အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Kinofest@ Goethe-Institut

KINOFEST

ရှုပ်ယှက်ခတ်ဆူညံနေတဲ့ မြို့ပြထဲက 

ကြိုဆိုပါတယ်။
အရှေ့တောင်အာရှအခြေစိုက် Goethe-Institut ရှစ် ခုရဲ့ ပထမဆုံး ပူးပေါင်းထုတ်လုပ်မှုအဖြစ် အမျိုးအစားစုံလင်တဲ့ နောက်ဆုံးပေါ် ရုပ်ရှင် တစ်ဆယ့် နှစ်ကားကို ကျွန်တော်တို့ ရွေးချယ်တင်ဆက်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကနေ မတ်လ ၃၁ ရက်ထိ ကြာမြင့်မယ့် ရုပ်ရှင်ပွဲပါ။ အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာနဲ့ ဗီယက်နမ် အပြင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားတဲ့ ဒီရုပ်ရှင်တွေကို အရှေ့တောင်အာရှဒေသတစ်ခုလုံးမှာ အွန်လုံးကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေ လက်ခံပြသနေကြ အဆင့်မြင့် ရုပ်ရှင်ရုံတွေ ရှိရာ မြို့ပြတွေကို ကျော်လွန်ပြီး အရှေ့တောင်အာရှရဲ့ ကျေးလက်ဒေသအနှံ့က ကြည့်ရှုနိုင်ကြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြီးတော့ ရုပ်ရှင်ဗေဒ အကြောင်းအရာအဖြစ် မြို့ပြ ကိုပဲ ရွေးချယ်ထားပါတယ်။
၁၉၂၀ ခုနှစ်မှာ စာရေးဆရာ Erich Kästner နဲ့ Alfred Döblin တို့ဟာ မြို့ကြီးပြကြီးဆီ အာရုံ ကူးပြောင်း ကျက်စားခဲ့ပါတယ်။ နာဇီတွေ အာဏာမရခင်လေးမှာ Kästner က Fabian ကို ထုတ်ဝေခဲ့ပြီး Döblin ကတော့ Berlin Alexanderplatz ကို ထုတ်ဝေခဲ့ပါတယ်။ နှစ်အုပ်စလုံးက မက်ထရိုပိုလီတန် မြို့ပြကြီး ဘာလင်ရဲ့  ဆွဲဆောင်မှုတွေနဲ့ စုံစမ်းနှောင့်ယှက်မှုတွေ၊ အလင်းရောင်တွေနဲ့ ချို့ယွင်းချက်တွေ ပါဝင်တဲ့ တုနှိုင်းမဲ့ ပုံရိပ်တွေ ကို ဖော်ကျူးခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံမှာ မကြာမြင့်မီ နှစ်များက စပြီး မီဒီယာနဲ့ အနုပညာဖန်တီးသူတွေက ဂန္တဝင်မော်ဒန်ဝါဒက ဆင်းသက်လာတဲ့ ဘဝအမြင် အပေါ် အဓိက အာရုံစိုက်လာကြပါတယ်။
ဒီဘဝအမြင်ကိုပဲ အိတ်စ်ပရပ်ရှင်နစ်အလွန် ဂျာမန်အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ New Objectivity ကို မကြာခဏ မှီငြမ်းပုံဖော်ခဲ့ကြပါတယ်။
Kästner နဲ့ Döblin တို့ဟာ ဒီဟန်ကို ဖော်ကျူးကြရာမှာ သြဇာကြီးမားလှတဲ့ စာပေပုံရိပ်တွေ ဖြစ်ပါတယ်။ ခုချိန်မှာတော့ သူတို့ရဲ့ အဓိက လက်ရာတွေကို ရုပ်ရှင်အဖြစ် ဖော်ကျူးထားကြပါပြီ ။ ဂျာမန်ဒါရိုက်တာ Dominik Graf က Fabian ကို ၂၀၂၁ မှာ ရုပ်ရှင်ပြန်ရိုက်ခဲ့တယ်။ ၂၀၂၀ မှာ ဒါရိုက်တာ ဘူဟန် ကွာဘနီက Berlin Alexanderplatz ကို အလိုက်သင့် အလျဥ်းသင့် ကနေ့ခေတ် ဘာလင်ထဲထည့်လို့ သမိုင်းကို ပြန်လည်နေရာချ ရိုက်ကူး ထားခဲ့ပါတယ်။ ရုပ်ရှင်ပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အရှေ့တောင်အာရှမှာ ဒီဆုရ ရုပ်ရှင်နှစ်ကားကို ပထမဆုံးအကြိမ်အဖြစ် ပြသနိုင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ (ဗီယက်နမ်နိုင်ငံမှာတော့ Berlin Alexanderplatz အစား Ökozid နဲ့ Draw a Line ကို ပြသသွားမှာပါ။) မြို့ပြဖွံ့ဖြိုးရေးအတွက် ရေရှည်မစဥ်းစားတဲ့ အိမ်ရာ၊ လမ်းတံတားနဲ့စီးပွားရေး လုပ်ငန်းတွေကြောင့် အတားအဆီးမဲ့ ပရမ်းပတာ တိုးတက်မှု urban sprawl ဖြစ်ပေါ်နေတဲ့ အရှေ့တောင်အာရှရဲ့ မြို့ပြတွေအတွက် မြို့ပြဘဝကို ပြန်လည်ဆင်ခြင်တာဟာ အထူး ဆီလျော်မှု ရှိပါတယ်။ ကျေးလက်ဒေသတွေမှာပါ အွန်လိုင်းသုံးလို့ ရနိုင်တဲ့ ကျေးဇူးကြောင့် လုံခြုံတဲ့ တစ်နေရာကနေ ယထာဘူတကျကျ ဆင်ခြင်သုံးသပ်မယ့် ကျေးလက်ပရိတ်သတ်ဆီကိုလည်း ဒီရုပ်ရှင်တွေ ရောက်ရှိသွားမှာပါ။
ဒီ ရုပ်ရှင် နှစ်ကားကို ရွေးချယ်ပြီးတဲ့နောက်မှာ ဂန္တဝင်စာပေလက်ရာတွေကို ပြန်လည်
ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကိုပဲ ကျွန်တော်တို့ ဦးတည်လိုက်ကြပါတယ်၊ ဒါရိုက်တာ Detlev Buck ရဲ့ Die Vermessung der Welt ဟာ ၂၀၀၅ ခုနှစ်ထုတ် Daniel Kehlmann ရဲ့ ဝတ္တုတစ်အုပ်ဖြစ်ပြီး သင်္ချာပညာရှင် ကားလ် ဖရီးဒရစ်ချ် ဂေါင်းစ် နဲ့ သဘာဝလေ့လာသူ အလက်ဇန္ဒား ဖွန် ဟွန်းဘေ့ာလ်ထ် တို့ရဲ့ ဘဝကို ဖော်ကျူးထားတာပါ။ Phillip Stölzl က ရုပ်ရှင်အဖြစ် ရိုက်ကူးတဲ့ Stefan Zweigရဲ့  Schachnovelle မှာကျတော့ ဂျာမန်ရုပ်ရှင်မင်းသား Oliver Masucci နဲ့ Albrecht Schuch တို့အပြင် ဇာတ်ညွှန်းဆရာ Joseph Bartok ကိုလည်း ကျွန်တော်တို့ တွေ့ကြရပါတယ်။ မင်းသား Schuch ကို Berlin Alexanderplatz မှာ Reinhold အဖြစ် နဲ့ Fabian မှာ Stephan Labude အဖြစ် ကျွန်တော်တို့ သိထားကြပြီး ဖြစ်ပါတယ်။ မင်းသား Masucci ဟာ အတ္ထုပတ္တိရုပ်ရှင် Enfant terrible မှာ ဒါရိုက်တာကြီး Rainer Werner Fassbinder အဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ ဂျာမန်ရုပ်ရှင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုလည်း ကျွန်တော်တို့ ပြသဖို့ ရွေးချယ်ထားပါတယ်။ ဒါ့အပြင် ဝမ်းနည်းစရာ ဟာသရုပ်ရှင် tragicomedy ဇာတ်ကားတစ်ခုဖြစ်တဲ့ Whisky und Wodka ကိုလည်း အစီအစဥ်ထဲ ကျွန်တော်တို့ ထပ်ထည့်ထားပါတယ်။ နည်းနည်း ကြာပြီဖြစ်တဲ့ ဒါရိုက်တာ Andreas Dresen ရဲ့ ၂၀၀၉ ခုနှစ် ထွက် ဒီရုပ်ရှင်က မိတ်ဆွေကို Enfant terrible ကားထဲက ဇာတ်ဝင်ခန်း တစ်ခန်း နှစ်ခန်းလောက်ကို ပြန်မှတ်မိစေမှာပါ။
ဒါရိုက်တာ Johannes Naber ရိုက်ကူးထားတဲ့ Curveball – Wir machen die Wahrheit က  နိုင်ငံရေးသရော်ထားတဲ့လက်ရာအဖြစ် အရမ်းအောင်မြင်ထားပြီး ဒါရိုက်တာ Christian Petzold  ရဲ့ တေးဂီတရုပ်ရှင် melodrama Undineနဲ့ ဒါရိုက်တာ Christian Alvart ရဲ့  သည်းထိတ်ရင်ဖိုကား Freies Land တို့လိုပဲ မိတ်ဆွေ နှစ်ကြိုက်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။  ဒီ သုံးကားစလုံးက  ဂျာမနီနိုင်ငံအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိုနားလည်လာနိုင်စေမယ့် ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။
အဆုံးသတ်ရမယ်ဆိုရင် နောက်ခံစကားပြောပါဝင်ပြီး ပြောင်မြောက်တဲ့ မှတ်တမ်းရုပ်ရှင်
သုံးကားကိုလည်း ကျွန်တော်တို့ ရွေးချယ်ထည့်သွင်းထားပါတယ်။ Hans Block  ရဲ့ The Cleaners – Im Schatten der Netzwelt ၊  Franz Böhm  ရဲ့ Dear Future Children နဲ့ ၂၀၂၁ ခုနှစ် ၇၁ ကြိမ်မြောက် ဘာလင်နေး ရုပ်ရှင်ပွဲတော်မှာJury Award ရရှိထားတဲ့  Maria Speth ရဲ့ Herr Bachmann und seine Klasse တို့ပဲ ဖြစ်ပါတယ်။
သက်ဝင်လှုပ်ရှား လှပတဲ့ အချိန်တွေ ဖြစ်ပါစေ မိတ်ဆွေ!




 


ကျွန်ုပ်တို့၏ ပြသသောရုပ်ရှင်များ

Free Country ­© Telepool

ဖေဖော်ဝါရီ ၁၈ - မတ် ၁၀၊ ၂၀၂၂
Free Country

ဂျာမနီ၊ ဆေးရောင်စုံ၊ ၈၉ မိနစ် - ၂၀၁၈/၂၀၁၉
ဒါရိုက်တာ။     ။Christian Alvart
သရုပ်ဆောင်များ။    ။Felix Kramer, Trystan Pütter, Nora Waldstätten, Ben Hartmann
အမျိုးအစား။     ။Thriller
 

The Cleaners © gebrueder beetz filmproduktion

ဖေဖော်ဝါရီ ၁၈ - မတ် ၁၀၊ ၂၀၂၂
The Cleaners

ဂျာမနီ၊ ဘရာဇီး၊ ၈၈ မိနစ် - ၂၀၁၇
အသက်ကန့်သတ်ချက်။     ။ ၁၆ နှစ်
ဒါရိုက်တာ။     ။Hans Block, Moritz Riesewieck
အမျိုးအစား။     ။Documentary
 

Curveball © Sten Mende

ဖေဖော်ဝါရီ ၁၈ - မတ် ၁၀၊ ၂၀၂၂
Curveball

ဂျာမနီ၊ ဆေးရောင်စုံ၊ ၁၀၈ မိနစ် - ၂၀၁၉/၂၀၂၀
ဒါရိုက်တာ။     ။Johannes Naber
သရုပ်ဆောင်များ။    ။Sebastian Blomberg, Dar Salim, Virginia Kull, Michael Wittenborn
အမျိုးအစား။     ။ Drama, Political Satire
 

The Royal Game © Studiocanal, Walker&Worm Film

ဖေဖော်ဝါရီ ၁၈ - မတ် ၁၀၊ ၂၀၂၂
The Royal Game

နိုင်ငံ။     ။ဂျာမနီ 
ခုနှစ်။     ။၂၀၂၁ 
ပြသချိန်။    ။၁၁၂ မိနစ်
အသက်ကန့်သတ်ချက်။    ။၁၂နှစ်
အမျိုးအစား။     ။Drama
ဒါရိုက်တာ။     ။Philipp Stölz

Measuring the World © 2012 Warner Bros. Ent

အသက်ကန့်သတ်ချက်။ ။ ၁၂ နှစ်
Measuring the World

ဂျာမနီ၊ သြစတီးယား - ၂၀၁၂
ပြသချိန်။    ။၁၁၉ မိနစ်
ဒါရိုက်တာ။     ။Detlev Buck
အသက်ကန့်သတ်ချက်။     ။ ၁၂ နှစ် 
အမျိုးအစား။     ။Adventure

Undine © Schramm Film

ဖေဖော်ဝါရီ ၁၈ - မတ် ၁၀၊ ၂၀၂၂
Undine

ဂျာမနီ
ခုနှစ်။    ။၂၀၁၈/၂၀၂၀
ပြသချိန်။     ။၉၀ မိနစ်
အသက်ကန့်သတ်ချက်။     ။ ၁၂ နှစ် 
ဒါရိုက်တာ။     ။Christian Petzold
အမျိုးအစား။     ။Romance
သရုပ်ဆောင်များ။    ။Paula Beer, Franz Rogowski, Maryam Zaree

Fabian: Going to the Dogs © Lupa Film, Hanno Lentz

မတ် ၁၁ - ၃၁၊ ၂၀၂၂
Fabian: Going to the Dogs

ဂျာမနီ
ခုနှစ်။    ။၂၀၂၁
ပြသချိန်။    ။၁၈၉ မိနစ်
အသက်ကန့်သတ်ချက်။     ။ ၁၂ နှစ် 
အမျိုးအစား။     ။Drama
ဒါရိုက်တာ။     ။Dominik Graf

Dear Future Children ©Schubert Film Nightrunner Productions

မတ် ၁၁ - ၃၁၊ ၂၀၂၂
Dear Future Children

ဂျာမနီ၊ ၈၉ မိနစ် - ၂၀၂၁
ဒါရိုက်တာ။     ။ Franz Böhm
အမျိုးအစား။     ။ Documentary
အသက်ကန့်သတ်ချက်။     ။ ၁၂ နှစ် 
သရုပ်ဆောင်များ။    ။Hilda Flavia Nakabuye, Rayen, Hilda, Pepper

 

Enfant Terrible © Dark Star Pics

မတ် ၁၁ - ၃၁၊ ၂၀၂၂
Enfant Terrible

ဂျာမနီ၊ ဆေးရောင်စုံ၊ ၁၃၄ မိနစ် - ၂၀၁၉/၂၀၂၀
ဒါရိုက်တာ။     ။ Oskar Roehler
သရုပ်ဆောင်များ။    ။Oliver Masucci, Hary Prinz, Katja Riemann, Frida-Lovisa Hamann, Eva Mattes
အမျိုးအစား။     ။ Biopic
 

Whiskey with Vodka © Senator Film

မတ် ၁၁ - ၃၁၊ ၂၀၂၂
Whiskey with Vodka

နိုင်ငံ။    ။ဂျာမနီ
ခုနှစ်။    ။၂၀၀၉
ပြသချိန်။     ။၁၀၄ မိနစ်
အမျိုးအစား။     ။Drama/ Comedy
ဒါရိုက်တာ။     ။ Andreas Dresden

 

Berlin Alaxanderplatz © Sommerhaus

မတ် ၁၁ - ၃၁၊ ၂၀၂၂
Berlin Alexanderplatz

နိုင်ငံ။    ။ဂျာမနီ
ခုနှစ်။    ။၂၀၂၀
ပြသချိန်။     ။၁၈၃ မိနစ်
အသက်ကန့်သတ်ချက်။     ။ ၁၂ နှစ် 
အမျိုးအစား။     ။ Drama
ဒါရိုက်တာ။     ။ Burhan Qurbani


 

Mr. Bachmann and His Class © Madonnen Film

March 11 - 31, 2022
Mr. Bachmann and His Class

Germany
Year:2021
Runtime: 217 min
Age Rating: 0
Genre: Documentary
Director: Maria Speth