ရုပ်ပြကာတွန်းနှင့်ဘာသာစကားအနုပညာပြတိုက်
Saale မြစ်ကမ်းနံဘေးက Duckburg မြို့လေး

“Duckburg မြို့မှကြိုဆိုပါတယ်” ။     ။Saale မြစ်ကမ်းနံဘေး Schwarzenbach မြို့မှရုပ်ပြကာတွန်းနှင့်ဘာသာစကားအနုပညာပြတိုက်သည် Mickey Mouse ရုပ်ပြစာအုပ်များကို နှစ်ပေါင်းများစွာဘာသာပြန်ဆိုခဲ့သည့် ဆရာမကြီး Erika Fuchs အား ရည်စူး၍တည်ထောင်ထားခြင်းဖြစ်သည်။
“Duckburg မြို့မှကြိုဆိုပါတယ်” ။ ။Saale မြစ်ကမ်းနံဘေး Schwarzenbach မြို့မှရုပ်ပြကာတွန်းနှင့်ဘာသာစကားအနုပညာပြတိုက်သည် Mickey Mouse ရုပ်ပြစာအုပ်များကို နှစ်ပေါင်းများစွာဘာသာပြန်ဆိုခဲ့သည့် ဆရာမကြီး Erika Fuchs အား ရည်စူး၍တည်ထောင်ထားခြင်းဖြစ်သည်။ | ဓါတ်ပုံ။ ။ © picture alliance / Nicolas Armer / dpa

Schwarzenbach မြို့မှ ရုပ်ပြကာတွန်းနှင့်ဘာသာစကားအနုပညာပြတိုက်သည် (၂၀၁၅) ခုနှစ်ကတည်းက ရုပ်ပြကာတွန်းများ၏အနုပညာလက်ရာများကို ရှုထောင့်ပေါင်းစုံမှဆန်းစစ်စူးစမ်းလေ့လာခဲ့သည်။ အထူးသဖြင့် Mickey Mouse ရုပ်ပြစာအုပ်များဘာသာပြန်ခြင်းဖြင့်ကြာရှည်ရပ်တည်ခဲ့သော ဂျာမန်ဘာသာပြန်ဆရာမကြီး Erika Fuchs အားလည်း အောက်မေ့တသဖွယ်ရာဂုဏ်ပြုပေးထားသေးသည်။
 

“Duckburg မြို့မှကြိုဆိုပါတယ်။” Schwarzenbach an der Saale မြို့က ရုပ်ပြကာတွန်းနှင့်ဘာသာစကားအနုပညာပြတိုက်သည် ၎င်းတို့၏ဝက်ဘ်ဆိုက်ပေါ်တွင် ထိုကဲ့သို့ စိတ်အားထက်သန်စွာရေးထိုးထားသည်။ ယင်းဆောင်ပုဒ်အတိုင်း ဖြစ်အောင်လည်း အပြည့်အဝစီမံနေထိုင်သည်။ စတုရန်းမီတာ (၆၀၀) ဝန်းကျင်တွင် ပြတိုက်၏အမြဲတမ်းခင်းကျင်းပြသမှုများက ရုပ်ပြကာတွန်းများ၏အထွေထွေသမိုင်းကိုလေ့လာကြည့်ရှုနိုင်သည့်လေ့လာရေးအစီအစဉ်တစ်ခုကိုပေးစွမ်းထားပြီး လာရောက်လည်ပတ်သူများကို Micky Mouse ကမ္ဘာထဲသို့ ဒိုင်ဗင်ပစ်ဝင်ချင်စိတ်ပေါက်လာအောင်လည်း ဖိတ်ခေါ်ထားပါသည်။ လည်ပတ်သူများသည် Duckburg မြို့ကိုဖြတ်၍လျှောက်လာရင်း Gyro Gearloose ၏အလုပ်ရုံထဲတွင် ၎င်း၏ပခုံးလေးကိုကျော်ကြည့်၍ သူ၏ဧရာမမီးခံသေတ္တာကြီးအတွင်းက Scrooge McDuck ၏ရွှေဒင်္ဂါးပုံကြီးထဲသို့လည်း ကျွမ်းထိုးဝင်ရောက်နစ်မြုပ်နိုင်သေးသည်။ ရိုက်ကူးထားသောအင်တာဗျူးများတွင် ရုပ်ပြကာတွန်းကျွမ်းကျင်သူတို့က Duckburg မြို့နှင့်ပတ်သက်၍ သိပ္ပံနည်းကျသုတေသနများအကြောင်း ပြောပြထားကြသည်။

ကလေးများသည် Duckburg မြို့ကို ဖြတ်၍ လျှောက်လာရင်း Gyro Gearloose ၏အလုပ်ရုံထဲတွင် ၎င်း၏ ပခုံးလေးကိုကျော်ကြည့်၍ သူ၏ ဧရာမမီးခံသေတ္တာကြီးအတွင်းက Scrooge McDuck ၏ ရွှေဒင်္ဂါးပုံကြီးထဲသို့လည်း ကျွမ်းထိုးဝင်ရောက် နစ်မြုပ်နိုင်ပြီး Grandma Duck ၏စပါးကျီနောက်မှ Jog Tunnel တစ်လျောက်လည်းတက်ကြည့်နိုင်သေးသည်။ ကလေးများသည် Duckburg မြို့ကို ဖြတ်၍ လျှောက်လာရင်း Gyro Gearloose ၏အလုပ်ရုံထဲတွင် ၎င်း၏ ပခုံးလေးကိုကျော်ကြည့်၍ သူ၏ ဧရာမမီးခံသေတ္တာကြီးအတွင်းက Scrooge McDuck ၏ ရွှေဒင်္ဂါးပုံကြီးထဲသို့လည်း ကျွမ်းထိုးဝင်ရောက် နစ်မြုပ်နိုင်ပြီး Grandma Duck ၏စပါးကျီနောက်မှ Jog Tunnel တစ်လျောက်လည်းတက်ကြည့်နိုင်သေးသည်။ | ဓါတ်ပုံ။ ။ © picture alliance / Nicolas Armer / dpa

"ညည်းသံ၊ ညူသံ၊ သက်ပြင်းချသံ"

ပြတိုက်ကို (၁၉၅၁) ခုနှစ်က အသစ်စတင်တည်ထောင်ခဲ့သော ဂျာမန် Mickey Mouse မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်ဖြစ်လာခဲ့ပြီး (၁၉၈၈) ခုနှစ်အထိ Duckburg မြို့မှဇာတ်လမ်းများကိုဘာသာပြန်ဆိုခဲ့သည့် ဆရာမကြီး Erika Fuchs အား ရည်စူး၍တည်ထောင်ထားခြင်းဖြစ်သည်။ အနုပညာသမိုင်းပညာရှင်တစ်ယောက်ဖြစ်သော Fuchs သည် သူမ၏ဘဝအချိန်တော်တော်များများကို Schwarzenbach မြို့တွင်သာကုန်ဆုံးခဲ့ပြီး (၂၀၀၅) ခုနှစ်၊ သူမအသက် (၉၈) နှစ်အရွယ်တွင် Munich မြို့၌ကွယ်လွန်ပြီးနောက်လည်း Schwarzenbach မြို့တွင်သာလာရောက်ဂူသွင်းမြှုပ်နှံခဲ့သည်။ ပြတိုက်က သူမဘဝအကြောင်းကို အတ္ထုပ္ပတိရုပ်ပြကာတွန်းတစ်ခုအဖြစ်ပြောပြထားသည်။ အပိုင်းတော်တော်များများသည် သူမ၏ဘာသာစကားအသုံးချမှုကျွမ်းကျင်ပုံကိုရည်စူးဖော်ပြထားခြင်းဖြစ်ပြီး အပြန်အလှန်ဆွေးနွေးနိုင်သော ရုံနေရာများက လာရောက်လည်ပတ်သူတို့ကို ဘာသာစကားနှင့်မြည်သံစွဲအလင်္ကာ၊ သံတူစပ်ခြင်းကဲ့သို့‌သော အလင်္ကာအသုံးများကို ပေါ့ပေါ့ပါးပါးစူးစမ်းလေ့လာနိုင်အောင်ဖိတ်ခေါ်ထားသည်။ Fuchs ၏စမ်းသစ်တီထွင်မှုများထဲမှတစ်ခုမှာ ဂျာမန်ရုပ်ပြလောကထဲတွင် ဝိဘတ်သွယ်ပုဒ်များကိုအသုံးပြုခြင်းဖြစ်သည်။ ထိုသို့အသုံးပြုခြင်းကို ယနေ့ခေတ်တွင် 'Erikativ' ဖြစ်သည်ဟု သူမကိုဂုဏ်ပြုသောအားဖြင့်မကြာခဏညွှန်းဆိုပြောကြသည်။ သူမက လုပ်ရပ်တစ်ခုကိုဖော်ပြရန် မရေမတွက်နိုင်သော အခြေခံကြိယာပုဒ်များစွာသုံးစွဲခြင်းအစား၊ "ächzen"၊ "stöhnen" (ညည်းသံ၊ သက်ပြင်းချသံ) တို့ သုံးရမည့်နေရာတွင် "ächz” ၊ "stöhn" စသဖြင့်သုံးစွဲလိုက်ခြင်းဖြင့် ယင်းတို့ကို ယင်းတို့၏ပုဒ်ရင်းများအထိတိုချလိုက်လေ့ရှိသည်။ ပြတိုက်ကပင် Fuchs က ဘဲတစ်ကောင်ချင်းဆီကို ကိုယ်ပိုင်ဘာသာစကားပုံစံတစ်မျိုးဆီ မည်သို့ပေးထားသည်ကို အောက်ပါအတိုင်းမှတ်ချက်ပြုထားသေးသည်။   ။"Donald ကို တဂတ်ဂတ်အော်နိုင်အောင် Erika Fuchs က သင်ပေးထားတာနေမယ်လို့ ခင်ဗျားတို့ပြောချင်တောင်ပြောကြမှာ။"

ပထမဆုံး ဂျာမန် Mickey Mouse မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်သည့် Erika Fuchs နှင့် Donald Duck ဖန်တီးသူ Carl Barks တို့ (၁၉၉၄) ခုနှစ် Munich တွင်တွေ့ဆုံစကားပြောစဉ်။ ပထမဆုံး ဂျာမန် Mickey Mouse မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်သည့် Erika Fuchs နှင့် Donald Duck ဖန်တီးသူ Carl Barks တို့ (၁၉၉၄) ခုနှစ် Munich တွင်တွေ့ဆုံစကားပြောစဉ်။ | ဓါတ်ပုံ။ ။ © picture alliance / dpa / DB Egmont Ehapa Verlag

ကမ္ဘာကြီးက Duckburg မြို့တွင်အဆုံးသတ်မသွားပါ။

ပြတိုက်က လက်ရှိရုပ်ပြကဏ္ဍ၏ဖြစ်ပေါ်တိုးတက်နေမှုများကို စူးစမ်းချဲ့ထွင်ထားသောအထူးပြခန်းများကိုလည်း ထည့်သွင်းထားသည်။ နှစ်နှစ်တစ်ခါ အကောင်းဆုံးဂျာမန်ဘာသာရုပ်ပြအနုပညာရှင်များကို ရွေးချယ်ဆုချီးမြှင့်သည့်ဆုဖြစ်သော Max and Moritz Prize ဆုရှင်များကိုလည်း ပုံမှန်ပြသထားသည်။ (၂၀၂၀) ခုနှစ်အစတွင် ရုပ်ပြအနုပညာရှင်များကဥရောပနှင့်ပတ်သက်သည့်သူတို့၏စိတ်ကူးများကိုပေးပို့ယှဉ်ပြိုင်ရန်ဖိတ်ခေါ်သော Animate Europe ဟုခေါ်သည့် ပွဲတစ်ပွဲကျင်းပခဲ့ရာ ထိုပွဲတွင် ယင်းနာမည်နှင့်ပင်ကျင်းပခဲ့သည့် နာမည်တူပြိုင်ပွဲမှ အကောင်းဆုံးရုပ်ပြများကို တင်ဆက်ပြသခဲ့သည်။ အခြားပြခန်းများမှာမူ အနုပညာရှင်တစ်ဦးချင်းဆီကိုဖြစ်စေ၊ ၎င်းတို့၏လက်ရာများကိုဖြစ်စေ ရည်စူးထားခြင်းဖြစ်သည်။ ယင်းတို့ထဲတွင် (၁၉၈၀) ခုနှစ်က လက်ယာအစွန်းရောက်အကြမ်းဖက်သမားများ၏သားကောင်ဖြစ်ခဲ့ရပြီး သူ၏အတွေ့အကြုံများကိုရုပ်ပြများထဲတွင်ထည့်သွင်းရေးသားတတ်သည့် Nils Oskamp ၏ (၂၀၁၈) ခုနှစ်ထုတ် ကိုယ်တိုင်ရေးအတ္ထုပ္ပတိစာအုပ် Drei Steine (ကျောက်တုံးသုံးတုံး) ကဲ့သို့သောလက်ရာများပါဝင်သည်။
Erika Fuch ၏ဘဝဇာတ်ကြောင်းကိုသရုပ်ဖော်ထားသော ပြတိုက်။ Erika Fuch ၏ဘဝဇာတ်ကြောင်းကိုသရုပ်ဖော်ထားသော ပြတိုက်။ | ဓါတ်ပုံ။ ။ © picture alliance / Nicolas Armer / dpa