အွန်လိုင်းကတ်တလောက်
စာအုပ်ငှားရန်

စာကြည့်တိုက်၏ အွန်လိုင်းကတ်တလောက်အတွက် စာရင်းပေးသွင်းခြင်း

ကျွန်ုပ်တို့ စာကြည့်တိုက်၏ အွန်လိုင်းကတ်တလောက် (OPAC) မှာတော့ သင့်အနေနဲ့ အချိန်မရွေး မီဒီယာတွေကို မွှေနှောက်ရှာဖွေပြီး၊ စာကြည့်တိုက်မှာ လက်ရှိရှိနေတဲ့ စာအုပ်များ၊ စီဒီ ဒီဗွီဒီ များ၊ မဂ္ဂဇင်းများနဲ့၊  အီလက်ထရောနစ်မီဒီယာများကို တစ်နေရာတည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
 
သင်က စာကြည့်တိုက်အသင်းဝင်တစ်ဦးဖြစ်ပြီးပြီဆိုလျှင်၊ သင့်ကိုယ်ပိုင်အကောင့်နဲ့ အွန်လိုင်းကတ်တလောက်အတွက် စာရင်းသွင်းနိုင်ပါတယ်။ OPAC ကို မိမိကိုယ်တိုင် စိတ်တိုင်းကျ အသုံးပြုနိုင်ခြင်းက အောက်ပါ အကျိုးရလဒ်များကို ရရှိစေမှာပါ။

  • သင်ငှားရမ်းထားသည့် မီဒီယာများ၏ သက်တမ်းကုန်ဆုံးရက်ကို ပြသပေးခြင်း
  • သင်ငှားရမ်းထားသည့် မီဒီယာများကို သက်တမ်းတိုးခြင်း
  • ပေးသွင်းရန် ကျန်ရှိသည့်၊ ပေးသွင်းပြီးဖြစ်သည့် အခကြေးငွေများကို ကြည့်ရှုနိုင်ခြင်း
  • စာကြည့်တိုက်၏ လက်ရှိမီဒီယာစာရင်းထဲတွင် ထပ်မံဖြည့်စွက်လိုသည်များကို အကြံပြုနိုင်ခြင်း
  • စာကြည့်တိုက်ရှိ မီဒီယာများအကြောင်း မှတ်ချက်ရေးသားနိုင်ခြင်း
  • ယခင်က သင်ငှားရမ်းခဲ့သည့် မီဒီယာများကို ပြန်လည်ကြည့်ရှုသိရှိနိုင်ခြင်း
 

အွန်လိုင်းကတ်တလောက်တွင် စာရင်းပေးသွင်းရန် မည်သည့်အရာများ လိုအပ်ပါသနည်း။

အွန်လိုင်းကတ်တလောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မိမိစိတ်တိုင်းကျ အသုံးပြုနိုင်စေဖို့၊
သင့်အနေနဲ့ စာကြည့်တိုက်အသင်းဝင်ဖြစ်ဖို့ လိုအပ်သလို၊ Mein Goethe.de မှာလည်း အခမဲ့ အကောင့်ဖွင့်မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။
 
မိမိစိတ်တိုင်းကျ အွန်လိုင်းကတ်တလောက်ကို အသုံးပြုဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို လွယ်ကူရိုးရှင်းတဲ့ အဆင့်သုံးဆင့်နှင့် သင့်ကို ပြသသွားမှာ ဖြစ်ပါတယ်။
 
Log-in ဝင်ခြင်းနှင့် ပတ်သက်ပြီး မေးခွန်း (သို့မဟုတ်) ပြဿနာ တစ်စုံတစ်ရာရှိပါသလား။
ကျွန်ုပ်တို့ကို အချိန်မရွေးဆက်သွယ်လိုက်ပါ။

biblio-yangon@goethe.de

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်မှာ စာကြည့်တိုက်အသုံးပြုသူများဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကနေ သတင်းအချက်အလက်ရယူပါ။ အသင်း၀င်ဖြစ်ဖို့အတွက် အရေးအကြီးဆုံး အချက်အလက်များကို ဖြည့်စွက်ပြီး၊ သင့်အီးမေးလ်လိပ်စာကို အတည်ပြုနိုင်ဖို့ ဤလျှောက်လွှာကို ဖြည့်စွက်ရပါမယ်။ ရက်သတ္တပတ် (၇)ရက်အတွင်း ကျွန်ုပ်တို့ဆီကို လာရောက်ပြီး၊ စာရင်းပေးသွင်းခြင်းလုပ်ငန်းကို အပြီးသတ်လုပ်ဆောင်ရပါမယ်။ သင်ကိုယ်တိုင်လာရောက်မယ်ဆိုရင်လည်း သင့်ကို စာကြည့်တိုက်အဖွဲ့သားများက ကိုယ်တိုင်ကိုယ်ကျ အကြံပြုဆွေးနွေးပေးနိုင်ပါတယ်။
 
အကယ်၍ သင်က စာကြည့်တိုက်အသင်းဝင် ဖြစ်ပြီးသားဆိုလျှင်၊ အဆင့်နှစ်ကနေ ဆက်လက်လုပ်ဆောင်သွားရပါမယ်။
သင့်အနေဖြင့် Mein Goethe.de တွင် စာရင်းသွင်းအကောင့်မဖွင့်ရသေးဘူးဆိုလျှင်၊ အွန်လိုင်းကနေ အကောင့်တစ်ခု ဖွင့်လို့ရပါတယ်။ Mein Goethe.de အတွက် အသုံးပြုထားတဲ့ Log-in အချက်အလက်တွေကိုပဲ အွန်လိုင်းကတ်တလောက်အတွက် ပြန်အသုံးပြုရမှာ ဖြစ်ပါတယ်။ Mein Goethe.de ကို အသုံးပြုပြီးတော့ Goethe-Institut ၏ အခြားသော အွန်လိုင်းအစီအစဥ်များဖြစ်ကြတဲ့ ဘာသာစကား၊ ယဥ်ကျေးမှုနှင့် စာကြည့်တိုက်အစီအစဥ်များကိုလည်း မိမိစိတ်တိုင်းကျ သုံးနိုင်ပါသေးတယ်။

အကယ်၍ သင့်မှာ Mein Goethe.de အကောင့်ဖွင့်၊ စာရင်းသွင်းပြီးသားဆိုရင်တော့ အသစ်ပြန်လည်ဖွင့်စရာ မလိုပါဘူး။ အဆင့် (၃)ကိုပဲ ဆက်လက်လုပ်ဆောင်ရပါမယ်။
သင့်အကောင့်ကို အသက်ဝင်လာစေဖို့၊ စာကြည့်တိုက်အဖွဲ့သားများက သင် Mein Goethe.de အကောင့်ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို တစ်ကြိမ်သာ လိုအပ်ပါတယ်။ အကြောင်းကြားလျှောက်လွှာကို ဖြည့်စွက်ပြီး၊ စာကြည့်တိုက်ကို ပေးပို့လိုက်ပါ။။
 
သင့်အနေဖြင့် လျှောက်လွှာကို ဖြည့်ပြီးတဲ့နောက်မှာတော့၊ စာကြည့်တိုက်အဖွဲ့သားများက သင်၏ အွန်လိုင်းကတ်တလောက်ကို အသုံးပြုလို့ရပြီဆိုတာနဲ့ အကြောင်းကြားမှာ ဖြစ်ပါတယ်။ ရုံးဖွင့်ရက် နှစ်ရက်အတွင်း အကောင့်အဆင်သင့်ဖြစ်စေခြင်း လုပ်ငန်း ဆောင်တာကို ပြီးမြောက်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

OPAC အသုံးပြုခွင့်အတွက် လျှောက်လွှာ

သင့်ရဲ့ OPAC အသုံးပြုခွင့်ကို ဖွင့်ပေးဖို့အတွက် အောက်ပါအချက်အလက်များကို သင့်ထံမှ လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး လျှောက်လွှာကို ဖြည့်ပြီးတဲ့နောက်၊ ပို့မည် ,,Absenden” ကို နှိပ်ပေးပါ။

ဤနေရာတွင် သင် Mein Goethe.de အကောင့်ဖွင့်ထားသည့် အီးမေးလ်လိပ်စာကို ဖြည့်စွက်ပါ။

သင်၏ စာကြည့်တိုက်အသင်းဝင်အမှတ်ကို စာကြည့်တိုက်အသင်းဝင်ကတ်ပြားပေါ်တွင် ရှာတွေ့နိုင်ပါသည်။


အွန်လိုင်းကတ်တလောက်ကို ကျွန်ုပ်၏ အကောင့်ဖြင့် အသုံးပြုခွင့်ပေးပါရန်

* မဖြစ်မနေရေးသွင်းရပါမည်
အောက်တွင် ဖော်ပြထားသည့် ခလုတ်ကို နှိပ်လိုက်ပါက ဆက်သွယ်ရန်ပုံစံတွင်ပါ၀င်သည့် အချက်အလက်များဖြင့် ကျွန်ုပ်တို့က မိတ်ဆွေအား ပြန်လည်ဆက်သွယ်ရန် အသုံးပြုမည်ဖြစ်ကြောင်းကို မိတ်ဆွေအနေဖြင့် နားလည်လက်ခံကြောင်း ယူဆပါမည်။ မိတ်ဆွေ၏ သဘောတူညီချက်ကို ပြန်လည်ဖျက်သိမ်းရန် biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ နိုင်ပါသည်။ ထိုသို့ ဆက်သွယ်ပြီးပါက မိတ်ဆွေ၏ အချက်အလက်များကို ချက်ချင်းဖျက်သိမ်းပေးသွားမည် ဖြစ်ပါသည်။ မိတ်ဆွေ၏ မေးခွန်းကို ကျွန်ုပ်တို့ ဖြေဆိုပြီးသည့်အချိန်၊ သို့မဟုတ် အချက်အလက်များကို သိမ်းထားရန် အကြောင်းပြချက် မလုံလောက်ပါကလည်း သင့်အချက်အလက်များကို ဖျက်လိုက်မည် ဖြစ်ပါသည်။

ဒေတာအချက်အလက်များ ကာကွယ်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ