မြို့ပြရေစီမံခန့်ခွဲမှု
“စီးပါစေ့ရေ” နှင့် ရေပေါ်စိုက်ခင်းတစ်ခု

မြို့များသည် ကမ္ဘာတစ်ဝှန်းတွင် ဖြစ်ပေါ်တိုးပွားလာနေ ကြသည်။ ပိုမိုသောသောက်ရေ လိုအပ်မှုကလည်း ၄င်းနှင့်အတူ ကြီးမားလာသည်။
မြို့များသည် ကမ္ဘာတစ်ဝှန်းတွင် ဖြစ်ပေါ်တိုးပွားလာနေ ကြသည်။ ပိုမိုသောသောက်ရေ လိုအပ်မှုကလည်း ၄င်းနှင့်အတူ ကြီးမားလာသည်။ | Photo (detail): © Adobe

ကမ္ဘာတဝှန်းတွင် မြို့များပေါ်ထွန်းလာကြရာ သောက်ရေ ပိုမိုလိုအပ်လာမှုသည်လည်း ၄င်းတို့နှင့်အတူ တိုးပွားလာနေသည်။ ဤတွင် ပိုမိုရေရှည်တည်တံ့သော ရေစီမံခန့်ခွဲရေး ပြုလုပ်ရန် အတွက် စိတ်ကူးအချို့ ဖြစ်ပါသည်။

ဘာလင်မြို့၏ ၁၃၂ ခုသော လူထုသုံးရေပန်းများမှ အခမဲ့သောက်ရေရရှိသည်။ သောက်ရေအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ကို မြို့နယ်နိမိတ်အတွင်းမှ ရရှိသည်။ ဘာလင်မြို့၏ ၁၃၂ ခုသော လူထုသုံးရေပန်းများမှ အခမဲ့သောက်ရေရရှိသည်။ သောက်ရေအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ကို မြို့နယ်နိမိတ်အတွင်းမှ ရရှိသည်။ | Photo (detail): © Adobe

BERLIN မြို့၊ GERMANY နိုင်ငံ

ဘာလင်မြို့၏ရေစက်ဝန်းသည် ဂျာမနီနိုင်ငံတွင် ပြိုင်စံရှားသည်။ မြို့တော်ဧရိယာအတွင်းမှ သောက်ရေအားလုံး၏ ၉၀ ရာခိုင်နှုန်းမှာ မြို့တော်အတွက် ရင်းမြစ်ဖြစ်သည်။ ဤတွင် ရေပိုက်ခေါင်းမှလာသော ရေအားလုံးပါဝင်ရုံသာမက အခမဲ့လူထုရေပန်း “စီးပါစေ့ရေ” ၁၃၂ ခုမှလာသော ရေများလည်းပါဝင်သည်။ ဘာလင်မြို့၏ ပညာသားပါသော ရေစီမံခန့်ခွဲမှုစနစ်သည် ရေစုပ်စက် ၁၅၄ လုံးပါဝင်သော ကွန်ယက်တစ်ခု၊ ရေဆိုးပိုက်လိုင်း ကီလိုမီတာ ၉,၆၀၀ ခန့်နှင့် လေဖိအားသုံး ရေပိုက်ပေါင်း ကီလိုမီတာ ၁,၁၇၀ ခန့်တို့ အပေါ်တွင် မှီတည်နေသည်။ မြို့တော်သည် အလေ့အကျင့်ကောင်း အချို့ကို ဖွံ့ဖြိုးစေခဲ့သည်။ Spree မြစ်ထဲတွင် “ကမ်းလွန်” ရေရောနှောထိန်းသိမ်းထားသိုရာနေရာ တစ်ခု၊ မိုးရေသန့်စင်ခြင်းအတွက် မြေသားစစ်ဇကာများ ထိန်းသိမ်းထားခြင်း၊ အိမ်များနှင့် ရုံးများတွင် အိမ်သုံးရုံးသုံးစွန့်ပစ်ရေ ပြန်လည်သုံးစွဲခြင်းနှင့် မိုးရေသိုလှောင်စနစ်များ ထားရှိခြင်းတို့ဖြစ်သည်။ ဂျာမနီနိုင်ငံရှိ အကြီးဆုံး အများပြည်သူပိုင်ဆိုင်သောကုမ္ပဏီဖြစ်တဲ့ Berliner Wasserbetriebe သည် “Berliner Pflanze” ဟု ခေါ်သော စွန့်ပစ်အမှိုက်အနယ်များမှ အထူးတလည် ရေနှင့်သဟဇာတဖြစ်သော ပြန်လည်သုံးစွဲနိုင်သော ဓာတ်မြေဩဇာကိုပင် ထုတ်ယူသည်။ ၎င်းသည် ဘာလင်မြို့၏ ရေအစုအဝေးများထဲမှ ရေညှိဖြစ်ထွန်းမှုကိုလည်း လျော့ကျစေရန် အထောက်အကူပေးသည်။

“ဥယျာဉ်မြို့တော်” စင်ကာပူမြို့။ မြို့နေပြည်သူများသည် အစိမ်းရောင်သစ်ပင်ဘဝနှင့် မြို့ပန်းခြံများအကြား ပြင်ပထွက်ပြီးအနားယူခြင်းကို နှစ်သက်ကြသည်။ “ဥယျာဉ်မြို့တော်” စင်ကာပူမြို့။ မြို့နေပြည်သူများသည် အစိမ်းရောင်သစ်ပင်ဘဝနှင့် မြို့ပန်းခြံများအကြား ပြင်ပထွက်ပြီးအနားယူခြင်းကို နှစ်သက်ကြသည်။ | Photo (detail): © Adobe/Angelika Bentin

SINGAPORE နိုင်ငံ

စင်ကာပူနိုင်ငံသည် အစဉ်အလာအရ အစိမ်းရောင် မြို့တစ်မြို့ဖြစ်သည်။ ၁၉၆၅ ခုနှစ် လွတ်လပ်ရေး ကြေညာပြီးကတည်းက အစိုးရသည် မြို့တော်အား “ဥယျာဉ်မြို့တော်” အဖြစ်သို့ ပြောင်းလဲရန် အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ အစိမ်းရောင်လှိုင်လှိုင်တစ်ခွင်တစ်ပြင်က လေကို သန့်စင်ပေးပြီး စင်ကာပူနိုင်ငံ၏ ရေစီမံခန့်ခွဲမှုသည် ကျန်တစ်ကမ္ဘာလုံးအတွက် စံပြပုံစံတစ်ခုဖြစ်သည်။ စင်ကာပူမြို့သည် ယနေ့ခေတ်တွင် ရေလုပ်ငန်းစဉ် အခြေခံအဆောက်အအုံကို ကီလိုမီတာ ၈,၀၀၀ ရှိသော ရေပိုက်လိုင်းများနှင့် ရေလှောင်ကန် ၁၇ ကန် အထိ ဖြစ်အောင် တစ်ဆထက်တစ်ဆချဲ့ထွင်ခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်က လူဦးရေငါးသန်းရှိသော မြို့သည် ရေအထောက်အပံ့အတွက် အိမ်နီးချင်းမလေးရှားနိုင်ငံကို အဓိက အမှီသဟဲပြုခဲ့ရသည်။ ယနေ့ခေတ်တွင် စင်ကာပူနိုင်ငံသည် ကိုယ်ပိုင်သောက်ရေကို နည်းစံနစ်သုံးမျိုးဖြင့် ထုတ်လုပ်သည်။ ထိုသုံးနည်းမှာ စွန့်ပစ်ရေသန့်စင်မှု၊ မိုးရေသိုလှောင်နည်းစံနစ်များနှင့် ပင်လယ်ရေကို ရေချိုပြုလုပ်သောနည်းတို့ဖြစ်သည်။ မိုးရေအား ဓာတုပစ္စည်းများဖြည့်စွက်ခြင်းမရှိဘဲ အပင်များနှင့် မြေကြီးမှတစ်ဆင့်စစ်သည်။ ဤသည်က ဇီဝမျိုးစုံမျိုးကွဲကို အထောက်အပံ့ဖြစ်စေပြီး မြို့သူမြို့သားများကို သဘာဝနှင့်ရင်းနှီးစေပြီး အနားယူနိုင်သော အစိမ်းရောင်အိုအေစစ်များဖြစ်သော မြို့တော်ပန်းခြံများအတွက် အကျိုးရှိစေသည်။
Augsburg မြို့၏ တူးမြောင်းများစွာသည် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ထောက်ပံ့ပြီး  တံတားငယ်အမျိုးမျိုးက သမိုင်းဝင်မြို့လယ်၏ နှစ်လိုဖွယ်အလှကို ထပ်ပေါင်းပေးသည်။ Augsburg မြို့၏ တူးမြောင်းများစွာသည် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ထောက်ပံ့ပြီး တံတားငယ်အမျိုးမျိုးက သမိုင်းဝင်မြို့လယ်၏ နှစ်လိုဖွယ်အလှကို ထပ်ပေါင်းပေးသည်။ | Photo (detail): © Adobe

AUGSBURG မြို့၊ GERMANY နိုင်ငံ

၂၀၁၉ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ရှေးဟောင်း မြို့တော်များထဲမှတစ်မြို့ ဖြစ်သော Augsburg မြို့၏သမိုင်းဝင် ရေစီမံခန့်ခွဲမှုစနစ်အား UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဆုပေးအပ်ခဲ့သည်။ သဘာဝရေလမ်းကြောင်းများနှင့် သောက်ရေပံ့ပိုးရေးတို့အတွက် မြို့၏ ထူးခြားသော အဆောက်အအုံများကို ၁၅ ရာစုမှ ၂၀ရာစုအစောပိုင်းအထိ တည်ဆောက်ထားခဲ့ကြရာ ဂျာမနီနိုင်ငံ၏ရှေးအကျဆုံး ရေမျှော်စင်နှင့် ရေပြုပြင်ပြောင်းလဲရေးစက်ရုံ (၁၉၀၁/၁၉၀၂ ခုနှစ်) တို့ပါဝင်သည်။ Augsburg မြို့တွင် အထည်အလိပ်လုပ်ငန်း အောင်မြင်ဖြစ်ထွန်းချိန်က တည်ဆောက်ခဲ့သော ရှေးဟောင်း တူးမြောင်းကွန်ရက်သည် ၂၀ရာစု၌ လုပ်ငန်းကျဆင်းသော်လည်း ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ Augsburg မြို့သည် ထာဝရရေမြို့တော် တစ်ခုဖြစ်သည်။ Augsburg မြို့၏ များစွာသော တူးမြောင်းများသည် အသစ်တဖန်ဖြစ်ပေါ်နိုင်သော စွမ်းအားကို ထောက်ပံ့ပေးသည်။ ရေစီးဆင်းသည့် ထုထည်သည် ထိန်းချုပ်ဖို့ လွယ်ကူပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ စီးဆင်းနေသောရေအားလုံးနှင့် တံတားငယ်လေးများက ရှေးဟောင်းမြို့တော်၏အလယ်ဗဟိုကို နှစ်လိုဖွယ်နှင့် ဆွဲဆောင်မှုကိုလည်းဖြစ်စေသည်။

Rotterdam မြို့၏ “ ရေပေါ်ယာခင်း” ရှိ ရေပေါ်ခြံတစ်ခြံတွင်နေသော နွားမ ၃၅ ကောင်။ Rotterdam မြို့၏ “ ရေပေါ်ယာခင်း” ရှိ ရေပေါ်ခြံတစ်ခြံတွင်နေသော နွားမ ၃၅ ကောင်။ | Photo (detail): © picture alliance/Mike Corder/AP Photo

ROTTERDAM မြို့၊ NETHERLANDS နိုင်ငံ

ရေပေါများလွန်းခြင်းသည်လည်း ရေနည်းပါးလွန်းခြင်း နည်းတူ ပြဿနာတစ်ရပ်ဖြစ်သည်။ ဒတ်ချ်မြို့တော် Rotterdam မြို့သည် ဤဖြစ်ရပ်ကို ကြုံတွေ့နေရသည်။ ၄င်းမြို့၏ နေရာအတော်များများသည် ပင်လယ်ရေမျက်နှာပြင်အောက် ခုနှစ်မီတာသို့ရောက်ရှိနေသည်။ ဤတွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကို တွေ့မြင်နိုင်သည်။ Rotterdam မြို့တွင် အထင်ကြီးလောက်စရာ တာတမံတန်းများနှင့် မြို့ကို ကာကွယ်ပေးရန် Maeslantkering ဟုခေါ်သောကမ္ဘာပေါ်တွင် အကြီးမားဆုံးသော မုန်တိုင်းကာ ရှိသည်။ အိမ်ခေါင်မိုး ဥယျာဉ်များက မိုးရေကို စုပ်ယူပေးသည်။ စတုရန်းမီတာ ၁,၀၀၀ ရှိသော DakAkker အိမ်ခေါင်မိုးယာခင်းသည် စတုရန်းတစ်မီတာလျှင် အကြမ်းအားဖြင့် ရေ ၆၀ လီတာကို စုပ်ယူပေးထားကာ သဘာဝအေးမြခြင်းရရှိစေပြီးအစားအသောက်များကိုလည်း စိုက်ပျိုးထားလေ့ရှိသည်။ Rotterdam မြို့၏ “ရေပေါ်ယာခင်း”ကပြုလုပ်သော ချည်းကပ်ပုံက ပို၍ ထူးဆန်းသည်။ ရေပေါ်ခြံသည် နွားမ ၃၅ ကောင် အတွက် လက်ရှိနေထိုင်စရာဖြစ်သည်။ ရေပေါ်ယာခင်းက နွားများသောက်သုံးရန် မိုးရေကို စုဆောင်းကာ စစ်ပေးပြီးရေပေါ် နေစွမ်းအင်သုံးစက်ရုံမှ လျှပ်စစ်မီးကို အသုံးပြုကြသည်။

သန့်စင်သော သဘာဝပန်းခြံများနှင့် ရေနှင့်နီးနီးစပ်စပ်တည်ရှိနေခြင်းတို့က Sweden နိုင်ငံ ၏ Hammarby Sjöstad မြို့ရှိ ဘဝကို ပုံသွင်းသည်။ သန့်စင်သော သဘာဝပန်းခြံများနှင့် ရေနှင့်နီးနီးစပ်စပ်တည်ရှိနေခြင်းတို့က Sweden နိုင်ငံ ၏ Hammarby Sjöstad မြို့ရှိ ဘဝကို ပုံသွင်းသည်။ | Photo (detail): © Adobe

HAMMARBY SJÖSTAD မြို့၊ SWEDEN နိုင်ငံ

၁၉၉၀ပြည့်နှစ်များက ညစ်ညမ်းနေသော စက်မှုဧရိယာ တစ်ခုဖြစ်နေဆဲ Hammarby Sjöstad မြို့သည် အိုလံပစ်ရွာဖြစ်လာရန် ၂၀၀၄ခုနှစ် ကြိုးပမ်းချက်ဖြင့် ကိုယ်ထူကိုယ်ထ တိုးတက်အောင်လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုကို ချမှတ်ခဲ့သည်။ ဤမြို့သည် Stockholm မြို့လယ်မှ ကီလိုမီတာ အနည်းငယ် အကွာတွင်ရှိသောကြောင့်အိုလံပစ်အိပ်မက်များကို လက်လွှတ်ခဲ့ရစဉ် ထိုစဉ်ကတည်းက ဂေဟစနစ်ဆိုင်ရာ ရှေ့ပြေးနှင့် ပုံစံတစ်ခုဖြစ်လာခဲ့သည်။ သန့်ရှင်းသော သဘာဝပန်းခြံများနှင့် ရေနှင့်အနီးအနားတွင် ရှိနေခြင်းက Hammarby Sjöstad မြို့တွင် နေထိုင်သူ ၃၀,၀၀၀ ခန့်၏ဘဝများကို ပုံဖော်ပေးသည်။ ဤနေရာတွင်လည်း ရေစီမံခန့်ခွဲမှုသည် ရှေ့ဆောင် ဖြစ်ပြီး ရေသန့်စင်စက်ရုံတစ်ရုံက Stockholmမြို့နေ လူဦးရေ ၉၀၀,၀၀၀ ခန့်၏ ရေဆိုးများကို သန့်စင်လုပ်ဆောင်ပေးသည်။ အမှိုက်သရိုက်မှရသောအပူဖြင့် အဆောက်အဦးများကို နွေးထွေးအောင် အသုံးပြုကာ ရေအေးက စူပါမားကတ်ဂိုဒေါင်ရုံများကို အေးမြအောင်လုပ်ဆောင်သည်။ ကျန်ရစ်နေသော ရေဆိုးအနယ်များကို ဇီဝအမှိုက်နှင့်ရောပြီး သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဇီဝဓာတ်ငွေ့ကို ထုတ်လုပ်သုံးစွဲသည်။

Temple Mount တောင်ခြေရှိ Gihon စိမ့်စမ်းသည် Jerusalem မြို့ကို ရာစုနှစ်ပေါင်းများစွာ သောက်ရေ ပံ့ပိုးနေခဲ့သည်။ ယနေ့ခေတ်တွင် ရှေးဟောင်းတူးမြောင်းစနစ်နှင့် Siloah ရေအိုင်တို့သည် ထူးခြားသော ရှေးဟောင်းသုတေသနပန်းခြံတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ Temple Mount တောင်ခြေရှိ Gihon စိမ့်စမ်းသည် Jerusalem မြို့ကို ရာစုနှစ်ပေါင်းများစွာ သောက်ရေ ပံ့ပိုးနေခဲ့သည်။ ယနေ့ခေတ်တွင် ရှေးဟောင်းတူးမြောင်းစနစ်နှင့် Siloah ရေအိုင်တို့သည် ထူးခြားသော ရှေးဟောင်းသုတေသနပန်းခြံတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ | Photo (detail): © Adobe

JERUSALEM မြို့၊ ISRAEL နိုင်ငံ

ဆယ်စုနှစ်များစွာကြာအောင် အစ္စရေးနိုင်ငံတွင် ရေချို့တဲ့မှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး မကြာသေးမီက နှစ်များအတွင်း မိုးခေါင်ရေရှား အချိန်ကာလများက ပိုမိုကြာမြင့်လာပြီး မကြာခဏ ဖြစ်ပွားခြင်းတို့ကြောင့် ထိုပြဿနာက ပိုလို့သာဆိုးဝါးလာသည်။ ဤရေအကြပ်အတည်း ကိစ္စက တီထွင်ဖန်တီးသော ဖြေရှင်းနည်းများကို တွန်းပို့ခဲ့သည်။ ယနေ့ခေတ်အခါတွင် အစ္စရေးလယ်ကွင်းများကို ရေသွင်းသောရေစက်ချရေသွင်းစနစ်များကို ကွန်ပျူတာများဖြင့် ထိန်းချုပ်ထားသည်။ ပင်လယ်ရေမှ ရေချိုချက်လုပ်သောစက်ရုံများက ပင်လယ်ရေကိုနိုင်ငံ၏လိုအပ်ချက်တစ်ဝက်ကို ခြုံငုံမိစေမည့် လုံလောက်သော သောက်သုံးရေအဖြစ် ပြောင်းလဲရန် r.o နည်းဟု ခေါ်သော အလွှာပါးဖြင့် စစ်ထုတ်သည့် ရေသန့်စင်နည်းကို အသုံးပြုကြသည်။ အစ္စရေးနိုင်ငံသည် စွန့်ပစ်ရေသန့်စင်ခြင်း နည်းလမ်းတွင်လည်း ဉီးဆောင်နေပြီး စွန့်ပစ်ရေများ၏ ၇၅ ရာခိုင်နှုန်းကို အထူးသဖြင့် စိုက်ပျိုးရေးတွင် ပြန်လည်သုံးစွဲလျက်ရှိသည်။ အစ္စရေးတစ်နိုင်ငံလုံး၏ ၁၅ ရာခိုင်နှုန်းခန့်ဖြစ်သော လူဦးရေ တစ်သန်းခန့် နေထိုင်ကြသော Jerusalem မြို့တွင်Temple Mount တောင်ခြေ Kidron တောင်ကြားမှ Gihon စိမ့်စမ်းက ရာစုပေါင်းများစွာ ရေချိုထောက်ပံ့ပေးလျှက်ရှိသည်။ ယနေ့အချိန်တွင် ရှေးဟောင်းတူးမြောင်းစနစ်များနှင့် Siloah ရေအိုင်တို့သည် တစ်မူထူးခြားသော ရှေးဟောင်းသုတေသန ပန်းခြံတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုရရှိထားသော Hagihon ရေကုမ္ပဏီက မြို့၏ ရေကို ထောက်ပံ့ပေးနေပြီး ရေကို ထိန်းသိမ်းပေးကာ နေရာအနှံ့တွေ့မြင်ရသော ခေါင်မိုးထက်က ရေတိုင်ကီများကို ပုံမှန် ထိန်းသိမ်းခြင်းကဲ့သို့ ရေအရည်အသွေးနှင့်ပတ်သက်၍ သတိပြုမိကြစေရန်ဆော်ဩပေးသည်။

Emeryville မြို့မှ မြင်ရသော Golden Gate တံတားမြင်ကွင်း။ San Francisco ပင်လယ်ကွေ့ရှိ ဤမြို့ငယ်လေးသည် ထူးခြားလှသော ရေစီမံခန့်ခွဲမှုကြောင့် ကျော်ကြားသည်။ Emeryville မြို့မှ မြင်ရသော Golden Gate တံတားမြင်ကွင်း။ San Francisco ပင်လယ်ကွေ့ရှိ ဤမြို့ငယ်လေးသည် ထူးခြားလှသော ရေစီမံခန့်ခွဲမှုကြောင့် ကျော်ကြားသည်။ | Photo (detail): © Adobe

EMERYVILLE မြို့၊ USA

San Francisco ပင်လယ်ကွေ့ရှိ ဤမြို့ငယ်လေးသည် Pixar ရုပ်ရှင်ကုမ္ပဏီ၏ တည်ရှိရာနေရာဖြစ်ခြင်းကြောင့် အကျော်ကြားဆုံးဖြစ်သည်။ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တည်ရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များတွင် ထိပ်တန်းဦးဆောင်လာသည်မှာ ကြာမြင့်ပြီဖြစ်ရာ Emeryville မြို့သည် မြို့၏ တာရှည်ခံရေစီမံခန့်ခွဲမှုအား  အာရုံစိုက်ရန် ဆွဲဆောင်နေပြန်သည်။ မြို့သည် မိုးရေကို စုဆောင်းရန် ရေတိုင်ကီများနှင့် ရေလှောင်ကန်များကို အသုံးပြုပြီး ကားများကို လမ်းပေါ်မှ ဖယ်ထားရန် အစိမ်းရောင် ခေါင်မိုးစိမ်းများဖြင့် ကားရပ်နားရာ ဂိုဒေါင်ကြီးများ တည်ဆောက်ထားသည်။ လမ်းမပေါ်တွင် ကားရပ်နားမှု လျော့နည်းခြင်းသည် ကတ္တရာလမ်းနှင့် လမ်းပေါ်သွားလာမှု လျော့နည်းသည်ဟုဆိုလိုသည်။ စွန့်ပစ်ရေနှင့် ရေထိန်းသိမ်းမှုကဲ့သို့သော ကိစ္စရပ်များကို အများအပြား သတိပြုရန် နှိုးဆော်သော လှုပ်ရှားမှုနှင့်အတူ Emeryville မြို့မှ နေထိုင်သူများသည် ထူးခြားသော စိုက်ပျိုးရေး အစီအစဉ်တစ်ခု၏ အကျိုးအမြတ်များကိုလည်း ခံစားရသည်။ စွန့်ပစ်ပစ္စည်းများကို တားဆီးခြင်းနှင့် အသုံးပြုသော ဓာတ်မြေဩဇာ ပမာဏလျော့ချခြင်းတို့သည် ပင်လယ်ကွေ့၏ စိုက်ပျိုးထားသော ရှုခင်းကို ထိန်းသိမ်းထားခြင်း၊ ဘဝအရည်အသွေးတိုးတက်ခြင်းနှင့် San Francisco ပင်လယ်ကွေ့တစ်လျှောက်ရှိ ဇီဝမျိုးစုံမျိုးကွဲသစ်ကို အထောက်အပံ့ပြုခြင်း အားလုံးအတွက်ဖြစ်သည်။