အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Pazifik-Leipzig© Goethe-Institut

ပစိဖိတ်-လိုက်ပ်ဇစ်

LIA (Leipzig International Art Programme) နှင့် ပူးပေါင်း၍ Goethe Institute မှ အရှေ့တောင်အာရှရှိ အနုပညာရှင်များအား Leipziger Baumwollspinnerei ရှိ အနုပညာနှင့် ယဥ်ကျေးမှု စင်တာ၌ သုံးလကြာနေထိုင်ခွင့် ကမ်းလှမ်းပါသည်။ (၂၀) ရာစုအစပိုင်း၌ Baumwollspinnerei သည် ဥရောပ၏ အကြီးဆုံး ဝါဂွမ်းထုတ်လုပ်သည့် အချက်အချာနေရာဖြစ်ခဲ့ပြီး ယနေ့ခေတ်တွင်မူ ဥရောပရှိ ခေတ်ပြိုင်အနုပညာနှင့် ယဥ်ကျေးမှု နယ်ပယ်မှ စိတ်လှုပ်ရှားဖွယ်ရာဖန်တီးမှုများနှင့် ပြပွဲများ ကျင်းပရာနေရာများထဲမှ တစ်နေရာဖြစ်လာပါသည်။


နေထိုင်ခွင့်အစီအစဉ်အတွက် ဖိတ်ကြားခံရသူများ

Chang Yoong
Chia

CHRISTOPHER
ULUTUPU

HARIT
SRIKHAO

Hien Minh
LE 

Yadanar
Win

Yadanar Win

ရတနာဝင်းသည် ရန်ကုန်မြို့အခြေစိုက် အလွတ်တန်း ပါဖောမန့်စ်၊ ဗီဒီယို နှင့် အင်စတော်လေးရှင်းအနုပညာရှင်တစ်ဦး ဖြစ်သည်။ အင်္ဂလန်တွင် တက္ကသိုလ်တက်ရောက်နေစဥ်ကာလမှာပင် နိုင်ငံတကာ ယဥ်ကျေးမှုဖလှယ်ရေးအစီအစဥ်များကို စောစီးစွာ စိတ်ဝင်စားခဲ့၏။  (၂၀၀၈) ခုနှစ်တွင် ရန်ကုန်မြို့အခြေစိုက် အမြတ်အစွန်းမရည်ရွယ်သော အနုပညာအဖွဲ့အစည်းတစ်ခု ဖြစ်သည့် New Zero Art Space ကို ဝင်ရောက်ခဲ့ပါသည်။ ၄င်းအဖွဲ့အစည်းတွင် ပွဲစီစဥ်သူ၊ တင်ဆက်သူနှင့် ဖန်တီးသူအနုပညာရှင်တစ်ဦး အဖြစ် နှစ်ပေါင်းများစွာကြာအောင် တာဝန်ယူခဲ့ပါသည်။ 
 
သူမ၏ တမူထူးခြားသည့် အရည်အချင်းအဖြစ် သူမ၏ခန္ဓာကိုယ်ကိုသုံးကာဖန်တီးထားသည့် ပါဖောမန့်စ်များကို  ဖန်တီးမှုလက်ရာအဖြစ် ပြသမှုသည်၊ ကြားခံပစ္စည်းအမျိုးမျိုးကို အသုံးချစမ်းသပ်ပြီး အနုပညာလက်ရာများဖန်တီးလိုသည့် သူမတို့ခေတ်မျိုးဆက်ကို ထင်ဟပ်နေပြီး၊ မြန်မာနိုင်ငံတွင် မြင်တွေ့နေကြဖြစ်သည့် ရိုးရာအနုပညာလက်ရာများမှလဲ သွေဖီနေပါသည်။ သူမ၏ပါဖောမန့်လက်ရာများသည် စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး ဝေဖန်ရေးအသွင်လဲဆောင်၏။  မကြာခဏဆိုသလိုပင် ငယ်ရွယ်သည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ဖြတ်ကျော်ရမည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုများနှင့်  မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ အကြောင်းကို  သူမ၏ ပြကွက်များဖြင့် တင်ဆက်ပြသလေ့ရှိသည်။
 
ရတနာ၏ရည်ရွယ်ချက်မှာ ရောက်ရှိနေသည့် လိုက်ပ်ဇ်မြို့၏ အနုပညာမြင်ကွင်းများကိုလေ့လာပြီး၊ ပရောဂျက်နှစ်ခုကို ဖန်တီးနိုင်ရန် ဖြစ်ပါသည်။ နေရာဒေသ၊ အချိန်၊ ခန္ဓာကိုယ်၊  ကိုယ်ပိုင်ပစ္စည်းများနှင့် သူမကြားတွင် ရှိသည့် ဆက်နွယ်မှုများကို  အသုံးပြုပြီး ဒေသကို ကိုယ်စားပြုသရုပ်ဖော်နိုင်မည့်ပါဖောမန့်စ်များ ဖြစ်၏။ ဒေသခံများနှင့် ဆွေးနွေးမှုများမှတဆင့် ဂျာမနီနိုင်ငံ၏ လူမှု‌ရေး၊ နိုင်ငံရေး အခြေအနေများကို ထင်ဟပ်သည့် စကားလုံးများကိုလဲ သူမ စုဆောင်းသွားလိုပါသည်။

Yadanar Win

  • Yadanar Artwork 1 © Yadanar Win
  • Yadanar Artwork 2 © Yadanar Win
  • Yadanar Artwork 3 © Yadanar Win