အစားအစာကို ကယ်ဆယ်ခြင်း
ဒါကိုစားလို့ဖြစ်သေးလား။ ဒါမှမဟုတ် စွန့်ပစ်လိုက်ရတော့မလား။

ဒါကိုစားလို့ဖြစ်သေးလား။ ဒါမှမဟုတ် စွန့်ပစ်လိုက်ရတော့မှာလား။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့သည် ဂျာမနီနိုင်ငံ အိမ်ထောင်စုများရှိ တစ်ခါသုံး အစားအစာများစာရင်းတွင် ထိပ်ဆုံး၌ ရှိနေသည်။
ဒါကိုစားလို့ဖြစ်သေးလား။ ဒါမှမဟုတ် စွန့်ပစ်လိုက်ရတော့မှာလား။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့သည် ဂျာမနီနိုင်ငံ အိမ်ထောင်စုများရှိ တစ်ခါသုံး အစားအစာများစာရင်းတွင် ထိပ်ဆုံး၌ ရှိနေသည်။ | Photo (detail): © Sirplus

ဂျာမနီနိုင်ငံတွင် နှစ်စဉ်အစားအစာတန်ချိန် ၁၃ သန်းနီးပါးသည် စွန့်ပစ်ပစ္စည်းများဖြစ်ကုန်ကြသည်။ အစားအစာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနက သက္ကရာဇ် ၂၀၃၀ ၌ ပြည်တွင်းအစားအစာစွန့်ပစ်မှု ထက်ဝက်ဖြစ်အောင် ကြီးမားသော ရည်မှန်းချက် အစီအမံများရှိသည်။ ဤပြဿနာကို ပုဂ္ဂလိကပိုင်းကလည်း ကနဦးကိုင်တွယ်ဖြေရှင်းနေပါပြီ။

ဂျာမနီနိုင်ငံ၏အိမ်ထောင်စုတိုင်းသည် အစားအစာ ၇၅ ကီလိုဂရမ်ကို နှစ်စဉ်လွှင့်ပစ်ကြသည်။ အစားအစာနှင့် စိုက်ပျိုးရေး ဝန်ကြီးဌာန ((BMEL)၏ စေခိုင်းချက်အရ Stuttgart တက္ကသိုလ်နှင့်  Johann Heinrich von Thünen Institute တို့သည် ဤခန့်မှန်းချက်များကို ၂၀၁၉ ခုနှစ်၌ လုပ်ဆောင်ခဲ့ကြသည်။ အမှိုက်ပုံးထဲတွင် နိဂုံးချုပ်ကြသော ပန်းသီးများ၊ ပေါင်မုန့်နှင့် ဒိန်ခဲများအားလုံးက စိုက်ပျိုးနိုင်သောမြေ၊ ရေနှင့် ဓာတ်မြေဩဇာ၊ ရိတ်သိမ်းခြင်း၊ ထုတ်လုပ်စီမံမှုလုပ်ငန်းစဉ်နှင့် သယ်ယူပို့ဆောင်ခြင်းများကဲ့သို့သော အရေးပါသော အရင်းအမြစ်များဆုံးရှုံးမှုတစ်ရပ်ဖြစ်နေကြောင်း ပြသနေသည်။ ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေရင်း BMELက Zu gut für die Tonne! (အမှိုက်ပုံးနှင့် မထိုက်တန်အောင် ကောင်းလွန်းတယ်) ဟူသော ကနဉီးလှုံ့ဆော်မှုဖြင့် ၂၀၃၀ ခုနှစ်၌ ဂျာမနီနိုင်ငံတွင် တစ်ဦးချင်းအစားအစာ ဖြုန်းတီးမှုကို ထက်ဝက်လျော့နည်းစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည်။ ဤကိစ္စမှာ အသစ်အဆန်းမဟုတ်သော်လည်း အစားအစာ ဖြုန်းတီးမှုတိုက်ဖျက်ရေးအတွက် ကနဦးဆောင်ရွက်မှုများစွာက အချိန်အတော်ကြာ တစ်စိုက်တမတ် လုပ်ဆောင်လာခဲ့ပြီး ဖြစ်သည်။

ဆန္ဒပြုစားပွဲ။

ဂျာမနီနိုင်ငံရှိ အကြီးမားဆုံးလူမှုလှုပ်ရှားမှုများအနက် တစ်ခုသည် ဥပမာကောင်းဖြင့် ဦးဆောင်နေသည်။ ယင်းမှာ - အလှူငွေဖြင့်သာ အလုံးစုံ ထောက်ပံ့ထားသော ကုသိုလ်ဖြစ်အဖွဲ့ အစည်း Die Tafeln (စားပွဲများ)သည် ၁၉၉၃ ခုနှစ် ကတည်းက ကုန်စုံဆိုင်များမှ ရောင်းမကုန်သော အစားအစာ အများစုကဲ့သို့ ဂျာမနီနိုင်ငံတစ်ဝှန်းလုံးမှအရည်အသွေးမြင့် အစားအစာများကို စုဆောင်းလာခဲ့ပြီး စီးပွားရေးချို့ငဲ့သောလူများကို အခမဲ့ သို့မဟုတ် အသက်သာဆုံး ပမာဏဖြင့် ဖြန့်ဝေပေးသည်။ လက်ရှိတွင် Tafeln အဖွဲ့သည် နှစ်စဉ် ဂျာမနီနိုင်ငံရှိ စူပါမားကတ် ပေါင်း ၃၀,၀၀၀မှအစားအစာတန်ချိန်ပေါင်း ၂၆၄,၀၀၀ ကို ကယ်ဆယ်သည်။ အနာဂါတ်တွင် ပိုမိုထိရောက်ကောင်းမွန်သော အစားအစာဖြန့်ဝေမှုကို အကူအညီဖြစ်စေရန် အပ်ပလီကေးရှင်းအသစ်တစ်ခုကို  မကြာမီကာလတွင်အသက်သွင်းလိမ့်မည်။
ဂျာမနီတစ်ဝှန်းတွင် အစားအစာဘဏ်များသည် ကြွင်းကျန်အစားအစာတို့ကို  လိုအပ်သောလူများထံသို့ ဝေငှနေသည်။ ဂျာမနီတစ်ဝှန်းတွင် အစားအစာဘဏ်များသည် ကြွင်းကျန်အစားအစာတို့ကို လိုအပ်သောလူများထံသို့ ဝေငှနေသည်။ | Photo (detail): © picture alliance/Jörg Carstensen/dpa

ဖြုန်းတီးမှုလုံးဝမရှိ- အမြစ်မှသည် အရွက်များအထိ ချက်ပြုတ်ခြင်း။

ကျွန်တော်တို့ နေ့စဉ်စားသုံးသော အစားအစာ၊ အထူးသဖြင့် ဂျာမန်အိမ်ထောင်စုများတွင် စွန့်ပစ်မှု အများဆုံးဖြစ်သော လတ်ဆတ်သောအသီးနှင့် ဟင်းသီးဟင်းရွက်များအပေါ် ကျွန်ုပ်တို့၏ တန်ဖိုးထားမှုကို မြှင့်တင်ရန် ရည်ရွယ်၍ ကနဦးလှုပ်ရှားဆောင်ရွက်မှု အဖွဲ့ငယ်များစွာတို့က ချက်နည်းပြုတ်နည်း သင်တန်းများကို ဖွင့်လှစ်ပေးကြသည်။ ၂၀၁၄ ခုနှစ်တွင် တည်ထောင်သော ဘာလင်မြို့ရှိ Restlos Glücklich အဖွဲ့အစည်းသည် အစားအစာဖြုန်းတီးမှုနှင့် ရာသီမိတ်ဖက် အာဟာရဆိုင်ရာ အလုပ်ရုံများကို ဖွင့်လှစ်ပေးသည်။ ဖြုန်းတီးမှုလုံးဝမရှိသော အချက်အပြုတ် ဆွေးနွေးပွဲက အသုံးပြုသူများကို ပန်းဂေါ်ဖီရွက်များမှ အရသာရှိသော စွတ်ပြုတ်တစ်ပွဲကို အွန်လိုင်းမှစားဖိုမှုးများက ချက်ပြုတ်သည်ကိုအင်တာနက်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့် ပြ၍ အစားအစာအကြွင်းအကျန်များကို အသုံးပြုရန် ဖန်တီးမှုနည်းလမ်းများကို ပြသပေးသည်။ ဤအစားအစာဖြုန်းတီးမှုကို စောင့်ကြည့်နေကြသောသူများသည် ဂျာမနီနိုင်ငံတွင် အရွက်မှသည် အမြစ်အထိလှုပ်ရှားမှုကို စတင် လုပ်ဆောင်သူ Esther Kern၏ စိတ်ကူးစိတ်သန်းများနောက်ကို လိုက်လံလုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် ချက်ပြုတ်ရာတွင် အရွက်မှသည် အမြစ်အထိ ဟင်းသီးဟင်းရွက်တစ်ခုလုံးကို အသုံးပြု သည်။ ဖရုံသီးရွက် အနှစ်အစပ်၊ မုန်လာဥဖြူရွက်သုတ်နှင့် ဖရုံသီးစေ့ကို အပိုင်းအစများနှင့် အခွံတို့မှ ပြုလုပ်သော  မီဆိုဟင်းရည်နှင့် တွဲစပ်သည်။ သစ်ရွက်ဆွေးမြေဩဇာပုံအတွက် အနည်းငယ်သာ ကြွင်းကျန်တော့သည်။
ရာသီမိတ်ဖက်စားသောက်မှု နှင့် ဖြုန်းတီးမှုလုံးဝမရှိသော ချက်ပြုတ်ရေး နှီးနှောဖလှယ်ပွဲများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးသော Restlos Glücklich အဖွဲ့အစည်းတွင် စားကြွင်းစားကျန် ကယ်တင်သူများ ပါဝင်ခဲ့သည်။ ရာသီမိတ်ဖက်စားသောက်မှု နှင့် ဖြုန်းတီးမှုလုံးဝမရှိသော ချက်ပြုတ်ရေး နှီးနှောဖလှယ်ပွဲများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးသော Restlos Glücklich အဖွဲ့အစည်းတွင် စားကြွင်းစားကျန် ကယ်တင်သူများ ပါဝင်ခဲ့သည်။ | Photo (detail): © Restlos Glücklich / Joris Felix Patzschke

အလဟဿသုံးဖြုန်းပစ်သော အိမ်ထောင်စုများ

ဂျာမနီနိုင်ငံရှိ လက်လီကဏ္ဍသည် အစားအစာများ စွန့်ပစ်မှု၏ လေးရာခိုင်နှုန်းသာ တာဝန်ရှိပြီးအစားအစာ ဖြုန်းတီးမှုအားလုံး၏ တစ်ဝက်ကျော်မှာ ကိုယ်ပိုင်အိမ်ထောင်စုများမှ ထွက်ခြင်းဖြစ်ကာ၊ နှစ်စဉ် တန်ချိန် ခုနှစ်သန်းခန့် ထွက်သည်။ Stuttgart စစ်တမ်းအရ စားသုံးသူများက အဝယ်လျော့ကာ၊ ဝယ်သည့်အရာများကို မှန်မှန်ကန်ကန် ထားသိုလျှင် စားကြွင်းစားကျန်များကို လွှင့်ပစ်လိုက်ခြင်းထက် ပြန်လည်သုံးစွဲမည်ဆိုပါက အစားအစာဖြုန်းတီးမှု၏ ၄၀ ရာခိုင်နှုန်းခန့် ရှောင်ရှားနိုင်ပါမည်။ ဤနေရာတွင် Zu gut für die Tonne! လှုပ်ရှားမှုမှ အပလီကေးရှင်းက  စားသုံးသူများ ကုန်ပစ္စည်းဝယ်ယူရာတွင်၊ အစားအသောက်စုဆောင်းရာတွင် အစားအစာများကို ပိုမိုကောင်းမွန်စွာထိန်းသိမ်းရန်နှင့် ချက်ပြုတ်နည်းပေါင်း ၄၀၀ ကျော်မှ တစ်နည်းကိုသုံးလျက် စားကြွင်းစားကျန်များကို ပြန်လည်သုံးစွဲရန် ကူညီနိုင်သည်။

မတိုင်မီရောင်းချရမည့် ရက်စွဲသည် ကျောက်ထက်တင် ထားခြင်းမဟုတ်။

ထိုနေ့မတိုင်မီစားပါက အကောင်းဆုံးရက်စွဲသည်အစားအသောက်ဖြုန်းတီးမှု၏ အခြားသောအဓိက အကြောင်းရင်းတစ်ချက် ဖြစ်သည်။ မတိုင်မီရောင်းချရမည့် ရက်စွဲသည် အများယူဆလက်ခံထား သလိုမဟုတ်ဘဲ လမ်းညွှန်ချက် တစ်ခုသာဖြစ်ပြီး၊ ထုတ်ကုန်ကို လွှင့်ပစ်သင့်သော နေ့ရက်မဟုတ်ပါ။ အစားအစာကို ရက်ကုန်သွားပြီဟု ယူဆလိုက်ပြီးနောက် လပေါင်းများစွာ သို့မဟုတ် ရက်များစွာအတွင်း စားသောက်လို့ရနိုင်ပါသေးသည်။ Forsa လေ့လာမှု တစ်ရပ်အရ အမှိုက်ပုံးထဲသို့ အစားအစာကို လွှင့်ပစ်သော ဂျာမန်လူမျိုးငါးယောက်တွင် တစ်ယောက်မှာ အစားအစာသည် မတိုင်မီရောင်းချရမည့် ရက်စွဲသည် ကျော်လွန်သွားသောကြောင့်ဖြစ်သည်။ Stuttgart   အခြေစိုက် Tsenso ကုမ္ပဏီက ဤကိစ္စရပ်ကို ကိုင်တွယ်ရန် အပလီကေးရှင်းအသစ်တစ်ခုကို လုပ်ဆောင်နေသည်။ Fresh Index အပလီကေးရှင်း က ထိုနေ့မတိုင်မီစားပါက အကောင်းဆုံးရက်စွဲ၏ အချိန်အစစ်အမှန်ကို ဆုံးဖြတ်ပေးသည်။ အစားအစာသည် အမှန်တကယ် မည်မျှ လတ်ဆတ်သည်ကို ကြည့်နိုင်ရန် နောက်ဆုံးစားသုံးသူသည် ဘားကုဒ်ကို အလွယ်တကူ ဖတ်ရှုနိုင်သည်။ Berlin မြို့မှ Restlos Glücklich လိုTsenso သည် ၂၀၂၀ ခုနှစ် Zu gut für die Tonneဆုအတွက် ဇကာတင်ဖြစ်ခဲ့သည်။

အစားအစာကို မျှဝေခြင်း။

အကြွင်းအကျန်အစားအစာ ပြန်လည်သုံးစွဲသူများနှင့် အစားအစာ ထိန်းသိမ်းစောင့်ရှောက်သူများအတွက် ယခုအခါ အပလီကေးရှင်းများနှင့် အွန်လိုင်းပဏာမခြေလှမ်း လုပ်ဆောင်မှုများ တစ်စုတစ်စည်းတည်း ရှိနေပြီဖြစ်သည်။ ပိုလျှံအစားအစာများကို အွန်လိုင်း စူပါမားကတ်တစ်ခုဖြစ်သော Sirplus ထံမှ မှာယူနိုင်သလို၊ ဩဂဲနစ်ယာသမားထံမှ ကွေးကောက်နေသော ဟင်းသီးဟင်းရွက်များကိုလည်း Etepetete မှ တစ်ဆင့်ဝယ်ယူနိုင်သည်။ အစားအစာမျှဝေခြင်းကဲ့သို့ ပုံစံမျိုးကိုလည်း လူအများအသုံးပြုကြသည်။ ၂၀၁၂ ခုနှစ်တွင် ဘာလင်မြို့၌ ပဏာမလုပ်ဆောင်မှုကို စတင်ခဲ့ကာ ပါဝင်လှုပ်ရှားသူပေါင်း ၂၀၀,၀၀၀ ကျော်ဖြင့် ဂျာမနီနိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ဆွစ်ဇလန်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများတွင် နိုင်ငံတကာ လှုပ်ရှားမှုတစ်ရပ်အဖြစ်သို့ ကြီးထွားလာခဲ့သည်။ အစားအသောက်မျှဝေသူများသည် ကိုယ်ပိုင်အိမ်ထောင်စုများ သို့မဟုတ် စီးပွားရေးလုပ်ငန်းများမှ မလိုချင်သော၊ ပိုလွန်ထုတ်လုပ်မိသော အစားအစာများကို ကယ်တင်ကာ ဝက်ဆိုက်ပေါ် တင်ခြင်းဖြင့်ဖြစ်စေ၊ “Fair-Teiler” သို့မဟုတ် မျှမျှတတဖြန့်ဖြူးသူထံတွင်၊ ကြွင်းကျန်‌သော အစားအစာများကို သိမ်းဆည်းထားရှိနိုင်သော တက္ကသိုလ်ပရဝုဏ်များ သို့မဟုတ် ကလပ်အခန်းများကဲ့သို့ လက်လှမ်းမီနိုင်သော နေရာများရှိ ပစ္စည်းတင်စင်များ သို့မဟုတ် ရေခဲသေတ္တာများတွင် ချပေးထားခြင်းဖြင့်ဖြစ်စေ အခမဲ့ ရယူနိုင်ပါမည်။ မျှမျှတတဖြန့်ဖြူးသူများက ပလက်ဖောင်းအတွင်းသို့ ဝင်ရောက်ပြီး အသုံးပြုသူအားလုံးအတွက် မြေပုံတစ်ချပ်ပေါ် တွင် ပြသထားသည်။ Uxa အပလီကေးရှင်းသည်လည်း ကြွင်းကျန်အစားအစာများကို ဆာလောင်နေသော စားသောက်သူများ၏ ထမင်းပန်းကန်များပေါ်သို့ ရောက်ရှိစေရန် အသုံးပြုနိုင်သည်။
Berlin Freidrichhain မြို့ရှိ သူတို့၏ “ကယ်တင်သူဈေးများ” နှင့် သူတို့၏ အွန်လိုင်းဆိုင်တွင် Sirplus ဆိုင်သစ်က ထုတ်လုပ်သူများနှင့် လက်ကားရောင်းချသူများထံမှ ကြွင်းကျန်အစားအစာတို့ကို ဝေငှပေးသည်။ Berlin Freidrichhain မြို့ရှိ သူတို့၏ “ကယ်တင်သူဈေးများ” နှင့် သူတို့၏ အွန်လိုင်းဆိုင်တွင် Sirplus ဆိုင်သစ်က ထုတ်လုပ်သူများနှင့် လက်ကားရောင်းချသူများထံမှ ကြွင်းကျန်အစားအစာတို့ကို ဝေငှပေးသည်။ | Photo (detail): © Sirplus/Martin Egbert

ညအဆုံးသတ်ချိန်တွင် အိတ်များကို ဆွဲယူပါ။

ဒိန်းမတ်နိုင်ငံတွင် ဖန်တီးသော Too Good To Go အခမဲ့ အပလီကေးရှင်းက လျှော့ဈေးနှုန်းထားဖြင့် “လက်ဆွဲအိတ်များ”ကို ရနိုင်ကြောင်းကြေညာသည်။ တွဲဖက်ကုမ္ပဏီများက ဆိုင်မပိတ်ခင်လေးတွင် ပိုလျှံ အစားအစာတို့ကို ပို့စ်တင်သည်။ စားသုံးသူများက အစားအစာတစ်ပွဲကို ကြိုတင်မှာယူနိုင်ပြီး၊ Paypal မှဖြစ်စေ သို့မဟုတ် credit card မှဖြစ်စေ ငွေပေးချေနိုင်ပြီး၊ စားသောက်ဆိုင်တွင် အစားအစာကိုလာရောက်ယူဆောင်နိုင်သည်။ စားသုံးသူသည်ခင်းကျင်းပြသထားသာ ကိတ်မုန့်စင်မှ ကိတ်မုန့်အကျန်များ သို့မဟုတ် စားသောက်ဆိုင်ဘူးဖေးမှ အညိုရောင်အိတ်များဖြင့် ပိုလျှံအစားအစာကို အိမ်သို့ယူဆောင်နိုင်ပြီး အကယ်၍ မဟုတ်ခဲ့လျှင် အမှိုက်ပုံးထဲသို့ ရောက်သွားမည့် အရသာရှိသော အစားအစာတို့ကို စားသုံးနိုင်သည်။