အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Pazifik-Leipzig© Goethe-Institut

ပစိဖိတ်-လိုက်ပ်ဇစ်

LIA (Leipzig International Art Programme) နှင့် ပူးပေါင်း၍ Goethe Institute မှ အရှေ့တောင်အာရှရှိ အနုပညာရှင်များအား Leipziger Baumwollspinnerei ရှိ အနုပညာနှင့် ယဥ်ကျေးမှု စင်တာ၌ သုံးလကြာနေထိုင်ခွင့် ကမ်းလှမ်းပါသည်။ (၂၀) ရာစုအစပိုင်း၌ Baumwollspinnerei သည် ဥရောပ၏ အကြီးဆုံး ဝါဂွမ်းထုတ်လုပ်သည့် အချက်အချာနေရာဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်မူ ဥရောပရှိ ခေတ်ပြိုင်အနုပညာနှင့် ယဥ်ကျေးမှု နယ်ပယ်မှ စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုများနှင့် ပြပွဲများ ကျင်းပရာနေရာများထဲမှ တစ်နေရာဖြစ်လာပါသည်။


နေထိုင်ခွင့်အစီအစဉ်အတွက် ဖိတ်ကြားခံရသူများ

Chang Yoong
Chia

CHRISTOPHER
ULUTUPU

HARIT
SRIKHAO

Hien Minh
LE 

Yadanar
Win

Christopher Ulutupu

Christopher Ulutupu © Christopher Ulutupu Porirua တွင်မွေးဖွား၍ Nelson တွင် ကြီးပြင်းခဲ့သော
Christopher Ulutupu သည် နယူးဇီလန်နိုင်ငံ၊ Wellington တွင် လက်ရှိနေထိုင်လျက်ရှိသည့် ဗီဒီယိုနှင့် ပါဖောမန့်စ် အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် Massey တက္ကသိုလ်တွင် မဟာဘွဲ့ တက်ရောက်နေစဥ်အတွင်း တစ်ဦးတည်းနေထိုင်မှုပုံစံကို ဘဝအဓိပ္ပါယ်အဖြစ် သုတေသနလေ့လာမှုများ ပြုလုပ်ခဲ့၏။ ထိုနေထိုင်မှုပုံစံသည် အသိုင်းအဝိုင်းတစ်ခုအတွင်းတွင် လိုက်လျောညီထွေ နေထိုင်မှုနှင့် ဆန့်ကျင်ဖက်ဖြစ်ပြီး ၎င်းကိုယ်တိုင်မှာမူ ငယ်ဘဝတွင် Samoan လူမျိုးစု၏ထုံးစံအရ မိသားစုကြီးတစ်ခုထဲတွင် စုစုစည်းစည်း နေထိုင်ခဲ့သူဖြစ်သည်။  
 
Ulutupu သည် အထီးကျန်မှု၊ ပေါင်းစပ်ဆက်နွယ်မှု၊ အကန့်အသတ်နယ်နိမိတ်၊ အမြင်ရှုထောင့်များ၊ ယဥ်ကျေးမှု နှင့် ကိုယ်ပိုင်လက္ခဏာတို့ကို ရှာဖွေရန်အတွက် ဗီဒီယိုနှင့်ပါဖောမန့်စ်တို့ကိုသုံးကာ သုတေသနပြုလေ့ရှိ၏။ “သင်ဘယ်သူလဲ”၊ “သင့်ရဲ့ လောကအမြင်က ဘာလဲ” စသည့် လွယ်ကူသည့် မေးခွန်းများကို အဓိပ္ပါယ်ဖွင့်ထားသောရလာဒ်များမှတဆင့် ဆက်စပ်ပေါ်ပေါက်လာသော ကွဲပြားမှုများကို အလေးပေးဖော်ပြလေ့ရှိသည်။ 
 
Christopher Ulutupu သည် Niuean နှင့် ဂျာမာန်သွေးပါသူ Samoan လူမျိုးတစ်ဦးဖြစ်၏။ ဂျာမန်သွေးပါသော်လည်း ဂျာမနီနိုင်ငံကို လာရောက်လည်ပတ်သူခရီးသွားတစ်ဦးအနေဖြင့်သာ လေ့လာလိုပြီး၊  သူ၏ လက်ရာသစ်ကို လိုက်ပ်ဇ်မှလူငယ်များနှင့်တွေ့ဆုံမှုများပေါ်တွင် အခြေပြုကာ  ဖန်တီးလိုသည်။ ထို့အတွက် အများပြည်သူပိုင်နေရာများဖြစ်သည့် ပန်းခြံများ၊ လမ်းသွယ်များနှင့် ပလက်ဖောင်းများကို လူငယ်များ နေ့နေ့ညည မည်သို့အပိုင်စီးသည်ကို လေ့လာလို၏။  လိုက်ပ်ဇစ်မှပြည်သူများနှင့် သူကြီးပြင်းခဲ့ရာ အသိုင်းအဝိုင်းကြားမှ ကွဲပြားချက်၊ တူညီချက်များကို အထူးရှာဖွေကြည့်လိုသည်မှာ သူ၏ဆန္ဒဖြစ်သည်။

Christopher Ulutupu

  • Chris Ulutupu 1 © Chris Ulutupu
  • Chris Ulutupu 2 © Chris Ulutupu
  • Christopher Ulutupu 3 © Christopher Ulutupu
  • Christopher Ulutupu 4 © Christopher Ulutupu