အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Pazifik-Leipzig© Goethe-Institut

ပစိဖိတ်-လိုက်ပ်ဇစ်

LIA (Leipzig International Art Programme) နှင့် ပူးပေါင်း၍ Goethe Institute မှ အရှေ့တောင်အာရှရှိ အနုပညာရှင်များအား Leipziger Baumwollspinnerei ရှိ အနုပညာနှင့် ယဥ်ကျေးမှု စင်တာ၌ သုံးလကြာနေထိုင်ခွင့် ကမ်းလှမ်းပါသည်။ (၂၀) ရာစုအစပိုင်း၌ Baumwollspinnerei သည် ဥရောပ၏ အကြီးဆုံး ဝါဂွမ်းထုတ်လုပ်သည့် အချက်အချာနေရာဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်မူ ဥရောပရှိ ခေတ်ပြိုင်အနုပညာနှင့် ယဥ်ကျေးမှု နယ်ပယ်မှ စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုများနှင့် ပြပွဲများ ကျင်းပရာနေရာများထဲမှ တစ်နေရာဖြစ်လာပါသည်။


နေထိုင်ခွင့်အစီအစဉ်အတွက် ဖိတ်ကြားခံရသူများ

Chang Yoong
Chia

CHRISTOPHER
ULUTUPU

HARIT
SRIKHAO

Hien Minh
LE 

Yadanar
Win

Le Hien Minh

(၁၉၇၉) ခုနှစ် ဗီယက်နမ်နိုင်ငံတွင် မွေးဖွားခဲ့သည့် Lê Hiền Minh သည် Do ဟု ခေါ်သည့် ဗီယက်နမ်လက်လုပ်ရိုးရာစက္ကူကို အသုံးပြုပြီး အချိုးအစားကြီးမားသော အင်စတော်လေးရှင်းလက်ရာများကို ဖန်တီးခြင်းကြောင့် လူသိများပါသည်။ ရာသီဥတုဘေးဒဏ်နှင့် လူသားတို့၏ရုပ်ဝထ္ထုပစ္စည်းသုံးစွဲမှုအကျိုးဆက်များကိုစက္ကူ၏ထူးခြားသောဂုဏ်သတ္တိဖြင့် သူမက ဖန်တီးပုံဖော်ပြလေ့ရှိသည်။ ရုပ်ဝထ္ထုပစ္စည်း နှင့် ရုပ်ဝထ္ထုပစ္စည်းလျှော့ချရေးခေါင်းစဥ်များမှာ Lê Hiền Minh ၏လက်ရာများထဲတွင် အဓိကပါဝင်လေ့ရှိပြီး၊ ရုပ်ဝထ္ထုပစ္စည်းဆိုသည်မှာ တည်မြဲခြင်းမရှိ ဆိုသည့် အမှန်တရားကို သူမ၏အနုပညာလက်ရာဖြင့် မကြာခဏသတင်းပေးလေ့ရှိပါသည်။  
 
တချိန်တည်းမှာပင် Lê Hiền Minh ၏ဖန်တီးမှုများသည် မျက်မှောက်ခေတ်နှင့် ရိုးရာ ဗီယက်နမ်အနုပညာကြား၊ ခေတ်သစ်နှင့် ရှေးဟောင်း ဗီယက်နမ်ယဥ်ကျေးမှုကြား ပေါင်းကူးတံတား ဖြစ်၏။သူမသည် Ho Chi Minh City University of Fine Art တွင် ရိုးရာ ယွန်းထည်အနုပညာ ကို လေ့လာခဲ့ပြီး၊ Art Academy of Cincinnati, USA မှလည်း အသုံးချအနုပညာဘွဲ့ ကို ရရှိခဲ့ပါသည်။ (၂၀၁၆) ခုနှစ်မှစတင်ပြီး လူမှုအသိုင်းအဝိုင်းအတွက် အရေးကြီးသောပြဿနာများကို အာရုံစူးစိုက် လေ့လာခဲ့သည်။ အကြောင်းအရာပေါင်းစုံကို ဖန်တီးတင်ပြလေ့ရှိပြီး ၎င်းတို့ထဲတွင် ဂျန်ဒါအခန်းကဏ္ဍ၊လူ့အဖွဲ့အစည်းအတွင်းမှကြီးစဥ်ငယ်လိုက်စနစ် နှင့် အမျိုးသမီးအဖြစ်ဖြစ်တည်ခြင်း ကဲ့သို့သော ခေါင်းစဥ်များလည်းပါဝင်ပါသည်။ 
 
လိုက်ပ်ဇစ်တွင် Lê Hiền Minh သည် အထက်ဖော်ပြပါ ခေါင်းစဥ်များအတွက် လက်ရာများ ဆက်လက် ဖန်တီးလိုသည်။ ထိုသို့ဖန်တီးရာတွင် အ‌ရှေ့ နှင့် အနောက်ကြားရှိ ကွဲပြားသောအယူအဆများကို လေးစားရန် အရေးကြီးပေသည်။ စကားပြောဆိုဆွေးနွေးခြင်း နှင့်  ယဥ်ကျေးမှုဖလှယ်ခြင်း တို့သည် ကိုယ်ပိုင်အမြင် ရရှိစေရန်သာမက လူသားအားလုံး တန်းတူညီမျှတွေ့ဆုံနိုင်သည် ဆိုသည့် လူတိုင်းသိရှိသည့်ယေဘူယျနားလည်မှုကို ရစေနိုင်ပါသည်။ 


Le Hien Minh

  • Ball © Le Hien Minh
  • Worms © Le Hien Minh
  • Ball 2 © Le Hien Minh
  • Five Questions © Le Hien Minh