Goethe-Zertifikat A1: Start Deutsch 1

Eine junge Frau mit Brille Foto: istockphoto

အသင်သည်

  • ဂျာမနီနိုင်ငံတွင် Au-Pair နေရာတစ်ခု လျှောက်ထားလိုပါသလား
  • ဂျာမနီတွင် နေထိုင်သော မိမိ၏ အိမ်ထောင်ဖက်ဆီသို့ လိုက်ပါသွားရန် ဗီဇာလျှောက်ထားလိုပြီး  ဘာသာစကားတတ်ကျွမ်းကြောင်း ထောက်ခံအသိအမှတ်ပြုပေးသည့် အောင်လက်မှတ် လိုအပ်ပါသလား
  • A1 အဆင့် ဘာသာစကားစွမ်းရည်ရှိကြောင်း သက်သေပြလိုပါလား
  • နိုင်ငံတကာမှ အသိအမှတ်ပြုသော တရား၀င် စာမေးပွဲအောင်လက်မှတ်တစ်ခု ရရှိလိုပါသလား

Goethe-Zertifikat A1: Start Deutsch 1 စာမေးပွဲသည် အရွယ်ရောက်ပြီးများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ပထမဆုံးအဆင့်ဖြစ်သည့် A1 နှင့်ညီမျှပြီး အသင့်ထံတွင် လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကား စွမ်းရည်များရှိကြောင်းကို အတည်ပြုပေးပါသည်။

စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • အကယ်၍ အသင်နှင့် စကားပြောနေသူသည် ဖြည်းဖြည်းနှင့် ပီပီသသ ပြောဆိုပြီး အသင်နားမလည်သည့် အရာများအတွက် အသင့်အား ကူညီရှင်းပြပေးပါက ထိုကဲ့သို့သော လွယ်ကူသည့် အမေးအဖြေများကို ပြောဆိုနားလည်နိုင်ခြင်း
  • ရင်းနှီးကျွမ်းဝင်နေကျ၊ နေ့စဉ်သုံး အသုံးအနှုန်းများ၊ လွယ်ကူရိုးရှင်းသည့် စာကြောင်းများကို နားလည်နိုင်ခြင်း (ဥပမာ။ ။ လူပုဂ္ဂိုလ်အကြောင်း၊ မိသားစုအကြောင်း၊ စျေး၀ယ်ခြင်း၊ အလုပ်၊ အိမ်အနီးအနားပတ်၀န်းကျင်အကြောင်း)
  • မိမိကိုယ်ကိုနှင့် အခြားသူများကို မိတ်ဆက်ပေးနိုင်ခြင်း။ အခြားသူများကို ၎င်းတို့အကြောင်း မေးခွန်းများမေးနိုင်ခြင်း ဥပမာ။ ။ မည်သည့်နေရာတွင် နေထိုင်သည်၊ မည်သူတို့ကို သိကျွမ်းသည် သို့မဟုတ် မည်သည့်အရာများ ရှိသည် စသဖြင့်။

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

Sie können sich jetzt jederzeit und überall online zu unseren Deutschkursen anmelden. Erfahren Sie, wie einfach es ist, sich zu unseren Deutschkursen anzumelden. Die einzelnen Schritte zur Anmeldung haben wir für Sie in einer Bildergalerie zusammengestellt.

*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ဤနေရာတွင် ရိုးရိုးပုံစံဖြင့်လည်းကောင်း၊ interactive ပုံစံဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ သို့မဟုတ် ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ရှိသူများလည်း အသုံးပြုနိုင်သောပုံစံဖြင့်လည်းကောင်း အမျိုးအစားစုံလင်စွာ ရရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat A1: Start Deutsch 1 အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။