အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

Alvin Lau
အချစ်ဆိုသည်မှာဤအရာလား။

အွန်လိုင်းဒိတ်ယဥ်ကျေးမှုဟာ ယခုထောင်စုနှစ် အစောပိုင်းကစပြီး လူအများကြားဆက်နွယ်မှုကို ပိုမိုအဆင်ပြေစေတဲ့အရာတစ်ခုဖြစ်လာပါတယ်။ အဲဒီလိုတည်ဆောက်ယူထားတဲ့ဖန်တီးမှုက လူသားနှစ်ဦးကြားမှာရှိတဲ့ဆက်ဆံရေးမှာ မည်သို့ဖြစ်သင့်သည် ဆိုတဲ့အချက်ကိုတော့ ရှုပ်ထွေးစေပါတယ်။ ကျွန်တော်လက်ရှိဖန်တီးနေတဲ့  “အချစ်ဆိုသည်မှာဤအရာလား” ပရောဂျက် က ဓာတ်ပုံတွေမှာဆိုရင် အွန်လိုင်းဒိတ်အက်ပလီကေးရှင်းတွေ သုံးတာက မျက်မှောက်ခေတ် နှစ်ဦးကြားဆက်ဆံရေးတွေ အပေါ် ဘယ်လိုအကျိုးသက်ရောက်ကြောင်း၊ ဒါမှမဟုတ် ခေတ်မီတဲ့ဆက်ဆံရေးပုံစံကို ဘယ်လိုပြောင်းလာကြောင်း၊ စတဲ့အချက်တွေအပေါ် အာရုံစိုက်ပြီးဖန်တီးဖြစ်ပါတယ်။
 
ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ အဲဒီလိုဖြစ်ရပ်တွေမှာ  ကိုယ်တိုင်ပါဝင်တာနဲ့မှတ်တမ်းတင်တာနှစ်ခုကြား အဆက်မပြတ်ကျင်လည်နေပါတယ်။ အဲဒီလိုနဲ့ ဒီလုပ်ငန်းက အချုပ်အနှောင်ကနေလွတ်မြောက်တဲ့ အတွေ့အကြုံဖြစ်လာခဲ့တယ်။ ဒီပရောဂျက်ကိုလုပ်ရင်း ကျွန်တော်ယောင်လို့တောင်မတွေးမိခဲ့တဲ့ အကန့်အသတ်နယ်နိမိတ်တွေကို ဖြတ်ကျော်ခဲ့ပါတယ်။
 
ပြီးတော့ ကျွန်တော့်ကို ခေတ်သစ် နှစ်ဦးကြားဆက်ဆံရေးအပေါ်  အာရုံဝင်စားလာအောင် အားပေးလှုံ့ဆော်တဲ့ အကြောင်းရင်းဖြစ်လာခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ် နဲ့ (၂၁)ရာစုမှာ ချစ်ခြင်းမေတ္တာကို ဘယ်လိုထိတွေ့နိုင်တယ် ဆိုတာ ဒီပရောဂျက်ကနေ ကျွန်တော့်အတွက် အနက်အဓိပ္ပါယ်အသစ်ဖွင့်ပေးနိုင်ပါတယ်။  

Dossier anzeigen

Alvin Lau *1994, Malaysia

Alvin Lau | Is This What Love Is? © Alvin Lau  Alvin Lau ၏ဖန်တီးမှုများတွင် အသက်ရှင်နေထိုင်ခြင်းနှင့် သေခြင်းတရားများအကြောင်းပါဝင်လေ့၏။ 
ဝါသနာရှင်ဓာတ်ပုံဆရာအဖြစ်စတင်ခဲ့ပြီးနောက် ဓာတ်ပုံရိုက်ကူးခြင်းကိုပိုမိုအားသန်လာခဲ့ပါသည်။ 
စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ကို Sunway တက္ကသိုလ်တွင် ခေတ္တလေ့လာခဲ့ပြီး၊  ပညာရေးကို ကျောခိုင်းကာဓာတ်ပုံပညာဖြင့်အသက်မွေးရန်ဆုံးဖြတ်ခဲ့သည်။ Obscura ဓာတ်ပုံပွဲတော်၏ကဏ္ဍတစ်ခုဖြစ်သော အဆင့်မြင့်ဓာတ်ပုံသင်တန်းကို (၂၀၁၅) ခုနှစ်တွင် အမျိုးသမီးဓာတ်ပုံဆရာ Maggie Steber နှင့်အတူ တက်ရောက်ခဲ့သည်။ သူသည် ကွာလာလမ်ပူဓာတ်ပုံဆု၊ (၂၀၁၅) ခုနှစ်အတွက်အာရှဓာတ်ပုံဆရာဆု နှင့် (၂၀၁၇) ခုနှစ်တွင် IPA ဓါတ်ပုံပညာသင်ဆုတို့ကို ရရှိခဲ့သည်။ (၂၀၁၇) ခုနှစ်မှာတွင် သူ၏လက်ရာများကို Jeonju နိုင်ငံတကာဓာတ်ပုံပွဲတော် နှင့် Landskrona ဓာတ်ပုံပွဲတော်တို့တွင်ပြသခဲ့သည်။

  • Is This What Love Is? © Alvin Lau
  • Is This What Love Is? Alvin Lau
  • Is This What Love Is? © Alvin Lau