အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

မြို့ပြလမ်းညွှန်။ ။Bremen
ဘရီမင်က ဟမ်းဘတ်ဂ်မဟုတ်ပေမယ့် ဘာဖြစ်လဲ။

“ပက်ဂ်ခွေးပု မရှိသော ဘဝသည် နေထိုင်ရန် ဖြစ်နိုင်သော်လည်း အဓိပ္ပာယ် ပျောက်ဆုံးနေလိမ့်မည်”။    ။လိုရီးရို့ Loriot ဟု လူသိများသော ဗစ်ကိုဗွန်ဗျူလို Vicco von Bülow ၏ရုပ်ပြနှင့် ကာတွန်းအတိုများသည် မိသားစုအများအပြား၏ နှစ်သစ်ကူးအစဉ်အလာတစ်ခုဖြစ်လာခဲ့သည်။
“ပက်ဂ်ခွေးပု မရှိသော ဘဝသည် နေထိုင်ရန် ဖြစ်နိုင်သော်လည်း အဓိပ္ပာယ် ပျောက်ဆုံးနေလိမ့်မည်”။ ။လိုရီးရို့ Loriot ဟု လူသိများသော ဗစ်ကိုဗွန်ဗျူလို Vicco von Bülow ၏ရုပ်ပြနှင့် ကာတွန်းအတိုများသည် မိသားစုအများအပြား၏ နှစ်သစ်ကူးအစဉ်အလာတစ်ခုဖြစ်လာခဲ့သည်။ | ဓါတ်ပုံ : © picture alliance/BREUEL-BILD

“အငြင်းဖွယ်ရာဘီယာရှိရာ သာမန်ဟန်ဆီယဲတစ် (Hanseatic) အဖွဲ့ချုပ်ဝင်မြို့တစ်မြို့ထက် ဘာမှမပိုဘူးလား။” ဤဆိပ်ကမ်းမြို့လေးသည် ဂီတပညာရှင်တိရစ္ဆာန်လေးကောင်နှင့် ဝီဆာ (Weser) မြစ်ထက်ပိုသော စိတ်လှုပ်ရှားစရာများစွာနှင့်အတူစောင့်ကြိုနေပါသည်။ ကျွန်ုပ်တို့၏စာရေးဆရာ ဟင်နက်ခ်ခွန်း (Hinnerk Köhn) က ဘရီမင်မြို့သည်လည်း ဟမ်းဘတ် (Hamburg)၊ ကိုလုံး (Cologne) နှင့် ဘာလင် (Berlin) မြို့များကဲ့သို့ အလေးပေးစာဖွဲ့ခြင်းခံရသင့်သည်ဟု ထင်မြင်ပါသည်။

ရေးသားသူ​ Hinnerk Köhn

အိုးစည်ဗုံ၊ တံပိုးနှင့် အောက်အီးအီးအွတ်

ဘရီမင်မြို့မှဂီတပညာရှင်တိရစ္ဆာန်လေးများ (Bremen Town Musicians) သည် အလွန်လူချစ်ခံရသဖြင့် မြို့၏ အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။ ဘရီမင်မြို့မှဂီတပညာရှင်တိရစ္ဆာန်လေးများ (Bremen Town Musicians) သည် အလွန်လူချစ်ခံရသဖြင့် မြို့၏ အဓိကဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါသည်။ | ဓါတ်ပုံ : © Adobe/ globetrotter1 ဘရီမင်မြို့မှဂီတပညာရှင်များနတ်သမီးပုံပြင်မှဇာတ်ကောင်ဖြစ်သူ မြည်း၏ “သေခြင်းထက်ပိုကောင်းသည့်အရာကို မည်သည့်နေရာတွင်မဆိုတွေ့နိုင်သည်။”  ဟူသောနာမည်ကျော်စကားကို ဂျာမနီရှိလူတိုင်းသိကြပါသည်။ မြည်း၏စကားအရဆိုရပါလျှင် ဘရီမင်မြို့တွင်နေထိုင်ရခြင်းသည် သေခြင်းတရားထက်ပိုကောင်းသည်ဟု ယူဆနိုင်ပါသည်။ ဤပုံပြင်မှ မြို့အတွက်ကျော်ကြားမှုကိုဆောင်ယူပေးခဲ့ခြင်းအားဂုဏ်ပြုသည့်အနေဖြင့် ပန်းပုပညာရှင် ဂါးဟက်မာ့ခ်စ် (Gerhard Marcks) သည် မြို့တော်ခန်းမရှေ့တွင် အံ့ဖွယ်တိရစ္ဆာန်လေးကောင်ရုပ်ထုကို ထုလုပ်ပေးခဲ့သည်။ (အကြံပြုချက်။​    ။ထိုနေရာကိုရောက်အောင်သွား၍ဓာတ်ဖမ်းပြီးမှ အခြားလုပ်စရာရှိသည်များကိုဆက်လုပ်ပါ။) မြို့တော်ခန်းမရှေ့ရှိပါရမီရှင်တိရစ္ဆာန်အကောင်လေးများနှင့်ယှဉ်ပါက ပုံပြင်၏နောက်ခံအကြောင်းအရာသည် လူသိနည်းပါသည်။ တိရစ္ဆာန်အကောင်လေးများက ၎င်းတို့၏ ပိုင်ရှင်များနှင့် ၎င်းတို့ကိုသတ်ရန်လာမည့်သားသတ်သမားများရန်မှ လွတ်မြောက်ထွက်ပြေးရန် ဘရီမင်ကိုရွေးချယ်ခဲ့ရခြင်းမှာ ခရီးနီးခြင်းတစ်ခုတည်းကြောင့်မဟုတ်ပေ။ ၁၉ ရာစုတွင် ဂရင်းမ်ညီနောင်မှပုံပြင်အားပုံနှိပ်ထုတ်ဝေခဲ့ပြီးနောက် ဘရီမင်မြို့သည် ပုံပြင်ထဲမှ မြည်း၊ ခွေး၊ ကြောင်နှင့် ကြက်ဖတို့ စိတ်ကူးခဲ့သည်အတိုင်း ကမ္ဘာကြီးနှင့်ဆက်သွယ်ရန်တံခါးပေါက်၊ ပင်လယ်ရပ်ခြားသို့ထွက်ရန်ဆိပ်ကမ်း စသဖြင့်မမြင်နိုင်သောအခွင့်အလမ်း၊ အလားအလာပေါင်းများစွာပိုင်ဆိုင်သောနေရာတစ်ခုအဖြစ် ရှုမြင်ခြင်းခံလာခဲ့ရပါသည်။ ယနေ့တွင်မူ ဘရီမင်မြို့မှဂီတပညာရှင်တိရစ္ဆာန်လေးများသည် အလွန်လူချစ်ခံရသဖြင့် မြို့၏အဓိကဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါသည်။ ဘရီမင်မြို့ဆီသို့ စိတ်အားထက်သန်စွာဖြင့် အလည်တစ်ခေါက်လာသင့်လှပါသည်။

“ငါတို့ရောက်နေတာမှာ ရပ်ကွက်လား ဒါမှမဟုတ် ရပ်ကွက်လား။"

ဂီတနှင့်အက၊ ယဉ်ကျေးမှုမျိုးစုံသော Viertel ရပ်ကွက်သည် ဘားများလက်ညှိုးထိုးမလွဲတည်ရှိသောနေရာဖြစ်ပါသည်။ ဂီတနှင့်အက၊ ယဉ်ကျေးမှုမျိုးစုံသော Viertel ရပ်ကွက်သည် ဘားများလက်ညှိုးထိုးမလွဲတည်ရှိသောနေရာဖြစ်ပါသည်။ | ဓါတ်ပုံ : © picture-alliance / left: Bildagentur-online, Schoening / top right: DUMONT Bildarchiv / bottom right: Robert B. Fishman, dpa ဘရီမင်မြို့ခံများအခေါ် ဗိုင်ယာတယ်လ် (Viertel) သို့မဟုတ် ရပ်ကွက်သည် ဘားများလက်ညှိုးထိုးမလွဲတည်ရှိသောနေရာဖြစ်ပါသည်။ ဤအရပ်သုံးစကားသည် မြို့ခံမဟုတ်သူများအတွက် အနည်းငယ်ဇဝေဇဝါဖြစ်သွားစေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂီတနှင့်အက၊ ယဉ်ကျေးမှုမျိုးစုံသော ဗိုင်ယာတယ်လ် (Viertel) သည် ဝိုင်စတာတာ (Ostertor) နှင့် စတိန်းတာ (Steintor) ရပ်ကွက်တို့၏အစိတ်အပိုင်းများပါဝင်သောနေရာတစ်ခုကို ခေါ်သောကြောင့်ဖြစ်ပါသည်။ ဘားများ၊ အရက်ဆိုင်များပြည့်နှက်နေသော ဤနေရာသည် ဟမ်းဘတ်မြို့ရှိ ကီးဇ် (Kiez) နှင့် ဘာလင်မြို့ရှိ ကရုဘက်ဂ် (Kreuzberg) စသည့်နေရာများထက် ပို၍ကျော်ကြားသကဲ့သို့ ဆွဲဆောင်မှုလည်းပိုရှိပါသည်။ ပျင်းရိသမ်းဝေဖွယ်မြို့ပြတိုက်မြင့်များနှင့်ခေတ်ပေါ်ကော်ဖီဆိုင်များအစား ဤနေရာသို့လာရောက်လည်ပတ်သူများသည် မြို့ပြလူနေမှုဘဝ၊ လေတဖြူးဖြူးတိုက်သောနောက်ဖေးလမ်းကြားများနှင့် ခေတ်ရေစီးကြောင်းတို့၏ ရင်သပ်ရှုမောဖွယ်သဟဇာတဖြစ်မှုများကို စီးမျောခံစားနိုင်ပါမည်ဖြစ်ပါသည်။ ဤရပ်ကွက်သည် ခပ်မိုက်မိုက်ဖြင့်ခေတ်ဆန်သကဲ့သို့ သင့်အနေဖြင့် ကော်ဖီဆိုင်တစ်ခုတွင်ရိုးရိုးနွားနို့သာမှာယူသောက်သုံးပါကလည်း မည်သူမျှထူးဆန်သောအကြည့်ဖြင့်ကြည့်မည်မဟုတ်ပေ။ သို့သော် အတွေးမမှားပါနှင့်။ ညနေခင်းတစ်လျှောက် မမူးဘဲနေခြင်းသည် ဤနေရာတွင်မလုပ်အပ်သောအရာဖြစ်ရုံမျှမက လုပ်ရန်လည်းမဖြစ်နိုင်သလောက်ရှိပါသည်။ သန်းခေါင်ကျော်မနက်ခင်းအချိန်များတွင် ဟော့ဒေါ့ဆိုင်များက ည၏ဗိုက်ဆာနေသူများအား အသားကြိုက်သူဖြစ်စေ၊ သတ်သတ်လွတ်သမားဖြစ်စေ ဗိုက်ပြည့်စေပါလိမ့်မည်။ ဗိုင်ယာတယ်လ်၏ကွဲပြားစုံလင်မှုများသည် ညအခါနှင့်နေ့ဘက်နှိုင်းယှဉ်ကြည့်ပါက ပို၍မြင်သာပါသည်။ ညနေစောင်းနှင့်နောက်ပိုင်းအချိန်များတွင် ပါတီပေးလိုစိတ်များသည် လူတိုင်း၏အိပ်ချိန်ကိုဓားပြတိုက်မည်ဖြစ်သကဲ့သို့ နေ့အခါတွင်လည်းအနုပညာချစ်သူများသည် အများအားဖြင့် ဘရီမင် အနုပညာပြတိုက်အပါအဝင်၊ ပြခန်းတစ်ခုမှတစ်ခုသို့ကူးလူးကာ လေ့လာစူးစမ်းလေ့ရှိကြပါသည်။

ဘရီမင်နေးလ် BREMINALE - ယဉ်ကျေးမှုစုံလင်သောဖျော်ဖြေမှုများနှင့်တေးဂီတများ

ဘရီမင်နေးလ် (Breminale) က ယဉ်ကျေးမှုကိုနှစ်သက်ခုံမင်သူများနှင့် ၎င်းတို့၏တေးဂီတဖျော်ဖြေမှုများကိုနားဆင်လိုစိတ်၊ ရုပ်ရှင်များကြည့်လိုစိတ်၊ စာရေးဆရာများမှသူတို့၏လက်ရာများကိုဖတ်ပြခြင်းအားနားထောင်လိုစိတ်များကိုလည်း ဆွဲဆောင်နိုင်လျက်ပါသည်။ ဘရီမင်နေးလ် (Breminale) က ယဉ်ကျေးမှုကိုနှစ်သက်ခုံမင်သူများနှင့် ၎င်းတို့၏တေးဂီတဖျော်ဖြေမှုများကိုနားဆင်လိုစိတ်၊ ရုပ်ရှင်များကြည့်လိုစိတ်၊ စာရေးဆရာများမှသူတို့၏လက်ရာများကိုဖတ်ပြခြင်းအားနားထောင်လိုစိတ်များကိုလည်း ဆွဲဆောင်နိုင်လျက်ပါသည်။ | ဓါတ်ပုံ : © Timo Hillebrand / breminale-festival.de ဘရီမင်နေးလ်အကြောင်းပထမဆုံးအကြိမ်ကြားရလျှင် ကမ္ဘာပေါ်၌ဂုဏ်သိက္ခာအကြီးမားဆုံးရုပ်ရှင်ပွဲတော်များအနက်တစ်ခုအပါအဝင်ဖြစ်သော၊ ဘာလင်မြို့တွင်ကျင်းပသည့်ဘာလင်နေးလ်ကို အတုပွါးဖန်တီးထားသောအပေါစားပွဲတော်တစ်ခုဟု ထင်နိုင်ပါသည်။ သို့သော် ဘရီမင်နေးလ်သည် ကိုယ်ပိုင်ဝိသေသများပိုင်ဆိုင်ထားသောပွဲတော်တစ်ခုဖြစ်ပါသည်။ ယေဘုယျအားဖြင့် နှစ်လိုဖွယ်ကောင်းသည့်ဂျာမနီမြောက်ပိုင်း၏နွေရာသီတွင်ကျင်းပလေ့ရှိသောဤပွဲတော်သည် ယဉ်ကျေးမှုကိုနှစ်သက်ခုံမင်သူများနှင့် ၎င်းတို့၏တေးဂီတဖျော်ဖြေမှုများကိုနားဆင်လိုစိတ်၊ ရုပ်ရှင်များကြည့်လိုစိတ်၊ စာရေးဆရာများမှသူတို့၏လက်ရာများကိုဖတ်ပြခြင်းအားနားထောင်လိုစိတ်များကိုလည်း ဆွဲဆောင်နိုင်လျက်ပါသည်။ ဘရီမင်မြို့ခံများသည် တစ်မြို့လုံးရှိပေါ့ပ်ယဉ်ကျေးမှု၊ ခေတ်စမ်းယဉ်ကျေးမှုနှင့် ၎င်းတို့အကြားရှိဆက်နွှယ်မှုအားလုံးတို့ကို ၁၉၈၇ ခုနှစ်မှစတင်ကာ ငါးရက်တိုင်တိုင်ဆင်နွှဲခံစားလေ့ရှိပါသည်။ ဒေသခံအဖွဲ့များသည်လည်း ကိုယ်ပိုင်မြို့ခံအစီအစဉ်များနှင့်ရှိုးပွဲများဖြင့် ဒေသယဉ်ကျေးမှုများကိုတင်ဆက်လေ့ရှိပါသည်။ “ခေတ်ရေစီးကြောင်းပေါ်ရှိယဉ်ကျေးမှုများသည် မြေအောက်အနုပညာများပေါ်ထွက်ရာနှင့်မဝေးဘဲ ထွန်းကားလေ့ရှိသည်” ဟူသော လက်မစည်းမျဉ်း (the rule of thumb) သည် ဤဘရီမင်နေးလ်ပွဲတော်အပေါ်၌လည်း မှန်ကန်စွာသက်ရောက်ပါသည်။ အန်ဒရေးစ်ဘော်ရာနီ (Andreas Bourani) မှစ၍ ဂျူပီတာဂျုံးစ် (Jupiter Jones) တို့အဆုံး ဂျာမန်ဂီတလောက၏နာမည်ကြီးများသည် ဤပွဲတော်သို့လာရောက်ဖျော်ဖြေလေ့ရှိပါသည်။ သင့်အနေဖြင့် မကြိုက်မနေရမဟုတ်သော်လည်း ဤပွဲတော်သည် မြို့၏သက်ဝင်လှုပ်ရှားမှုအားပံ့ပိုးပေးနေသကဲ့သို့ လူတိုင်းအတွက်ခံစားမှုတစ်စုံတစ်ရာကို ယေဘုယျအားဖြင့်ပေးစွမ်းပါလိမ့်မည်။ ထို့အပြင် ဘရီမင်နေးလ်သည် “လာရောက်သူအားလုံးအတွက်အခမဲ့” ဟူသည့် ၎င်း၏ရှည်လျားသောအစဉ်အလာကိုလည်း ထိန်းသိမ်းထားပါသည်။

ဟုဟု (ဇီးကွက်မြည်သံ)

ခရမ်းရောင်ဇီးကွက် (Lila Eule) ဂျက်ဇ်ကလပ်တွင် အတိတ်ကာလများမှ အလှတရားများကို ယနေ့အချိန်ထိတိုင်သိသိသာသာမြင်တွေ့နိုင်နေဆဲဖြစ်သည်။ ခရမ်းရောင်ဇီးကွက် (Lila Eule) ဂျက်ဇ်ကလပ်တွင် အတိတ်ကာလများမှ အလှတရားများကို ယနေ့အချိန်ထိတိုင်သိသိသာသာမြင်တွေ့နိုင်နေဆဲဖြစ်သည်။ | ဓါတ်ပုံ : © Lila Eule / Oliver Schweers အတွင်းလူများသာသိသည့်အကြောင်းအရာတစ်ခုမဟုတ်တော့သော်လည်း ခရမ်းရောင်ဇီးကွက်ဟုအဓိပ္ပါယ်ရသော လီလာအူလီ (Lila Eule) သည် အချိန်များသာတရွေ့ရွေ့ကုန်ဆုံးလာခဲ့သော်လည်း ၎င်း၏စိတ်ဝိညာဉ်နှင့်အဇ္ဈတ္တတို့သည် ယခင်အတိုင်းရှိနေမြဲဖြစ်သည်။ ထိုနေရာသည်စတင်ဖွင့်လှစ်စဉ်ကပင် နိုင်ငံတကာတစ်ဝှမ်းတွင် ဂန္ထဝင်ဂျက်ဇ်ကလပ်အဖြစ်ရပ်တည်ကျော်ကြားခဲ့ပါသည်။ ဂျန်ဂဘာရက်ခ် (Gabarek) မှ အောစကာပီတာဆန် (Oscar Peterson) အထိ အဆုံးမရှိသောဂီတကြယ်ပွင့်အစီအရီသည် သံစဉ်များကိုဤနေရာတွင်ဖျော်ဖြေခဲ့ကြသည်။ ယခုကာလများတွင်မူ အစီအစဉ်များသည်ပိုမိုစုံလင်လာပြီဖြစ်ကာ ဂီတဖျော်ဖြေပွဲများသည်လည်း ပါတီများ၊ ဂုဏ်သိက္ခာရှိအကပွဲများတိုးပွါးများပြားလာခြင်းနှင့်အတူ ပြောင်းလဲမှုများရှိလာပါသည်။ သို့သော် အတိတ်ကာလများမှ​အလှတရားများကို ယနေ့အချိန်ထိတိုင်၊ အထူးသဖြင့်ညမှောင်လာသည်နှင့်အမျှ တစ်ဦးမှခြောက်ဦးအထိလူများမှ ပရိသတ်အားစင်ပေါ်မှ အစွမ်းကုန်ဖျော်ဖြေလေ့ရှိသည့်ဖျော်ဖြေပွဲများတွင်ခံစားနိုင်ပါသေးသည်။

အစိမ်းရောင်ရှိပြီး ငါးကဲ့သို့ညှီတာ ဘာလဲ။

Werder Bremen အားကစားကွင်းကြီးထဲမှ ll ပရိတ်သတ်များ။ Werder Bremen အားကစားကွင်းကြီးထဲမှ ll ပရိတ်သတ်များ။ | ဓါတ်ပုံ : © picture alliance/nordphoto ဝါဒါဘရီမင် (Werder Bremen) ဘောလုံးပွဲစဉ်တစ်ခုအားကြည့်ဖူးရင်း သင့်အနေဖြင့်ပြိုင်ဘက်ပရိဘတ်သီဆိုနေသည်များကို ကြားရလျှင် “ငါကြားရတာ ဟုတ်ရောဟုတ်ရဲ့လား။” ဟုတွေးမိပါလိမ့်မည်။ သို့သော် မှန်ပါသည်။ ထိုပရိသတ်များသည် ငါးညှီအကြောင်းကို သီဆိုနေကြခြင်းဖြစ်သည်။ ဘရီမင်ဘောလုံးလောကသည်လည်း မြို့၌ချက်လုပ်သော ဘက်ခ်၏ (Beck’s) ဘီယာကဲ့သို့ပင် အငြင်းပွါးဖွယ်ရာများဖြင့်ရှိနေပါသည်။ ဤသို့ဂုဏ်သတင်းသည် ဘရီမင်အသင်းအတွက်မထိုက်တန်သကဲ့သို့ ဘရီမင်အသင်းအမာခံပရိတ်သတ်တစ်ဦး၏အစိမ်းရောင်လွှမ်းသောအမြင်မှကြည့်လျှင် ဝါဒါဘရီမင်အသင်းသည် ဘောလုံးကို သူမတူအောင်သန့်သန့်ရှင်းရှင်းမျှမျှတတဖြင့် ကောင်းမွန်စွာကစားလေ့ရှိသကဲ့သို့ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ကလပ်အသင်းသည် ရှေ့ဆုံးမှဦးဆောင်ကာ ပါဝင်လုပ်ဆောင်လေ့ရှိပါသည်။ ရွှေ့ပြောင်းလာသောဒုက္ခသည်လူငယ်များအတွက် ဘောလုံးပရိုဂရမ်အစီအစဉ်များ၊ မိသားစုအားလပ်ရက်များအတွက်ကူညီထောက်ပံ့ပေးသောစီမံကိန်းများအပြင် ဝါဒါဘရီမင်အသင်းသည် အမြင်အာရုံချို့တဲ့သူများနှင့်မျက်မမြင်များအတွက် အားကစားဆိုင်ရာအခွင့်အလမ်းများကို ဦးဆောင်ဖော်ထုတ်ပေးနေပါသည်။ မိမိအားပေးသောအသင်းအတွက် တစ်ယူသန်စိတ်အားထက်သန်မှုများရှိစေကာမူ နယ်ခံပြိုင်ဘက် အိတ်ချ်အက်စ်ဗီ ခေါ် ဟမ်းဘတ်အက်စ်ဗီအသင်း၏ပရိသတ်များပင်လျှင် ဘရီမင်အသင်း၏ဆောင်ရွက်ချက်များကိုနှစ်သက်လေ့ရှိပါသည်။ 

အက်ဗွန်ရှလက်ခ် ED VON SCHLECK မှကိတ်မုန့်ပေါ်လာနှင့် လန်းနီဆေး LANGNESE မှ ရေခဲမုန့်ကို ဘယ်သူတပ်မက်သေးသနည်း....

သဘာဝရိုးရာစိုက်ခင်းတွင်ပြုလုပ်သော သဘာဝ အောဂဲန်နစ် ရေခဲမုန့်။ သဘာဝရိုးရာစိုက်ခင်းတွင်ပြုလုပ်သော သဘာဝ အောဂဲန်နစ် ရေခဲမုန့်။ | ဓါတ်ပုံ : © Biohof Kaemena …အေးမြကာပျစ်ပျစ်နှစ်နှစ်ရှိလှသော အကောင်းဆုံးနွေရာသီရာသီစာကို ဘရီမင်မြို့မှာရရှိနိုင်တဲ့အချိန်တွင်။ စနူတန်လက်ကာ (Snuten Lekker) သဘာဝအောဂဲန်နစ်ရေခဲမုန့်ကို သဘာဝရိုးရာစိုက်ခင်းတွင် ပြုလုပ်ခြင်းဖြစ်ပါသည်။ ရာသီဥတုအခြေအနေပေးလျှင် ယခုအခါစီမံခန့်ခွဲရာမျိုးဆက်ကိုးဆက်တိုင်ရှိခဲ့ပြီဖြစ်သော ခဲမီနာ (Kaemena) မိသားစု၏စိုက်ခင်းသို့ပင် စက်ဘီးစီးကာလည်ပတ်နိုင်မည်ဖြစ်ပါသည်။ ဤမိသားစုဆိုင်လေးသည် မူလအရသာများသာမက မီနူးအပြောင်းအလဲများအဖြစ် နှမ်းဒိန်ခဲ ကဲ့သို့ ထူးခြားသောအရသာများ၊ ရာသီပေါ်အရသာများ၊ ဥပမာအနေဖြင့် အောက်တိုဘာလတွင် ဖရုံစေ့အရသာ အစရှိသည်တို့ကိုလည်း တည်ခင်းလေ့ရှိပါသည်။ ခဲမီနာမိသားစုသည် စိတ်လှုပ်ရှားစရာကောင်းသောအားလပ်ရက်များကိုလည်းဖန်တီးပေးပြီး ကောက်ရိုးကျီဟောင်းများနှင့်နွားခြံဟောင်းများကိုပြောင်းလဲပြုပြင်ထားသောတည်းခိုအိမ်ငယ်များကိုငှါးရမ်းပေးပါသည်။ နွားများ၊ သိုးများနှင့်ထိတွေ့လိုသောလည်ပတ်သူများအနေဖြင့်မူ ရေခဲမုန့်ကိုလက်မှကိုင်ကာ အချိုဓာတ်အားအရသာခံစားရင်း သဘာဝစိုက်ခင်းအတွင်း လှည့်လည်စူးစမ်းနိုင်ပါသေးသည်။
 

သမိုင်းများဖြင့် ထွင်းကျောက်တုံး

Bremer Roland ရုပ်ထုသည် အလယ်ခေတ်တွင်ရရှိခဲ့သော မြို့၏ အခွင့်အရေးများနှင့်လွတ်လပ်မှုများကို ကိုယ်စားပြုပါသည်။  Bremer Roland ရုပ်ထုသည် အလယ်ခေတ်တွင်ရရှိခဲ့သော မြို့၏ အခွင့်အရေးများနှင့်လွတ်လပ်မှုများကို ကိုယ်စားပြုပါသည်။ | ဓါတ်ပုံ : © Adobe/ INTERPIXELS ဂန္ထဝင်ဆန်သောနာမည်ကျော်ဤအထင်ကရနေရာသည် သာမန်လူ့အရပ်ထက် (၁၀) မီတာခန့် ပို၍မြင့်မားစွာတည်ရှိနေပါသည်။ ဘရီမင်ရိုလန် (Bremer Roland) ရုပ်ထုသည်စင်စစ်ဆိုရလျှင် ဆွဲဆောင်မှုဟန်ပန်နည်းပါးသော သာမန်ထွင်းကျောက်တုံးတစ်ရုပ်သာဖြစ်သော်လည်း သမိုင်းတန်ဖိုးကြွယ်ဝသောထွင်းကျောက်တုံးရုပ်ထုဖြစ်သည်။ ရုပ်ထုတွင်သာမန်မျက်စိဖြင့်ကြည့်ပါက မသိ၊ မမြင်နိုင်သော နောက်ခံအကြောင်းအရာများစွာရှိသည်။ ရိုလန်ရုပ်ထုသည် အလယ်ခေတ်တွင်ရရှိခဲ့သောမြို့၏အခွင့်အရေးများနှင့်လွတ်လပ်မှုများကို ကိုယ်စားပြုပါသည်။ ၎င်းကာလများတွင် ဘရီမင်မြို့သည် ဟန်ဆီယဲတစ်အဖွဲ့ချုပ်တွင်အသင်းဝင်ဖြစ်ခဲ့သည်။ ၎င်းအဖွဲ့ချုပ်သည် ဥရောပတစ်လွှားမှ မြို့များ၊ ကုန်သည်များဖြင့်ဖွဲ့စည်းခဲ့သော မဟာမိတ်အသင်းအဖြစ်ရပ်တည်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းကြားတွင် ကုန်လမ်း၊ ရေလမ်းကုန်သွယ်မှုများကို လွယ်ကူချောမွေ့စေခဲ့သည်။ ထိုကာလများကတည်းကပင် ဘရီမင်မြို့သည် မြို့၏လွတ်လပ်ရေးကို စွဲမြဲခိုင်မာစွာတစိုက်မတ်မတ်ကာကွယ်ခဲ့ကာ ယနေ့တွင်မူဟန်ဆီယဲတစ်အဖွဲ့ချုပ်ဝင်လွတ်လပ်သော ကိုယ်ပိုင်အစိုးရအုပ်ချုပ်သည့် ပြည်နယ်မြို့တော်တစ်ခုဖြစ်နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရိုလန်ရုပ်ထုသည် ဘရီမင်မြို့၏ဂုဏ်သိက္ခာကိုကိုယ်စားပြု၍ ၎င်းကိုယ်စားပြုခြင်းတွင် ဘရီမင်မြို့သားတို့အားလူသိများစေသောမျိုးချစ်စိတ်လည်း အနည်းငယ်ပါဝင်ကောင်း ပါဝင်နိုင်ပါသေးသည်။ ထို့အတူ ဖော်ပြတန်သေးသည်မှာ ဘရီမင်မြို့တွင် မြို့တော်ပြတိုက်လည်းရှိပါသည်။ သို့ရာတွင် အခြား မြို့တော်ပြတိုက်များကဲ့သို့ပင် သင့်အနေဖြင့် ပြတိုက်သို့သွားရောက်လည်ပတ်ခံစားရသည်ကိုသဘောကျမှသာ ဤသတင်းစကားသည် သင့်အတွက်အသုံးဝင်မည် ဖြစ်ပေမည်။

ပက်ဂ်ခွေးပုတစ်ကောင်မရှိသောဘဝက ဖြစ်နိုင်သော်လည်း....

“ပက်ဂ်ခွေးပု မရှိသော ဘဝသည် နေထိုင်ရန် ဖြစ်နိုင်သော်လည်း အဓိပ္ပာယ် ပျောက်ဆုံးနေလိမ့်မည်”။    ။လိုရီးရို့ Loriot ဟု လူသိများသော ဗစ်ကိုဗွန်ဗျူလို Vicco von Bülow ၏ရုပ်ပြနှင့် ကာတွန်းအတိုများသည် မိသားစုအများအပြား၏ နှစ်သစ်ကူးအစဉ်အလာတစ်ခုဖြစ်လာခဲ့သည်။ “ပက်ဂ်ခွေးပု မရှိသော ဘဝသည် နေထိုင်ရန် ဖြစ်နိုင်သော်လည်း အဓိပ္ပာယ် ပျောက်ဆုံးနေလိမ့်မည်”။ ။လိုရီးရို့ Loriot ဟု လူသိများသော ဗစ်ကိုဗွန်ဗျူလို Vicco von Bülow ၏ရုပ်ပြနှင့် ကာတွန်းအတိုများသည် မိသားစုအများအပြား၏ နှစ်သစ်ကူးအစဉ်အလာတစ်ခုဖြစ်လာခဲ့သည်။ | ဓါတ်ပုံ : © picture alliance/BREUEL-BILD “အာနာ (Erna) ငါ့ကြက်ဥကမာနေတယ်!” လူကြီးလူငယ်မရွေးတို့သည် ယနေ့အချိန်အထိနှစ်ပေါင်းများစွာတိုင်အောင် လိုရီးရို့ (Loriot) ဟုလူသိများသော ဗစ်ကိုဗွန်ဗျူလို (Vicco von Bülow) ၏အနုပညာရေးဆွဲမှုများကြောင့် ကြည်နူးပျော်ရွှင်ခဲ့ကြရသည်။ သို့ရာတွင် သူ၏ဟာသအများစုကို ဘရီမင်မြို့၊ ပို၍တိတိကျကျဆိုရလျှင် ရေဒီယိုဘရီမင် (Radio Bremen) စတူဒီယိုတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းကိုတော့ လူအနည်းငယ်သာသိကြပါသည်။ နာမည်ကျော်အစိမ်းရောင်ဆိုဖာပေါ်၌ထိုင်ကာ သူသည် ဟာသပါရမီရှင်တစ်ဦး၏စူးရှသောမျက်စိနှင့် ကျွဲမြီးတိုတတ်သောဂျာမန်လူ့အဖွဲ့အစည်းမှလေ့လာသူတစ်ယောက်ကဲ့သို့ ရိုက်ကူးမှုအပေါ် အကဲဖြတ်နေတတ်သည်။ ကုတင် သို့မဟုတ် ဝတ်စုံဝယ်ခြင်းဖြစ်စေ၊ ခေါက်ဆွဲ သို့မဟုတ် စိတ်ကူးယဉ် “ကော့ဆက်ပိုင်မုန့်” စားလျှင်ဖြစ်စေ၊ “ဝမ်မ်နှင့်ဝန်ဒယ်လင်” ခွေးနှင့်ဆင်ကာတွန်းမှစကားပြောခန်းများဖြစ်စေ၊ လိုရီးရို့နှင့်သူ၏ဟာသဉာဏ်သည် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ဆဲဖြစ်ပြီး ၎င်းရုပ်ပြနှင့်ကာတွန်းအတိုများသည်လည်း မိသားစုများ၏နှစ်သစ်ကူးအားကုန်ဆုံးရန် အစဉ်အလာနည်းလမ်းတစ်ခုအဖြစ်ရှိနေဆဲ ဖြစ်ပါသည်။ ဤသို့ဂျာမနီ၏အကြီးကျယ်ဆုံးဟာသပညာရှင်ဟုသတ်မှတ်နိုင်သောသူအားဂုဏ်ပြုသောအားဖြင့် ရေဒီယိုဘရီမင်သည် သူ၏နာမည်ကျော် ဘီဒါမိုင်ယာ (Biedermeier) ဆိုဖာ ကြေးရုပ်ပုံတူကိုဖန်တီးပေးခဲ့သည်။ ၎င်းအပေါ်၌ ထိုင်နေဟန်ထုလုပ်ထားသည်ကတော့ လူသိများကျော်ကြားသော ပက်ဂ်ခွေးပု ဗျူရို (Bülow) ပင်ဖြစ်သည်။ ၎င်းသည် လိုရီးရို့၏အနှစ်သက်ဆုံးခွေးမျိုးစိတ်ဖြစ်ပြီး လိုရိုးရို့ကိုယ်တိုင်ပြောခဲ့သည့် “ပက်ဂ်ခွေးပုမရှိသောဘဝသည် နေထိုင်ရန်ဖြစ်နိုင်သော်လည်း အဓိပ္ပာယ်ပျောက်ဆုံးနေလိမ့်မည်” ဟူသောစကားသည် ထင်ရှားခဲ့ပါသည်။

မြို့တစ်မြို့လုံးဟာစင်မြင့်တစ်ခုဖြစ်တယ်။

ကွာတီးယားယဉ်ကျေးမှုစင်တာ (Quartier Cultural Centre) သည် ကလေးသူငယ်ဗွီဒီယိုစီမံကိန်း အလင်းရောင်သေတ္တာ “Lichtbox” ကဲသို့သော ယဉ်ကျေးမှုစီမံကိန်းများတစ်လျှောက် လူအများကို အတူတကွဆွဲခေါ်နိုင်ခဲ့သည်။ ကွာတီးယားယဉ်ကျေးမှုစင်တာ (Quartier Cultural Centre) သည် ကလေးသူငယ်ဗွီဒီယိုစီမံကိန်း အလင်းရောင်သေတ္တာ “Lichtbox” ကဲသို့သော ယဉ်ကျေးမှုစီမံကိန်းများတစ်လျှောက် လူအများကို အတူတကွဆွဲခေါ်နိုင်ခဲ့သည်။ | ဓါတ်ပုံ : „Lichtbox“-Projekt © Screenshot https://www.youtube.com/watch?v=UPhhfviYXRM ယဉ်ကျေးမှုလက်ရာများ၊ အကြံဉာဏ်ကောင်းများ၊ အရိုးခံဖော်ပြချက်များ စသည့်အရာတို့၏ ဗဟိုချက်မတစ်ခုဖြစ်ရာ ဘရီမင်မြို့ရှိ ကွာတီးယား (Quartier) ယဉ်ကျေးမှုစင်တာသည် ဖန်တီးနိုင်စွမ်းနှင့်တန်းတူညီမျှမှုတို့ကိုပေါင်းကူးချိတ်ဆက်ပေးရာနေရာဖြစ်ပြီး ၎င်းတို့၏စွမ်းဆောင်မှုများအတွက် အသိအမှတ်ပြုဆုများလည်းရရှိခဲ့ပါသည်။ ဤနေရာသည် လူတို့၏ အသက်၊ မွေးရပ်မြေ၊ လိင်တို့အပေါ် ခွဲခြားခြင်းမရှိဘဲ အသစ်တစ်ခုခု၊ ဥပမာ - ပြဇာတ်၊ ဖျော်ဖြေမှု၊ အနုပညာ၊ ဂီတ တို့အားဖန်တီးရာတွင် လူအားလုံးကိုတစ်သားတည်းဖြစ်စေလေ့ရှိပါသည်။ ၎င်းကို တန်းတူညီမျှမှုနှင့်အားလုံးပါဝင်မှုတို့အားယုံကြည်သောလူများမှ တည်ထောင်ထားခြင်းဖြစ်ပါသည်။ ဤနေရာတွင် မြေးအဖိုးအဖွားတို့သည် လက်သမားခုံများ၌အရာဝတ္ထုများကိုအတူတကွပြုပြင်ကလိနေချိန် ရွှေ့ပြောင်းလာသူများသည် စာရေးနည်းသင်တန်းများကိုတက်ရောက်၍ အနုပညာရှင်များမှလည်း အထူးစောင့်ရှောက်မှုလိုအပ်သောလူများအတွက် ပြဇာတ်အစီအစဉ်များတွင်ပါဝင်ရန် ကမ်းလှမ်းနေလေ့ရှိပါသည်။ ဤစင်တာမှ လူသားအားလုံးကိုကြိုဆိုနေရုံမျှမက ဖန်တီးနိုင်စွမ်းများကိုလည်း အတူတကွဖော်ထုတ်နိုင်ရန် ပွင့်လင်းစွာဖိတ်ခေါ်လျက်ရှိပါသည်။

နောက်ဆုံးတစ်ခု

ဘီယာအတွက်စာဖတ်ပြရခြင်း။    ။ မြို့တွင်းဧရိယာတစ်ဝိုက်မှ လူများသည် လူများအရက်မူးပြီးစာဖတ်ပြခြင်းကိုနားဆင်ရန်  “Gastfeld” အရက်ဆိုင်သို့ လာရောက်စုရုံးကြသည်။ ဘီယာအတွက်စာဖတ်ပြရခြင်း။ ။ မြို့တွင်းဧရိယာတစ်ဝိုက်မှ လူများသည် လူများအရက်မူးပြီးစာဖတ်ပြခြင်းကိုနားဆင်ရန် “Gastfeld” အရက်ဆိုင်သို့ လာရောက်စုရုံးကြသည်။ | ဓါတ်ပုံ : Matthias Süßen / Wikipedia CC BY-SA 3.0 ဘရီမင်မြို့၊ မြို့တွင်းဧရိယာတစ်ဝိုက်မှလူများသည် မြို့၏ နျူစတတ် (Neustadt )ရပ်ကွက်၊ လမ်းထောင့်ရှိအရက်ဆိုင်သို့လာရောက်လေ့ရှိပြီး အရက်မူးပြီးစာဖတ်ပြခြင်းကို အတူတကွလာရောက်နားထောင်လေ့ရှိသည်။ ကြားရခါစ၌ကြောင်တောင်တောင်နိုင်မည်ဖြစ်သော်လည်း ဤကဲ့သို့နားထောင်ရခြင်းသည် ရယ်မောစရာ၊ ပျော်စရာကောင်းလှသည်။ ဂက်စ်ဖဲလ် (Gastfeld) အရက်ဆိုင်ရှိရာ ဘရီမင်မြို့အပါအဝင် ဂျာမနီရှိမြို့တော်တော်များများသို့ပျံ့နှံ့သွားခဲ့သော ဤ"ဘီယာအတွက်စာဖတ်ပြရခြင်း"အလေ့သည် လူးကတ်စ်ဖက်စ်နာ့ထ် (Lucas Fassnacht) ၏တီထွင်စိတ်ကူးမှုမှအစပြုခဲ့ပါသည်။ ပရိသတ်များသည် ဒိုင်လူကြီးဖြစ်သည့် ဆီမီယွန်ဘတ်စ် (Simeon Buss) နှင့် အတည်တကျမဟုတ်ဘဲအမြဲပြောင်းလဲနေတတ်သည့် သူ၏ဧည့်သည်များရှေ့မှောက်တွင် စာဖတ်ပြရ၍၊ ထို့နောက် ဖတ်သည့်စာနှင့်ဖတ်သွားပုံ သို့မဟုတ် တင်ဆက်ပုံ မည်သည်ကပိုရယ်ရသည်ကို မဲပေးရွေးချယ်လေ့ရှိကြပါသည်။ မည်သည်ကပိုရယ်ရသည်ဖြစ်စေ ဘီယာ (ဘီယာအများကြီး) သောက်ရမည်သာဖြစ်သည်။ ဤတွင်အရက်အလွန်အကျွံသောက်ထားသည့် စာပေအကျော်အမော်ပုဂ္ဂိုလ်တစ်ဦးမှ ဒဏ္ဍာရီလာ ဖော့စ် ဇာတ်ကောင်အကြောင်းကို သမားရိုးကျဖတ်ပြသည်နှင့်တော့တူမည်မဟုတ်ပေ။ ဖတ်ပြရာတွင် အာလူးကြော်အိတ်ပေါ်မှ​စာများ၊ စတိုးဆိုင်ဘောက်ချာများ၊ ကလေးစာအုပ်များ၊ ၁၉၇၆ ခုနှစ်ထုတ် မိတ်ဆွေခင်မင်မှုအကြောင်းရေးဖွဲ့ထားသည့်စာအုပ်များ၏အစပိုင်းများ၊ မေတ္တာစာများ၊ တီဗီအသစ်ဝယ်ရာတွင်ပါလာသည့် ညွှန်ကြားချက်လက်စွဲများ အစရှိသည့်မည်သည့်စာဖြစ်စေ ဖတ်ပြကာယှဉ်ပြိုင်နိုင်ပါသည်။ အဆိုးဆုံးအနေဖြင့် တစ်ညတည်း စာ ၁၄ ပုဒ် ဖတ်ပြခဲ့ခြင်းမျိုးရှိခဲ့သော်လည်း အတန်ငယ်အရက်မူးနေသည့် စာဖတ်သူတစ်ဦးမှ စားပွဲဝိုင်း ၇ (ခ) မှ ရှားလော့အတွက် သူ၏သေဆုံးမသွားမည့်အချစ်များကိုဝန်ခံသည်ကို ကြည့်ရင်း ငိုမိခြင်းမရှိခင်အထိ ပရိသတ်မှရယ်မောရသောထူးခြားသည့်ဟာသဖျော်ဖြေမှုများအနေဖြင့် အဆုံးသတ်လေ့ရှိပါသည်။ 

မြို့ပြလမ်းညွှန်မြေပုံ

 
ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကိုမြို့တော်၏ကောက်ကြောင်းထက်မှ အစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဂန္တဝင်နေရာများ၏အဓိကအချက်ကို ပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်သမားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။