Britta Teckentrup
စိတ်ကိုလှုံ့ဆော်ပေးသော ဓမ္မဓိဌာန်ကျမှု။

Britta Teckentrup
Britta Teckentrup | Photo (detail): © privat / Ars Edition

“သဘာဝတရားနှင့် စိတ်ခံစားမှုများ” သည် သူ့အတွက် လွယ်ကူကြောင်း သူကပြောသည်။ ကလေးစာအုပ် သရုပ်ဖော်ဆရာမ Britta Teckentrupက လေးနက်မှုအပေါ်တွင် သူ့ရေးဆွဲခြင်းကို အဓိကထားပြီး၊ ဓမ္မဓိဌာန်ကျမှုနှင့် ကိုယ်ချင်းစာတရားတို့၏ ဘက်ညီမှုတစ်ခုပေါ်တွင် ယုံကြည်ကိုးစားသည်။

ဂျာမနီနိုင်ငံ Wuppertal မြို့တွင် ကြီးပြင်းခဲ့ပြီးအသက် ၁၈ နှစ် အရွယ်တွင် သရုပ်ဖော်ပန်းချီပညာနှင့် free art ဘာသာရပ် (လူမှုဘာသာရပ်၊ သဘာဝသိပ္ပံ၊ လူမှုသိပ္ပံဘာသာရပ်များ) ကို St Martin ကောလိပ်နှင့် တော်ဝင်အနုပညာကောလိပ်တွင် လေ့လာရန် ပြောင်းရွှေ့ခဲ့သော အနုပညာရှင်Teckentrup ၏ ပထမဆုံးရုပ်ပုံစာအုပ်များကို လန်ဒန်မြို့တွင်ဖန်တီးခဲ့သည်။ သူ့ပြောစကားအရ ဤပထမဆုံး ထုတ်ဝေထားသောစာအုပ်များဖြင့် သူပထမဆုံးလုပ်ချင်သည့်အရာမှာ အနုပညာအိပ်မက်များကို ပြီးမြောက်ခြင်းအစား အသက်မွေးနိုင်ဖို့ဖြစ်ခဲ့သည်။ မည်သို့ဆိုစေ မကြာမီ free art ပညာကို စာအုပ်မီဒီယမ်နှင့် ပေါင်းစပ်ချင်မှန်း သူသိသွားသည်။ Jacoby နှင့် Stuart အမည်ရှိ ပုံနှိပ်ထုတ်ဝေရေးတိုက်က သူ့ခံစားချက်စေရာအတိုင်း လွတ်လပ်စေသော လွတ်လပ်ခွင့်အပြည့်ဖြင့် ပိုမိုမြင့်မားသောအနုပညာအဆင့်တစ်ခုအရောက် ကလေးစာအုပ်များကို သရုပ်ဖော်ရန် အဆုံး၌ သူကိုထောက်ကူဖြစ်မြောက်စေခဲ့သည်။

  • Britta Teckentrup: „Der Baum der Jahreszeiten“ Photo (detail): © Britta Teckentrup / Ars Edition
    „Der Baum der Jahreszeiten“
  • Britta Teckentrup: „Der blaue Vogel“ Photo (detail): © Britta Teckentrup / Ars Edition
    Britta Teckentrup: „Der blaue Vogel“
  • Britta Teckentrup: „Bienen: Kleine Wunder der Natur“ Photo (detail): © Britta Teckentrup / Ars Edition
    Britta Teckentrup: „Bienen: Kleine Wunder der Natur“
  • Britta Teckentrup: „Der Baum der Erinnerung“ Photo (detail): © Britta Teckentrup / Ars Edition
    Britta Teckentrup: „Der Baum der Erinnerung“
  • Britta Teckentrup: „Wunderdinge der Natur“ Photo (detail): © Britta Teckentrup / Ars Edition
    Britta Teckentrup: „Wunderdinge der Natur“
  • Britta Teckentrup: „Mond: Eine Reise durch die Nacht“ Photo (detail): © Britta Teckentrup / Ars Edition
    Britta Teckentrup: „Mond: Eine Reise durch die Nacht“

မှတ်သားဖွယ်စုံလင်သော၊ စိတ်ကိုလည်းလှုံ့ဆော်ပေးသော
သူသည် လက်ရာအမြောက်အမြားကို ဖန်တီးခဲ့သော်လည်း၊ အထူးသဖြင့် သူ့လက်ရာတစ်ခုဖြစ်သော Alle Wetter (Look at the Weather/ရာသီဥတုကိုကြည့်ပါ) က သူသရုပ်ဖော်သည်သာမက၊ စာလည်းရေးခဲ့ကြောင်းတစ်ရပ်အဖြစ် ပေါ်လွင်စေသည်။ မိုးလေဝသအကြောင်းရေးသားထားသော အခြားကလေးဇာတ်လမ်းများနှင့်မတူပဲ ၎င်းသည် “သဘာဝတရားလေ့လာရေးပညာရပ်” ရှိ သင်ခန်းစာတစ်ရပ်မျှသာ မဟုတ်ကြောင်း ထုတ်ဝေသူကပြောပြသည်။ Teckentrup သည် သဘာဝတရားဖြစ်စဉ်ဖြစ်ပေါ်လာမှုကို အချက်အလက်ကျကျ ဖော်ပြထားသည်။ သို့သော် တစ်ချိန်တည်းတွင် နွေဦးနိုးထခြင်း၊ စိုထိုင်းမြူနှင်းများ၊ ပူပြင်းသောနွေနေ့ရက်များ၊ ခက်ထန်သော မုန်တိုင်းများစသည်ဖြင့် သူတို့၏စိတ်ခံစားမှုကိုလည်း သူရေးဆွဲသောရုပ်ပုံများထဲတွင် ပေါ်လွင်အောင်ပြထားသည်။

 
သူတို့၏ ပန်းချီကားများတွင် ရာသီဥတုဆိုင်ရာဖြစ်စဉ်များကို အမြဲတမ်း ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းကြသော ပန်းချီဆရာများဖြစ်သည့် Titian နှင့် Turner၊ Van Gogh၊ Munch နှင့် Caspar David Friedrich တို့ကို သူ၏စိတ်ကိုလှုံ့ဆော်သောပုံစံအတွက် မော်ဒယ်များအဖြစ် အနုပညာရှင်က အမည်တပ်သည်။ သိပ္ပံပညာနှင့် ကိုယ်ချင်းစာတရားတို့အကြားရှိ မျှခြေအတွက် သုတစာပေကဏ္ဍတွင် Alle Wetter သည် Deutscher Jugendliteraturpreis (German Youth Literature Award) (ဂျာမန်လူငယ် စာပေဆု) ဇကာတင်စာရင်းဝင်ခဲ့သည်။

ဂျာမန်စာအုပ်ဈေးကွက်တွင် ဖြန့်ချိမှုနောက်ကျခဲ့သည်။

အင်္ဂလန်နိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်နီးပါး နေထိုင်ခဲ့သော Teckentrup သည် ဂျာမနီနိုင်ငံပြင်ပတွင် သူ့စာအုပ်များအား နှစ်ပေါင်းများစွာထုတ်ဝေခဲ့သည်။ သို့သော် Ars Edition က Der Baum der Erinnerung (The Memory Tree) (မှတ်ဉာဏ် သစ်ပင်)ကို ထုတ်ဝေပြီး မကြာမီ သောကနှင့်ပူဆွေးမှု၏ ဖြစ်စဉ်အကြောင်း ကလေးဂန္ထဝင်စာအုပ်တစ်အုပ်ဖြစ်လာသည့် ၂၀၁၃ ခုနှစ်အထိ သူ့ပေါက်မြောက်အောင်မြင်မှုသည် ဂျာမနီနိုင်ငံသို့ ရောက်မလာခဲ့ပေ။ ယနေ့ ဘာလင်မြို့တွင်နေထိုင်နေသော အနုပညာရှင်သည် ပုံစံအမျိုးမျိုးဖြင့်ထုတ်ဝေခဲ့သော ကလေးစာအုပ်ပေါင်း ၁၀၀ ကို လည်ပြန်ငဲ့ကြည့်နိုင်ပါပြီ။ သို့သော် ယင်းစာအုပ်များထဲမှ ၁၆ အုပ်ကိုသာလျှင် ဂျာမနီနိုင်ငံတွင် ထုတ်ဝေခဲ့ပါသည်။

သူ့လက်ရာအတွင်းသို့ ဘဝနှင့် ဝိဉာဉ်တို့အားထည့်သွင်းနေဆဲ။

သူ၏ကလေးစာအုပ်အသစ်သည်လည်း စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် စိတ်အခြေအနေတို့ကို ဖော်ညွှန်းထားသည်။ Der blaue Vogel ၏ ဇာတ်လမ်းသည် ဝမ်းနည်းမှု၊ စိတ်ကျဝေဒနာတို့ကို ကိုင်တွယ်တင်ပြထားသည်။ သို့သော် မျှော်လင့်ချက်၊ ကရုဏာတရားနှင့် နွေးထွေးမှုတို့ကို တစ်ပြိုင်နက်တည်းပေးလိုသည်။ နောက်ထပ်မျှခြေလုပ်ရပ်တစ်ခုမှာ  Teckentrup သည်  သူ၏ ကိုယ်ချင်းစာတရားဟန်ပန် နှင့် အလုပ်ဆောင်ပုဒ်ကို အမြဲတမ်းသစ္စာတရားထားသည်။ သူဘာကိုပဲလုပ်လုပ် “ကျွန်မရဲ့ နှလုံးသားရော၊ ဝိဉာဉ်ကိုရော အဲဒီထဲကို ပစ်ထည့်ထားလိုက်တာ” ဟု တစ်ခါက သူပြောပြခဲ့သည်။