အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1)ဒုတိယအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 3)ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Reconnect© Goethe-Institut Myanmar

Reconnect

2020/2021 RECONNECT ယဉ်ကျေးမှု အစီအစဉ် အတွက် လျှောက်လွှာပေးပို့ကြသူများ အားလုံးကို Goethe-Insitut Myanmar မှ ကျေးဇူးတင်ရှိပါသည်။ လျှောက်လွှာပေါင်း ၁၈၀ နီးပါးလက်ခံရရှိခဲ့သည်မှာ အလွန်အလားအလာကောင်းသော အားရကျေနပ်ဖွယ် တုန့်ပြန်မှု ဖြစ်ပါသည်။ လျှောက်ထားမှုများအားလုံးထဲမှ ၂၀၂၀ ခုနှစ်အတွက် စီမံကိန်း ၂၂ ခု နှင့် ၂၀၂၁ ခုနှစ်အတွက် စီမံကိန်း အခု ၂၀ ကို Goethe-Institut မှ ထောက်ပံ့ပေးသွားပါမည်။ ၂၀၂၀ နိုဝင်ဘာလမှ ဒီဇင်ဘာလများအတွင်း Goethe-Institut ခြံဝန်း နှင့် ပွဲခန်းမတို့တွင် (မြန်မာနိုင်ငံ၏ Covid-19 ကာကွယ်ရေး စည်းကမ်းများနှင့် အညီ) RECONNECT စီမံကိန်းများကို တင်ဆက်နိုင်ရန် မျှော်လင့်ပါသည်။ ၂၀၂၁ တွင် RECONNECT တင်ဆက်မှုများကို Goethe-Institut တွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ အစီအစဉ် အသေးစိတ်ကို စက်တင်ဘာလကုန်တွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်စာမျက်နှာတွင် ကြေငြာနိုင်ပါလိမ့်မည်။

Dr. Martin Wälde
ဒါရိုက်တာ