Katharina Grosse
အရောင်များ၏အစွမ်းသတ္တိကိုအသုံးချလျက်

ကြီးမားပြီးထင်ရှားသောအရောင်ဖြင့်ပေါက်ကွဲထွက်နေလျက်။ သူ့လက်ရာ “It Wasn’t Us” အတွင်းမှ အနုပညာရှင် Katharina Gross
ကြီးမားပြီးထင်ရှားသောအရောင်ဖြင့်ပေါက်ကွဲထွက်နေလျက်။ သူ့လက်ရာ “It Wasn’t Us” အတွင်းမှ အနုပညာရှင် Katharina Gross | ဓါတ်ပုံ။ ။ © picture alliance/dpa/Jörg Carstensen

Katharina Grosse သည် အရောင်က ဝတ္ထုပစ္စည်းနှင့်နေရာတို့ကို မည်သို့မည်ဖုံပြောင်းလဲပစ်လိုက်နိုင်သည်နှင့်ပက်သတ်၍စိတ်ဝင်တစားရှိခဲ့၏။ သူမ၏ဧရာမဆေးမှုတ်သေနတ်အနုပညာလက်ရာတို့ကပင် သူမကိုကမ္ဘာ့အကြီးဆုံးပြခန်းများဆီသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
 

(၂၀၂၀) ပြည့်နှစ်၏တစ်ခုသောနွေရာသီတွင် Berlin မြို့ရှိ Hamburger Bahnhof ပြတိုက်သို့ အလည်အပတ်လာသူများသည် ကြီးမားသောအရောင်အသွေးတိုးထွက်မှုများကြောင့်အံ့အားသင့်မှင်သက်ခဲ့ရသည်။ "It Wasn’t Us" ဟုအမည်ရသည့် Katharina Grosse ၏ပြန့်ကျဲနေသော ပန်းပု-ပန်းချီ လက်ရာသည် သမိုင်းဝင်ပြခန်းကြီး၏အကန့်အသတ်နယ်နိမိတ်နံရံများမှပေါက်ကွဲထွက်၍ ပြတိုက်မြေပြင်ပေါ်အထိဖြန့်ကျက်ကာ ကပ်လျက်ရှိ Rieckhallen အဆောက်အဦး၏မျက်နှာစာအထိနေရာယူထားသည်။ “အဆောက်အဦးရဲ့အပြင်ဘက်အထိကိုပန်းချီဆွဲချပစ်မှာ” ဟူသည် ထို Berlin အခြေစိုက်အနုပညာရှင်၏လက်သုံးစကားဖြစ်သည်။

 (၂၀၂၀) ခုနှစ်၊ ဘာလင်ရှိ ပြခန်းခန်းမအပြင်ဘက်သို့ကျော်လွန်၍ ကောင်းမွန်စွာပြောင်းရွှေ့လာသော “It Wasn’t Us” (၂၀၂၀) ခုနှစ်၊ ဘာလင်ရှိ ပြခန်းခန်းမအပြင်ဘက်သို့ကျော်လွန်၍ ကောင်းမွန်စွာပြောင်းရွှေ့လာသော “It Wasn’t Us” | ဓါတ်ပုံ။ ။ © picture alliance/Bildagentur-online/Joko သတင်းပတ်ပေါင်းများစွာတောက်လျှောက် Grosse သည် အဆောက်အအုံအထဲဘက်တွင်မပါဘဲ လဟာပြင်ဘက်သို့ဖြန့်ကျက်ထွက်ရန်လမ်းကြောင်းရှာသည့် ထိုပြန့်ကားနေသောရုပ်စုံမှန်ပြောင်းဆန်ဆန်လက်ရာကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ “Grosse ရဲ့ပန်းချီလက်ရာတွေက နယ်နိမတ်တွေ၊ ဘောင်တွေကိုကျော်လွန်ဖို့ အရောင်ကိုအသုံးချတာ” ဟု Bern တက္ကသိုလ်၏နိုင်ငံရေးမနုဿဗေသဆိုင်ရာပါမောက္ခ Julia Eckert ကရှင်းပြသည်။ “သူက နယ်နိမိတ်ဇုန်တွေကို ဆက်စပ်စဉ်းစားရမဲ့အကြောင်းအရာအသစ်တွေနဲ့ အစားထိုးထပ်ရေးလိုက်တာ။ အရင်က အဲ့မှာရှိနေတာကတော့ မပျောက်သွားဘူး။ အဓိပ္ပါယ်ဆုံးရှုံးလိုက်ရတဲ့အတိတ်ရဲ့သဲလွန်စတစ်ခုအနေနဲ့တော့ မြင်သာအောင်ကျန်နေသေးတယ်။ ဖြစ်စဉ်ရဲ့တစ်ပိုင်းတစ်စအနေနဲ့ကတော့ တခြားဆန်းဆန်းပြားပြားအရာတွေပေါ်ထွက်လာတာပဲ။”
​​​​

ဆေးမှုတ်သေနတ်၏ဖိအားကိုအသုံးချခြင်း

”It Wasn’t Us” သည် Grosse ၏အတိုင်းအတာကြီးကြီးမားမားအားဖြင့်ပန်းချီဆွဲခြင်းနယ်ပယ်သို့ ချည်းနင်းဝင်ရောက်လာသည့်ပွဲဦးထွက်ခြေလှမ်းမဟုတ်ပါ။ (၂၀၁၆) ခုနှစ်တွင် သူမသည် များစွာသောအကြီးစားဆေးရောင်စုံဘောင်ကွက်ပန်းချီကားများကို Baden-Baden ရှိ Frieder Burda ပြတိုက်တွင်ခင်းကျင်းပြသခဲ့သည်။ သူမသည် လက်ရာများကိုဖန်တီးရန် ဖိအားသုံးဆေးမှုတ်သေနတ်ကို အဓိကအားထားခဲ့ပြီး လက်ရာတချို့မှာ (၃၀) စတုန်ရန်းမီတာပတ်လည်အထိအရွယ်ရှိသည်။ “ကျွန်မ အပြင်းအထန်အာရုံစိုက်ပြီးမေးတဲ့မေးခွန်းမျိုးတွေက။    ။ ဒီနေ့ခေတ်မှာပန်းချီကားတစ်ချပ်ဆိုတာဘယ်လိုပုံစံရှိနိုင်သလဲ။ အလျား၊ အနံ၊ အမြင့် ရှုထောင့်တွေကဘယ်လိုဖြစ်နိုင်လဲ။ အဲ့အထဲမှာ ဘယ်လို ဆက်စပ်တွေးလို့ရမဲ့အကြောင်းအရာတွေ ထည့်မြှုပ်နှံပြီးရေးလို့ရမလဲ။” ဟု သူမက Deutschlandfunk ကို ထိုစဉ်ကပြောသည်။ အခန်းတစ်ခုလုံး (သို့မဟုတ်) အပြင်ဘက်နေရာတစ်ခုလုံးကို အနုပညာလက်ရာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းသည် Grosse အဖို့ အသစ်အဆန်းကြီးတော့မဟုတ်လှပါ။ သူမသည် ကိုယ်ပိုင်အိမ်များ၊ စားသောက်ဆိုင်များနှင့် လှေကားခွင်များအပါအဝင် မြေစာအပိုင်းအစများ (သို့မဟုတ်) မြေစာပုံကြီးများအတွက် ဆေးသုတ်ဆေးခြယ်ခြင်းဝန်ဆောင်မှုမျိုးပေးဖူးသည်။ “ပန်းချီကားအကြီးကြီးရဲ့ (ဒါမှမဟုတ်) ပန်းချီရဲ့နေရာဒေသတစ်ခုလုံးကို အဓိပ္ပါယ်ဖွင့်ပေးနိုင်စွမ်း၊ ဗိသုကာတစ်ခုအဖြစ်ရွေ့ပြောင်းသွားနိုင်စွမ်းတွေက ကျမအတွက်တော့ တကယ်ကိုအံ့အားသင့်စိတ်ဝင်စားစရာပါပဲ။”
အမေရိကန်ပြည်ထောင်စုရှိ နယူးယော့ခ်ကမ်းခြေတစ်ခုတွင် ဟာရီကိန်း Sandy ၏ဖျက်ဆီးခြင်းခံရသည့် စစ်အခြေစိုက်စခန်းတစ်ခုမှ Katharina Grosse ၏အင်စတော်လေးရှင်းလက်ရာတစ်ခု။ ပန်းရောင်နှင့်အနီရောင်ဆေးခြယ်ထားသော အိမ်၏ပုံရိပ်သည် လအနည်းငယ်အတွင်းမှာပင် ထောင်သောင်းချီသော ဒေါင်းလုတ်များဖြင့် Instagram တွင် တရှိန်ထိုးကျော်ကြားလာခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ နယူးယော့ခ်ကမ်းခြေတစ်ခုတွင် ဟာရီကိန်း Sandy ၏ဖျက်ဆီးခြင်းခံရသည့် စစ်အခြေစိုက်စခန်းတစ်ခုမှ Katharina Grosse ၏အင်စတော်လေးရှင်းလက်ရာတစ်ခု။ ပန်းရောင်နှင့်အနီရောင်ဆေးခြယ်ထားသော အိမ်၏ပုံရိပ်သည် လအနည်းငယ်အတွင်းမှာပင် ထောင်သောင်းချီသော ဒေါင်းလုတ်များဖြင့် Instagram တွင် တရှိန်ထိုးကျော်ကြားလာခဲ့သည်။ | ဓါတ်ပုံ။ ။ © picture alliance / Christina Horsten / dpa

ဆုရအနုပညာရှင်၊ တက္ကသိုလ်တိုင်းကအလိုရှိနေသည့်ပါမောက္ခ

Freiburg im Breisgau မြို့တွင်မွေးဖွားပြီး သူမသည် အနုပညာပညာရပ်များကို Münster နှင့် Düsseldorf တို့တွင် သင်ယူခဲ့သည်။ ယနေ့၌မူ သူမ၏လက်ရာများကို Boston ရှိ Museum of Fine Arts ပြတိုက်၊ Baltimore Museum of Art ပြတိုက်၊ Biennale di Venezia ပြတိုက်နှင့် New York ရှိ Fort Tilden ပန်းခြံမှ MoMA’s PS1 Rockaway! အစီအစဉ်တို့အပါအဝင် နိုင်ငံတကာအနုပညာပြခန်းများတွင် ခင်းကျင်းပြသထားသည်။

Grosse သည် Villa Romana Prize ဆု၊ the Karl Schmidt-Rottluff Fellowship ဆု၊ the Fred Thieler Prize ဆု နှင့် the Oskar Schlemmer Prize ဆုတို့ကိုချီးမြှင့်ခြင်းခံခဲ့ရသည်။ သူမသည် Olevano မြို့ရှိ Casa Baldi ယဉ်ကျေးမှုစင်တာ၊ Paris မြို့ရှိ Cité Internationale des Arts ယဉ်ကျေးမှုစင်တာ၊ Rome မြို့ရှိ Villa Massimo တက္ကသိုလ်တို့၏ပညာသင်ဆုထောက်ပံ့ခြင်းရွေးချယ်ရေး (၂၀၂၀-၂၀၂၃) အတွက်အကဲဖြတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ဂျာမနီအစိုးရမှရွေးချယ်ခြင်းကို ခံခဲ့ရသည်။ (၂၀၀၀) ခုနှစ်မှ (၂၀၀၉) ခုနှစ်အထိ Weißensee Art Academy Berlin တက္ကသိုလ်တွင်ပါမောက္ခရာထူးကိုယူခဲ့ပြီး (၂၀၁၀) မှ (၂၀၁၈) ခုနှစ်အထိ၌မူ  Art Academy Düsseldorf အနုပညာကျောင်းတွင်ပါမောက္ခအဖြစ်ရှိခဲ့သည်။