ဂျက်ဇ် ၂၀၂၀
ဝေးကွာခြင်းနှင့်မိမိနေရာကိုပြန်လည်သတ်မှတ်ခြင်း

Ronny Graupe | Photo (detail): © Frank Schindelbeck
Ronny Graupe | Photo (detail): © Frank Schindelbeck

ဂီတပညာရှင်များနှင့်သူတို့ပရိတ်သတ်တို့ သူတို့၏အကွာအဝေးကိုထိန်းသိမ်းထားရသည့်အခါမည်သို့ဖြစ်လာသနည်း။ ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းကာလနှစ်များအတွင်း ထိုအခြေအနေကိုခြုံငုံမိစေရန် ဂျက်ဇ်ဂီတပွဲတော်ကများစွာသောနည်းလမ်းများကိုယူဆောင်လာသည်။ သို့သော်အချို့သောအကြံဉာဏ်များက ပို၍ပင်ကောင်းမွန်လာပြီး ဂီတပညာရှင်များကိုယ်တိုင် သူတို့၏ကိုယ်ပိုင်အကျိုးအမြတ်နှင့်ရရာဖြင့်ဖန်တီးရေးစပ်ရသောဂီတ၏အနာဂါတ်အတွက်ကိုပင် စိတ်ကူးရရှိလာခဲ့သည်။ သူတို့သည်နားထောင်ရန်ထိုက်တန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏အသက်မွေးဝမ်းကြောင်းသည် ယခုအချိန်တွင် အဆုံးအဖြတ်ချိန်ခွင်လျှာပေါ်တွင်ရှိနေသောကြောင့်ပင်။

လှုပ်ရှားမှုကင်းမဲ့၍ဗလာသပ်သပ်ဖြစ်နေသော ပြီးပင်မပြီးသေးသောဂီတခန်းမသည် အကယ်၍ဂီတပညာရှင်များနှင့်ကင်းကွာနေလျှင် မည်သည့်အရာမျှမရှိဘဲပရိဘောဂများသာလျှင်ရှိနေပါက မည်သို့အသံထွက်နိုင်ပါမည်နည်း။ သင်၏အစာအိမ်မှအော်ဂလီဆန်စရာခံစားချက်သဖွယ်လစ်ဟာမှုကိုအားဖြည့်နေသည့်နှယ် နံရံများ၊ မျက်နှာကြက်များမှတန်ပြန်လာသည့်အသံများသာဖြစ်ပေလိမ့်မည်။ ဂီတပွဲများကိုဖန်သားပြင်မှတဆင့်သာကြည့်နေရခြင်းက ပြင်ပတွင်တွေ့ကြုံခံစားရခြင်းဆုံးရှုံးရမှုကိုခံစားရစေသည်။ ဂီတပွဲတော်များ၏တစ်စိတ်တစ်ပိုင်းအဖြစ်နောက်ထပ်မရှိတော့ဟူသော စိတ်ဒုက္ခရောက်ရသောအတွေ့အကြုံတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့်ပင်ဂီတပွဲများကိုထုတ်လွှင့်သည့်အခါ ကျွန်ုပ်တို့သည် မိမိနှစ်သက်သောဂီတနှင့်ကိုယ်တိုင်ကိုယ်ကျနီးကပ်မှု မိမိကိုယ်တိုင်တို့ကို့လွမ်းဆွတ်နေရပေလိမ့်မည်။

ပီဇာနှင့်ဆာလောင်မှု

မေလနှောင်းပိုင်းတွင်လော့ဒေါင်းနှင့်ဖျော်ဖြေမည့်အနုပညာရှင်များအပေါ် ခရီးသွားကန့်သတ်ချက်များကြောင့် ပထမဆုံးထိခိုက်ခဲ့ရသည့်ပွဲတော်များမှတစ်ခုဖြစ်သည့် Moers ပွဲတော်သည် အချို့သောအမြင်ပိုင်းဆိုင်ရာအမြီးအမောက်မတည့်မှုများနှင့် သူတို့၏ထုတ်လွှင့်ပြသမှုကိုအသက်ဝင်စေရန်ကြိုးပမ်းခဲ့သည်။ သူတို့၏ထုတ်လွှင့်ပြသမှုမိတ်ဖက်မှာ Arte Concert ဖြစ်သည်။ ဂီတပွဲအတွင်း ရုပ်ရှင်မင်းသား Matthias Hesse ကဖန်သားပြင်ပေါ်တွင် သရုပ်ဆောင်ချက်အချို့ပြုလုပ်ခဲ့သည်။ ရွှေရောင်ဆံပင်တုနှင့်ငွေရောင်ဝတ်စုံတို့ကိုဝတ်ဆင်လျှက် ပြသထားသောဆိုဖာပေါ်နှင့်အိပ်ရာပေါ်တို့တွင်တလှည့်စီပျင်းရိပျင်းတွဲနေပြီး ပီဇာတစ်စိတ်ကိုယူကာ လေဟာနယ်ထဲသို့မလှုပ်မယှက်စိုက်ကြည့်နေသည်။ အနည်းငယ်သောသတင်းထောက်များနှင့်ဓါတ်ပုံဆရာများသာပွဲခန်းမအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည်ဟုတရားဝင်ပြန်ကြားချက်တွင်ပါရှိသော်လည်း ဘာလင်ပွဲတော်စီစဉ်သူတစ်ဦးက ထိုရုပ်ရှင်မင်းသား၏သရုပ်ဆောင်မှုများသည် ဂီတကိုစီးမျောခံစားရာတွင် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ကြောင်းအခိုင်အမာပြောလျှက် သူ၏ထိုနေရာတွင်ရှိနေမှုကိုဖော်ပြခဲ့သည်။ ထိုအရာက ဂျာမန်ဂီတပွဲစီစဉ်သူများသည် ထုတ်လွှင့်ပြသခြင်းနှင့်ပတ်သက်၍သင်ယူရန်များစွာလိုအပ်နေဆဲဖြစ်ကြောင်း သိသာထင်ရှားစေသည်။

အခြားတစ်ဖက်တွင် The Jazzfest Berlin (ဘာလင်ဂျက်ဇ်ပွဲတော်) ကသူ၏အိမ်စာထက်ပင်ပို၍လုပ်ဆောင်နိုင်ခဲ့သည်။ နွေရာသီတွင် နိုင်ငံတကာဂီတပညာရှင်များကိုသူတို့၏လက်ရှိအခြေအနေအကြောင်းကို ဗွီဒီယိုဖြင့်ဖိတ်ခေါ်ပြီး ဗွီဒီယိုနှစ်ခုထုတ်လုပ်ရန် Collective for Improvised and Composed Music (KIM) (လက်တန်းစပ်ဆိုသောရေးစပ်သီကုံးသောဂီတအတွက်စုပေါင်းအဖွဲ့) ကို သူတို့ကတာဝန်ပေးပြီးဖြစ်သည်။ ထို့ကြောင့်သူတို့၏ဂီတပွဲကို နိုဝင်ဘာလအစောပိုင်းတွင်ထုတ်လွှင့်မည်ဖြစ်ပြီး Arte Concert ကမီဒီယာမိတ်ဖက်အဖြစ်ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။ ပရိုဂျက်တာနှင့် ဂီတပညာရှင်များအချင်းချင်းအပြန်အလှန်ပြောဆိုမှုနှင့်ထိုနေရာအပေါ်ထင်မြင်ခံစားမှုများအကြားနှစ်လိုဖွယ်ကောင်းသော အပြန်အလှန်သက်ရောက်မှုကိုဖန်တီးခြင်းဖြင့် အနုပညာရှင်များပါဝင်ထားသောဗွီဒီယိုကိုလည်းပြသပါသည်။ ထို့ထက်ပို၍ နိုင်ငံရုပ်သံလွှင့်ကော်ပိုရေးရှင်းများက Jazzfest ဂီတပွဲကို အများပြည်သူရေဒီယိုအသံလွှင့်ဌာန (၈) ခုမှဒေသတွင်းပေါင်းစုမှုများဖြင့်ထုတ်လွှင့်ပေးခဲ့သည်။ ထိုရေဒီယိုအသံလွှင့်ဌာနများက သူတို့၏ကိုယ်ပိုင်အရင်းအမြစ်များကို ဂီတပညာရှင်များအားထောက်ပံ့ရန်အသုံးပြုခြင်းက အလားအလာကောင်းသောတိုးတက်မှုတစ်ခုဖြစ်ဟန်ထင်ရပြီး ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းဖြစ်ပွားနေသ၍ အလွန်သင့်လျော်နေသည်။

ဂီတာသမား Ronny Graupe ကထိုသို့သောအရင်းအမြစ်များကိုလက်လှမ်းမမှီသောကြောင့် မတ်လတွင် Into the Shed အမည်ရဂီတပွဲစီးရီးတစ်ခုကိုစတင်ခဲ့သည်။ တင်ဆက်မှု (၅၀) ကျော်ကို ဂီတအမျိုးအစားအမျိုးမျိုးမှနိုင်ငံတကာဂီတပညာရှင်များဝင်ထွက်သွားလာနေသော Polish Failures’ Club ၏ဘာလင်ကလပ်မှထုတ်လွှင့်တင်ဆက်ခဲ့ပြီး အိမ်တွင်ပိတ်မိနေသောပရိတ်သတ်များနှင့်ဂီတပညာရှင်များအတွက်အရေးကြီးသောသင်္ကေတတစ်ခုမှာ သူတို့၏အခြားသောစိတ်ဝင်စားမှုများတွင်ဈန်ဝင်နေခြင်းမှကင်းလွတ်ခြင်း သို့မဟုတ် ဂီတပွဲများပယ်ဖျက်ခြင်းကြောင့်စိတ်ဓါတ်ကျနေသောသူတို့၏နေထိုင်မှုဘဝကိုကြောက်လန့်နေခြင်းသာဖြစ်ကြောင်းသိစေသည်။ “အရာအားလုံးကကြိုတင်တိုက်ပြီးရေးစပ်ထားတာမဟုတ်ဘဲ လက်တန်းဆိုကြတာမျိုးဖြစ်ဖို့ ကျွန်တော့အတွက်အရေးကြီးပါတယ်” ဟု Graupe ကအင်တာဗျူးတစ်ခုတွင်ပြောခဲ့သည်။ “ဒါကအကြမ်းထည်ပဲဖြစ်သင့်ပါတယ်။ ဒါဆို ဂီတသမားတွေကိုရောင်းထုတ်သလိုမဖြစ်ဘူးပေါ့။ လူတွေက ဗိုက်ဆာနေလျက်နဲ့ အိမ်ကိုပြန်တာမျိုး၊ အိမ်မှာနေတာမျိုးမဖြစ်သင့်ဘူးပေါ့။ တကယ်လို့ အရာရာကအလကားရပြီး အကောင်းစားကြီးဆိုရင်လည်း ကျွန်တော်တော့သိပ်မကြိုက်လှဘူး။” Graupe ကသူ၏ Into the Shed စီးရီးတွင် အခြားသူများနှင့်တွဲဖက်ဖျော်ဖြေခဲ့ပြီး ထိုဂီတထိတွေ့မှုများမှအကျိုးအမြတ်ရရှိခဲ့သည်။ ထိုအရာက သူ၏ပညာရပ်ဆိုင်ရာလေ့ကျင့်မှုတွင်အမြင်သစ်ဖြစ်စေခဲ့သည်။    ။”ဂီတပွဲတစ်ခုကိုရုတ်တရက်နောက်ထပ်သွားရတဲ့အခါ အခုဆိုရင်ပိုပြီးတော့ပြင်းပြင်းထန်ထန်ကိုခံစားနိုင်တာပဲ။”

ဂျာမနီသို့ပြန်၍

ကပ်ရောဂါသည် ဂီတပညာရှင်များအတွက် သူတို့၏ပုံမှန်လုပ်ငန်းဆောင်တာများနှင့်ပတ်ဝန်းကျင်များမှသည် ထုတ်ဝေမှုများ၊ နယ်လှည့်ဖျော်ဖြေရေးအစီအစဉ််များနှင့်နေထိုင်ရာနေရာပြောင်းလဲမှုများအထိ အရာအားလုံးကိုပြောင်းလဲစေခဲ့သည်။ ဆောင်းဦးတွင် US မှမထွက်လာမီရက်ကပင် ဒရမ်တီးသူ Joe Hertenstein သည် နယူးရော့တီးဝိုင်းတစ်ခုနှင့်အယ်လ်ဘမ်တစ်ခုကိုအသံသွင်းခဲ့သည်။ ယခုအချိန်တွင်ဂျာမနီတွင်အခြေစိုက်နေသော်လည်း နယူးရော့ခ်မှသူ၏ (၁၄) နှစ်ကြာဂီတအလုပ်အကိုင်လမ်းကြောင်းက သူ့ကိုနောက်ချန်နေဆဲပင်။ သူ၏ရင်းနှီးသောအဆက်အသွယ်များကိုဆက်လက်ထိန်းထားပြီး “ခုချိန်မှာဘရွတ်ကလင်းကတီးဝိုင်းတစ်ခုနဲ့ အဝေးကအယ်လ်ဘမ်တစ်ခုကိုကျွန်တော်အသံသွင်းနေပါတယ်” ဟုဘာလင်တွင်သူကဖုန်းဖြင့်ပြောပြသည်။ “ကျွန်တော်တို့အားလုံးစတူဒီယိုကိုသွားတယ် ပြီးတော့သီချင်းတွေကိုအပြန်အလှန်ပို့ကြပြီး မှန်မှန်ကန်ကန်ရပြီးခံစားဖို့ကောင်းသည်အထိ အထပ်ထပ်သေချာအောင်လုပ်ကြရတယ်”

မတ်လတွင် Niklas Lukassen သည်နယူးရော့ခ်မှအလျင်စလိုထွက်ခွာလာခဲ့ရပြီး နှစ်ပေါင်းများစွာသူရည်ရွယ်လုပ်ကိုင်နေခဲ့သောရည်မှန်းချက်နှင့်သူ၏ double bass (တယောကြီး) ကိုနောက်ချန်ထားခဲ့ရသည်။ သူသည် Manhattan School of Music တွင်သင်ယူလေ့လာနေခဲ့ခြင်းဖြစ်သည်။ (Ron Carter မှာယခုတိုင်အောင်သူ၏နည်းပြဖြစ်နေဆဲပင်။) Lukassen ကို Mike Stern နှင့်အတူတွဲဖျော်ဖြေရန်နှင့် John Riley လက်အောက်ရှိ Village Vanguard Big Band ၏အစမ်းဖျော်ဖြေမှုတွင်ပါဝင်ရန်တောင်းဆိုခြင်းခံရသည်။ ဤအခွင့်အရေးများသည် နောက်ထပ်တစ်ကြိမ်ရရှိရန်မသေချာသော်လည်း အနည်းဆုံးပြောဆိုခဲ့သည်။ ယခုသူသည် မတူညီသောဂီတကမ္ဘာဖြစ်သည့်ဘာလင်တွင်ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ “မြင်ကွင်းကအတော်ကွဲပြားနေတာကျွန်တော့ကိုအနှောင့်အယှက်ဖြစ်စေတယ်။ ကံမကောင်းစွာနဲ့ ဒါကစိတ်ထဲမှာလည်းအတော်လေးစွဲစွဲထင်ထင်ဖြစ်စေတယ်။ ကျွန်တော်ကဂီတကိုအလွတ်တန်းတီးခတ်ရတာ ဒါမှမဟုတ် ခေတ်ပြိုင်ဂျက်ဇ်ကိုကြိုက်တယ်။ ဒါပေမယ့် ကျွန်တော့ကို electric bass တီးဖို့တောင်းဆိုခံရတာအရမ်းရှားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကကျွန်တော့ကိုဂျက်ဇ်သမားအဖြစ်ပဲမြင်လို့။ ကျွန်တော် ပေါ့-ဂျက်ဇ် ကိုတွဲဖက်တီးခတ်တဲ့အခါ လူတွေကလက်တန်းတီးတာနဲ့သိပ်အဆင်မပြေဘူးဆိုတာ ကျွန်တော်သတိထားမိတယ်။ ဒါကနယူးရော့ခ်မှာကျတော့မတူဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်းကမတူညီတဲ့ပုံစံတွေကိုတီးတာရှိတယ်။ အဲမှာဆိုပရိတ်သတ်ကလည်းပိုပြီးအမြင်ပွင့်လင်းတယ်။” သူသည်အကောင်းမြင်နေဆဲပင်။ “ပိုပြီးတော့အသေးစိတ်ပြင်ဆင်ထားတဲ့အခွေတွေအများကြီးထွက်လာဦးမယ်လို့ ကျွန်တော်ထင်တယ်။ တခြားအရာတွေအားလုံးနဲ့ဂျက်ဇ်မြင်ကွင်းကိုလုံးဝကွဲပြားစေတာက ဂျက်ဇ်ဂီတပညာရှင်တွေအားလုံးနီးပါးကကိုယ်တိုင်ရေးစပ်တာပဲ။ ဒါကတီးခတ်သူတွေအဖြစ်သာမကပဲတေးရေးတွေအဖြစ်ပါထူးချွန်တဲ့ဂီတပညာရှင်တွေရဲ့ ကမ္ဘာတစ်ဝှမ်းကြီးမားတဲ့လှိုင်းလုံးကြီးတစ်ခုကိုဖြစ်စေမှာပဲ။”

ဒေသအကွာအဝေးများနှင့်စင်ပေါ်၊စင်အောက်စနစ်များကိုကျော်လွှား၍

ယခုဆိုလျှင်ဂီတသမားတိုင်းသည် မိမိဒေသမှကျောင်းသူ၊ကျောင်းသားများအတွက် အွန်လိုင်းမှတစ်ဆင့်သင်ခန်းစာသင်ပေးခြင်းဖြစ်စေ၊ အခြားဒေသစံတော်ချိန်ရှိလူများနှင့်ဗီဒီယိုတွေ့ဆုံပွဲများဖြစ်စေ သို့မဟုတ် မတူညီသောအချိန်များတွင်ထုတ်လုပ်ထားသည့်အသံသွင်းမှုများကိုအယ်လ်ဘမ်တစ်ခုအဖြစ်ပေါင်းစပ်ရန်ဖြစ်စေ စသည့်အဝေးမှအလုပ်လုပ်ခြင်းဆိုင်ရာအတွေ့အကြုံမျာကို ပြောဆိုနိုင်ကြပြီဟုယူဆနိုင်ပါသည်။ Nicola Hein အနေဖြင့် အချောသတ်ထုတ်လုပ်ရေးများကို လက်ခံမည်မဟုတ်ပေ။ New York's Columbia University မှ PhD ကျောင်းသား၊ ဂီတာသမားတစ်ယောက်အနေဖြင့် ဂျာမနီတွင်လက်ရှိနေထိုင်နိုင်ပြီး ဖော်မတ်နည်းလမ်းအသစ်များကိုတီထွင်နိုင်ပါသည် - "နိုင်ငံတကာမှာကျွန်တော်ဆက်အလုပ်လုပ်နိုင်ဖို့ တခြား platform တွေနဲ့ domain တွေကိုရှာနိုင်ဖို့ကအရေးကြီးတယ်။ အခြားသူတွေနဲ့အတူတူ အင်တာနက်ကနေတစ်ဆင့်ပေါင်းပြီး ဂီတ၊ ဂီတနဲ့အက၊ ဂီတနဲ့ရုပ်သံဗီဒီယိုတွေကိုဖန်တီးနေတယ်’’ Hein နှင့်မီဒီယာအနုပညာရှင်တစ်ဦးဖြစ်သော Claudia Schmitz တို့သည် အခြားသောဂီတပညာရှင်များနှင့်ဗီဒီယိုအနုပညာရှင်များကို ၄င်းတို့နှင့်ပူးပေါင်းပြီး ယခင်က၄င်းတို့ပြုလုပ်ခဲ့သော အာရှနှင့်တောင်အမေရိကပွဲခရီးစဥ်များကဲ့သို့ပြုလုပ်ရန်ဖိတ်ခေါ်ခဲ့သည်။ စက်တင်ဘာလအစောပိုင်းတွင်ပြုလုပ်မည့် ယခုနှစ်၏ Ars Electronica ပွဲတော်တစ်စိတ်တစ်ပိုင်းအနေဖြင့် Hein နှင့် Claudia တို့သည် မက္ကစီကိုမှဂီတပညာရှင်တစ်ဦးနှင့်ဗီဒီယိုအနုပညာရှင်တစ်ဦး၊ ကယ်လိုဖိုးနီးယားမှပီယာနိုပညာရှင်တစ်ဦးနှင့်အတူ AR (arugmented reality) နည်းပညာဖြင့် ပထမဆုံးအပ်ပလီကေးရှင်းဗားရှင်းတစ်ခုကိုတင်ဆက်ရန်အဖွဲ့ဖွဲ့ခဲ့သည်။ ၄င်းအက်ပလီကေးရှင်းသည် စမတ်ဖုန်းအသုံးပြုသူများကို ဗီဒီယိုထုဆစ်သွန်းလုပ်မှုများအားသုံးဖက်မြင် (three-dimensional) အနေအထားမှတိုက်ရိုက်ကြည့်ရှုစေနိုင်ပြီး ဖန်တီးထားသည့်ဂီတများကို headphones နားကြပ်များမှတစ်ဆင့် နားဆင်စေခြင်းဖြစ်ပါသည်။ ၄င်းသည်အနာဂတ်တွင်လည်း အနုပညာရှင်များနှင့်ပရိတ်သတ်များမတူညီသည့်ဒေသများတွင်ရှိနေလျက်ပင် တိုက်ရိုက်အလုပ်လုပ်နိုင်ရန်ဖြစ်သည်။ နောက်ထပ်ပူးပေါင်းတင်ဆက်မှုများကိုလည်း ကိုလံဘီယာ၊ ဂျပန်နှင့်တောင်ကိုရီးယားမှအနုပညာရှင်များနှင့်အတူလုပ်ဆောင်ရန် အစီအစဥ်ရေးဆွဲထားသည်။

Bass trombonist တစ်ဦးဖြစ်သော Maxine Troglauer သည် ဂီတပညာရှင်များနှင့်ပရိသတ်များကြားမျှဝေထားသောအတွေ့အကြုံများအတွက် အနာဂတ်အလားအလာများကိုတွေးမိသည် - " ပရိသတ်အနည်းစုအတွက် လိုအပ်ချက်အရဖန်တီးထားသောဖော်မတ်ပုံစံအသစ်များထွက်ပေါ်လာရန်မျှော်လင့်ပြီး ၄င်းသည်ပရိတ်သတ်များအားအလိုအလျောက်ပိုမိုပါဝင်ပြီး အပြန်အလှန်ထိတွေ့မှုရှိစေမည်ဖြစ်သည်။ အထက်အောက်စနစ်တစ်ခုဖြစ်သော ‘Classical’ (ဂန္တဝင်ဆန်သော) စင်မြင့်အပေါ်နှင့် ပရိတ်သတ်များကအောက်အမှောင်တွင်နေရသောအခြေအနေကိုပယ်ဖျက်ပြီး ပိုမိုဖန်တီးနိုင်မှုနှင့်လွပ်လပ်မှုတို့အတွက်လမ်းကြောင်းပေးရန်ဖြစ်သည်။” အချိန်တစ်ခုအထိအတန်းများအားလုံးမှာအွန်လိုင်းဖြစ်နေသေးသော်လည်း Troglauer သည်အောက်တိုဘာလကုန်တွင် Manhattan School of Music ရှိသူမ၏ပညာသင်ကြားခြင်းကိုပြန်လည်စတင်ရန် New York သို့ပြန်လာခဲ့သည်။ "ကျွန်မရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကအများကြီးပြောင်းလဲသွားတယ်။ အခုဆိုအိမ်မှာပဲဂီတကိုလေ့ကျင့်နေတယ်။ ဖန်တီးနေတယ်။ ပထမတော့ငါးလွှာတိုက်ခန်းမှာနေတဲ့ Brass လေမှုတ်တူရိယာသမားတစ်ယောက်အနေနဲ့ ကျွန်မပတ်ဝန်းကျင်မှာလူတွေအများကြီးရှိနေတာကိုနေသားကျအောင်လုပ်ခဲ့ရတယ်။ ကျွန်မရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အရည်အချင်းတွေအပေါ် ကြီးမားတဲ့နည်းလမ်းနဲ့ ပြောင်းလဲဆန်းသစ်မှုတွေဖြစ်စေခဲ့တယ်။ ကျွန်မတစ်ကိုယ်တော်ဂီတအပိုင်းအစတွေ၊ တစ်ကိုယ်တော်ဖန်တီးမှုတွေကိုလေ့ကျင့်ပြီးတော့ တစ်ကိုယ်တော်ဖျော်ဖြေမှုတွေအတွက်စဉ်းစားတယ်။" ဂီတသမားတိုင်းနီးပါး၏အိမ်တွင်အသံသွင်းခြင်းနှင့်ပြန်ဖွင့်ခြင်းဆိုင်ရာကိရိယာများရှိလာခြင်းနှင့်ပတ်သက်၍ သူမဝေဖန်ထောက်ပြသည် “ရုတ်တရက်ဆိုသလို ဂီတသမားတွေဟာ သူတို့ရဲ့ဂီတတူရိယာတွေကို ကျွမ်းကျင်ရုံသာမက အမျိုးအစားတိုင်းမှာလည်းကျွမ်းကျင်ဖို့လိုအပ်လာတယ်။ အသံသွင်းဖို့၊ ထုတ်လွှင့်ဖို့၊ တည်းဖြတ်ဖို့၊ ထုတ်ဝေဖို့နဲ့ တစ်ချိန်တည်းမှာပဲအထောက်အပံ့ငွေရဖို့အတွက် လျှောက်လွှာနှစ်ဆယ်လောက်ကိုရေးရင်းနဲ့ သူတို့ရဲ့ကိုယ်ပိုင်သီချင်းတွေကို ကြော်ငြာ၊ ရေးဖွဲ့ပြီး သံစဥ်တွေကိုလည်းကိုယ်တိုင်တည်းဖြတ်ရတယ်။ ဘာလို့လဲဆိုတော့နောက်ဆုံးကျတော့ ဘယ်သူမှပိုက်ဆံမပေးချင်ကြဘူးလေ။ ဒီလိုလိုအပ်မှု၊ တောင်းဆိုမှုတွေက တစ်ခါတလေကျရင် ကျွန်မကိုဖိစီးမှုတွေဖြစ်စေတယ်။ ပြီးတော့အရှိန်အဟုန်နဲ့လျင်မြန်တိုးတက်နေတဲ့ ဒီမဖြစ်မနေလိုအပ်တဲ့နည်းပညာဆိုင်ရာကိုယ်တိုင်အမှီလိုက်နေရတာတွေကို လိုက်မမှီမှာကျွန်မစိုးရိမ်တယ်။ စကားမစပ် ဒါတွေကလည်းတော်တော်ဆိုးဆိုးဝါးဝါးကိုစျေးကြီးတာလေ။”

ဂီတဝါသနာအိုးများအနေဖြင့် အဆိုပါစကားလုံးများကိုထည့်သွင်းစဥ်းစားသင့်သည် - ဂီတပညာရှင်များအား virtual ရေဒါများနောက်လိုက်မမှီသည့်အခါ သို့မဟုတ် ရေဒါများနှင့်မစတင်သည့်အခါ မေ့မေ့ပျောက်ပျောက်ချောင်ထိုးထားခြင်းများမပြုလုပ်သင့်ပါ။ ကျွန်ုပ်တို့အားလုံးပြန်ဆုံကြမည်ဖြစ်သည်။ နေရာတစ်ခုခုအတွင်း သို့မဟုတ် အပြင်ဘက်တွင်ပြန်လည်စုရုံးကြမည်။ နောက်ခံတွင် လူများ၏စကားစမြည်ပြောသံများကိုနားထောင်ကြမည် သို့မဟုတ် ကျွန်ုပ်တို့ဘေးပတ်လည်တွင်ရှိသည့်သူများကလည်းနားထောင်နေသည်ဟု သတိပြုမိနေသည့်အခိုက်အတန့်ကိုကျေနပ်အားရနေမည်ဖြစ်သည်။ ၄င်းသည် ကျွန်ုပ်တို့၏ပုံစံဖြစ်ပေသည်။