Goethe-Test PRO: Deutsch für den Beruf

Ein lächelnder Mann mit Kopfhörern blickt von seinem Laptop auf. Foto (Ausschnitt): Colourbox

အသင်သည်

  • မိမိ အလုပ်အကိုင်နယ်ပယ်တွင် တွင်ကျယ်နိုင်ရန်အတွက်
    မိမိ၏ ဂျာမန်ဘာသာစကားအဆင့် မည်မျှရှိနေပြီကို အနီးစပ်ဆုံး ခန့်မှန်းပေးစေလိုပါသလား (သို့) မိမိအတွက်သင့်လျော်မည့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်သင်တန်းများနှင့် ဘာသာစကားသင်တန်းများကို အကြံပြုပေးစေလိုပါသလား။
  • မိမိ၏လုပ်ငန်း (သို့) ကုမ္ပဏီတွင်
    အလုပ်လျှောက်ထားလာသူများနှင့် လက်ရှိလုပ်ဖော်ကိုင်ဖက်များ၏ ဘာသာစကားအရည်အသွေးကို စမ်းစစ်ကြည့်လိုပါသလား (သို့) ၎င်းတို့အား တက်ရောက်စေခဲ့သော ကျွမ်းကျင်မှု အဆင့်မြှင့်တင်သင်တန်းများသည် ၎င်းတို့အပေါ် အကျိုးသက်ရောက်မှု၊ အောင်မြင်မှု ရှိ၊ မရှိကို အကဲဖြတ်တိုင်းတာလိုပါသလား (သို့) ၎င်းတို့အား နောက်ထပ် မည်သည့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်သင်တန်းများ တက်ရောက်ခိုင်းသင့်သည်ကို စီမံချက်များ ချလိုပါသလား။

GOETHE-TEST PRO ၏ အကူအညီဖြင့် မိနစ် (၆၀) အတွင်းတွင် ရှင်းလင်းစွာ သိနိုင်ပါသည်။

မိမိအလုပ်အကိုင် တွင်ကျယ်မှုအတွက်လား။ မိမိလုပ်ငန်းကုမ္ပဏီ၏ အခြားကုမ္ပဏီများနှင့် ပြိုင်ဆိုင်နိုင်မှုစွမ်းရည် အတွက်လား။ လုပ်ငန်းတစ်ခုတွင် အောင်မြင်မှုရရှိရန်အတွက် လုပ်ဖော်ကိုင်ဖက်များအချင်းချင်း ယုံကြည်စိတ်ချမှုရှိရန် လိုအပ်ပါသည်။ ယုံကြည်စိတ်ချမှုကို အချင်းချင်း တူညီသည့်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံမှသာ ရရှိနိုင်ပါသည်။ ထို့ကြောင့် သင့်ဂျာမန်ဘာသာစကားစွမ်းရည် မည်မျှ ကောင်းမွန်သနည်း၊ သင်၏ လက်ရှိ (သို့) အနာဂတ် လုပ်ဖော်ကိုင်ဖက်များတွင် မည်သည့် ဘာသာစကားအရည်အသွေးများ ရှိနေသနည်း ဆိုသည်ကို စစ်ဆေးလိုက်ပါ။
 
ကွန်ပြူတာနှင့် ဖြေဆိုရသည့် Goethe-Test PRO စာမေးပွဲသည် လုပ်ငန်းခွင်အတွင်း အကြားနှင့် အဖတ် ဂျာမန်ဘာသာစကားစွမ်းရည်များကို လျင်လျင်မြန်မြန်နှင့် ယုံကြည်စိတ်ချရစွာ စစ်ဆေးအကဲဖြတ်ပေးပါသည်။

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

Sie können sich jetzt jederzeit und überall online zu unseren Deutschkursen anmelden. Erfahren Sie, wie einfach es ist, sich zu unseren Deutschkursen anzumelden. Die einzelnen Schritte zur Anmeldung haben wir für Sie in einer Bildergalerie zusammengestellt.

*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။

တစ်ဦးချင်း၊ ထင်ရှားသိသာစွာ

ခေတ်မီနည်းပညာနှင့် ဖွဲ့စည်းတည်ဆောက်ထားသော Goethe-Test PRO စာမေးပွဲသည် မိနစ် (၆၀)မှ (၉၀)အတွင်း တစ်ဦးချင်းစီ၏ ဘာသာစကားတတ်ကျွမ်းမှုအခြေအနေကို အတည်ပြုပေးပါသည်။ ပါ၀င်ဖြေဆိုသူအားလုံး တူညီသည့်အဆင့်မှစ၍ စတင်ဖြေဆိုရပါသည်။ စာမေးပွဲဖြေနေစဥ်အတွင်း ကွန်ပြူတာပရိုဂရမ်သည် ဖြေဆိုသူ ပထမမေးခွန်းအပေါ် ဖြေထားသည့် အဖြေအပေါ်မူတည်ပြီး နောက်မေးခွန်းတစ်ခုချင်းစီကို ရွေးချယ်ပေးပါသည်။ ထို့ကြောင့် တစ်ဦးချင်းစီ၏ ဘာသာစကားအဆင့်နှင့် လိုက်လျောညီထွေ ဖြစ်စေပြီး စာမေးပွဲကျရှုံးခြင်း မရှိပါ။ ဖြေဆိုပြီးသောအခါတွင် ဖြေဆိုမှုရလဒ်နှင့် ဘာသာစကားအဆင့် မည်မျှရှိသည်ကို သိသာထင်ရှားစွာ ရေးသားဖော်ပြချက်ပေးပါသည်။ ထို့ကြောင့် အသင်၏ လုပ်ဖော်ကိုင်ဖက်များအား နောက်ထပ် မည်သည့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်သင်တန်းများတက်ခိုင်းသင့်သည်ကို ဤစာမေးပွဲရလဒ်၏ အကူအညီဖြင့် ဆုံးဖြတ်နိုင်ပါသည်။
 
Goethe-Test PRO စာမေးပွဲအား မိမိအဆင်ပြေသလို ဖြေဆိုနိုင်ပါသည်။ ကမ္ဘာတစ်၀ှမ်းလုံးရှိ စာစစ်ဌာနများ၊ သို့မဟုတ် အသင်၏ လုပ်ငန်း (သို့) ကုမ္ပဏီတွင်ပင် တိုက်ရိုက်ဖြေဆိုနိုင်ပါသည်။ ဤစာမေးပွဲသည် လုပ်ငန်းသုံးဘာသာစကားစစ်ဆေးခြင်း၀န်ဆောင်မှု (BULATS) ၏ နည်းလမ်းများကို အသုံးပြုထားပြီး၊ ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER) အပေါ် အခြေခံထားပါသည်။

ကျွန်ုပ်တို့ဆီသို့ဆက်သွယ်ရန်

သင်သည် သင့်လုပ်ဖော်ကိုင်ဖက်များ၏ ဘာသာစကားစွမ်းရည်နှင့်ပတ်သက်ပြီး အကြမ်းဖျင်းခန့်မှန်းချက်မဟုတ်ဘဲ အတိအကျသိရှိလိုသည်ဆိုပါက ကျွန်ုပ်တို့ထံသို့ တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ ကျွန်ုပ်တို့အနေနှင့် သင့်အား စာမေးပွဲအတွက်ပြင်ဆင်ရာနှင့် စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိအောင် ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
 
ကုမ္ပဏီလုပ်ငန်းများတွင် ဝန်ထမ်းများအား ကျွမ်းကျင်မှုအဆင့်မြှင့်တင်သင်တန်းများနှင့် ဘာသာစကားသင်တန်းများကို ပို့ချပေးရန်အတွက် စီမံကိန်းများချရာတွင် ကျွန်ုပ်တို့က သင့်အား အကြံဥာဏ်များပေးနိုင်ပါသည်။


 

အခြား အရေးကြီးသည့်အချက်များ ရှိပါသေးသလား။

အစမ်းစာမေးပွဲ

အခမဲ့စမ်းသပ်ကြည့်ပါ။

ဆက်သွယ်ရန်

သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်။ ။

pro@goethe.de