အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Pazifik-Leipzig© Goethe-Institut

ပစိဖိတ်-လိုက်ပ်ဇစ်

LIA (Leipzig International Art Programme) နှင့် ပူးပေါင်း၍ Goethe Institute မှ အရှေ့တောင်အာရှရှိ အနုပညာရှင်များအား Leipziger Baumwollspinnerei ရှိ အနုပညာနှင့် ယဥ်ကျေးမှု စင်တာ၌ သုံးလကြာနေထိုင်ခွင့် ကမ်းလှမ်းပါသည်။ (၂၀) ရာစုအစပိုင်း၌ Baumwollspinnerei သည် ဥရောပ၏ အကြီးဆုံး ဝါဂွမ်းထုတ်လုပ်သည့် အချက်အချာနေရာဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်မူ ဥရောပရှိ ခေတ်ပြိုင်အနုပညာနှင့် ယဥ်ကျေးမှု နယ်ပယ်မှ စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုများနှင့် ပြပွဲများ ကျင်းပရာနေရာများထဲမှ တစ်နေရာဖြစ်လာပါသည်။


နေထိုင်ခွင့်အစီအစဉ်အတွက် ဖိတ်ကြားခံရသူများ

Chang Yoong
Chia

CHRISTOPHER
ULUTUPU

HARIT
SRIKHAO

Hien Minh
LE 

Yadanar
Win

Chang Yoong Chia

သူသည် မလေးရှားတွင် လူနည်းစုဖြစ်သည့် တရုတ်လူမျိုးအသိုင်းအဝိုင်းမှ ဖြစ်သည့်အားလျော်စွာ ကွဲပြားသည့်ယဥ်ကျေးမှုဘောင်အတွင်းတွင် ကိုယ်ပိုင်လက္ခဏာတစ်ခုဖန်တီးခြင်းမှာ မည်သို့အဓိပ္ပါယ်ဆောင်သည် ဆိုသည်ကို ကောင်းစွာ သဘော‌ပေါက်ပေသည်။ သူ၏လက်ရာများမှာ  ပုံဆောင်ဆီဆေးပန်းချီများမှစကာ၊ Collage နည်းပညာသုံး mixed Media နှင့် Object ဖန်တီးမှုများထိ ပါဝင်နေပါသည်။ ထိုကဲ့သို့ဖန်တီးခြင်းသည် သူ့အတွက်မူ “သေးငယ်သောအရာများကို ဒုတိယအကြိမ် အသက်သွင်းခြင်း”  ဖြစ်၏။ 
 
Yoong Chia သည် အရာဝတ္ထုတိုင်းတွင် ပင်ကိုယ်လက္ခဏာ နှင့် ထူးခြားသည့်သ‌င်္ကေတများ ရှိကြောင်း ယုံကြည်သဖြင့် အနုပညာကုန်ကြမ်းပစ္စည်းတိုင်းသည် သူ၏ဖန်တီးမှုများအတွက် အဓိကအရေးပါပေသည်။ ရှာဖွေတွေ့ရှိခဲ့သောအရာဝထ္ထုပစ္စည်းအမျိုးမျိုးကို အနုပညာဖန်တီးမှုဖြစ်စဥ်များဖြင့် ပြောင်းလဲခဲ့လျှင် ဖန်တီးထားသောလက်ရာအရ ထိုအရာဝထ္ထုများမှ အနက်အဓိပ္ပါယ်အသစ်များ ယူဆောင်ပေးလာပါသည်။ 
 
“ကျွန်ုပ်တို့ မည်သူမည်ဝါဖြစ်သည်”၊ “အခြားသူများမှာ မည်သူမည်ဝါဖြစ်သည်” ဆိုသည်ကို ကျွန်ုပ်တို့မည်သို့ သင်ယူသနည်း ဆိုသည့် မေးခွန်းမှာ သူ့ကို အနုပညာလက်ရာများ ဖန်တီးစေသည့်အချက်ဖြစ်သည်။ မေးခွန်းများ၏ အဓိပ္ပါယ်ကို စူးစမ်းရှာဖွေရန် Yoong Chia  သည် ယုံတမ်းဒဏ္ဍာရီ၊ သဘာဝ နှင့် ဝိညာဥ်ဇာတ်လမ်းများကို လေ့လာလေ့ရှိပြီး၊ သူ၏လက်ရာများထဲတွင် ထိုအကြောင်းအရာများ ရောယှက်နေတတ်သည်။  
 
လိုက်ပ်ဇစ်မှဒေသခံများကိုလည်း သူ၏ပရောဂျက်ထဲသို့ Chang Yoong Chia မှ ထည့်သွင်းလိုသည်။ မည်သည့်အခြေအနေများမှ ထိုသူတို့၏ ယနေ့လက်ရှိပုံစံကို ဖြစ်လာစေသနည်း ဆိုသည့် ပုဂ္ဂလိကဇာတ်လမ်းများကို သူက သိရှိလိုသည်။ ထို့အပြင် အနုပညာလက်ရာများကို ဖန်တီးနေစဥ်အတွင်း ခံစားကြည့်ရှုဆွေးနွေးရန်အတွက် ဒေသခံများကို ဖိတ်ကြားလိုသည်မှာ သူ၏ဆန္ဒဖြစ်၏။ ကိုယ်တိုင်စုဆောင်းထားသည့်ဇာတ်လမ်းများ၊ ရှာဖွေတွေ့ရှိသည့်ကုန်ကြမ်းပစ္စည်းများကိုသုံးပြီး၊ဇာတ်ကြောင်းများနှင့် ကိုယ်ပိုင်ရှုထောင့်များကို အတူတကွစုစည်းကာ ဖန်တီးပြသသွားမှာဖြစ်ပါသည်။
 


Chang Yoong Chia

  • Chang Yoong Chia 1 © Chang Yoong Chia
  • Chang Yoong Chia 2 © Chang Yoong Chia
  • Chang Yoong Chia 3 © Chang Yoong Chia