ဖရန့်ဖွတ်စာအုပ်ပွဲတော်
စာဖတ်မယ်။ အလုပ်ရှိတာလုပ်မယ်။

ကျင်းပခဲ့သော်လည်း ယခင်ကဲ့သို့မဟုတ်ပေ။     ။ကမ္ဘာ့ကပ်ရောဂါကြောင့် (၂၀၂၀) ဖရန့်ဖွတ်စာအုပ်ပွဲတော်သည် ပုံမှန်မဟုတ်သောအခြေနေများဖြင့် ကျင်းပခဲ့ရသည်။ ယခုနှစ်တွင်မူ ပုံမှန်အခြေနေသို့ရောက်ရန် နည်းနည်ချင်းပြန်လည်ဦးတည်လာပြီဖြစ်သည်။
ကျင်းပခဲ့သော်လည်း ယခင်ကဲ့သို့မဟုတ်ပေ။ ။ကမ္ဘာ့ကပ်ရောဂါကြောင့် (၂၀၂၀) ဖရန့်ဖွတ်စာအုပ်ပွဲတော်သည် ပုံမှန်မဟုတ်သောအခြေနေများဖြင့် ကျင်းပခဲ့ရသည်။ ယခုနှစ်တွင်မူ ပုံမှန်အခြေနေသို့ရောက်ရန် နည်းနည်ချင်းပြန်လည်ဦးတည်လာပြီဖြစ်သည်။ | ဓါတ်ပုံ။ ။ © picture alliance/dpa/Arne Dedert

“တစ်ခါတလေ ကိုယ့်လက်ထဲမှာရှိနေတဲ့အရာတစ်ခုကို မဆုံးရှုံးလိုက်ရခင်အထိ တန်ဖိုးမသိဘူး။” ဟူ၍ ဆိုရိုးစကားတစ်ခုရှိသည်။ Frankfurt Book Fair စာအုပ်အရောင်းပြပွဲစတင်ပြီဖြစ်သည့်အတွက် Christoph Schröder သည် ယခင်က ပျော်ရွှင်ခဲ့ရသည့် စာအုပ်အရောင်းပြပွဲနေ့ရက်ဟောင်းများကို အတော်လေးအောက်မေ့တသစွာပြန်ပြောင်းကြည့်ရှုရင်း ယခုနှစ်အတွက်ထပ်မံကျရောက်တော့မည့်အရောင်းပွဲကိုစောင့်စားနေစေကာမူ နောက်တစ်နှစ်၌ နောက်တစ်ခေါက်တစ်ပတ်ပြန်လည်လာမည့်အချိန်ကသာ သူ့၏မျှော်လင့်ချက်ကောက်ရိုးမျှင်တို့တွယ်ကပ်ရာဖြစ်နေတော့သည်

အများသိပြီးဖြစ်သော်လည်း (၂၀၂၀) ခုနှစ်၊ မတ်လပိုင်းတွင် ကမ္ဘာ့ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် တစ်ဟုန်ထိုးပျံ့နှံ့မှုက မည်မျှကြောက်မက်ဖွယ်ကောင်းကာထိခိုက်ပျက်စီးစေနိုင်သည်ကို မျက်မြင်တွေ့ရှိခဲ့ကြရပြီးဖြစ်သည်။ Frankfurt Book Fair စာအုပ်ပွဲတော်သည် လူအများကိုယ်တိုင်ကိုယ်ကျတွေ့ဆုံဆွေးနွေးကြ၊ အမြင်ဖလှယ်ကြခြင်းအပေါ်မှီခို၍ရပ်တည်ရှင်သန်ရသည်။ စာပေဟူသည် ဘယ်သောအခါမှပြီးဆုံးမည်မဟုတ်သည့်ပြောလက်စစကားဝိုင်းတစ်ခုဖြစ်ပြီး စာအုပ်ဖတ်ခြင်းသည် နိဂုံးချုပ်ခြင်းမျိုးဟုတ်ဘဲ နိဒါန်းပျိုးခြင်းပင်ဖြစ်၏။ စာပေလောကသားများအဖို့ ထိုအခြင်းအရာများကိုဆုံးရှုံးလိုက်ရပြီဟုခံစားခဲ့ရသော လွန်ခဲ့သည့်တစ်နှစ်တာပတ်လုံးသည် စိတ်ထိခိုက်စရာအတိဖြစ်ခဲ့သည်။ ကြိတ်ကြိတ်တိုးနေသည့်အနုပညာပြခန်းများထဲတွင် လူချင်းကြုံကြိုက်နိုင်သည့်အခွင့်အရေးမျိုးမရှိတော့၊ “အချိန်တော့မရတာမှန်ပေမဲ့ ခဏလောက်ထိုင်ပြီး စကားလေးဘာလေးပြောရအောင်၊ လာပါ” ဆိုသည်မျိုးမရှိတော့။ (၂၀၂၀) ခုနှစ်၌အများဆုံးလုပ်နိုင်ခဲ့သည်ကား  မြို့ရှိအခမ်းအနားအစီအစဉ်များပါဝင်သော ခြောက်ကပ်ကပ်ဒီဂျစ်တယ်စာအုပ်အရောင်းပြပွဲတစ်ခုသာဖြစ်ခဲ့သည်။ ထိုအရောင်းပွဲမှာ မျှော်လင့်ထားနိုင်ခဲ့ကြတာထက်ပိုခဲ့ပြီး ချောချောမွေ့မွေ့အဆင်ပြေပြေတော့ပြီးခဲ့သည်။ ပရိသတ်ကလည်း အနည်းဆုံးတော့ပွဲလုပ်ဖြစ်သေးသည်ဟု နှလုံးသွင်းကာ ဝမ်းမြောက်ကျေးဇူးတင်ကြခြင်းကြောင့်လည်းတစ်စိတ်တစ်ပိုင်းဖြစ်မည်။
ကမ္ဘာ့ဈေးရောင်းပွဲတော်တစ်ခုထပ်ပိုနေဆဲ ယခင်အချိန်သို့။    ။ဖရန့်ဖွတ်စာအုပ်ပွဲတော်သည် အရာအားလုံးထက် လူချင်းတွေ့ဆုံရာနေရာတစ်ခု အမြဲဖြစ်ခဲ့သည်။ ကမ္ဘာ့ဈေးရောင်းပွဲတော်တစ်ခုထပ်ပိုနေဆဲ ယခင်အချိန်သို့။ ။ဖရန့်ဖွတ်စာအုပ်ပွဲတော်သည် အရာအားလုံးထက် လူချင်းတွေ့ဆုံရာနေရာတစ်ခု အမြဲဖြစ်ခဲ့သည်။ | ဓါတ်ပုံ။ ။ © picture alliance/Wolfgang Minich

နဂိုအခြေအနေအတိုင်းပြန်ဖြစ်ရေးဆီသို့ တာဆူနေသောခြေလှမ်းငယ်များ

ယခုတစ်နှစ်တာအတွက်တော့ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ပြီး ရှေ့ဆက်၍ သည့်ထက်ဆူးခင်းလမ်းများစွာကရှိနေဆဲပင်။ သို့ဖြစ်ပါ၍ (၂၀၂၁) ခုနှစ်အတွက်ကျင်းပမည့် Frankfurt Book Fair ဆီမှာ မည်သည်တို့ကိုများမျှော်လင့်ရနိုင်ပါအံ့။ ဘာတွေလုပ်ခွင့်ရကြပြီး ဘာတွေကိုလုပ်ခွင့်မရကြပါမလဲ။ ထိပ်တန်းစိတ်ဝင်စားဖွယ်အကောင်းဆုံးထဲကတစ်ခုဖြစ်ပြီး တစ်ချိန်တည်း၌ ဦးဆုံးအတားအဆီးအကြီးကြီးထဲတစ်ခုသည်ကား အောက်တိုဘာ (၁၈) ရက်နေ့တွင်  Frankfurt’s Römer ပြတိုက်၌ကျင်းပမည့် German Book Prize ဆုပေးပွဲအခမ်းအနားဖြစ်သည်။ ထိုအခမ်းအနားတွင် များစွာသောလုပ်ဖော်ကိုင်ဖက်များနှင့်ပုံနှိပ်တိုက်များ၌တာဝန်ထမ်းဆောင်နေသူတို့အတွက် အကျိုးရှိမည့်တွေ့ဆုံအစည်းအဝေးရှိမည် ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ်အကောင်းဆုံးဟုဆိုရခြင်းဖြစ်သည်။ ဆုနှင့်ပတ်သက်၍ထောက်ပြနေကြသည့်အားလုံးသောဝေဖန်မှုများအစား အစဉ်လာအကြီးသည့်တစ်နှစ်တာအကောင်းဆုံးဂျာမန်ဝတ္ထုဆုကို မည်သူကဆူးခွတ်သွားမည်ကို ရင်တဖိုဖိုဖြင့်စောင့်ကြည့်ရခြင်းကြောင့် စိတ်ဝင်စားဖွယ်အကောင်းဆုံးဟုဆိုရခြင်းဖြစ်သည်။ သည်နှစ်တော့ အကျဉ်းချုံးပင်ဖြစ်စေကာမူ ထို German Book Prize ဆုပေးပွဲကို တကယ့်ပရိသတ်များရှေ့မှောက်တွင်လူချင်းတွေ့၍ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။ ပွဲကမည်သို့မည်ပုံဖြစ်မည်ကို မည်သူမျှတိတိပပမသိကြသော်လည်း ယင်းသည် နဂိုပုံမှန်အခြေအနေများဆီသို့ ပြန်လည်ဦးတည်ရန် ဟန်ချီနေသည့်ပထမဆုံးခြေလှမ်းတစ်ရပ်ဖြစ်သည်ကားသေချာပါသည်။

ထိုအခြင်းအရာသည် အနုပညာပြခန်းစင်တာ၌ပြုလုပ်မည့်ပွဲများအတွက်လည်း ထပ်တူထပ်မျှမှန်ကန်ပါသည်။ စာအုပ်အရောင်းပွဲ၏တရားဝင်ကိန်းဂဏန်းများအရ (၁,၅၀၀) ထက်ပိုသောပြပွဲတင်သူတို့က ပွဲတွင်ဝင်ရောက်ခင်းကျင်းရန် စာရင်းပေးခဲ့ကြပြီးဖြစ်သည်။ သို့သော် ဘယ်သူကများ၊ လူဘယ်နှစ်ယောက်ကများ ထိုပြပွဲဆိုင်ခန်းများဆီကို တကယ့်တကယ်လာရောက်ပါ့မလဲ။ ထိုကဲ့သို့များစွာသောပြပွဲဆိုင်ခန်းရုံများတွင် အပြန်အလှန်နှီးနှောဖလှယ်မှုများဆောင်ရွက်ရန် လူသွားအထူးလမ်းမကျယ်ကြီးများပေါ်မှ လုပ်ငန်းခွင်အသိုက်အဝန်းလိုအရာမျိုး ဖန်တီးပေးရန်စွမ်းနိုင်ပါ့မလား။ Guest of Honour Canada ကိုတက်ရောက်ကြမည့်သူများသည် (၂၀၂၀) ခုနှစ်ကပွဲပျက်ခြင်းအတွက် အတိုးချကာလာကြမည်ဖြစ်သည်။ ပြပွဲကွင်းပြင်ပေါ်ရှိ အထူးဧည့်သည်တော်နိုင်ငံ စင် ကနားသည် ကြက်ပျံမကျယောက်ယက်ခတ်နေ စည်ကားနေသည့်စာအုပ်ကုန်စည်ပြပွဲကြီးအလယ် ငြိမ်းချမ်းရေးကျွန်းငယ်ကလေးဖြစ်နေမြဲဖြစ်သည်။ Guest of Honour Iceland က (၂၀၁၁) ခုနှစ်တွင် လုပ်ပြခဲ့သည့်အမှောင်ချအခန်းများကို ဘယ်တော့မှမမေ့ခဲ့ကြပါ။ ပင်လယ်၏တိတ်ဆိတ်ငြိမ်သက်ခြင်းကိုပြသနေသောပရိုဂျက်တာနောက်ခံပိတ်ကားကြီး၏တစ်ခြားဘက်တွင် စာဖတ်ရန်နှင့်အလုပ်လုပ်ရန်အတွက် အခန်းကန့်ရာတွင်အသုံးပြုသည့်မြင့်မားသောအကာများဖြင့်ကန့်လျက် နေရာလွတ်လွတ်လပ်လပ်ရှိခြင်းရော ရင်းရင်းနှီးနှီးနီးကပ်သည့်ခံစားချက်ရောကိုပါဖြစ်ပေါ်စေသည့် မီးအလင်းပေးထားသောချောင်ကလေးများရှိသည်။ ကနေဒီယန်သားတို့အဖို့ ထိုမျှထပ်တူကျသည့်အနေအထားအသိုက်အဝန်းမျိုးကိုဖန်တီးပေးနိုင်လျှင် အတော်လေးအောင်မြင်မှုဖြစ်ပေမည်။
 

အလျဉ်းသင့်သလိုသဘောရှိစူးစမ်းနိုင်စရာများမရှိ။ ပါတီပွဲများမရှိ။

Frankfurt Book Fair စာအုပ်ပွဲတော်၏အထူးစိတ်ဝင်စားဖွယ်ကောင်းသောကဏ္ဍများသည် သာမန်ပွဲလာသူလူအများအတွက်ဖြစ်သည်ဟုအခိုင်အမာဆိုနိုင်ပါသည်။ တကယ့်မြေပြင်အခြေအနေပွဲခင်းထဲကိုယ်တိုင်၌မူ အရှင် Festhalle စင်တာကြီးက နာရီ (၆၀) စာထက်ပိုသောပွဲအစီအစဉ်များအတွက် အသံလွှင့်ရုံအဖြစ်တည်ရှိနေမည်ဖြစ်သည်။ မြို့ထဲတွင် စာအုပ်အရောင်းပွဲတော်က Bookfest စာအုပ်ပွဲကို နေရာအမျိုးမျိုးတွင်ကျင်းပပေးမည်ဖြစ်သည်။ ထိုပွဲစဉ်များကို လွန်ခဲ့သောနှစ်များတဝိုက်ကပေါ်ပေါက်လာသော ခမ်းနားကြီးကျယ်လှသည့်ကုန်စည်ပြပွဲဆန်းသစ်တီထွင်မှုများထဲမှတစ်ခုနှင့် မရောထွေးသင့်ပါ။ (၂၀၀၉) ခုနှစ်မှစ၍ Frankfurt ၏ Cultural Office ယဉ်ကျေးမှုရုံးက ထုတ်ဝေသူများကို ၎င်းတို့၏ပုံနှိပ်တိုက်မှစာရေးဆရာများစင်တင်ပြသရန် မြို့လည်ခေါင်တွင် နေရာများထားရှိရန်အာမခံပေးခဲ့သည်။ ယခုလာမည့် (၂၀၂၁) ခုနှစ်တွင် ရသနှင့်သုတစာပေအမျိုးအစားများအောက်မှ (၁၀၀) ထက်မကသောစာပေဖတ်ကြားခြင်းများကို ဆောင်ရွက်ရန်လျာထားကြပြီး အားလုံးနီးပါးမှာဝင်ကြေးအခမဲ့ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များ၌ ထိုအစီအစဉ်သည် တက်သစ်စစာရေးဆရာများကို ထသွားထလာရှာရင်းဖွေရင်း၊ စကားစမြည်ဆွေးနွေးခန်းများကို နားထောင်ရင်း၊ အထင်အမြင်တို့ကို စုဆောင်းရင်း Frankfurter Kunstverein ၏အခန်းများနှင့်ပတ်ပတ်လည်ပွဲကျင်းပရာ‌နေရာလေးများကိုဖြတ်၍ ဟိုဟိုဒီဒီလျှောက်နိုင်ရန်အခွင့်အရေးကိုပေးလိုခြင်းဖြစ်သည်။ သို့သော် ယခုဖြစ်ပွားနေသည့်ကမ္ဘာ့ကူးစက်မြန်ရောဂါက ထိုကဲ့သို့သောလွတ်လပ်မှုမျိုးကိုခွင့်ပြုတော့မည်မဟုတ်ပါ။ လက်မှတ်များကိုကြိုတင်၍စာရင်းသွင်းကြရမည်ဖြစ်သည်။ သို့သော် ဝင်ကြေးမှာတော့အခမဲ့ဖြစ်ဆဲဖြစ်၏။

စာအုပ်ပွဲတော်နှင့်တစ်သားတည်းဖြစ်နေသကဲ့သို့။    ။လာရောက်လည်ပတ်သူများသည် ၎င်းပွဲတော်ကိုယ်တိုင်ကဲ့သိုပင် အရောင်အသွေးစုံလင်ကွဲပြားနိင်သောနေရာပင်။ စာအုပ်ပွဲတော်နှင့်တစ်သားတည်းဖြစ်နေသကဲ့သို့။ ။လာရောက်လည်ပတ်သူများသည် ၎င်းပွဲတော်ကိုယ်တိုင်ကဲ့သိုပင် အရောင်အသွေးစုံလင်ကွဲပြားနိင်သောနေရာပင်။ | ဓာတ်ပုံ။ ။ © picture alliance/SvenSimon/Anke Waelischmiller ကျိန်းသေမုချလွမ်းနေရမည့်အရာတစ်ခုမှာ ပါတီပွဲများပင်ဖြစ်သည်။ ဆိုလိုသည်မှာ သေးသေးမွှားမွှားအရှုပ်အရှင်းများလည်းမရှိတော့၊ ဟိုးလေးတကျော်ကျော်အတင်းအဖျင်းပြောဆိုမှုများလည်းမရှိတော့၊ ကောလဟာလများလည်းမရှိတော့၊ လျှို့ဝှက်ချက်များလည်းမရှိတော့ချေ။ သည့်အစား ရောဂါကူးစက်သူနှင့်လတ်တလောထိတွေ့ခဲ့မှုရှိမရှိ အဆက်အသွယ်ခြေရာခံခြင်းသာရှိပေမည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးက စာပေနှင့်စာအုပ်အရောင်းပွဲစီးပွားရေးကို အဆင့်လျော့ချလိုက်သည်။ ၎င်း၏ မူလဘူတရည်ရွယ်ချက်ကိုပဲဆောင်ရွက်ရုံလောက်အထိကို အဆုံးစွန်လျော့ချလိုက်ခြင်းဖြစ်၏။ “စာဖတ်မယ်။ အလုပ်ရှိတာလုပ်မယ်။” ဒါကို ပြောင်းလဲပစ်ဖို့လိုသည်။ နောက်တစ်နှစ်အခါတော့ ပြောင်းတန်ကောင်းပါရဲ့ဟုသာ မျှော်လင့်ရပေမည်။