သတင်းမီဒီယာအခန်းကဏ္ဍအတွင်းမတူကွဲပြားမှုများ
ရည်ရွယ်ချက်ကောင်းရုံမျှဖြင့်မလုံလောက်ပါ။

“ငါ့မိဘတွေက အီရတ်ကလာတယ်။ ဒါအတွက်မင်းတို့မှာပြဿနာရှိလို့လား။” လို့ Dunja Hayali က ပြောင်းရွှေ့နေထိုင်တဲ့နောက်ခံရှိတဲ့ သတင်းထောက်အနေနဲ့ (၂၀၁၅) မှာ Pegida က ရွှေ့ပြောင်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှပါဝင်သူတွေကိုအင်တာဗျူးတုန်းက မေးခဲ့ပါတယ်။ ဒီနေရာက ကိုလုံးမြို့မှာ (၂၀၁၉) ကသူမရဲ့စာအုပ် “Haymatland – How do we want to live together?” အကြောင်းဆွေးနွေးပွဲ။
“ငါ့မိဘတွေက အီရတ်ကလာတယ်။ ဒါအတွက်မင်းတို့မှာပြဿနာရှိလို့လား။” လို့ Dunja Hayali က ပြောင်းရွှေ့နေထိုင်တဲ့နောက်ခံရှိတဲ့ သတင်းထောက်အနေနဲ့ (၂၀၁၅) မှာ Pegida က ရွှေ့ပြောင်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှပါဝင်သူတွေကိုအင်တာဗျူးတုန်းက မေးခဲ့ပါတယ်။ ဒီနေရာက ကိုလုံးမြို့မှာ (၂၀၁၉) ကသူမရဲ့စာအုပ် “Haymatland – How do we want to live together?” အကြောင်းဆွေးနွေးပွဲ။ | ဓါတ်ပုံ။ ။ © picture alliance/Geisler-Fotopress/Christoph Hardt

လူနည်းစု လူမျိုးစုနောက်ခံအသိုင်းဝိုင်းမှလာသည့် သို့မဟုတ် ချို့တဲ့နိမ့်ပါးသော လူမှုပတ်ဝန်းကျင်မှလာသည့် သတင်းထောက်အရေအတွက်မှာအလွန်ကိုနည်းပါးသည်။ သတင်းမီဒီယာလုပ်ငန်းနယ်ပယ်တွင် မတူကွဲပြားမှုများရှိသင့်သလောက်အလုံအလောက်မရှိခြင်းကို တခြားသူများထက် မီဒီယာကျွမ်းကျင်ပညာရှင်များအပါအဝင် ကိုယ်တိုင်က ပြဿနာတစ်ခုအဖြစ်ရှုမြင်လာကြပြီဖြစ်၏။ သို့သော် အယ်ဒီတာဌာနသို့ ပိုမိုမတူကွဲပြားမှုများကိုဆောင်ယူလာခြင်းငှာ မည့်သို့မည်ဖုံအောင်မြင်အောင်ပြုလုပ်နိုင်ပါအံ့နည်း။ သတင်းထောက်ကွန်ရက်တစ်ခုဖြစ်သည့် “Neue deutsche Medienmacher*innen” က တိကျလှသည့်နည်းနာနိဿယများကိုညွန်းပေးထားပါသည်။

(၈) နှစ်အကြာ သဘာပတိအဖြစ်လုပ်ကိုင်ပြီးနောက် သတင်းထောက် Sheila Mysorekar သည် ယခု Neue deutsche Medienmacher*innen (NdM) ၏ဒါရိုက်တာအဖွဲ့တွင်ပါဝင်လာခဲ့သည်။ (၈) နှစ်အကြာ သဘာပတိအဖြစ်လုပ်ကိုင်ပြီးနောက် သတင်းထောက် Sheila Mysorekar သည် ယခု Neue deutsche Medienmacher*innen (NdM) ၏ဒါရိုက်တာအဖွဲ့တွင်ပါဝင်လာခဲ့သည်။ | ဓါတ်ပုံ။ ။ © Brigitta Leber Ms. Mysorekar ခင်ဗျာ။ ခင်ဗျားအနေနဲ့  “Neue deutsche Medienmacher*innen” (New German Media Professionals; NdM) ရဲ့ ဥက္ကဌရာထူးကို နှစ်တွေအများကြီး အချိန်အတော်ကြာထမ်းဆောင်ခဲ့တဲ့အပြင် ဒီကွန်ရက်ထဲမှာလည်း ဦးစွာပထမစတင်ကြကတည်းက ပါဝင်ခဲ့တဲ့သူတစ်ဦးဖြစ်တယ်ပေါ့နော်။ ဆိုတော့ NdM ဆိုတာဘယ်သူတွေလဲ။ သူတို့က ဘယ်လို ဘယ်ပုံမျိုးနဲ့ စုစည်းမိခဲ့ကြတာလဲ။

ကျွန်မတို့က မီဒီယာကျွမ်းကျင်ပညာရှင်တွေဖြစ်ပါတယ်။ သီးသန့်သဘောမျိုး မဟုတ်ပေမဲ့ အဓိကအားဖြင့်တော့ အဖွဲ့ဝင်တွေဟာ နိုင်ငံရွှေ့ပြောင်းရာဇဝင်ရှိတဲ့ မိသားစုတွေကလာကြတဲ့သူတွေများပါတယ်။ ပြီးတော့ ကျမတို့က ပိုမိုတဲ့မတူကွဲပြားမှုမျိုးတွေကိုတောင့်တနေကြတာပါ။ လွန်ခဲ့တဲ့ဆယ်နှစ်က ဒီအဖွဲ့အစည်းကိုစတင်တည်ထောင်စဉ်မှာလည်း နိုင်ငံတကာရွေ့ပြောင်းမှတ်တမ်းရှိတဲ့ သတင်းထောက်တွေအနေနဲ့ ကျမတို့ဟာ မကြာခဏဆိုသလို အယ်ဒီတာနဲ့ဆိုင်တဲ့ဝန်ထမ်းတွေကြားမှာ သီးခြားဖြစ်နေသလိုခံစားကြရတဲ့အတွက် တစ်ယောက်ကိုတစ်ယောက်ဖေးမကြဖို့ကို ဆန္ဒရှိခဲ့ပါတယ်။

သတင်းမီဒီယာအခန်းကဏ္ဍအတွင်းက ပိုမိုတဲ့မတူကွဲပြားမှု။ ဒါကို NdM အနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ပါသလဲ။

အယ်ဒီတာနဲ့ဆိုင်တဲ့တာဝန်တွေမှာဝန်ထမ်းအမျိုးစုံပါဝင်ဖို့ပါပဲ။ ဒါပေမဲ့ တခြားမီဒီယာကိုယ်စားပြုမှု၊ မီဒီယာဆိုင်ရာ အကြောင်းအရာခေါင်းစဉ်တွေနဲ့ မီဒီယာရှုထောင့်တွေမှာလည်း ဒါမျိုးတွေလိုအပ်တာပေါ့နော်။ ကုန်ကုန်ပြောရရင်တော့ ကောင်းမွန်တဲ့စာနယ်ဇင်းပညာရပ်တစ်ခုဖြစ်လာဖို့ပေါ့။ ကျမတို့က မတူကွဲပြားမှုတွေရှိနေတဲ့လူ့ပတ်ဝန်းကျင်မှာ နေထိုင်နေရပေမဲ့ အယ်ဒီတာအဖွဲ့တွေကတော့ မကြာခဏဆိုသလို အရမ်းကိုတစ်သတ်မတ်တည်းဖြစ်တယ်။ မတူကွဲပြားမှုကို ထင်ဟပ်တဲ့အသံတွေကိုမကြားကြရဖူးဆိုရင် ဒါဟာ သတင်းတွေကိုအစီရင်ခံတင်ပြခြင်းမှာ အရေးပါတဲ့လက္ခဏာရပ်တွေပျောက်ဆုံးနေခြင်းဖြစ်တယ်။ ဒါဟာ ပူးပေါင်းပါဝင်ခြင်းအကြောင်းတစ်စိတ်တစ်ဒေသလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ အားလုံးဟာ သတင်းအချက်အလက်တွေကို မပြည့်မစုံပဲ ခနော်ခနဲ့သာသိနေရမယ်ဆိုရင် အကျိုးသက်ရောက်မှာက လူနည်းစုတွေအပေါ်ကိုတင်ပဲမဟုတ်ပါဘူး။

NdM အနေနဲ့ မကြာမကြာဆိုသလိုဖြစ်ပွားနေခဲ့တဲ့အဖြစ်အပျက်တွေအပေါ်မှာ သတင်းမီဒီယာများက အကြောင်းအရာခေါင်းစဉ်တွေကို အစီရင်ခံတင်ပြပုံတင်ပြနည်းတွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားဝေဖန်ခဲ့တာတွေရှိတယ်ပေါ့နော်။ ရာဇဝတ်မှု၊ လှုမှုပတ်ဝန်းကျင်နဲ့ပင်လယ်ရပ်ခြားနဲ့ဆိုင်တဲ့အဖြစ်ပျက်တွေနဲ့ဆက်စပ်ပြီးတော့ပေါ့။ NdM က စာနယ်ဇင်းသမားတွေကိုယ်တိုင်အထဲမှာကို ပိုမိုတဲ့မတူကွဲပြားမှုတွေရှိလာဖို့ကိုလည်းအားပေးချင်တယ်ပေါ့။ ဒါတွေကိုစွမ်းဆောင်နိုင်ဖို့အတွက် NdM အဖွဲ့သားတွေအနေနဲ့ ဘယ်လိုများကြိုးပမ်းနေပါသလဲ။

ဥပမာအားဖြင့်။    ။ကျမတို့အနေနဲ့ အခုဆို ဒီလောကထဲမှာအခြေကျပြီးသားစာနယ်ဇင်းသမားကြီးတွေကနေပြီးမှ နိုင်ငံရွှေ့ပြောင်းမိသားစုတွေထဲကဖြစ်တဲ့ တက်သစ်စစာနယ်ဇင်းသမားတွေကို သူတို့လေးတွေရဲ့အသက်မွေးဝမ်းကြောင်းကိုတည်ဆောက်တဲ့အခါ အထောက်အပံ့ပေးတဲ့လမ်းညွှန်မှုအစီအစဉ်တစ်ခုလောလောဆယ်ရှိတယ်ပေါ့နော်။ ဒီမီဒီယာလောကမှာဆိုလို့ရှိရင် အဆက်အသွယ်ကတော်တော်ကိုအရေးကြီးပါတယ်။ နိုင်ငံရွှေ့ပြောင်းမိသားစုတွေကလာတဲ့ကလေးတွေအနေနဲ့ ဒီလိုအခွင့်အရေးမျိုးမရကြပါဘူး။ ကျမတို့ရဲ့ကမ္ဘာကြီးအပေါ် မြင်တဲ့အမြင်ကို မီဒီယာကပဲပုံဖော်ပေးတာဖြစ်ပါတယ်။ အကယ်၍သာ အယ်ဒီတာနဲ့ဆိုင်တဲ့ဝန်ထမ်းတွေဟာ မတူကွဲပြားတဲ့သူတွေဖြစ်နေမယ်ဆိုရင် မတူညီတဲ့လူနေမှုပတ်ဝန်းကျင်တွေအပေါ်  ပိုမိုတဲ့ထိုးထွင်းသိမြင်မှုတွေကိုရရှိလာမှာပါ။ ဆိုလိုတာက မီဒီယာရဲ့လုပ်ဆောင်နိုင်မှုက သည့်ထက်ပိုတိုးမြင့်လာမယ်ဆိုတဲ့သဘောပါပဲ။
သူ့ဇာတိသည် အမြဲဆွေးနွေးဖို့အကြောင်းအရာတစ်ရပ်ဖြစ်ခဲ့ပြီး သူ့ကြောင်းသတင်းဖော်ပြချက်များလည်းအမြဲတစေရှိနေသည်။ ဂရိမှပြောင်းရွှေ့လာသူတို့၏သမီး Linda Zervakis က ဂျာမနီ၏ရှေးအကျဆုံးနှင့် အရေးအပါဆုံးသော “Tagesschau” သတင်းအစီအစဉ်တွင်တင်ဆက်နေသည်။ (၂၀၁၃) မှ (၂၀၂၁) အထိ။ သူ့ဇာတိသည် အမြဲဆွေးနွေးဖို့အကြောင်းအရာတစ်ရပ်ဖြစ်ခဲ့ပြီး သူ့ကြောင်းသတင်းဖော်ပြချက်များလည်းအမြဲတစေရှိနေသည်။ ဂရိမှပြောင်းရွှေ့လာသူတို့၏သမီး Linda Zervakis က ဂျာမနီ၏ရှေးအကျဆုံးနှင့် အရေးအပါဆုံးသော “Tagesschau” သတင်းအစီအစဉ်တွင်တင်ဆက်နေသည်။ (၂၀၁၃) မှ (၂၀၂၁) အထိ။ | ဓါတ်ပုံ။ ။ © picture alliance/ZB/Karlheinz Schindler အဲ့သည်တော့ အသိပညာပေးမှုလုပ်ငန်းတွေ အများကြီးပါဝင်ဖို့လိုအပ်တယ်ဆိုတဲ့သဘောပေါ့နော်

ဟုတ်ပါတယ်။ BBC ရဲ့ 50:50 Equality Project က အသိပညာပေးမှုကိုဘယ်လိုဖန်တီးပေးနိုင်လဲ ဆိုတာရဲ့ဥပမာကောင်းတစ်ခုပါပဲ။ တစ်ပတ်တာအတွက် သတင်းထောက်တိုင်းက သူတို့ရေးတဲ့အကြောင်းအရာတွေထဲမှာ အမျိုးသမီးအရေအတွက်ဘယ်နှစ်ယောက်နေရာယူပါဝင်လဲဆိုတာကို ရေတွက်ဆန်းစစ်ကြပါတယ်။ အမျိုးသမီးဘယ်နှစ်ယောက်ကို အင်တာဗျူးခဲ့လဲ။ အမျိုးသမီးဘယ်နှစ်ယောက်ကိုများ အဓိကဇာတ်ဆောင်အဖြစ်ရွေးချယ်ခဲ့လဲ စသဖြင့်။ ပြီးတာနဲ့ တစ်ခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ ရလာတဲ့ရလဒ်တွေနဲ့ ယှဉ်ကြည့်ကြပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ အသိပညာပေးမှု မြင့်တက်လာတဲ့အတွက် မီဒီယာကဏ္ဍမှာ ပိုမိုတဲ့အမျိုးသမီးတွေ တစ်ဟုန်ထိုးပါဝင်လာခဲ့ကြတာပါပဲ။ လူနည်းစုလူမျိုးတွေအတွက်လည်း အလားတူတဲ့နည်းလမ်းမျိုးနဲ့လုပ်ဆောင်လို့ရပါတယ်။ ဒါမှမဟုတ် တခြားကိုယ်စားပြုမှုကင်းမဲ့နေတဲ့ အစွန်အဖျား အစွယ်အပွားအုပ်စုတွေအတွက်လည်း ဒါမျိုးလုပ်လို့ရပါတယ်။ နိုင်ငံရွေ့ပြောင်းလာသူဘယ်နှစ်ယောက်၊ အလုပ်သမားလူတန်းစားကကလေးဘယ်နှစ်ယောက်၊ အရှေ့ဂျာမနီသားတွေ သို့မဟုတ် အမျိုးသမီးတွေဘယ်နှစ်ယောက်ကများ ဆောင်းပါးတွေထဲဖော်ပြတာကိုခံရဖူးပါသလဲ။ ကိုယ်ကိုယ်တိုင်ရော အဲ့လိုလူအမျိူးစားဘယ်နှစ်ယောက်ကိုများအင်တာဗျူးခဲ့ဖူးသလဲ။ ဒီလိုချဉ်းကပ်မှုမျိုးကို မတူညီတဲ့အဆင့်တွေမှာ မတူကွဲပြားမှုတွေကိုမြှင့်တင်ဖို့အတွက် သုံးလို့ရပါတယ်။
 
တစ်ခြား ဘာထပ်ပြီး လိုအပ်တာမျိုးရော ရှိဦးမလဲ။

ဒါကို စီမံခွဲမှုပိုင်းကလည်း ကိုင်တွယ်ပြီးပံ့ပိုးပေးဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ ပုံသေရည်မှန်းထားတာတွေဟာ တိတိကျကျဖြစ်ဖို့လိုပါတယ်၊၊ ရည်ရွယ်ချက်ကောင်းရုံနဲ့ မလုံလောက်ပါဘူး။ ဒါကို အမျိုးသမီးတွေကိုဘုတ်အဖွဲ့ဝင်အခန်းတွေထဲခေါ်သွင်းဖို့ကြိုးပမ်းခဲ့ကြတာကိုကြည့်ရင်လည်း အထင်အရှားမြင်သာပါတယ်။ အချိန်ကြာကြီးယူပြီး အတော်လေးကြမ်းတမ်းတဲ့ခရီးပါ။ လူနည်းစုတွေဟာ (၃၀) ရာခိုင်နှုန်းရဲ့အရေးပါတဲ့အဖွဲ့တွေထဲအထိရောက်လာတဲ့အခါကျမှ ကုမ္ပဏီတွေမှာအပြောင်းအလဲဖြစ်ပါတယ်။ ဒါအားလုံးသိတဲ့အတိုင်းပါပဲ။

 
ဒါဆို မတူကွဲပြားမှုကင်းမဲ့နေတာကို ပြဿနာလို့တောင်ယူဆလို့ရတာပေါ့။

အမှန်ပါပဲ။ NdM အနေနဲ့ မကြာသေးခင်ကပဲ ပိုပြီးတော့မတူကွဲပြားမှုတွေဖြစ်လာဖို့လိုလားတဲ့ မီဒီယာတိုက်တွေအတွက် Diversity Guide လို့အမည်ရတဲ့ လမ်းညွှန်ချက်တစ်ခုကိုယူဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ မီဒီယာတိုက်တွေက တောင်းဆိုမှုကအရမ်းကိုကြီးတဲ့အတွက် ကျမတို့တကယ်ကိုမနိုင်မနင်းဖြစ်ရပါတယ်။ လူတော်တော်များများက ထပ်ဆောင်း အကြံပေးချက်တွေကိုလည်းလိုချင်ကြပါသေးတယ်။ ဆိုတော့ ပြဿနာရှိနေတာကိုတော့ အားလုံးကဝန်ခံ၊ လက်ခံလာကြပြီ။ ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ အဆုံးအဖြတ်ဖြစ်စေတဲ့အရာက ဘာလဲဆိုတော့ သင့်ရဲ့မီဒီယာတိုက်မှာ မတူကွဲပြားမှုတွေပိုရှိနေမယ်ဆို သင်ဟာမတူညီတဲ့ပရိသတ်တွေကိုပစ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့်လူငယ်တွေကိုပေါ့။ သူတို့အနေနဲ့ တီဗီအစီအစဉ်ပွဲတွေက ဒီတူညီတဲ့အသက်ကြီးကြီးလူဖြူကြီးကိုပဲအမြဲပွဲထုတ်နေတာက အံ့ဖွယ်ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ သူတို့က ပိုပြီးတော့မတူကွဲပြားတဲ့မျက်နှာသစ်တွေနဲ့ အကြောင်းအရာတွေကိုမြင်ချင်ကြမှာပါ။ တကယ်လို့ အနာဂတ်အတွက်ပြင်ဆင်ထားချင်တယ်ဆိုရင် မတူကွဲပြားမှုတွေကိုလက်ခံပွေ့ဖက်ဖို့လိုပါတယ်။
 
ဆိုတော့ ဒါက ဘယ်ပရိသတ်တွေကို ရည်ရွယ်သလဲဆိုတာလိုမျိုးပဲလား။

BBC Project က မီဒီယာတွေမှာ အမျိုးသမီးတွေများများပိုပါလေ အမျိုးသမီးတွေများများပိုကြည့်လေ၊ နားထောင်လေဆိုတာ ပြခဲ့ပြီးဖြစ်ပါတယ်။ ဆိုတော့ မတူကွဲပြားမှုတွေရှိလာဖို့ဆိုတာကောင်းတဲ့အရာတစ်ခုမို့လို့ ဒါမှမဟုတ် နိုင်ငံရေးသဘောအရမှန်ကန်လို့ဆိုတာတွေထက်ကို အောင်ကိုအောင်မြင်ရမယ့်ကတိတစ်ခုပါ။ ဒါဟာ ပရိသတ်အသစ်တွေကို ပစ်မှတ်ထားရရှိဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်လူငယ်တွေပေါ့။ ဂျာမန်တွေရဲ့လေးပုံတစ်ပုံဟာ ရွေ့ပြောင်းနေထိုင်မှုနောက်ခံရှိပါတယ်။ လူငယ်ဦးရေနဲ့ မြို့ကြီးပြကြီးတွေကိုပဲကြည့်မယ်ဆို လူဦးရေရဲ့တစ်ဝက်ကျော်ကျော်ဖြစ်နေတာကိုတောင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ဘယ်လိုမှလူနည်းစုလို့ ပြောလို့မရတော့ပါဘူး။ မီဒီယာကုမ္ပဏီကြီးတွေနဲ့သတင်းစာငယ်လေးလိုတွေအဖို့ မတူကွဲပြားမှုကိုလက်ခံဖို့ ယုံကြည်နိုင်လောက်စေတဲ့အကြောင်းပါပဲ။ ဒါကြောင့်ပဲ  တောင်းဆိုမှုကအလွန်ကိုများနေတာပါ။ ကျွန်မတို့က မတူကွဲပြားမှုတွေကို ဒီနည်းနဲ့ကိုယ်စားပြုနေတဲ့ဂျာမနီကတစ်ခုတည်းသောအဖွဲအစည်းပါပဲ။
 
အစီရင်ခံသတင်းတွေမှာပါတဲ့ အကြောင်းအရာ အတိအကျကလည်း အရေးကြီးမှာပေါ့။ ဟုတ်တယ်မလား။

မှန်တာပေါ့ရှင်။ ပိုပြီးတော့ပုံမှန်ဖြစ်ဖို့ လိုအပ်တာပေါ့။ ရွေ့ပြောင်းလာတဲ့လူတွေဆိုရင် မှုခင်းသတင်းတွေနဲ့ပဲတွဲတွဲပြီးမြင်ကြတာများတယ်လေ။ ဒါပေမဲ့ တခြားကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေကိုကြားရဖို့ကလည်း အရေးကြီးပါတယ်။ စက်ဘီးပတ်လမ်းတွေအကြောင်းပဲဖြစ်ဖြစ်၊ ဗိသုကာစီမံကိန်းတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် ကလေးသူငယ်စောင့်ရှောက်ရေးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပါ။
လွန်ခဲ့သော ဆယ်နှစ်က နိုင်ငံရွှေ့ပြောင်းအခြေချသူနောက်ခံနှင့် သတင်းထောက်များသည် ထပ်ခါထပ်ခါချန်လှပ်ထားခံရသောကြောင့် သူတို့၏နယ်ပယ်တွင် ရံဖန်ရံခါဖယ်ကျဉ်ခြင်းခံရသည်။ Die Zeit သတင်းထောက် Alice Bot ၊, Khue Pham နှင့် Özlem Topcu (ဘယ်မှညာ) သည် သူတို့၏စာအုပ် “Wir neuen Deutschen” (ကျွန်ုပ်တို့ ၊ဂျာမန်အသစ်များ။) ကို (၂၀၁၂) တွင် ထုတ်ဝေခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်က နိုင်ငံရွှေ့ပြောင်းအခြေချသူနောက်ခံနှင့် သတင်းထောက်များသည် ထပ်ခါထပ်ခါချန်လှပ်ထားခံရသောကြောင့် သူတို့၏နယ်ပယ်တွင် ရံဖန်ရံခါဖယ်ကျဉ်ခြင်းခံရသည်။ Die Zeit သတင်းထောက် Alice Bot ၊, Khue Pham နှင့် Özlem Topcu (ဘယ်မှညာ) သည် သူတို့၏စာအုပ် “Wir neuen Deutschen” (ကျွန်ုပ်တို့ ၊ဂျာမန်အသစ်များ။) ကို (၂၀၁၂) တွင် ထုတ်ဝေခဲ့သည်။ | ဓါတ်ပုံ။ ။ © picture alliance/dpa/Jens Boldt/Rowohlt ဘာသာစကားကကော ဘယ်လိုအခန်းကဏ္ဍကပါဝင်မလဲ။

ဘာသာစကားကနေတစ်ဆင့် ထင်ထင်ရှားရှားကိုဖော်ပြကြတဲ့ပုံသေကားချပ်အမြင်များစွာလည်းရှိနေဆဲပါ။ လူဖြူတစ်ယောက် သူမိသားစုအပေါ် လူသတ်မှုကျူးလွန်လိုက်တာဆိုရင် ဒါဟာ “ရင်နင့်ဖွယ် မိသားစု ဖြစ်ရပ်” လေးပါ။ တကယ်လို့ သူကသာတူရကီအနွယ်ဖွားဖြစ်နေမယ်ဆိုရင် ဒါဟာ “ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှု” ပါ။ ဒီလိုအဖြစ်အပျက်ဇာတ်လမ်းတွေကို ဘက်လိုက်ခွဲခြားမှုမရှိဘဲ ဘယ်လိုမျိုးများတင်ပြနိုင်ပါမလဲ။ ကျွန်မတို့ရဲ့အစောဆုံး ပရောဂျက်တွေထဲကတစ်ခုကတော့ “ဝေါဟာရ” ပါပဲ။ အယ်ဒီတာနဲ့ဆိုင်တဲ့ဝန်ထမ်းတွေအတွက် နေ့စဉ်အသုံးပြုတဲ့စကားလုံးတွေကို တည့်မတ်ထိန်းကျောင်းလမ်းညွှန်ပေးတာမျိုးပေါ့။ NSU အဖြစ်အပျက်သတင်းပေးပို့ချက်ကိုတုန့်ပြန်တဲ့အနေနဲ့ပေါ့။ သတင်းစာဆရာတွေဟာ “Dönermorde” (kebab killings) အကြောင်းကို ဒါကနာဇီတွေရဲ့လက်ချက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်တာအတော်ကြာအထိ ဆက်ပြီးတော့ရေးသားဖော်ပြနေခဲ့ကြပါတယ်။ အကြောင်းအရာတွေကို အမျိုးမျိုးပုံဖော်နိုင်ပါတယ်။ ဆရာများသမဂ္ဂနဲ့ ရဲတွေအပါအဝင်လူတော်တော်များများက ကျွန်မတို့ရဲ့ဝေါဟာရတွေကိုစိတ်ဝင်တစားရှိကြပါတယ်။ အဆိုးမြင်တဲ့ပုံသေကားချပ်အမြင်တွေကိုပဲ ထပ်တလဲလဲ အဆက်မပြတ်ဖော်ပြနေမယ်ဆိုရင် ဒါဟာလူနည်းစုကို ဆန့်ကျင်ခွဲခြားဆက်ဆံမှုကို အားပေးအားမြှောက်ပြုရာကျပါတယ်။ တစ်ပါးသူတွေရဲ့ပုံရိပ်အပေါ်ကိုထင်ယောင်ထင်မှားဖြစ်စေပြီး လူမှုပတ်ဝန်းကျင်ကသဟဇာတဖြစ်နေတာကိုလည်းအန္တရာယ်တွင်းကိုပို့ချလိုက်သလိုပါပဲ။ ဒါကလူ့ပတ်ဝန်းကျင်တစ်ခုလုံးအတွက်မကောင်းပါဘူး။
 
ကျွန်တော်တို့ဒါကိုဘယ်လိုပြောင်းလဲပစ်နိုင်မလဲ။

ကျွန်မတို့ အယ်ဒီတာနဲ့ဆိုင်တဲ့အခန်းတွေထဲကိုသွားပါတယ်။ သူတို့ရဲ့ထုတ်ဝေမှုတွေကိုဝေဖန်ပါတယ်။ ဆွေးနွေးကြပါတယ်။ “အစ္စလာမ်ဇာတ်သွင်းခြင်း” လိုမျိုး အစွန်းရောက်လက်ယာနိုင်ငံရေးသမားတွေကစတင်ခေါ်ဝေါ်ခဲ့တဲ့စကားလုံးတွေဆိုရင် အခုဆိုပုံမှန်လိုတောင်ဖြစ်လာပါပြီ။ မီဒီယာတိုက်တွေက ကျွန်မတို့ရဲ့လုပ်ဖော်ကိုင်ဖက်အတော်များများတောင်သတိမမူမိကြပါဘူး။ ဒါကခက်ခဲစေပါတယ်။
 
ဒါဆို ဂျာမနီက မီဒီယာကဏ္ဍအတွင်းကမတူကွဲပြားမှုနဲ့ပတ်သက်ပြီး အထူးခက်ခဲတဲ့အချိန်တစ်ခုကိုဖြတ်သန်းနေရတယ်လို့ဆိုနိုင်သလား။

ဂျာမနီဟာ ခေတ်နောက်ပြန်ဆွဲကျန်ရစ်နေခဲ့တာမြင်သာပါတယ်။ United Kingdom တို့ ၊ USA တို့မှာဆိုရင် မတူကွဲပြားမှုဟာစကားထဲထည့်ပြောစရာမလိုလောက်အောင်အခြေအနေကိုဖြစ်နေပါပြီ။ တကယ်လည်း သူတို့ကစံနှုန်းတွေနဲ့ကိုက်ညီနေစေဖို့ အတိအလင်းကျိန်းသေအောင်လုပ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ သတင်းတင်ဆက်သူတစ်ယောက်အတွက် ဟီဂျဘ်ခေါင်းစွပ်ဝတ်ထားတာကအထူးအဆန်းဖြစ်မနေတော့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒီမှာကတော့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကတောင် လူငယ်ပရိသတ်တွေကို အမြဲရည်ရွယ်ပါတယ်ဆိုပြီး Afro-German အစီအစဉ်တင်ဆက်သူတွေကိုပထမဆုံးခန့်ခဲ့တာဟာ ပုဂ္ဂလိကတီဗီရုပ်သံလိုင်းတွေပဲဖြစ်နေတာပါပဲ။
Khola Maryam Huebsch ၊ ခေါင်းဆောင်းဝတ်ဆင်ထားသောသတင်းထောက်တစ်ဦး။ UK နှင့် USA တို့တွင် အချိန်အတော်ကြာကတည်းက ပုံမှန်လိုဖြစ်နေခဲ့သောတစ်စုံတစ်ရာသည် ဂျာမနီတွင် ချွင်းချက်ဖြစ်နေဆဲပင်။ Khola Maryam Huebsch ၊ ခေါင်းဆောင်းဝတ်ဆင်ထားသောသတင်းထောက်တစ်ဦး။ UK နှင့် USA တို့တွင် အချိန်အတော်ကြာကတည်းက ပုံမှန်လိုဖြစ်နေခဲ့သောတစ်စုံတစ်ရာသည် ဂျာမနီတွင် ချွင်းချက်ဖြစ်နေဆဲပင်။ | ဓါတ်ပုံ။ ။ © picture alliance/Erwin Elsner ခင်ဗျားလုပ်နေတာနဲ့ပတ်သက်ပြီး လူတိုင်းကပျော်နေမယ်လို့တော့ကျနော်မထင်ဘူး

မပျော်ကြပါဘူး။ ကျွန်မတို့ အတိုက်အခိုက်တွေအများကြီးခံရပါတယ်။ ကျွန်မတို့ အမုန်းပွားစာတွေ၊ လက်ယာနိုင်ငံရေးအုပ်စုတွေဆီကခြိမ်းခြောက်စာတွေ လက်ခံရပါတယ်။ တချို့ဟာတွေကိုတော့ ကျွန်မတို့လစ်လျူရှုပစ်ပါတယ်။ ဒါပေမဲ့ ဥပဒေကိုချိုးဖောက်လာတဲ့အထိဆိုရင်တော့ ကျွန်မတို့ တိုင်ကြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်မတို့က လက်ယာနိုင်ငံရေးသမားတွေကိုဆန့်ကျင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ လေဆန်ကတော့ထန်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ တိကျပြတ်သားတဲ့ရပ်တည်ချက်ဟာဖြင့် လူရိုသေရှင်ရိုသေလေးစားသမှုကိုခံရပါတယ်။ လတ်တလောတင်ကို ကျွန်မတို့ဆီ နောက်ထပ်အဖွဲ့ဝင်သစ်တွေ အတော်များများ စုပြုံအောတိုက်ရောက်ချလာတာမနည်းပါဘူး။