အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Art and Healing Orientation Session©Goethe-Institut Myanmar / TheeOoThazin

ထင်ဟပ်၊ မျှဝေတွဲလက်တွေ
Art and Healing Orientation Session

“ထင်ဟပ်မျှဝေ တွဲလက်တွေ” အစီအစဉ်ရဲ့ ပထမဦးဆုံးပွဲလေးက “Art & Healing စကား၀ိုင်း” ဟု အမည်ရပြီး၊ Aung Clinic မှဒေါက်တာအောင်မင်းနှင့် ဒေါက်တာစန်းစန်းဦးတို့က ထိုစကား၀ိုင်းဆွေးနွေးပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒေါက်တာအောင်မင်းသည် အောင်ဆေးခန်းကို စတင်ထူထောင်ခဲ့သူဖြစ်ပြီး၊ ယခုလက်ရှိတွင် အခြေခံစိတ်ကျန်းမာရေးသင်တန်းပေးခြင်း၊ အနုပညာကုထုံးပြုလုပ်ခြင်း၊ ရုပ်ရှင်ဇာတ်ညွန်းသင်တန်းပေးခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်းတို့ ပြုလုပ်နေလျက်ရှိပြီး ဒေါက်တာစန်းစန်းဦးကတော့ စိတ်ကျန်းမာရေးအထူးကုဆရာဝန်၊ EDMR စိတ်ကုထုံးပညာရှင်၊ အနုပညာရှင်၊ အောင်ဆေးခန်းရဲ့အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ထိုဆွေးနွေးပွဲတွင် အနုပညာကုထုံးဆိုတာဘာလဲ၊ အနုပညာဖန်တီးမှုကို အခြေပြုပြီး စိတ်အကြပ်အတည်း ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ၊ စိတ်ဒါဏ်ရာသင့်စေသော စိတ်ဖိစီးမှုအခြေအနေများကို ဘယ်လိုကုစားမလဲ၊ မိမိနှင့်မိသားစု၊ လူ့အဖွဲ့အစည်းကိုယ်ချင်းစာမှုနှင့် လူ့အခြေပြုဘက်စုံချည်းကပ်ပြီး ဘယ်လိုအဖြေရှာကြမလဲ၊ လူတိုင်းအတွက် အနုပညာကုထုံးကအသုံး၀င်ရဲ့လား၊ လက်လှမ်းကောမှီနိုင်ပါ့မလား အစရှိတဲ့ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

ထိုစကား၀ိုင်းဆွေးနွေးပွဲအပြီးမှာ မေလနဲ့ ဇွန်လမှာ ဆက်လက်ကျင်းပမယ့် ”Art & Healing Certificate Workshop“အကြောင်းကို မိတ်ဆက်တင်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် ‘Aung Mental Health Initiative’ ရဲ့ အနုပညာကုထုံးမှတစ်ဆင့် ဖန်တီးထားတဲ့ စိတ်၀င်စားစရာကောင်းတဲ့ ပန်းချီလက်ရာတစ်ချို့ကိုလည်း ပြသခဲ့ပါတယ်။

  • Art & Healing Orientation Session ©Goethe-Institut Myanmar
    Art and Healing Orientation Session
  • Art & Healing Orientation Session ©Goethe-Institut Myanmar
    Art and Healing Orientation Session
  • Art and Healing Orientation Session ©Goethe-Institut Myanmar