ပြဇာတ်
လက်ယာအယူအဆဘက်ဆီသို့အရွေ့အား တစ်စုတစ်စည်းတည်းဆန့်ကျင်ခြင်း။

ဂျာမနီ၏ ကိုရိုနာမူဝါဒကို ဆန့်ကျင်သူများ၏ ဆန္ဒပြပွဲတစ်ခုတတွင်း ဘာလင် Volksbühne ပြဇာတ်ရုံရှေ့ တွင်ရှိနေသော ရဲတပ်ဖွဲ့။
ဂျာမနီ၏ ကိုရိုနာမူဝါဒကို ဆန့်ကျင်သူများ၏ ဆန္ဒပြပွဲတစ်ခုတတွင်း ဘာလင် Volksbühne ပြဇာတ်ရုံရှေ့ တွင်ရှိနေသော ရဲတပ်ဖွဲ့။ | Photo (detail): © picture alliance/Rolf Zöllner/SZ Photo

သာမန်လူထုအကျိုးရည်မျှော်လက်ယာယိမ်းပါတီ Alternative for Germany (ဂျာမနီနိုင်ငံအတွက် နောက်ထပ်နည်းတစ်သွယ်) ပါတီသည်  ပါလီမန်တွင် ထိုင်ခုံနေရာများ အနိုင်ရရှိပြီးနောက် ဂျာမန်ပြဇာတ်နှင့် ယဉ်ကျေးမှုမြင်ကွင်းပေါ်သို့ ဖိအားသက်ရောက်မှုသည် သိသိသာသာ တိုးမြှင့်လာသည်။ လက်ယာဝါဒီတို့၏ တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့အစည်းများသည် အတူတကွ ညီညွတ်ပေါင်းစည်းခြင်းဖြင့် တစ်စိတ်တစ်ပိုင်းပါဝင်လျှက် နည်းလမ်းများ ရှာဖွေဖန်တီးခဲ့ကြသည်။ 

ဝင်ပေါက်နှင့်ကပ်လျက် ခေါင်းစည်းစာတန်းကြီးတစ်ချပ်ပေါ်တွင် “Wir sind nicht Eure Kulisse” (“ကျွန်ုပ်တို့သည် သင့်တို့၏ နောက်ခံပိတ်ကားများမဟုတ်”) ဟူသော စာသားကို ရေးသားထားသည်။ ၁၉၉၄ ခုနှစ်တွင် ပြဇာတ်ရုံအရှေ့တည့်တည့်ရှိ Rosa Luxemburg Square ရင်ပြင်၏ မြက်ခင်းပြင်ပေါ်တွင် တပ်ဆင်ချိတ်ဆွဲထားသော  ဒီဇိုင်နာ Bert Neumann ၏ ဒဏ္ဍာရီ ရော်ဘာဘီး ပန်းပုရုပ်ထုနှင့်အတူ ပြဇာတ်ရုံ၏ အမည် “Volksbühne” ကို အနက်ရောင် စာလုံးများဖြင့် ချိတ်ဆွဲထားသည်။ ဝင်ပေါက်အပေါ်ဘက်တွင် ၂၀၁၈ အောက်တိုဘာလတွင် လူမျိုးခွဲခြားမှုအား ဆန့်ကျင်ဆန္ဒပြကြသော လူပေါင်း ၂၄၀,၀၀၀ တို့ကို ဘာလင်မြို့၏ လမ်းများပေါ်သို့ ဆွဲခေါ်ခဲ့သော ညီညွတ်မှု မိတ်ဖက်ဆောင်ပုဒ်က “ခွဲခြား၍မရ” ဟူ၍ အနီရောင်စာလုံးများဖြင့်တောက်ပနေသည်။

“ကျွန်ုပ်တို့သည် သင်တို့၏နောက်ခံပိတ်ကားမဟုတ်” - ၂၀၂၀ ခုနှစ် နွေဦးရာသီတွင် ဘာလင်မြို့၏ “Volksbühne” ပြဇာတ်ရုံသည် လက်ယာဝါဒီ အစွန်းရောက် အင်အားများ၏ သိမ်းပိုက်မှု တိုးသထက်တိုးလာသော ထိုနေရာတွင် ဖြစ်ပွားနေသည့် ကိုရိုနာဆန္ဒပြပွဲမှ ဝေးဝေးနေရန် Rosa Luxemburg Square ရှိ ၎င်း၏ သင်္ကေတနှင့် “ရော်ဘာဘီး”တို့အား ဖုံးကွယ်ထားသည်။ “ကျွန်ုပ်တို့သည် သင်တို့၏နောက်ခံပိတ်ကားမဟုတ်” - ၂၀၂၀ ခုနှစ် နွေဦးရာသီတွင် ဘာလင်မြို့၏ “Volksbühne” ပြဇာတ်ရုံသည် လက်ယာဝါဒီ အစွန်းရောက် အင်အားများ၏ သိမ်းပိုက်မှု တိုးသထက်တိုးလာသော ထိုနေရာတွင် ဖြစ်ပွားနေသည့် ကိုရိုနာဆန္ဒပြပွဲမှ ဝေးဝေးနေရန် Rosa Luxemburg Square ရှိ ၎င်း၏ သင်္ကေတနှင့် “ရော်ဘာဘီး”တို့အား ဖုံးကွယ်ထားသည်။ | Photo: © picture alliance/Christoph Soeder/dpa ၎င်း၏အဆောက်အဦးအား စီစဉ်ရာတွင် Volksbühne ပြဇာတ်ရုံသည် ၂၀၂၀ မတ်လ အကုန်ကတည်းက Rosa Luxemburg Square ရှိ မီဒီယာနှင့် အစိုးရတို့အပေါ်  အမျိုးမျိုးသော အဖွဲ့များ၏ဒေါသကို ပြေပျောက်စေရန်ပြုလုပ်ထားသောမည်ကာမတ္တ “သန့်ရှင်းသော ဆန္ဒပြပွဲများ” ကို  ဆန့်ကျင်ပါသည်။ အစွန်းရောက် လက်ယာဝါဒီ နိုင်ငံရေးအင်အားစုများ ဖြစ်သော Alternative for Germany (AfD) နှင့် National Democratic Party of Germany (NPD) ပါတီတို့ကို ဆွဲဆောင်သော မကြာသေးခင်က အစိုးရ၏ ကိုရိုနာအကြပ်အတည်းအား တုန့်ပြန်ဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ လျှို့ဝှက်ပူးပေါင်းကြံစည်တစ်ခုကို တွန်းပို့နေခဲ့သည်ဟု  ဆန္ဒပြသူ အနည်းငယ်ဖြင့် စတင်ခဲ့သည်က  ယုံကြည်စေခဲ့သည်။  ယင်းပါတီ နှစ်ခုသည် ၂၀၁၅ဒုက္ခသည် အကြပ်အတည်း ကိစ္စကတည်းက အစိုးရကို တိုက်ခိုက်နေခဲ့ကြသော ပါတီများဖြစ်သည်။ 
၂၀၁၆ ခုနှစ် ပြည်နယ် ၅ ခု ပါလီမန်များနှင့်  ၂၀၁၇  Bundestag တွင် သာမန်လူထုအကျိုးရည်မျှော် လက်ယာယိမ်း AfD ပါတီက နေရာထိုင်ခုံများ အနိုင်ရရှိပြီး ကတည်းက ဂျာမနီနိုင်ငံတစ်ဝှန်းလုံးတွင် ပြဇာတ်ရုံများ၊ အော်ပရာရုံများနှင့် ပြတိုက်များအပေါ် သက်ရောက်မှုဖိအား မြင့်တက်လာသည်။ ဂျာမနီ၏ အနုပညာရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများကို ပစ်မှတ်ထားသော လက်ယာဝါဒီအုပ်စုများနှင့် လုပ်ကိုင်ဆောင်ရွက်သူများသည် မျိုးစုံသလို၊ သူတို့ အသုံးပြုသည့် နည်းလမ်းများကလည်း စုံလင်လှသည်။ အမည်ဝှက်အမုန်း စကားပေးပို့စာများ၊ အသက်အန္တရာယ်နှင့် ဗုံးခွဲ ခြိမ်းခြောက်မှုများက ယဉ်ကျေးမှု မြင်ကွင်းသို့ တအုံနွေးနွေး ခြိမ်းခြောက်မှု အခြေအနေတစ်ရပ် ဖြစ်စေသည်။ လူ့အဖွဲ့အစည်းအတွင်း လက်ရှိလက်ယာဝါဒီဘက်သို့ရွေ့လျားမှုကို အတိအကျ တိုက်ရိုက် ဆန့်ကျင်သော ထုတ်လုပ်မှုအချို့သည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၏ သားကောင်များဖြစ်ကြရသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် Kevin Rittberger ၏ Peak White or Wir sinken das Volk (အထွတ်အထိပ်အဖြူ သို့မဟုတ် လူထုကို ကျွန်ုပ်တို့ နှစ်မြုပ်ပစ်ကြမည်) ဟူသော ပြဇာတ်သည် Heidelberg ပြဇာတ်ရုံရှေ့ တွင် AfD ပါတီ၏ ဆန့်ကျင်ဆန္ဒပြမှုကို သာလျှင် အစပျိုးစေခဲ့သည်။ များမကြာမီ လက်ယာအစွန်းရောက် အကြမ်းဖက်အုပ်စု National Socialist Underground (NSU) ၏ သတ်ဖြတ်မှုများကို သတိရစေရန်ပြုလုပ်သော ဆောင်ရွက်ဆဲ ပြဇာတ်ပရောဂျက်တစ်ခုကို ရပ်တန့်စေရန် Chemnitz မြို့ရှိ Lokomotiv ယဉ်ကျေးမှုဌာနတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ညီညွတ်မှုမိတ်ဖက်နှင့် ရွေ့လျားအထောက်အပံ့

၂၀၁၆ ခုနှစ်တုန်းက ဘာလင်မြို့၏ Maxim Gorki ပြဇာတ်ရုံကို လက်ယာအစွန်းရောက်အုပ်စု Identitarian Movement (ကိုယ်ပိုင်သင်္ကေတ လှုပ်ရှားမှု) က ပစ်မှတ်ထားခဲ့ပြီးဖြစ်သည်။ ၎င်း လှုပ် ရှားမှုအုပ်စုက radioeins und Freitag Salon (Radio One and Friday Salon) ၏ တိုက်ရိုက်ထုတ်လွှင့်နေသော ဆွေးနွေးပွဲအစီအစဉ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ယင်းသို့ဝင်ရောက်စီးနင်းမှုကို “အလှဗေဒ ဝင်ရောက်စွက်ဖက်မှု” အဖြစ် ရည်ညွှန်းခဲ့ကြသည်။ အစီအစဉ်တင်ဆက်သူ Jakob Augstein နှင့် ထိုနေ့အစီအစဉ်အတွက် ဖိတ်ကြားခံရသူ  ပရိုတက်စတင့်ဝါဒီ ဘာသာရေးကိုကျွမ်းကျင်သူ Margot Käßmann တို့အား အစွန်းရောက်အုပ်စု၏ သတင်းစာရှင်းလင်းထုတ်ပြန်ချက်တွင် “လက်ဝဲ လစ်ဘရယ် ဖြစ်တည်မှု၏စံပြကိုယ်စားပြုသူများ” အဖြစ် ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး၊ “ကိုယ့်နိုင်ငံအတွင်း ဂျာမနီလူမျိုးတို့ကို လူနည်းစုတစ်ရပ်ဖြစ်အောင် ပြောင်းလဲပေးသော လမ်းကြောင်းကို အတ္တပေမဝါဒဘက်က ရှေ့နေလိုက်ပြောဆိုသူများအဖြစ်” စွပ်စွဲပြစ်တင်ခဲ့ကြသည်။
 
အထူးသဖြင့် ရွှေ့ပြောင်းလုပ်ကိုင်သူ နောက်ခံမှလာသော ထိုနေရာတွင် အလုပ်လုပ်သူများအတွက် လုံခြုံစိတ်ချရသော နေရာတစ်နေရာအဖြစ်  ပြဇာတ်ရုံ၏ ကြားခံလုပ်ဆောင်မှုကို ချိုးဖောက်မှုအား တုန့်ပြန်သောအားဖြင့် Maxim Gorki ပြဇာတ်ရုံ သည် Mobile Beratung gegen Rechtsextremismus (လက်ယာအစွန်းရောက်ဝါဒကို ဆန့်ကျင်သော ရွေ့လျားအကြံပေးခြင်း)အဖွဲ့ကို လမ်းညွှန်မှုနှင့် အကြံဉာဏ်များအတွက် ချဉ်းကပ်ခဲ့သည်။ ပြဇာတ်ရုံများစွာတို့သည်လည်း တရားစွဲဆိုမှုများကို ထိုအချိန်ကတည်းက လုပ်ဆောင်လာကြသည်။ MBR ၏ အကြံပြုချက်များအနက်တစ်ခုမှာ အဖွဲ့အစည်းအရ ဆက်သွယ်ပေါင်းစည်းမှု (သို့) လက်ယာဝါဒီ အစွန်းရောက် အမြင်အယူအဆများနှင့် လူပုဂ္ဂိုလ်များ ကျင်းပရာနေရာသို့ ဝင်ရောက်ခြင်းကို ငြင်းပယ်ရန် သူတို့၏ အခွင့်အရေးကို သီးသန့်ပယ်ခြင်းဖြင့် “လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး အပိုဒ်ငယ်” တစ်ခုကို စီစဉ်သူများက မြင်သာစွာ ပြသရန်ဖြစ်သည်။ MBR၏ အဆိုအရ ဤအချက်သည်  အကြမ်းဖက်မှုကို လုပ်ဆောင်သော မည်သူ့ကိုမဆို စီစဉ်သူများက တရားဉပဒေအရ စီရင်နိုင်ပြီး လက်ယာဝါဒီ အစွန်းရောက် ပြဿနာရှာသူများကိုလည်း လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး အပိုဒ်ငယ်အရ လူထုနှင့်အတူ ပွဲလမ်းများ တက်ရောက်ခြင်းမှ လက်လျှော့စေနိုင်သည်။
လက်ယာဝါဒီအဖွဲ့များထံမှ ခြိမ်းခြောက်မှုမြင့်တက်လာ ခြင်းကို ကြုံတွေ့ရစဉ် ဂျာမန်ယဉ်ကျေးမှုမြင်ကွင်းသည် မကြုံမစဖူးထူးထူးကဲကဲ စည်းလုံးညီညွတ်မှု မိတ်ဖက်တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ အနုပညာနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က လက်မှတ်ရေးထိုးထားသော “လူအများ၏ ထုတ်ပြန်ကြေညာချက်” ကို ဒရွတ်ဆယ်ဒေါ့ဖ်မြို့၊ဟမ်းဘတ်မြို့၊ ဒရေစဒန်မြို့နှင့် ဘာလင်မြို့တို့တွင် သမိုင်းဆိုင်ရာ ထူးကဲအရေးပါသော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၉ရက်နေ့၌  ထုတ်ပြန်ကြေငြာခဲ့သည်။ ၎င်းထုတ်ပြန်ချက်မှာ ဂျာမနီနိုင်ငံသမိုင်းတွင်ရှိသော “အနုပညာကို ယိုယွင်းဆုတ်ယုတ်ခြင်းအဖြစ် အသရေဖျက်ကာ၊ ယဉ်ကျေးမှုကို ဝါဒဖြန့်ချိရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အလွဲသုံးစားပြုကြသည်” ဟူသော အချက်ကိုညွှန်းဆိုခြင်းဖြစ်ကာ၊ လက်မှတ်ရေးထိုးကြ သည့်အဖွဲ့အစည်းများက“အမျိုးသားရေးဝါဒဖြန့်ချိရေး အတွက် စင်တစ်ရပ်အဖြစ် ထောက်ပံ့မှုပေးရန် ငြင်းပယ်ကြောင်း [...]” ကိုသံဓိဌာန်ပြုထားကြသည်။

( ဆန့်ကျင်သော) ယဉ်ကျေးမှုမူဝါဒ
 

AfD ပါတီသည်  ပါလီမန်စုံစမ်းမှုများကို ၎င်း၏ ယဉ်ကျေးမှုမူဝါဒ၏ ကိရိယာတစ်ခုအဖြစ် ကြိမ်ဖန်များစွာ အသုံးပြုသည်။ တကယ့်နိုင်ငံရေးဝေါဟာရအဓိပ္ပါယ်အရ AfD ပါတီသည် အများအားဖြင့် အာဏာကင်းမဲ့ နေဆဲဖြစ်သည်။ သို့သော် တသီးပုဂ္ဂလယဉ်ကျေးမှု အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးကို တိုက်ခိုက်၍ AfD ပါတီသည် လူသိများလာစေရန် ဆွဲဆောင်နိုင်ခဲ့ရာ ပါတီကိုယ်၌ကလည်း ယဉ်ကျေးမှုမူဝါဒ စကားစစ်ထိုး ဆွေးနွေးပွဲများတွင် “လှုပ်ရှားမှု” သို့မဟုတ် “အပြောင်းအလဲ” တစ်ခုအဖြစ် ရပ်တည်ရန် ရည်မှန်းချက်ထားခြင်းဖြင့်လည်း ဖြစ်နိုင်သည်။  ဥပမာအားဖြင့် ၂၀၁၇ အောက်တိုဘာလတွင် ယဉ်ကျေးမှုရေးရာ ကော်မတီ၌ ပြဇာတ်ရုံကြီးသုံးရုံဖြစ်သော Maxim Gorki Theatre၊ Deutsches Theater နှင့်Friedrichstadt-Palast တို့အတွက်  ၂၀၁၈/၂၀၁၉ ခုနှစ် သုံးရန်ငွေကို ဖြတ်တောက်ရန် ဘာလင် AfD ပါတီက တောင်းဆိုခြင်းသည် လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး၊ ယင်းလုပ်ရပ်သည် ကြုံသလိုလုပ်ခြင်းဖြစ်သည်၊ မျှတမှုလည်းမရှိပါဟု အများက ပြောဆိုကြသည်။ ယင်းဖြစ်ရပ်မတိုင်ခင် လူမျိုးခြားကြောက်ရွံ့သူ AfD ပါတီအားထောက်ခံအားပေးကြသူများကိုFriedrichstadt-Palast ပြဇာတ်ရုံ၏ ညွှန်ကြားရေးမှူး Berndt Schmidt က ဌာနတွင်း အီးမေးလ်တစ်စောင်တွင် လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့သည်။ ဤနိုင်ငံရေးတိုက်ပွဲဖြစ်ပွားနေစဉ် အမုန်းတရား မေးလ်များနှင့် အသက်ဘေး ခြိမ်းခြောက်မှုများက ပြဇာတ်ရုံကို ယာယီ ပိတ်ထားရစေပြီး ဗုံးခွဲခြိမ်းခြောက်မှုကြောင့်  လူပေါင်း ၁,၈၀၀ ကိုလည်း ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် “အများအတွက် ဘာလင်ကြေညာချက်” အကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရသည့် Friedrichstadt-Palast ၏ ညွှန်ကြားရေးမှူး Berndt Schmidt ယခုအချိန်တွင် ထိုကြေညာချက်ကို ဂျာမန်နှင့် ဩစတြီးယား ယဉ်ကျေးမှု အဖွဲ့အစည်းပေါင်း ၄, ၄၀၀ က လက်မှတ်ရေးထိုးပြီးဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် “အများအတွက် ဘာလင်ကြေညာချက်” အကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရသည့် Friedrichstadt-Palast ၏ ညွှန်ကြားရေးမှူး Berndt Schmidt ယခုအချိန်တွင် ထိုကြေညာချက်ကို ဂျာမန်နှင့် ဩစတြီးယား ယဉ်ကျေးမှု အဖွဲ့အစည်းပေါင်း ၄, ၄၀၀ က လက်မှတ်ရေးထိုးပြီးဖြစ်သည်။ | Photo: © picture alliance/Christoph Soeder/dpa ပါလီမန်ကော်မတီ၏အစည်းအဝေးမှတ်တမ်းများကို အွန်လိုင်းပေါ်တွင်ရရှိနိုင်ပြီး၊ ဖတ်ရှုရသူအချို့က ညံ့ဖျင်းသောသရော်စာအဖြစ် ဖတ်ရှုကြသည်။ စီးပွားရေး အလားအလာကောင်းခြင်းအကြောင်း ပုံမှန်ငြင်းခုန်ဆွေးနွေးမှုကို ကိုးကား၍ တည်ရှိပြီးသား အနုပညာနှင့် ယဉ်ကျေးမှုမြင်ကွင်း၏ အစိတ်အပိုင်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် AfD ပါတီသည် ထပ်ခါထပ်ခါ ကြိုးစားခဲ့သည်။ သို့သော် ယဉ်ကျေးမှု အဖွဲ့အစည်းများကို ကြိမ်ဖန်များစွာ တိုက်ခိုက်နေခြင်းက ခေတ်သစ်နှင့် စမ်းသပ်အနုပညာ မြင်သာစေသည် သို့မဟုတ် ပွင့်လင်း လူမှုအဖွဲ့အစည်း တစ်ရပ်အတွက် အားပေးထောက်ခံနေသည်။ ၂၀၁၉ဇွန်လတွင် AfD ပါတီက စတင်ခဲ့သော Dresden's Hellerau ရှိ European Centre for the Arts ဝန်းကျင်တွင် အတန်းအစား လိုအပ်ချက်တစ်ရပ်ကို ဤအချက်က သိသာထင်ရှားစေခဲ့သည်။ ထိုနေရာတွင် ပြုလုပ်သော ဈေးနှုန်းကြီးမြင့်သည့် အနုပညာအားထုတ်မှုများကို ငွေကြေးထောက်ပံ့ရန် စင်တာက ငွေအနည်းငယ်မျှကိုသာ ရှာနိုင်သည်ကို အကြောင်းပြ၍ ပါတီက အဆောက်အဦးကို ငှားရမ်းပစ်သင့်ကြောင်း တိုက်တွန်းတောင်းဆိုခဲ့သည်။ ဤဖြစ်ရပ်မှာ အနုပညာ ညွှန်ကြားရေးမှူးအသစ် Carena Schlewitt က လက်လွှဲတာဝန်ယူ၍ လမ်းညွှန်ချက်အသစ်တစ်ခုကို ကြေညာပြီး တစ်နှစ် အကြာတွင်ဖြစ်သည်။ စင်တာက ဒုက္ခသည်များကို ဇောက်ချ၍ ကူညီလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
ကိုရိုနာလာရိုက်ခတ်သည့်အချိန်အထိ ဂျာမန်ပြဇာတ်ရုံ မြင်ကွင်းသည် အရာရာ ငြိမ်သက်နေခဲ့သည်။ “ကိုယ်ထူကိုယ်ထ စည်းလုံးညီညွတ်မှု အခြေခံကွန်ယက်တစ်ခုနဲ့ လက်ယာဝါဒီတွေရဲ့ တိုက်ခိုက်မှုတွေကို ဘယ်ပုံဘယ်နည်း ကိုင်တွယ်ရမည်ကို ပြဇာတ်ရုံများနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများက တွက်ဆနေကြကြောင်း” ၊ “အတွေ့အကြုံဖလှယ်ရာကနေ တက်ကြွပြီး ပုံသွင်းပေးတဲ့ အခြေအနေတစ်ရပ်ကို သူတို့ရောက်ရင် စုစုစည်းစည်းဖြစ်လာမယ်။ ညီညွတ်မှုလည်းရှိမယ်။ ဒါမှ သူတို့အားမနည်းတော့မှာ” ဟု “Die vielen e. V.” ၏ ဘာလင်ရုံးအကြီးအကဲ Karoline Zinßer ကရှင်းလင်းပြောကြားသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ လှုပ်ရှားမှုစတင်ချိန်မှစ၍“အများ၏ထုတ်ပြန်ကြေညာချက်” အား လက်မှတ်ရေးထိုးခဲ့ကြသော  ဂျာမန်နှင့် ဩစတြီးယား အဖွဲ့အစည်းများ၏ အရေအတွက်သည် ၄, ၄၀၀ ဖြစ်လာချေပြီ။