အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

Linh Pham
ပိတ်ထားသော တံခါးချပ်များနောက်ကွယ်

“သတိ” ဒီအမိန့်သံကြားတာနဲ့တပြိုင်နက်တည်း ကျွန်တော်တို့ဟာ တန်းစီငြိမ်သက်လိုက်ကြပြီး အလံကို အလေးပြုလိုက်ကြပါတယ်။ ဒါဟာ (၁၂) နှစ်လုံးလုံး တနင်္လာနေ့တိုင်း မြင်တွေ့နေကျဖြစ်တဲ့ ကျွန်တော်တို့ ကျောင်းရဲ့အပတ်စဥ်တန်းစီပွဲ မြင်ကွင်းပါပဲ။ ခပ်မတ်မတ်ရပ်ရတဲ့ ကိုယ်ဟန်အနေအထားက ဒီနေရာမှာ အရေးကြီးပြီး၊ ဒါက ကောင်းမွန်တဲ့ ကျင့်ဝတ်လိုက်နာမှုကို ကိုယ်စားပြုပါတယ် ။

“လက်..မြှောက်” ဒီတစ်ခါ အမိန့်သံအကြားမှာတော့ ဘယ်သူမှသေချာဂရုစိုက်မနေကြတော့ပါဘူး။ နာရီလက်တံတွေက သန်းခေါင်ယံအချိန်ကို ညွှန်ပြချင်ညွှန်ပြနေမယ်၊ လမ်းမတွေပေါ်မှာ လှုပ်ရှားမှုတွေ လျော့ပါးလာမယ်၊ ဒါပေမဲ့ အသံလုံရုံ အဖြစ်လောက် ကာထားတဲ့ နံရံတွေနောက်မှာတော့ မိန်းကလေးတွေ၊ ယောကျ်ားလေးတွေ၊ ပျော်ရွှင်မြူးထူးစေတဲ့မူးရစ်ငွေ့တွေ၊ ခွက်ချင်းတိုက်သံတွေနဲ့ အသက်ဝင်နေတုန်းပါပဲ။ ဒါ့အပြင် ကလပ်တွေနဲ့ကာရာအိုကေခန်းတွေကို ည (၁၂) နာရီမှာ ပိတ်ရမယ်ဆိုပြီး အစိုးရကအမိန့်ထုတ်ထားပေမယ့် ဗီယက်နမ်လူငယ်တွေကတော့ ညမှောင်တာနဲ့ ကဲလို့ရတဲ့ နေရာတွေမှာ ပျော်နေတာပါပဲ။ တုန်ခါနေတဲ့အသံလှိုင်းနဲ့ ချွေးစက်တွေထဲမှာ ပုန်ကန်စရာ၊ ကိုးကွယ်စရာ တစုံတခုရှိနေသလို စီးမျောနေပြီး၊ ပိတ်ထားတဲ့ တံခါးတွေနောက်မှာလဲ ပျော်ရွှင်မြူးထူးပြီး အောင်ပွဲခံဖို့ အကြောင်းတစ်ခုခုတော့ရှိနေတတ်ပါတယ်။

Linh Pham *၁၉၉၁၊ ဗီယက်နမ်

Linh Pham | Behind Closed Doors © Linh Pham Linh Pham သည် ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်ပြီး သူမွေးဖွားကြီးပြင်းရာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် လက်ရှိနေထိုင်လျက်ရှိသည်။ မြန်မာပြည်မြောက်ဖျားမှ ကချင်အတိုက်အခံများကို မှတ်တမ်းတင်ခြင်း၊ ဟာဗားနားမှ ဥရောပအလယ်ပိုင်းသို့ ပြောင်းရွှေ့အခြေချသည့် ကျူးဗားလူမျိုးများအကြောင်း သတင်းရယူခြင်း၊ ဗီယက်နမ်နိုင်ငံ၏ အမြင့်ဆုံးတောင်များပေါ်တွင် နေထိုင်သည့် လူနည်းစုလူမျိုးများ၏ လူမှုဘဝအ‌ပြောင်းအလဲများကို သုံးသပ်ခြင်း၊ ဂွာတီမာလာမှ သာမန် ကက်သလစ် အဖွဲ့အစည်းတစ်ခုအား မှတ်တမ်းတင်ခြင်းများ သည် Linh Pham ၏ သတင်းထောက်ဘဝ ဖြတ်သန်းမှုများဖြစ်၏။
 
နိုင်ငံတကာနှင့်တွဲဖက်အလုပ်လုပ်ကိုင်နေရင်း  ၎င်း၏ဇာတိဖြစ်သည့် ဗီယက်နမ်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်းကိစ္စရပ်များကို မကြာခဏဆိုသလို မှတ်တမ်းတင်လေ့ရှိသည်။ Linh သည် Getty Imagesကို ကိုယ်စားပြုသူ တစ်‌ဦးဖြစ်ပြီး သူ၏လက်ရာများမှာ ကမ္ဘာအနှံ့အပြားမှ  အထင်ကရပုံနှိပ်ထုတ်ဝေမှုများတွင် ဖော်ပြခံရပြီးဖြစ်သည်။

  • Linh Pham | Behind Closed Doors © Linh Pham
  • Linh Pham | Behind Closed Doors © Linh Pham
  • Linh Pham | Behind Closed Doors © Linh Pham