အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Pazifik-Leipzig© Goethe-Institut

ပစိဖိတ်-လိုက်ပ်ဇစ်

LIA (Leipzig International Art Programme) နှင့် ပူးပေါင်း၍ Goethe Institute မှ အရှေ့တောင်အာရှရှိ အနုပညာရှင်များအား Leipziger Baumwollspinnerei ရှိ အနုပညာနှင့် ယဥ်ကျေးမှု စင်တာ၌ သုံးလကြာနေထိုင်ခွင့် ကမ်းလှမ်းပါသည်။ (၂၀) ရာစုအစပိုင်း၌ Baumwollspinnerei သည် ဥရောပ၏ အကြီးဆုံး ဝါဂွမ်းထုတ်လုပ်သည့် အချက်အချာနေရာဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်မူ ဥရောပရှိ ခေတ်ပြိုင်အနုပညာနှင့် ယဥ်ကျေးမှု နယ်ပယ်မှ စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုများနှင့် ပြပွဲများ ကျင်းပရာနေရာများထဲမှ တစ်နေရာဖြစ်လာပါသည်။


နေထိုင်ခွင့်အစီအစဉ်အတွက် ဖိတ်ကြားခံရသူများ

Chang Yoong
Chia

CHRISTOPHER
ULUTUPU

HARIT
SRIKHAO

Hien Minh
LE 

Yadanar
Win

Harit Srikhao

(၁၉၉၅) ခုနှစ်တွင် မွေးဖွားခဲ့သည့် Harit Srikhao သည် လက်ရှိ ဘန်ကောက်မြို့တွင် နေထိုင်အလုပ်လုပ်နေသူ ဖြစ်ပါသည်။ ဓာတ်ပုံဝါသနာကို အသက် (၁၃) နှစ် အရွယ်မှာပင် တွေ့ရှိခဲ့ပြီး၊ (၂၀၁၀) ခုနှစ် ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်အင်အားသုံးနှိမ်နင်းမှုအ‌ကြောင်း ရိုက်ကူးထားသည့် သူ၏ပထမဆုံး ဓာတ်ပုံစီးရီး “အနီရောင်အိမ်မက်” ကို (၂၀၁၂) ခုနှစ်တွင် ဖန်တီးခဲ့သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ 
King Mongkut’s Institute of Technology Landkrabang (KMITL) မှ ဓာတ်ပုံ နှင့် အသုံးချအနုပညာဘာသာရပ်ဖြင့် BA ဘွဲ့ ရရှိခဲ့ပြီး (၂၀၁၉) ခုနှစ်တွင် အီတလီနိုင်ငံ၊ Milano ရှိ Nuova Accademia Di Belle Arti (NABA) မှ ဓာတ်ပုံ နှင့် Visual Design ဘာသာရပ်ဖြင့် MA ဘွဲ့ ရရှိခဲ့ပါသည်။ 
 
Srikhao သည် သူ၏ဓာတ်ပုံစီးရီးများကို အက်ဆေးစတိုင်ဖြင့် ဖန်တီးခဲ့သည်။ မကြာသေးမီကမှမှတ်တမ်းဓာတ်ပုံ၊ ဇာတ်ကြောင်းပုံစံ နှင့် ဖက်ရှင် အငွေ့အသက်ပါဝင်သောလက်ရာများကိုပါ ဖန်တီးလာပေသည်။ လိုက်ပ်ဇစ်တွင် “လူငယ်ယဥ်ကျေးမှု အမျိုးမျိုး” ခေါင်းစဥ်ဖြင့် အနုပညာနှင့်ကလပ်မှ မြင်ကွင်းများပါဝင်သည့် ဓာတ်ပုံစီးရီးတစ်ခု ဖန်တီးရန် ရည်ရွယ်ပါသည်။ 
 
ယခုအစီအစဥ်မှာ (၂၀၁၉) ခုနှစ်တွင် သူတွေ့ကြုံခဲ့သည့် “Wave-Gothic-Treffen” ပရောဂျက်မှ အတွေ့အကြုံများကို အခြေခံကာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့အပြင်  Untergrund လောက နှင့် လိင်တူချစ်သူလောကများမှ ဖက်ရှင်ဒီဇိုင်း နှင့် အကပုံစံများအပေါ် သူ၏စွဲမက်မှုမှာ ယခုဓာတ်ပုံစီးရီးအား အကောင်အထည်ဖော်ရန် နောက်ထပ်တွန်းအားတစ်ခု ဖြစ်သည်။ သူ၏အမြင်တွင် ထိုမြင်ကွင်းများမှာ မိမိ၏ပကတိပုံစံကို ရဲရဲဝံ့ဝံ့ တင်ပြနေကြခြင်းဖြစ်သည်။ တချိန်တည်းမှာပင်  ၎င်းမြင်ကွင်းများမှာ လွတ်မြောက်မှု နှင့် ရှေးရိုးစွဲကြီးမားသောအာဏာရှင်စနစ်ကိုဆန့်ကျင်သည့် တိုက်ပွဲပုံစံတစ်ခုကဲ့သို့ သူ့ကို ခံစားမိစေပါသည်။  


Harit Srikhao

  • Harit Srikhao 1 © Harit Srikhao
  • Harit Srikhao 2 © Harit Srikhao
  • Harit Srikhao 3 © Harit Srikhao
  • Harit Srikhao 4 © Harit Srikhao