အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

Kanel Khiev
ပျက်စီးခြင်းမတိုင်မီ

အဖြူရောင်အဆောက်အအုံ သို့မဟုတ် Bodeng လို့ လူသိများတဲ့ ဖနွမ်းပင်မြို့လယ်က မြူနီစီပယ်တိုက်ခန်းတွဲတွေကို (၁၉၆၃) ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။
 
ကမ္ဘောဒီးယားရဲ့ခေတ်မီတဲ့သင်္ကေတတစ်ခုဖြစ်ခဲ့တဲ့ အဲဒီအဆောက်အအုံတွေက ၀င်ငွေနည်းတဲ့ဆရာ/မတွေ၊ အနုပညာရှင်တွေ နဲ့ အစိုးရဝန်ထမ်းတွေနေထိုင်ခဲ့တဲ့နေရာပါ။ (၁၉၇၅) ခုနှစ်ကနေ (၁၉၇၉) ခုနှစ်အထိ အဆောက်အအုံကိုစွန့်ပစ်ခဲ့ကြပေမဲ့ (၁၉၇၉) ခုနှစ် ခမာနီအစိုးရကို အနိုင်ရပြီးနောက်မှာတော့ အဲဒီမှာ ပြန်လည်နေထိုင်ခဲ့ကြပါတယ်။
 
အပြင်လူတွေကြားလေ့ရှိတဲ့ အဆောက်အအုံရဲ့ မကောင်းသတင်းတွေကြောင့် နေထိုင်တဲ့သူတွေက အဲဒီအဆောက်အအုံမှာနေကြောင်း တခြားသူတွေကိုပြောဖို့ ဝန်လေးကြပေမဲ့ ကျွန်တော်ကတော့  အဲဒီနေရာကို ဟန်ချက်ညီတဲ့အိမ်လို့မြင်ပါတယ်။ အဆောက်အအုံထဲကို ကျွန်တော် ပထမဆုံးအကြိမ်ရောက်ခဲ့တုန်းက စိတ်အေးချမ်းပြီး ယုံကြည်စိတ်ချရတဲ့ပတ်ဝန်းကျင် လို့ ခံစားခဲ့ရပါတယ်။ 
 
အစိုးရရဲ့ မြို့ပြတည်ဆောက်မှုအစီအစဉ်အရ အဖြူရောင်အဆောက်အအုံကို မကြာခင် (၂၁) ထပ်အဆောက်အအုံအဖြစ် အစားထိုးပါတော့မယ်။ အဲဒီအဆောက်အအုံကိုဖျက်တာက နေထိုင်နေတဲ့သူတွေအပေါ်စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေး နဲ့ လူမှုရေးဆိုင်ရာသက်ရောက်မှုများ ရှိနိုင်ပါတယ်။
 
ကျွန်တော့်ရဲ့ ဒီပရောဂျက်ကတော့ အဖြူရောင်အဆောက်အအုံမှာ နေထိုင်ခဲ့တဲ့အနုပညာရှင်တွေ၊ လူငယ်တွေ သူတို့ရဲ့ ဘဝကို ဒီနေရာမှာဘယ်လိုဖြတ်သန်းခဲ့ကြောင်း သမိုင်းမှတ်တမ်းတင်တာပဲဖြစ်ပါတယ်။ သမိုင်းဝင်နေရာကတော့ မကြာခင်ပျောက်ကွယ်သွားတော့မှာဖြစ်ပေမဲ့ သူတို့ရဲ့ သမိုင်းကြောင်းကို မေ့မသွားဖို့တော့ ကျွန်တော်မျှော်လင့်ပါရဲ့။
 

Dossier anzeigen

Kanel Khiev *၁၉၈၈၊ ကမ္ဘောဒီးယား။

Kanel Khiev | Before The Raze © Kanel Khiev Kanel Khiev သည် ကွန်ပျူတာသိပ္ပံဘွဲ့ ၊  စာရင်းကိုင်ဘွဲ့နှင့် စာရင်းစစ်မဟာဘွဲ့ များရရှိထားပြီး၊ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်း တွင် အကြီးတန်းဘဏ်အရာရှိအဖြစ် လုပ်ကိုင်လျက်ရှိသည်။ သူ၏ဓာတ်ပုံပညာစိတ်ဝင်စားမှုမှာ  (၂၀၁၃) ခုနှစ်တွင် စတင်ခဲ့သည်။ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတစ် ဦး ဖြစ်လိုသောကြောင့် အလုပ်ရုံဆွေးနွေးပွဲများနှင့် ဓာတ်ပုံသင်တန်းများစွာကို တက်ရောက်ခဲ့သည်။ သူ၏လက်ရာများကို အဖွဲ့လိုက်ဓာတ်ပုံပြပွဲများတွင် ပါဝင်ပြသလေ့ရှိသည်။ (၂၀၁၅) ခုနှစ်တွင် Portrait of the Soul ကဲ့သို့သောအဖွဲ့များ၊ (၂၀၁၆) ခုနှစ်တွင် “Adorned Body Transform နှင့် Perspective of Fashion and City by Night”၊  ( ၂၀၁၇) ခုနှစ်တွင် Französischen Institut von Kambodscha မှ စီစဉ်သော “Architecture and Landscapes “ ပြပွဲများတွင် ပါဝင်ပြသခဲ့သည်။

  • Kanel Khiev | Before The Raze © Kanel Khiev
  • Kanel Khiev | Before The Raze2 © Kanel Khiev
  • Kanel Khiev | Before The Raze © Kanel Khiev
  • Kanel Khiev | Before The Raze4 © Kanel Khiev