အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

Lee Chang Ming
ထိုမတိုင်မီအထိ

“ထိုမတိုင်မီအထိ” ဆိုသည်မှာ “ငယ်ရွယ်ခြင်းနှင့် လိင်တူချစ်သူဖြစ်ခြင်း” ဟု စင်ကာပူတွင် အဓိပ္ပါယ်ဖွင့်နိုင်ကြောင်း ကျွန်ုပ်၏အတွေ့အကြုံမှရသော အမြင်ရှုထောင့် နှင့် ပတ်၀န်းကျင်ရှိမိတ်ဆွေများထံ မေးမြန်းရာမှ သိရှိရပါသည်။ 
 
ယခုပရောဂျက်မှာ ရှေးရိုးစွဲလူ့အဖွဲ့အစည်းနောက်ကွယ်ရှိ ကျွန်ုပ်တို့၏ ကိုယ်ပိုင်လက္ခဏာ (identity) ကို ပကတိခံစားမှုအာရုံဖြင့် ဖော်ပြခြင်းဖြစ်ပြီး၊ ပတ်ဝန်းကျင်နှင့်ပေါင်းစည်းနိုင်မှု၊ ရင်းနှီးမှုကိုရရှိရန် မဆုတ်မနစ်ရှာဖွေခြင်းလဲဖြစ်သည်။
 
ဓာတ်ပုံရိုက်ခြင်းသည် ကျွန်ုပ်အတွက် ပြင်ပကမ္ဘာကို စူးစမ်းသည့်ခြေလှမ်းတစ်ခု ဖြစ်ပြီး တချိန်တည်းမှာပင် မိမိကိုယ်ကိုရောင်ပြန်ဟပ်ခြင်း၊ LGBTQ အသိုင်းအဝိုင်းနှင့်တွေ့ဆုံခြင်းအပြင် မိမိကိုယ်ပိုင်လက္ခဏာ (identity) အတိုင်းတည်ရှိခြင်းလဲ ဖြစ်သည်။

Dossier anzeigen

Lee Chang Ming *၁၉၉၀၊ စင်္ကာပူ

Lee Chang Ming | Until Then © Lee Chang Ming Lee Chang Ming သည် ကိုယ်ပိုင်လက္ခဏာ (identity) များ၊ အမြင်အာရုံသင်္ကေတဘာသာစကားနှင့် ၎င်းဘာသာစကား၏ ကိုယ်စားပြုဆောင်ရွက်နိုင်မှုတို့ကို စိတ်ဝင်စားလေ့ရှိသည်။ (၂၀၁၅) ခုနှစ်တွင် စင်ကာပူနိုင်ငံရှိ National University မှ Bachelor in Social Sciences (Hons) ဘွဲ့ကိုCommunication and New Media ဘာသာရပ်အတွက်ရရှိခဲ့သည်။ တကမ္ဘာလုံးမှ ဓာတ်ပုံပညာရှင်များ နှင့် အနုပညာရှင်များ ၎င်းတို့၏လက်ရာများကို ပါဝင်ပြသနိုင်သည့် Nope Fun Plattform ကို တည်ထောင်သူအယ်ဒီတာလည်း ဖြစ်သည်။ ၎င်း၏လက်ရာများကို VICE, Galavant မဂ္ဂဇင်း၊ Brownbook မဂ္ဂဇင်း နှင့် Ellipsis ဂျာနယ်တို့တွင် ဖော်ပြခံရသည်။ (၂၀၁၄) ခုနှစ် ဗီယင်နာတွင်ကျင်းပသော Sound Frame Festival နှင့် စင်ကာပူနိုင်ငံရှိ Art Science နှင့် Grey ပရောဂျက်များတွင်၎င်း၏လက်ရာများကို ရွေးချယ်ပြသခံရသည်။ 

  • Lee Chang Ming | Until Then © Lee Chang Ming
  • Lee Chang Ming | Until Then © Lee Chang Ming
  • Lee Chang Ming | Until Then © Lee Chang Ming
  • Lee Chang Ming | Until Then © Lee Chang Ming