အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

မြို့ပြလမ်းညွှန်။ ။Cologne
အမြင့်ကြိုက်သူများနှင့်အပျော်ကြိုက်သူများအတွက်

ဘုရားကျောင်းနှင့်ကာနီဗယ်ပွဲတော်အပြင် ထို့ထက်ပို၍ ကိုလုံးသည် အမျိုးသားချင်းလိင်တူနှစ်သက်သူများနှင့် အမျိုးသမီးချင်းလိင်တူနှစ်သက်သူများ ဘဝအတွက်အခိုင်အမာနေရာတစ်ခုလည်းဖြစ်သည်။ Christopher Street Day ပွဲတော် ၂၀၁၉ တွင် ပါဝင်ကြသူများ။
ဘုရားကျောင်းနှင့်ကာနီဗယ်ပွဲတော်အပြင် ထို့ထက်ပို၍ ကိုလုံးသည် အမျိုးသားချင်းလိင်တူနှစ်သက်သူများနှင့် အမျိုးသမီးချင်းလိင်တူနှစ်သက်သူများ ဘဝအတွက်အခိုင်အမာနေရာတစ်ခုလည်းဖြစ်သည်။ Christopher Street Day ပွဲတော် ၂၀၁၉ တွင် ပါဝင်ကြသူများ။ | ဓါတ်ပုံ : © picture alliance/Christoph Hardt/Geisler-Fotopress

အများစုက ကိုလုံးမြို့ (Cologne) ဟုကြားလိုက်သည်နှင့် ခရစ်ယာန်ဘုရားကျောင်းနှင့်ကာနီဗယ်ပွဲများကို ဦးဆုံးပြေးမြင်တတ်ကြသည်။ သို့သော် ရိုမန်များကတည်ထောင်ခဲ့ပြီး အလယ်ခေတ်ကတည်းကစီးပွားရေးအချက်အချာမြို့တစ်မြို့ဖြစ်ခဲ့သည့် ရိုင်းမြစ် (Rhine) ကမ်းနံဘေးမှကိုလုံးမြို့တွင် နောက်ထပ်စိတ်ဝင်စားဖွယ်အချက်များစွာရှိပါသေးသည်။ လည်ပတ်သူများအနေဖြင့် မက်ဒေါ်နယ် (McDonald’s) ဆိုင်သန့်စင်ခန်းအပြင်ဘက်ရှိ ရှေးဟောင်းဘုရားကျောင်းအကြွင်းအကျန်များကိုကြည့်ရှုခံစားနိုင်ပြီး ကေဘယ်ကြိုးစက်ရုံဟောင်းတွင်ယဉ်ကျေးမှုဓလေ့များလေ့လာခံစားနိုင်သည့်အပြင် ကမ္ဘာပေါ်တွင်အကြီးဆုံးကွန်ပျူတာဂိမ်းပြပွဲကိုတက်ရောက်နိုင်ပါသည်။ 

ရေးသားသူ​ Christian Bos

ကိုလုံးမြို့မှခရစ်ယာန်ဘုရားကျောင်းနှင့် ၎င်း၏လျှို့ဝှက်ချက်များ

ကိုလုံးမြို့သို့ လာရောက်လည်ပတ်လျှင် ဘုရားကျောင်းမှာ မသွားမဖြစ် ဖြစ်သည်။ ကိုလုံးမြို့သို့ လာရောက်လည်ပတ်လျှင် ဘုရားကျောင်းမှာ မသွားမဖြစ် ဖြစ်သည်။ | ဓါတ်ပုံ : © Adobe ကိုလုံးမြို့သို့လာရောက်လည်ပတ်လျှင် ဘုရားကျောင်းမှာမသွားမဖြစ် ဖြစ်သည်။ ခရီးသွားအချို့က ထိုဘုရားကျောင်းသာလည်ပတ်စရာရှိသည်ဟု ထင်မြင်ကြသည်မှာ အလွန်နှမြောဖွယ်ကောင်းလှသည်။ ဘုရားကျောင်းကိုလာရောက်လေ့လာကြသော်လည်း လုံးစေ့ပတ်စေ့မလေ့လာကြသည်မှာ ပို၍ပင်နှမြောစရာကောင်းသည်။ အလယ်ခေတ်ဂျာမန်ဂေါသစ်ဗိသုကာလက်ရာများထုံမွှမ်းထားသည့် ဤဘုရားကျောင်းတွင် လျှို့ဝှက်ချက်များ၊ အံ့အားသင့်ဖွယ်ရာများဖြင့် ပြည့်နှက်နေပါသည်။ ဤဘုရားကျောင်းကို ၁၂၄၈ ခုနှစ်ကစတင်ဆောက်လုပ်ခဲ့သော်လည်း ၁၈၈၀ ခုနှစ်မှ အတော်ကြာနောက်ကျပြီးစီးခဲ့ပြီး ထိုအချိန်တုန်းက လက်ရှိအခြေအနေကဲ့သို့ အမဲရောင်သန်းမနေဘဲ စွတ်စွတ်ဖြူမတတ်ဖြူဖွေးခဲ့သည်ကို စာရှုသူများသိချင်မှသိလိမ့်မည်။ ဘုရားကျောင်းမျက်နှာစာကိုသန့်ရှင်းရေးလုပ်သင့်သော်လည်း အလုပ်ပမာဏများသည်ကတစ်ကြောင်း၊ မျက်နှာစာအဆောက်အဦးကိုငြမ်းစင်ဖြင့်နှစ်ပေါင်းများစွာကာထားရမည်ကတစ်ကြောင်းကြောင့် မည်သည့်အခါတွင်မျှသန့်ရှင်းရေးလုပ်ဖြစ်မည်မဟုတ်ပေ။ Drachenfeld (ဘွန်းမြို့ (Bonn) အနီး Königswinter ရှိတောင်) မှ တူးယူထားသောခဲရောင်ကျောက်နှင့်အညိုရောင်သဲကျောက်တို့ကိုလည်း တွေ့မြင်နိုင်သည်။ ဖုန်နှင့်ကျပ်ခိုးများအထပ်ထပ်စွဲလာသောကြောင့် ဘုရားကျောင်းတစ်ဆောင်လုံးမဲညို့နေခြင်းဖြစ်သည်။ အနောက်ဘက်မျက်နှာစာပင်မဝင်ပေါက်၏အပေါ်ဘက်လက်ယာထောင့်တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ရုပ်တုငယ်တစ်ခုရှိမည်ဟု စာရှုသူထင်မှတ်ထားမည်မဟုတ်ပေ။ မင်းပညာရှိသုံးပါးဝတ်ပြုဆုတောင်းရာနေရာရှိ စင်္ကြန်လမ်းကြမ်းခင်း၏အနီရောင်စကျင်ကျောက်ပြားအောက်တွင် ပြင်သစ်ဘုရင်မ Maria de Medici ၏ကိုယ်တွင်းအင်္ဂါကို မြှုပ်နှံခဲ့သည်။ လူတစ်ယောက်အနေဖြင့် အဆိုပါဘုရားကျောင်းထဲတွင် နှစ်ပေါင်းများစွာအချိန်ကုန်ရင်းနေထိုင်သွားနိုင်သော်ငြား ယင်း၏လျှို့ဝှက်ချက်များကိုမူ တစ်ဝက်ပင်ရှာတွေ့မည်မဟုတ်ချေ။၂၀၀၇ ခုနှစ်တွင် တောင်ဘက်ဖြတ်မင်းလမ်း၌ Gerhard Richter ဆိုသူက ၁၁,၅၀၀ သော ရောင်စုံမှန်ကူကွက်များဖြင့် ပြတင်းပေါက်တစ်ခုဖန်တီးခဲ့ပြီး လာရောက်လည်ပတ်သူများအနေဖြင့် နေသာသောနေ့၏မွန်းမတည့်မီအစောပိုင်းတွင် ထိုပြတင်းပေါက်မှဖြာထွက်လာသောရောင်စဉ်တန်းများကိုလည်း ရှုမြင်ခံစားနိုင်ပါသည်။ ဘုရားကျောင်းသို့လာရောက်လည်ပတ်ရန်ကြိုတင်စီစဉ်ထားပါက ဘုရားကျောင်းခေါင်းမိုးပေါ် တက်ကြည့်ဖို့ သေချာပေါက်စာရင်းပေးထားသင့်ပါသည်။ ခေါင်မိုးပေါ်သို့ သွားရောက်လည်ပတ်နိုင်ရန်မှာ အသက် ၁၆ နှစ်ပြည့်ပြီးသူ၊ အမြင့်မကြောက်တတ်သူဖြစ်ရပါမည်။ 

ခိုင်မာသောမိမိကိုယ်ကိုတန်ဖိုးထားစိတ်နှင့် “KÖLSCH” ရော့ခ်ဂီတ

Kölsch ဒေသိယဂီတကိုသီဆိုသော များစွာသောဂီတအဖွဲ့များသည် နိုင်ငံနှင့်အဝှမ်းအောင်မြင်မှုရကြသည်။ ဤနေရာတွင် လှည့်လည်ဖျော်ဖြေပွဲပြုလုပ်နေသော ကြေးဝါချောင်း ၁၃ ခု Querbeat အဖွဲ့ကဲ့သို့သောအဖွဲ့များဖြစ်သည်။ Kölsch ဒေသိယဂီတကိုသီဆိုသော များစွာသောဂီတအဖွဲ့များသည် နိုင်ငံနှင့်အဝှမ်းအောင်မြင်မှုရကြသည်။ ဤနေရာတွင် လှည့်လည်ဖျော်ဖြေပွဲပြုလုပ်နေသော ကြေးဝါချောင်း ၁၃ ခု Querbeat အဖွဲ့ကဲ့သို့သောအဖွဲ့များဖြစ်သည်။ | ဓါတ်ပုံ : © picture alliance/Horst Galuschka/dpa ပြဇာတ်များအလီလီကျင်းပရာ အော်ဖန်ဘက်ခ်ရင်ပြင် (Offenbach Square) ၏ကပ်လျက်ရှိ ကိုလုံးမြို့၏အဓိကလမ်းမတစ်ခုဖြစ်သော လေးလမ်းမောင်း မြောက် - တောင်လမ်းမကြီး (Nord-Süd-Fahrt) အပေါ်ဘက် လေးမီတာအမြင့်ရှိအလှစာလုံးဖြင့်ထွင်းထားသောစာသားသည် “မိမိမြို့ကို ချစ်မြတ်နိုး” ကြရန် ယာဉ်မောင်းများအာ နှိုးဆော်လျက်ရှိသည်။ လူအများကအကျည်းတန်သည်ဟုယူဆသော ကိုလုံးမြို့၏စစ်ပြီးကာလဗိသုကာလက်ရာများကို အသိအမှတ်ပြု၊ ထိန်းသိမ်းကြဖို့ လွန်ခဲ့သော ၁၅ နှစ်ခန့်က အနုပညာရှင်တစ်ဦးဖြစ်သော Merlin Bauer ဆိုသူက ဤဆောင်ပုဒ်ဖြင့်တိုက်တွန်းနှိုးဆော်ခဲ့သည်။ ဂရက်ဇ်မြို့ (Graz) တွင်မွေးဖွားခဲ့သော Bauer အနေဖြင့် သူ၏ဆောင်ပုဒ်ကို ဤမျှလောက်ထိလက်ခံကြိုဆိုကြမည်ဟု ထင်မှတ်ခဲ့မည်မဟုတ်ချေ။ ကိုလုံးမြို့ဒေသခံများအတွက် ၎င်းတို့၏မြို့ကို ချစ်မြတ်နိုးဖို့ အထူးတလှယ်တိုက်တွန်းနေရန်မလိုပေ။  လွန်ခဲ့သောနှစ်များက Cat Ballou ဟူသောအဖွဲ့သည် ထိုဆောင်ပုဒ်ဖြင့် သီချင်းတစ်ပုဒ်ထုတ်လုပ်ခဲ့ပြီး ဒေသခံဘောလုံးဟီးရိုး Lukas Podoski က ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။ “Kölsch” ဂီတကို ကိုလုံးမြို့၏အကောင်းဆုံးထွက်ကုန်တစ်ခုဖြစ်အောင်စွမ်းဆောင်ခဲ့သော နာမည်ကြီးတီးဝိုင်းအဖွဲ့များအနက် ထိုအဖွဲ့ကလည်းတစ်ဖွဲ့အပါအဝင်ဖြစ်သည်။ ၁၉၇၀ ခုနှစ်တွင် Bläck Fööss ဟူသောအဖွဲ့က ရိုင်းလန်းသားတို့၏ (Rhinelander) ရှုထောင့်မှ သရော်ဟန်တစ်လှည့်၊ လွမ်းမောဟန်တစ်လှည့် တွေးတောသုံးသပ်ကာ ဗြိတိသျှစည်းချက်ဘိဒ်ဂီတနှင့် အိုင်းရစ်ကျေးလက်ရိုးရာဂီတတို့ကိုပေါင်းစပ်ရာမှအစပြုသည်။ Fööss အဖွဲ့ကို Old Tastement (ဓမ္မဟောင်းကျမ်း) ဟုသတ်မှတ်လျှင် Höhnern သည် Kölsch- ဒေသိယဂီတကို ရီဝေဝေအနေအထားပျော်ရွှင်မှုဦးစားပေးသည့်ဆူဆူညံညံဂီတမျိုးဖြစ်အောင်ပြောင်းလဲခဲ့ပြီး ယနေ့ခေတ်တိုင် ထိုဂီတအမျိုးအစားကိုပုံဖော်လျက်ရှိသောပထမဦးဆုံးအဖွဲ့ ဖြစ်သည်။ “Kölsch” ဆိုသည်မှာ ဒေသိယစကားကိုသာညွှန်းဆိုခြင်းမဟုတ်ဘဲ ကိုလုံးမြို့အတွင်းချက်လုပ်သောထိပ်တန်းဘီယာကိုလည်းညွှန်းဆိုကြသည်မှာ ထင်ရှားနေပြီဖြစ်သည်။ Brings ၊ Kasalla နှင့် Querbeat တို့ကဲ့သို့ တီးဝိုင်းအဖွဲ့များ (ကပ်လျက်ဘွန်းမြို့မှ တီးဝိုင်းအဖွဲ့များ) သည် ကာနီဗယ်ပွဲတော်တွင်းသာမက နိုင်ငံတစ်ဝှမ်းတွင်ပါပေါက်ရောက်အောင်မြင်ကြသည်။ Kölsch တို့၏လွတ်လပ်သောစိတ်နေသဘောထားသည် ဂျာမနီနိုင်ငံ၏ငြိမ်သက်အေးဆေးသောဒေသနေပြည်သူများအတွက် ဘဝကိုတောင်ပိုင်းဆန်ဆန် ပေါ့ပေါ့ပါးပါးဖြတ်သန်းလိုစိတ်များပေါက်ဖွားစေသောကြောင့် ဖြစ်ဟန်တူသည်။ ကိုလုံးမြို့တွင် စာရိတ္တပျက်ပြားမှုကို ဂျာမန်ဘာသာစကားဖြင့် “Klüngel” ဟုခေါ်ကာ “ဂိုဏ်း” ဟုအဓိပ္ပာယ်ရပြီး လူတစ်ဦး၏ကျရှုံးမှုကိုဂရုမစိုက်ကြောင်း ကိုလုံးမြို့၏ဘဝနေထိုင်နည်းအခြေခံဖြစ်သော “ကိုလုံး ဖွဲ့စည်းပုံစည်းမျဉ်း” တွင်စုစည်းရေးသားထားသည်။ ထိုစည်းမျဉ်းတွင် Kölsch ဆိုရိုးများဖြစ်သည့် “Et hätt noch immer mit jot jejange” (အမြဲအဆင်ပြေသွားမှာပါ။) နှင့် “Wat wellste maache?” (ကိုယ်ဘာလုပ်ချင်သလဲ။) တို့ပါဝင်ပါသည်။ ထိုအချက်များကနှစ်သက်ဖွယ်ကောင်းသလို တစ်ခါတစ်ရံတွင်ဤချစ်စဖွယ်မြို့ကိုပျင်းပျင်းရိရိ ဖြစ်စေပါသည်။ 

စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးပြတိုက်များ....နှင့် စိတ်လက်ပေါ့ပါးဖွယ်အကောင်းဆုံးပြတိုက်များ

အသုံးချအနုပညာပြတိုက်ရှိ ကဖေးသည် ရှုပ်ထွေးဆူညံသောမြို့တော်အလယ် နှစ်လိုဖွယ်အကောင်းဆုံးနှင့်အတိတ်ဆိတ်ဆုံးသော နေရာများအနက်တစ်ခုဖြစ်သည်။ အသုံးချအနုပညာပြတိုက်ရှိ ကဖေးသည် ရှုပ်ထွေးဆူညံသောမြို့တော်အလယ် နှစ်လိုဖွယ်အကောင်းဆုံးနှင့်အတိတ်ဆိတ်ဆုံးသော နေရာများအနက်တစ်ခုဖြစ်သည်။ | ဓါတ်ပုံ : © picture alliance/Hackenberg-Photo-Koeln/Rainer Hackenberg ကိုလုံးမြို့သည် ပြတိုက်စရိတ်အတွက် ကိုယ်ပိုင်ဘဏ္ဍာတိုက်မှငွေများကို  ဂျာမနီနိုင်ငံ၏အခြားမြို့များထက် ပိုမိုသုံးစွဲကြောင်း ၎င်း၏ဝက်ဘ်ဆိုက်တွင်အခိုင်အမာဆိုထားသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်သည့်များစွာသောအဖွဲ့အစည်းများသည် အများပြည်သူပိုင်ပြတိုက်ကိုးခုကို အင်အားတောင့်စေပါသည်။ ထိုပြတိုက်များတွင် ဆာလောင်မွတ်သိပ်မှုနှင့်ဒုက္ခခံစားရမှုကို ပြောင်ပြောင်မြောက်မြောက်ပုံဖော်ထားသော ကျောက်ပုံနှိပ်ရုပ်ပုံများကြောင့်ထင်ရှားသည့် အနုပညာရှင် Käthe Kollwitz ၏တစ်ကိုယ်တော်လက်ရာများကို အများဆုံးစုစည်းထားသော်လည်း ဈေးဝယ်စင်တာအပေါ်ဆုံးထပ်တွင်မလိုက်မဖက်တည်ရှိနေသည့် Käthe Kollwitz ပြတိုက်မှသည် ယခုခေတ်တိုင်တည်ရှိနေဆဲဖြစ်သော ကမ္ဘာပေါ်တွင်ရှေးအကျဆုံးရေမွှေးပြတိုက်ဖြစ်ရုံသာမက နာမည်ကြီးအော်ဒီကလုန်းရေမွှေးမွေးဖွားရာလည်းဖြစ်သည့် ဖရီနာဟောက်စ် (Farina Haus) ရှိရေမွှေးပြတိုက်တို့အထိ ပါဝင်သည်။ Wallraf Richartz ပြတိုက်သည်လမ်းတစ်ဖက်ခြမ်းတွင်တည်ရှိပြီး ကိုလုံးမြို့၏ပြတိုက်အခင်းအကျင်းတွင်အခရာကျသည်။ ဓာတ်ပုံပြခန်းတွင် အလယ်ခေတ်မှပညာရှင်များ၏လက်ရာများမှသည် ၂၀ ရာစုနှစ်မှလက်ရာများအထိ ခင်းကျင်းပြသထားသည်။ ထိုပြတိုက်တွင်မပြသည့်အရာများကို Ludwig ပြတိုက်ကပြသနေပြီး ချီးကျူးလောက်ဖွယ်ခေတ်ပေါ် အိက်ပ်စပရက်ရှင်ဝါဒနှင့်ပေါ့အနုပညာလက်ရာများကို စုစည်းခင်းကျင်းထားပါသည်။ ပဲရစ်မြို့၏အပြင်ဘက်တွင် ခေတ်အသီးသီးမှပီကာဆို၏လက်ရာများ ကြီးကြီးမားမားစုစည်းမှုတစ်ခုကိုရှာရခက်ပေမည်။ သို့သော် ကိုလုံးမြို့၏ပြတိုက်အမျိုးအစားများအကြား သိပ်မထင်ရှားသောပြတိုက်များကလည်း အံ့ဖွယ်အကောင်းဆုံးနေရာဖြစ်နေနိုင်ပါသည်။ MAKK ဟု အတိုကောက်ခေါ်သော အသုံးချအနုပညာပြတိုက် (Museum of Applied Arts) တွင် ထောက်ပံ့ကြေးလုံလုံလောက်လောက်မရသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းပေါ်လွင်လှသော်လည်း အတွင်းပိုင်းရှိလေဟာပြင်ကော်ဖီဆိုင်မှာ မြို့ပြ၏ဆူညံရှုပ်ထွေးမှုများအကြား ဆိတ်ငြိမ်လှပသောအိုအေစစ်လေးပင်ဖြစ်သည်။ လမ်းအနည်းငယ်လျှောက်လိုက်လျှင်  ကိုလုံးမြို့ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏အနုပညာပြတိုက်ဖြစ်သည့် Kolumba သို့ရောက်ရှိနိုင်ပြီး အဆောက်အဦးကိုကပင်ခမ်းနားလှပါသည်။ ၂၀၀၇ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ပြီး ဆွဇ်ဇာလန်လူမျိုးနာမည်ကျော်ဗိသုကာပညာရှင် Peter Zumthor က ဒုတိယကမ္ဘာစစ်အတွင်းပျက်စီးသွားသည့် စိန့်ကိုလမ်ဘီယာဘုရားကျောင်းမြေပေါ်တွင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အပျက်အစီးများကိုပြတိုက်တွင် ပြသထားပါသည်။ ကိုလုံးမြို့တွင်ဆိတ်ငြိမ်သည့်နေရာကိုရှာဖွေနေသောလည်ပတ်သူများအနေဖြင့် မဟော်ဂနီရောင်ဗီရိုများရှိရာ စာကြည့်တိုက်တွင်အချိန်ဖြုန်းရသည်ကိုနှစ်သက်ပေမည်။ 

POPKOMM ဂီတနှင့်ဖျော်ဖြေရေးကုန်စည်ပြပွဲမှ Gamescom ဂိမ်းပြပွဲသို့

ကာနီဗယ်ပွဲတော်ပြင်ပတွင်ပင် ကိုလုံးမြို့ ဒေသခံများသည် ဝတ်စုံများကိုဆင်ယင်ရန် အကြောင်းပြချက်အမျိုးမျိုးသုံးကြပေလိမ့်မည်။ ဥပမာ။   ။ ကမ္ဘာ့ဦးဆောင် ဗီဒီယိုဂိမ်းကုန်စည်ပြပွဲ gamescom တွင် cosplay ဝတ်ဆုံဆင်ယင်ခြင်း။ ကာနီဗယ်ပွဲတော်ပြင်ပတွင်ပင် ကိုလုံးမြို့ ဒေသခံများသည် ဝတ်စုံများကိုဆင်ယင်ရန် အကြောင်းပြချက်အမျိုးမျိုးသုံးကြပေလိမ့်မည်။ ဥပမာ။ ။ ကမ္ဘာ့ဦးဆောင် ဗီဒီယိုဂိမ်းကုန်စည်ပြပွဲ gamescom တွင် cosplay ဝတ်ဆုံဆင်ယင်ခြင်း။ | ဓါတ်ပုံ : © picture alliance/Geisler-Fotopress/Christoph Hardt ဂီတလောက၏အထွတ်အထိပ်ကာလဖြစ်သော ၁၉၉၀ ခုနှစ်များတွင် စံပြုလောက်သောယုံကြည်မှုလွန်ကဲမှုဖြင့် ကိုလုံးမြို့ကိုပေါ့ဂီတမြို့တော်ဟုတင်စားခဲ့သည်။ ကမ္ဘာပေါ်တွင်အကျော်ကြားဆုံးသောဂီတနှင့်ဖျော်ဖြေရေးကုန်စည်ပြပွဲများအနက်တစ်ခုဖြစ်သည့် PopKomm ကို တေးဂီတဖျော်ဖြေပွဲပေါင်းများစွာဖြင့် ကိုလုံးလမ်းတွင်လေဟာပြင်ပွဲတော်ကြီးစီစဉ်ကျင်းပခဲ့သည်။ ဂီတလုပ်ငန်းသည် အင်တာနက်၊ ဒေါင်းလုပ်နှင့်စထွင်းမင်းဝန်ဆောင်မှုများကြောင့် အကျဘက်သို့ရောက်နေပြီဖြစ်သော်လည်း PopKomm ပွဲတော်သည် ရာစုနှစ်အစ(၂၀၀၁ခုနှစ်)တွင် ဘာလင်မြို့သို့ပြောင်းရွှေ့သွားသောကြောင့် ကိုလုံးမြို့သည်စိတ်ထိခိုက်ရပြီး ပစ်ပယ်ခံလိုက်ရသည်။ ထိုစိတ်ဒဏ်ရာကိုကုစားရင်းဆယ်စုနှစ်တစ်ခုအကြာတွင် ကမ္ဘာ့အကြီးဆုံးကွန်ပျူတာနှင့်ဗီဒီယိုဂိမ်းကုန်စည်ပြပွဲဖြစ်သော gamescom ကို ဩဂုတ်လကုန်ပိုင်းတွင်ကိုလုံးမြို့၌ကျင်းပခဲ့ပြီး လူပေါင်းများစွာတက်ရောက်ကြသည်။ နောက်ဆုံးကျင်းပခဲ့သော gamescom ပွဲတော်သည် လာရောက်လည်ပတ်သူပေါင်း ၄၀၀,၀၀၀ ခန့်ကိုဆွဲဆောင်နိုင်ခဲ့ပြီး အများစုကကော့စ်ပလေးဝတ်စုံများဝတ်ဆင်လာကြသည်။ လာရောက်လည်ပတ်သူအရေအတွက်တရိပ်ရိပ်တိုးပွားလာသည့်အတွက် ပွဲတော်ကိုမြို့အနှံ့ဖြန့်ကြက်ကျင်းပလာရသည်။

မြူးလ်ဟိုင်းမ်မြို့(Mülheim) တွင်တံတားဆောက်ဖြစ်ခဲ့ပုံ

ကိုလုံး- မြူးလ်ဟိုင်းမ်မြို့ရှိ ကားစ်ဝါ့ခ် (Carlswerk) ကေဘယ်လ်ကြိုးစက်ရုံတွင် ထောက်ကြိုးများ၊ ဆက်သွယ်ရေးကေဘယ်ကြိုးများ၊ ဗို့အားမြင့်ဝါယာကြိုးများထုတ်လုပ်ခဲ့သည်။ ယနေ့တွင် ထိုနေရာသည် Kölner Schauspielhaus ကဇာတ်ရုံ၏ပရိတ်သတ်အတွက် ပြောင်းလဲနိုင်သော အခမ်းအနားကျင်းပရာနေရာတစ်ခုဖြစ်သည်။ “Carlsgarten” လူထုဥယျာဉ်သည် ထိုနေရာ၏ရှေ့တည့်တည့်တွင်ရှိသည်။ ကိုလုံး- မြူးလ်ဟိုင်းမ်မြို့ရှိ ကားစ်ဝါ့ခ် (Carlswerk) ကေဘယ်လ်ကြိုးစက်ရုံတွင် ထောက်ကြိုးများ၊ ဆက်သွယ်ရေးကေဘယ်ကြိုးများ၊ ဗို့အားမြင့်ဝါယာကြိုးများထုတ်လုပ်ခဲ့သည်။ ယနေ့တွင် ထိုနေရာသည် Kölner Schauspielhaus ကဇာတ်ရုံ၏ပရိတ်သတ်အတွက် ပြောင်းလဲနိုင်သော အခမ်းအနားကျင်းပရာနေရာတစ်ခုဖြစ်သည်။ “Carlsgarten” လူထုဥယျာဉ်သည် ထိုနေရာ၏ရှေ့တည့်တည့်တွင်ရှိသည်။ | ဓါတ်ပုံ : © picture alliance/Hackenberg-Photo-Koeln/Rainer Hackenberg မြူးလ်ဟိုင်းမ်မြို့သည် သိမ်းသွင်းမှုကိုကာလာရှည်ကြာတွန်းလှန်ခဲ့ရသည်။ ယခင်ကသီးခြားမြို့အဖြစ်ရပ်တည်ခဲ့သည့် လက်ယာရိုင်းမြစ်ကမ်းနံဘေးမှမြူးလ်ဟိုင်းမ်မြို့သည် ၁၉၁၄ ခုနှစ်တွင် ဒေသခံများ၏သဘောဆန္ဒမပါဘဲ ကိုလုံးမြို့နယ်နိမိတ်ထဲကျရောက်ခဲ့ရသည်။ ၎င်းတို့၏သီးခြားလွတ်လပ်မှုဆုံးရှုံးခဲ့ရသည်ကိုချွေးသိပ်သည့်အနေဖြင့် မြူးလ်ဟိုင်းမ်မာတံတားဆောက်လုပ်ပေးရန်အဆိုပြုခဲ့သည်။ ထောက်ကြိုးများကို ရေအောက်ဓာတ်ကြိုးများထုတ်လုပ်ဖူးသည့်မြူးလ်ဟိုင်းမ်မြို့ရှိကားစ်ဝါ့ခ် (Carlswerk) ကေဘယ်လ်ကြိုးစက်ရုံတွင်ထုတ်လုပ်ခဲ့သည်။ လက်ဝဲမြစ်ကမ်းမှကိုလုံးဒေသခံများသည် နှစ်ပေါင်းများစွာတိုင် E–Werk သို့မဟုတ် Palladium တွင်ဖျော်ဖြေပွဲကြည့်ရန်သာ လက်ယာကမ်းဆီသို့လာရောက်ကြသည်။ Harald Schmidt Show မှစ၍ Stefan Raab ၏ကွဲပြားစုံလင်သောတီဗီရှိုးပုံစံများအထိ မြောက်များစွာသောတယ်လီဗေးရှင်းစတူဒီယိုများက ဤနေရာကိုငှားရမ်းခဲ့ကြသည်။ Schauspielhaus Köln (ကိုလုံးကဇာတ်ရုံ) ကို ကားစ်ဝါ့ခ်သို့  ၂၀၁၃ ခုနှစ်တွင်ယာယီမပြောင်းရွှေ့ခင်အထိ လာရောက်လည်ပတ်သူအရေအတွက်တိုးမလာခဲ့ပေ။ ထိုအချိန်တုန်းကမြို့လယ်ကောင်မှအော်ဖန်ဘက်ခ်ရင်ပြင်ရှိ ကဇာတ်ရုံနှင့်အော်ပရာတို့ကိုပြန်လည်ပြင်ဆင်ရာမှ ဘာလင်-ဘရန်ဒန်ဘတ်လေဆိပ် (Berlin-Brandenburg Airport) ကဲ့သို့ မပြီးပြတ်ဘဲသံသရာလည်နေသည့်စီမံကိန်းအထိဖြစ်သွားလိမ့်ဟု မည်သူကမျှမှန်းဆနိုင်ခဲ့မည်မဟုတ်ချေ။ ကားစ်ဝါ့ခ်နှင့်အနီးတစ်ဝိုက်တို့သည် ကဇာတ်ရုံသုံးရုံ၊ ဂီတခန်းမနှစ်ခု၊ ကျောက်တောင်တက်ခန်းမကြီးတစ်ခုတို့ဖြင့် မယုံနိုင်လောက်အောင်ရေပန်းစားသောယဉ်ကျေးမှုနယ်မြေအဖြစ်ဖွံ့ဖြိုးတိုးတက်သွားသည့်အတွက် ကောင်းကျိုးတစ်ချက်တော့ရှိပါသည်။ စားသောက်ဆိုင်အမျိုးအစားများကစုံလင်လှသော်လည်း ကိုလုံးမြို့၏တူရကီငယ်လေးဖြစ်သော ခွိုက်ပ်လမ်း (Keupstraße) ဝန်းကျင်ရှိ စားသောက်ဆိုင်များအနက် တစ်ဆိုင်ဆိုင်သို့ လမ်းကြုံဝင်ကြည့်ဖို့ထိုက်တန်ပါသည်။ 

“DRINK DOCH ENE MET” (လာပါ။ အတူတူတစ်ခွက်သောက်ကြမယ်။)

“tolle Tage” (ပျော်စရာရက်များ) ကို ကိုလုံးမြို့အနှံ့တွင် ဆင်နွှဲကြသည်။ ဘားများတွင်၊ လမ်းများပေါ်တွင်၊ ကလပ်များအတွင်းနှင့် လျှပ်စစ်ရထားများပေါ်တွင်ပင်ပါဝင်ဆင်နွှဲကြသည်။ “tolle Tage” (ပျော်စရာရက်များ) ကို ကိုလုံးမြို့အနှံ့တွင် ဆင်နွှဲကြသည်။ ဘားများတွင်၊ လမ်းများပေါ်တွင်၊ ကလပ်များအတွင်းနှင့် လျှပ်စစ်ရထားများပေါ်တွင်ပင်ပါဝင်ဆင်နွှဲကြသည်။ | ဓါတ်ပုံ : © Geisterzug.de ကာနီဗယ်ပွဲတော်သည် ကိုလုံးမြို့နေပြည်သူတိုင်းအတွက် အလေးအမြတ်ထားရာပွဲတော်ဖြစ်ပြီး ကိုလုံးမြို့မှကာနီဗယ်ပွဲများသည် ဘရာဇီးမြို့မှပွဲတော်များဖြင့် အသာလေးယှဉ်နိုင်သည်ဟု အများစုကအခိုင်အမာဆိုကြပေမည်။ အပြင်လူကကြည့်လျှင်တော့ ထိုသို့မြင်ချင်မှမြင်လိမ့်မည်။ ရိုင်းမြဒေသခံမဟုတ်သူများသည် နှင်းဆီတနင်္လာနေ့ စီတန်းလမ်းလျှောက်ပွဲ (Rose Monday parade) နှင့် ရှည်လျားသောတိုက်ရိုက်ထုတ်လွှင့်မှုများက ကိုလုံးမြို့ ကာနီဗယ်ပွဲတော်၏အသက်ဟု များသောအားဖြင့်ယူဆကြသည်။ ကိုလုံးမြို့အနီးတစ်ဝိုက်မှသူများကတော့ ဈေးဟောင်းနေရာ၌ကြာသပတေးနေ့ ၁၁ နာရီ ၁၁ မိနစ်တိတိတွင်ကျင်းပပြီး အချို့သူများအရက်သေစာအလွန်အကျွံသောက်သုံးလေ့ရှိသည့်  “Wieverfastelovend” (အမျိုးသမီး ကာနီဗယ်ပွဲ) လမ်းမပွဲတော်ဖွင့်ပွဲအခမ်းအနားကို အသက်ဟုမှတ်ယူကြသည်။ “tolle Tage” (ပျော်စရာရက်များ) ကို ကိုလုံးမြို့အနှံ့တွင်ဆင်နွှဲကြသောကြောင့် ဖြစ်နိုင်ပါက အထက်ပါနှစ်ရက်လုံးကိုရှောင်သင့်သည်။ ဘားများတွင်ပါဝင်ဆင်နွှဲသူများကထိုင်ခုံပေါ်တက်၍ ပြိုင်တူယိမ်းနွဲ့နိုင်စေရန်ရည်ရွယ်၍ ပြတင်းပေါက်များတွင်ခုံများထားပေးပြီး လမ်းများ၊ ကလပ်များနှင့် လျှပ်စစ်ရထားများပေါ်တွင်လည်းပါဝင်ဆင်နွှဲကြသည်။ အများစုကအလုပ်နားကြပြီး အလုပ်ရှင်တော်တော်များများက နှင်းဆီတနင်္လာနေ့ကို တရားမဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးကြသည်။ ကိုလုံးမြို့ဒေသခံတိုင်းသည် မည်သည့်နေရာနှင့်မည်သို့မည်ပုံပါဝင်ဆင်နွှဲမည်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်အကြံများရှိကြသည်။ ထိုပါတီကိုတက်ရောက်လိုပါက ဒေသခံများနှင့်ချိတ်ဆက်သည်ကအကောင်းဆုံးဖြစ်ပြီး ကိုလုံးမြို့ကဲ့သို့ပွင့်လင်းဖော်ရွေးသောမြို့တွင် ချိတ်ဆက်ရအလွန်လွယ်ကူပါသည်။ သို့သော် စာရှုသူအနေဖြင့် ကိုယ်တိုင်အမြတ်တနိုးချုပ်လုပ်ထားသည့်ဆန်းဆန်းပြားပြားဝတ်စုံများ ဝတ်လာဖို့တော့လိုပေမည်။ 

စိတ်လှုပ်ရှားဖွယ်ဇုပိချာလမ်း (ZÜLPICHER) နှင့်ဆိတ်ငြိမ်သောရာသနောရင်ပြင် (RATHENAU)

အနည်းငယ်သော ကိုလုံးမြို့ခံများကသာလျှင် သူတို့သည် “Zülp” တွင် ရိုင်းစိုင်းကြမ်းတမ်းသောည တစ်ည သို့မဟုတ် နှစ်ညကို မကုန်ဆုံးဖူးပါဟု ပြောနိုင်ပေလိမ့်မည်။ ဘားများ၊ ယမကာဆိုင်ငယ်များနှင့် အဆာပြေစားစရာဘားဆိုင်များနှင့်အတူ ဤနေရာတွင် “Filmdose” ပြဇာတ်ရုံကဖေးမှယဉ်ကျေးမှုဓလေ့နှင့် “Off Broadway” မှ အနုပညာအသားပေးရုပ်ရှင်ရုံလည်းရှိသည်။ အနည်းငယ်သော ကိုလုံးမြို့ခံများကသာလျှင် သူတို့သည် “Zülp” တွင် ရိုင်းစိုင်းကြမ်းတမ်းသောည တစ်ည သို့မဟုတ် နှစ်ညကို မကုန်ဆုံးဖူးပါဟု ပြောနိုင်ပေလိမ့်မည်။ ဘားများ၊ ယမကာဆိုင်ငယ်များနှင့် အဆာပြေစားစရာဘားဆိုင်များနှင့်အတူ ဤနေရာတွင် “Filmdose” ပြဇာတ်ရုံကဖေးမှယဉ်ကျေးမှုဓလေ့နှင့် “Off Broadway” မှ အနုပညာအသားပေးရုပ်ရှင်ရုံလည်းရှိသည်။ | ဓါတ်ပုံ : © picture alliance/imageBROKER/Schoening ဇုပိချာလမ်းသည် ပဲရစ်မြို့ရှိတက္ကသိုလ်လက်တင်နယ်မြေမှပြဇာတ်ဖြစ်သော Kwartier Latäng ၏အခရာဖြစ်ပြီး မြို့အချက်အချာနှင့်တက္ကသိုလ်တို့ကိုချိတ်ဆက်ထားသည်။ ဇုပိချာလမ်းသည် မုန့်ဆိုင်များနှင့်ဈေးသက်သာသောယာမကာဆိုင်ငယ်များ၊ ကလပ်များဖြင့်ပြည့်နှက်နေပြီး ယခုမှလာရောက်လည်ပတ်ဖူးသူများပါတီတက်လေ့ရှိသောနေရာလည်းဖြစ်သည်။ ကာနီဗယ်စီတန်းလမ်းလျှောက်ပွဲကာလတွင် ပါတီများကထိန်းမနိုင်သိမ်းမနိုင်ဖြစ်တတ်ပြီး တစ်ခါတစ်ရံတွင်ဆိုးရွားသောဖြစ်ရပ်များဖြစ်တတ်ပါသည်။ ရင့်ကျက်တည်ငြိမ်သောကျောင်းသားများက ညဘက်တွင်ဇုပိချာလမ်းကိုရှောင်တတ်ကြပြီး ခမ်းနားသော Off-Broadway ရုပ်ရှင်ရုံတွင်အနုပညာအနှစ်သာရပြည့်ဝသောရုပ်ရှင်တစ်ကားဝင်ကြည့်ပြီး ကိုလုံးမြို့တွင်အကောင်းဆုံးဟုပြောစမှတ်ပြုကြသည့်နှစ်တိုက်အကွာရှိ ဟာဘီဘီဆိုင်မှ (Habibi) အနံ့အရသာနှင့်ပြည့်စုံသော ဖေလဖယ်လ် (falafel) စားကြသည်။ ဇုပိချာမှ တစ်လမ်း၊ နှစ်လမ်းအကွာရှိ အီတာလီယံ၊ စပိန်၊ ပီရူး၊ ဂျပန်နှင့် အရှေ့နားဒေသမှ စားသောက်ဆိုင်များရှိရာ ရာသနောရင်ပြင်ဝန်းကျင်သည် ပိုမိုအေးအေးချမ်းချမ်းရှိသည်။ နွေရာသီလများတွင် ဒေသခံနိုင်ငံသားများစုဝေးတောင်းဆိုပွဲကို ရင်ပြင်ရှိနာမည်ကြီးလေဟာပြင်ဘီယာဆိုင်တွင် ကျင်းပကြသည်။ ထိုပန်းခြံလေးတွင်ကျောင်းသားများ၊ မိသားစုများ(ကစားကွင်းရှိသည်) နှင့်ဘူးဘောလုံးဂိမ်းကစားနေသူများ (Boule player) ရောပြွမ်းနေပါသည်။ ရင်ပြင်၏အရှေ့ဘက်ခြမ်းတွင် ကိုလုံး ရဟူဒီဂျူးဘုရားကျောင်းရှိပြီး ၁၉ ရာစုမှ ခေတ်သစ်ရောမအဆောက်အဦးဖြစ်သည်။ ကိုလုံးမြို့၏ဂျူးဘာသာရေးဝတ်ပြုသူလူစုသည် အယ်လ်တောင်တန်း၏မြောက်ဘက်တွင် ရှေးအကျဆုံးဖြစ်သည်။ ဂျူးဘုရားကျောင်းထဲမှ ကိုရှာစားသောက်ဆိုင်ဖြစ်သော Mazel Tov တွင်မြည်းစမ်းကြည့်ပါ။ ကြိုတင်စာရင်းပေးဖို့လိုသည်ကိုတော့ အများစုကမသိကြပေ။ 

မက်ဒေါ်နယ်မှ ရောမခေတ်အဆောက်အအုံအပျက်အစီးများ

ကိုလုံးမြို့၏နေရာတိုင်းနီးပါးတွင် ရှေးဟောင်းရိုမန်၏သဲလွန်စများကိုတွေ့နိုင်သည်။ ဤနေရာတွင် ရောမခေတ်စစ်ရုံး (Praetorium) ရှေးဟောင်းတူးဖော်တွေ့ရှိမှုကဲ့သို့ဖြစ်သည်။ ကိုလုံးမြို့၏နေရာတိုင်းနီးပါးတွင် ရှေးဟောင်းရိုမန်၏သဲလွန်စများကိုတွေ့နိုင်သည်။ ဤနေရာတွင် ရောမခေတ်စစ်ရုံး (Praetorium) ရှေးဟောင်းတူးဖော်တွေ့ရှိမှုကဲ့သို့ဖြစ်သည်။ | ဓါတ်ပုံ : © picture-alliance/dpa/Horst Ossinger ကိုလုံးမြို့၏ရောမဇစ်မြစ်ကို ခြေရာခံလို့ရပါသည်။ ဘီစီ ၅၀ ခုနှစ်၊ Caesar Claudius လက်ထက်တွင် “Colonia Claudia Ara Agrippinensium” ၊ “Cladius ၏ကိုလိုနီနှင့် ဂစ်ရစ်ပင်နီးယမ်းများ၏ယဇ်ပလ္လင်” ဟုအမည်ပေး၍ ကိုလုံးမြို့ကိုတည်ထောင်ခဲ့ပါသည်။ ရိုမန် - ဂျာမန် ပြတိုက်တွင် ထိုကာလမှရှေးဟောင်းအသုံးအဆောင်များကိုခင်းကျင်းပြသထားကာ လက်ရှိတွင်ပြုပြင်မွမ်းမံနေပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုမသတ်မှတ်ရသေးပေ။ ကိုလုံးမြို့မှရောမခေတ်လက်ရာအပျက်အစီးများကိုလေ့လာနိုင်သည့် ဒုတိယအရေးအကြီးဆုံးနေရာမှာလည်း ထို့နည်းလည်းကောင်းပင်။ မြို့တော်ခန်းမအောက်ရှိ ရောမခေတ်စစ်ရုံး (Praetorium) သည် အောက်ဂျာမနီနန်းတော်စီရင်စုဘုရင်ခံ၏အကြွင်းအကျန်များဖြစ်သည်။ သို့သော် Colonia Claudia Ara Agrippinensium ၏ယခင်ဗဟိုချက်နေရာကို အများပြည်သူကြည့်ရှုနိုင်အောင်ပြသထားပြီး ဝင်ကြေးအခမဲ့ဖြစ်ကာ ထူးခြားသောနေရာဖြစ်သည်။ ရောမခေတ်တွင် ကိုလိုနီ၏ပင်မလမ်းကြောနှစ်ခုဆုံချက်နေရာသည် ကိုလုံးမြို့၏ဟစ်တိုင်ကြီးဖြစ်သည်။ ယနေ့ခေတ်တွင် လူသိများသည့်ဈေးလမ်းနှစ်ခုဖြစ်သော ဟိုဟဲလမ်း (Hohe) နှင့်ရှေဒါဂါ့စ်လမ်း (Schildergasse) တို့သည် ထိုရှေးဟောင်းလမ်းမကြီးနှစ်ခု၏လမ်းကြောင်းများအတိုင်း တည်ရှိသည်။ ကိုလုံးမြို့၏ရောမရွှေထီးဆောင်းခေတ်နှင့်ဆက်စပ်သည့်နောက်ထပ်အထောက်အထားများကို စီအန်အေ (C&A) အထည်ဆိုင်၏အောက်ဆုံးထပ်တွင် ပြသထားပါသည်။ ခြေလျင်လမ်းလျှောက်ဇုန်မှစက်လှေကားစီးလျှင် မက်ဒေါ်နယ်ဆိုင်သို့တန်းရောက်ပါသည်။ သန့်စင်ခန်းအပြင်ဘက် စက်လှေကားအောက်တွင် ရောမခေတ်ဟစ်တိုင်၏အုတ်မြစ်ဖြစ်ခဲ့သည့် ကွန်ကရစ်တုံး “Opus caementicium” တစ်ခုရှိပါသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ ခန့်မှရိုးရာဓလေ့များနှင့် အသင့်စားစားသောက်ဆိုင်၏သင်စင်ခန်းတို့် ဆုံမိသည့်နေရာတွင် ဟစ်တိုင်၏သမိုင်းကြောင်းနှင့်ဗိသုကာလက်ရာကို ရှင်းပြထားသောဆိုင်းဘုတ်တစ်ခုရှိသည်။ ဤအခြင်းအရာမျိုးကို ကိုလုံးမြို့တွင်သာတွေ့နိုင်ပါသည်။  

နုပျိုဆန်းသစ်သောအီဟန်ဖဲ (EHRENFELD)

အီဟန်ဖဲက သီးခြားယဉ်ကျေးမှုနှင့်ပတ်သက်ပြီး နာမည်ကျော် နယ်မြေ စဖြစ်စဉ်ကတည်းက Artheater ရှိခဲ့သည်။ ကော်ဖီဆိုင်၊ ခေတ်ဆန်ဆန်ပါတီနှင့်ဂီတပွဲအစီအစဉ်များ၊ ရဲတင်းသောစမ်းသပ်ပြဇာတ်တို့ကို တမူထူးခြားစွာရောစပ်၍ ဖွင့်လှစ်ထားသည်။ အီဟန်ဖဲက သီးခြားယဉ်ကျေးမှုနှင့်ပတ်သက်ပြီး နာမည်ကျော် နယ်မြေ စဖြစ်စဉ်ကတည်းက Artheater ရှိခဲ့သည်။ ကော်ဖီဆိုင်၊ ခေတ်ဆန်ဆန်ပါတီနှင့်ဂီတပွဲအစီအစဉ်များ၊ ရဲတင်းသောစမ်းသပ်ပြဇာတ်တို့ကို တမူထူးခြားစွာရောစပ်၍ ဖွင့်လှစ်ထားသည်။ | ဓါတ်ပုံ : © Matthias Porath / Lilville / artheater.de ရှေးဟောင်းမြို့ ကိုလုံးသည် အံ့ဩဖွယ်နုပျိုလို့နေပြန်ပါသည်။ ၂၀၁၉ ခုနှစ်တစ်နှစ်တည်း၌ပင် အသက် ၁၈ နှစ်မှ ၃၀ နှစ် အတွင်းရှိ လူသစ်ပေါင်း ၁၀,၀၀၀ ကျော် ကိုလုံးမြို့သို့ပြောင်းရွှေ့လာကြသည်။ ယခင်ကလက်လုပ်လက်စားနယ်မြေဖြစ်သော အီဟန်ဖဲလောက် မည်သည့်နေရာကမျှ ကိုလုံးမြို့၏ငယ်ရွယ်မြူးကြွမှုကို ပို၍ကောင်းစွာကိုယ်စားမပြုနိုင်ပါ။ ယခုထိလည်း မည်သည့်အခြေအနေတွင်မဆို ထိုသို့ကိုယ်စားပြုနေဆဲဖြစ်သော်ငြား အခြားနေရာများကဲ့သို့ပင် လူနေအိမ်ရာများအဆင့်မြှင့်မွမ်းမံခြင်းက ကိုလုံးနှင့် (ကိုလုံးဘာသာစကား (Kölsch) အရ ရပ်ကွက်ဟုအဓိပ္ပာယ်ရသော) “Veedel” များ၏အနာဂတ်ကို ပုံဖော်နေပါသည်။ Underground နှင့်လတ်တလောတွင် Heinz Gaul တက်ကနိုကလပ်ကဲ့သို့ ကိုလုံးမြို့၏ညပွဲလမ်းသဘင်နေရာအချို့ကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ စုတ်ချာချာယမကာဆိုင်များမှသည် အဆင်တန်းမြင့်ဆိုင်များအထိ ဖျော်ဖြေရေးနေရာများစွာ ကျန်ရှိပါသေးသည်။ ညနေဘက်ပေါ့ပေါ့ပါးပါးအပြင်ထွက်ရန် အလှများများစားစားပြင်နေစရာမလိုပါ။ အီဟန်ဖဲက သီးခြားယဉ်ကျေးမှုနှင့်ပတ်သက်ပြီး နာမည်ကျော်နယ်မြေစဖြစ်စဉ်ကတည်းက Artheater ရှိခဲ့သည်။ ကော်ဖီဆိုင်၊ ခေတ်ဆန်ဆန်ပါတီအစီအစဉ် (များသောအားဖြင့် အီးဒီအမ်ဂီတ)၊ စမ်းသပ်ပြဇာတ်နှင့် စနစ်တကျစီစဉ်ထားသည့်ဖျော်ဖြေပွဲအမျိုးအစားတို့ကို တမူထူးခြားစွာရောစပ်၍ ၁၉၉၈ တွင်စတင်ဖွင့်လှစ်ခဲ့သည်။ လမ်းအနည်းငယ်လျှောက်လျှင်ရောက်နိုင်သော Bumann & Sohn သည် ၂၀၁၇ ခုနှစ်တွင် အလုပ်ရုံဟောင်းတစ်ခုကို နှစ်လိုဖွယ်သောက်စားကခုန်စရာနေရာတစ်ခုအဖြစ် ပြောင်းလဲဖန်တီးခဲ့သည်။ အတွင်းပိုင်းမှာလက်ဖြစ်လက်ရာဖြစ်ပြီး အကြမ်းထည်ဆန်ဆန်ပင်ဖြစ်သည်။ ထိုလေဟာပြင် ဘီယာဆိုင်၏အလုပ်ရုံဆန်ဆန် - ကြည်နူးဆွတ်ပျံ့ဖွယ်ပတ်ဝန်းကျင်အနေအထားသည် နွေရာသီတွင်ဆွဲဆောင်မှုရှိပြီး ဂရုတစိုက်ရွေးချယ်ထားသောတီးဝိုင်းများ၊ အနုပညာရှင်များကလည်း စတိတ်စင်ငယ်လေးပေါ်တွင်တစ်နှစ်ပတ်လုံးဖျော်ဖြေပေးသည်။ ထိုမှတီးဝိုင်းများ၊ အနုပညာရှင်များသည် များမကြာမီမှာပင် ပို၍ကြီးမားသောဇာတ်ရုံကျယ်ကြီးများသို့ ဖြည့်ဆည်းရန်သွားကြသည်။ လမ်းတစ်ဖက်ခြမ်းရှိ Club Bahnhof Ehrenfeld သည် အဆိုပါနာမည်ဖြစ်လာစေခဲ့သည့် မြို့ပတ်ရထားဘူတာ၏ပေါင်းမိုးသုံးခုအောက်တစ်လျှောက် တည်ရှိသည်။ CBE တွင် ဂျက်ဇ်ဂီတမှသည် ဟစ်ဟော့ဂီတအထိ၊ ဆိုးလ်ဂီတမှသည် ဆဲလ်ဆာဂီတအထိ လူမည်းဂီတအမျိုးအစားအားလုံးနားထောင်နိုင်ပါသည်။ အချို့သောရပ်စတားများသည် ဤနေရာမှ အစပျိုးခဲ့ကြပြီး မီးရထားလမ်းများအောက်တွင် အထင်ကရဂီတပညာရှင်အချို့က ဧည့်သည်အဖြစ်လာရောက်ဖျော်ဖြေခဲ့ကြပြီးဖြစ်သည်။ 

ကိုလုံးမြို့မှ ရေပန်းတစ်ခု၏အံ့ဖွယ်ဖြစ်ရပ်

Heinzelmännchen က ရေပွက်များထနေသော Heinzelmännchenbrunnen ကို ထွင်းထုထားသည်။ Heinzelmännchen က ရေပွက်များထနေသော Heinzelmännchenbrunnen ကို ထွင်းထုထားသည်။ | ဓါတ်ပုံ : © Adobe နေ့လယ်ခင်းကမပြီးပြတ်ခဲ့သည့်အလုပ်များကို ညဘက်တွင်အကုန်ပြီးစီးအောင်လုပ်ဆောင်ပေးသော လူပုလေးများရှိခဲ့ပြီး လူသားတစ်ဦးက ထိုလူပုလေးများကိုဖမ်းဆီးလိုက်သည့်အချိန်မှစ၍ လူပုလေးများအားလုံးထာဝရပျောက်ကွယ်သွားသည်ဟူသော “Heinzelmännchen”  ပုံပြင်များသည် ကိစ္စရပ်များကိုစိတ်ထဲမထားလျှင် အဆင်ပြေသွားလိမ့်မည်ဟုယူဆသော ကိုလုံးဒေသခံများ၏မူလဇစ်မြစ်ဖြစ်နိုင်ပါသည်။ မြို့၏ရှေးအကျဆုံး ဘီယာချက်စက်ရုံဖြစ်သော Früh am Dom ရှေ့ရှိ လူသိများသော Heinzelmännchenbrunne တွင် ထိုဒဏ္ဍာရီကိုကျောက်သားဖြင့်ထွင်းထုပုံဖော်ထားသည်။ အနီးနားတစ်ဝိုက်တွင် နာမည်သိပ်မကြီးသောရေပန်းများလည်းရှိသည်။ ဘုရားကျောင်း၏အနောက်ဘက်ခြမ်းတွင် Taubenbrunnen (ခိုရေပန်း) ဟုခေါ်သော ရေပန်းလေးတစ်ခုရှိပြီး အလယ်ကောင်ရှိဝဲကတော့အတွင်း ရေများလှည့်ပတ်စီးဝင်သွားသည်။ အနုပညာရှင် Edward Mataré သည် “ဘုရားကျောင်းမှခိုများအတွက် ရေသောက်စရာနေရာတစ်ခု” ဖန်တီးပေးလိုခဲ့သည်။ ထိုရေပန်းကို ၁၉၅၃ ခုနှစ်တွင် “La Paloma” သီချင်း၏ဂီတသံများအကြား ဂုဏ်သရေရှိလူကြီးမင်းများကအရက်ဖြူပုလင်းကမ်းရင်းဖွင့်လှစ်ခဲ့သည်။ Paul McCartney ၏ Red Rose Speedway အယ်လ်ဘမ်ကို ကာဗာသီဆိုရာမှကျော်ကြားလာသည့် ဗြိတိသျှလူမျိုးပေါ့အနုပညာရှင် Eduardo Paolozzi ဒီဇိုင်းရေးဆွဲခဲ့သောရေတံခွန်တု Rheingartenbrunnen တွင်ရေကစားနိုင်သည်။ ရေထဲမှထိုးထွက်နေသည့် စက်ရုံပုံစံဆန်ဆန်ကြေးနီပြားများပေါ်ရှိ အင်္ဂတေတုံးတစ်ခုမှတစ်ခုဆီခုန်ကူးရသည်ကို ကလေးငယ်များနှစ်သက်ကြပေမည်။ အယ်ဘာ့ပလာ့ဇ် (Ebertplatz) ရှိ Wolfgang Göddertz ဖန်တီးထားသော Wasserkinetische Plastik ရွေ့လျားရေပန်းပုလက်ရာသည် လွန်ခဲ့သည့်နှစ်များတည်းက သံချေးတက်နေပြီဖြစ်သည်။ နိမ့်ဝင်နေသည့်ရင်ပြင်တွင် ပစ်စလက်ခတ်ထားထားသော ရေပန်းနှင့်မှောင်မဲနေသောထောင့်နေရာများကြောင့် ရာဇဝတ်မှုကျူးလွန်သောနေရာ၊ မသွားသင့်သောနေရာအဖြစ် သတင်းထွက်လာသည့်အတွက် မြို့နှင့်မြို့နေပြည်သူများသည် ရေပန်းတွင်ရေပြည့်လျှံနေအောင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ယခုအခါတွင် အေးမြအောင် အပေါ်မှရေဖြန်းပေးသော ရေမှုန်ရေမွှားများအကြား ပြေးလွှားဆော့ကစားနေသည့်ကလေးငယ်များကို မကြာခဏတွေ့နိုင်ပြီး အဲဘတ်ရင်ပြင်သည် အက်ဂ်နက်စ် (Agenes) ရပ်ကွက်နှင့်အိုင်ဂဲလ်စတိုင်း (Eigelstein) တို့အကြားတွေ့ဆုံရန်ကျော်ကြားသောနေရာတစ်ခုဖြစ်လာခဲ့သည်မှာ Heinzelmännchen ပုံပြင်များထက်ပင် ပို၍ဆန်းပြားသောအစစ်အမှန်ရေပန်းအံ့ဖွယ်တစ်ခုဖြစ်ပေတော့သည်။ 
 

မြို့ပြလမ်းညွှန်မြေပုံ

 
ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှအစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဂန္တဝင်နေရာများ၏အဓိကအချက်ကို ပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့်သမားရိုးကျအကြာင်းအရာများနှင့်မတူ ကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။