အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Logo Goethe-Institut

မြန်မာ

Orientation Session©Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Orientation Session

“ထင်ဟပ်မျှ၀ေ တွဲလက်တွေ” (ဒုတိယပိုင်း) အစီအစဉ်ကို Goethe-Institut မြန်မာမှ မိတ်ဖက်အဖွဲ့အစည်းများ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ ပူးပေါင်းကာ (၂၀၂၃) ခုနှစ်မှာ ဆက်လက်ကျင်းပနိုင်ခဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။ အတူမျှ၀ေခြင်း၊ ဂရုစိုက်ပေးခြင်းတွေကို အခြေခံထားတဲ့ ဒီအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့ နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ မပြေလည်မှုတွေ၊ စိတ်ပင်ပန်းမှုတွေကို အနုပညာကြားခံနယ်ကနေတစ်ဆင့် ဖြေထုတ်ဖော်ပြနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ထိရောက်မှုရှိပြီး ဂီတနှင့်အနုပညာဆိုင်ရာ ကုထုံးများကို အခြေပြုထားတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို အမျိုးသမီးသီးသန့်အတွက်ရော၊ ကလေးငယ်များနဲ့ အသက်အရွယ်မျိုးစုံမှ စိတ်ပါ၀င်စားသူမည်သူမဆို ပါဝင်နိုင်ဖို့ စီစဉ်ပေးနိုင်ခဲ့ပါတယ်။

“ထင်ဟပ်မျှ၀ေ တွဲလက်တွေ” အစီအစဉ် ဒုတိယပိုင်းရဲ့ “Orientation Session” ကို ဖေဖော်၀ါရီလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီမှာ ကျင်းပခဲ့ပါတယ်။ Goethe-Institut မြန်မာရဲ့ ပွဲခန်းမမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ယခု session ကို စိတ်ပါ၀င်စားသူများ အခမဲ့ တက်ရောက်ခဲ့ပြီး၊ အနုပညာ၊ ဂီတ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွေမှ အတွေ့အကြုံရှိ workshop leader များမှ “ကိုယ်ချင်းစာစိတ်နဲ့ စကားပြောခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို အခြေပြုပြီး မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ ပါ၀င်ဆွေးနွေးသွားခဲ့ပါတယ်။ အမေးအဖြေကဏ္ဍလည်း ပါ၀င်ပြီး၊ အတွေ့အကြုံသစ်တွေကို အချင်းချင်း မျှ၀ေခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို မြန်မာဘာသာဖြင့် တင်ဆက်ခဲ့ပြီး၊ အင်္ဂလိပ်ဘာသာသို့ အကျဉ်းချုံးဘာသာပြန် ပြုလုပ်ခဲ့ပါတယ်။