budde. "Mein Onkel Parzival" သရုပ်ဖော် Nadia Budde. | Photo: © Peter Hammer Verlag/Nadia Budde