အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Reconnect© Goethe-Institut Myanmar

ယဉ်ကျေးမှုဆိုင်ရာရန်ပုံငွေထောက်ပံ့မှုအစီအစဉ်
ပြန်လည်ချိတ်ဆက် ၂၀၂၀

(၂၀၂၀) ခုနှစ်၊ ဇူလိုင်လတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းများရပ်တန့်နေရသော ယဥ်ကျေးမှုနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြန်လည်ချိတ်ဆက်ရန်အတွက် ပြန်လည်ချိတ်ဆက် (၂၀၂၀) အစီအစဉ်ကို Goethe-Institut မြန်မာမှမိတ်ဆက်ပြီး အားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်။ ပြန်လည်ချိတ်ဆက် (၂၀၂၀) ယဉ်ကျေးမှုအစီအစဉ်အတွက် လျှောက်လွှာပေါင်း (၁၈၀) နီးပါးလက်ခံရရှိခဲ့ပြီး လျှောက်ထားမှုများအားလုံးမှ (၂၀၂၀) ခုနှစ်အတွက် စီမံကိန်း (၂၀) ခု နှင့် (၂၀၂၁) ခုနှစ်အတွက် စီမံကိန်း (၂၀) ကို Goethe-Institut မှ ထောက်ပံ့ပေးခဲ့ပါသည်။

  • ရုပ်ရှင် (Film)
  • ပြဇာတ် (Theater)
  • အက (Dance)
  • ပါဖောင်းမန့်အတ် (Performance Art)
  • ဂီတ (Music)
  • အမြင်ဆိုင်ရာအနုပညာ (Visual Art)
  • ကဗျာ (Poetry)
  • ဓါတ်ပုံ (Photography)
  • စာပေဆိုင်ရာပညာရေး (Literary Education)
  • စာအုပ်ထုတ်ဝေရေး (Book Production)

အစရှိသည့်နယ်ပယ်အသီးသီးမှ စီမံကိန်းများလုပ်ဆောင်ရန်အတွက် ပံ့ပိုးပေးခဲ့ပါသည်။ 

ရွေးချယ်ခံရသောစီမံကိန်းများမှ အချို့ကိုစုစည်းပြီး (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်ကြာ အိဇ္ဇဘီးရှင်းတစ်ခုကိုဖန်တီးပြသသွားမည်ဖြစ်ပါသည်။ ထိုအိဇ္ဇဘီးရှင်းကို ရန်ကုန်မြို့၊ မြို့နယ် (၅) ခုမှနေရာ (၇) ခုတွင် တစ်ပြိုင်နက်တည်းတင်ဆက်ပြသသွားမည်ဖြစ်သည်။ 
/ရှိ အိဇ္ဇဘီးရှင်း