TestDaF

အသင်သည်

  • ဂျာမနီနိုင်ငံတွင် တက္ကသိုလ် တက်ရောက်လိုပါသလား၊ သုတေသနလုပ်လိုပါသလား သို့မဟုတ် အလုပ်လုပ်လိုပါသလား
  • ဂျာမနီရှိ တက္ကသိုလ်အားလုံးမှ အသိအမှတ်ပြုသော ဘာသာစကားစာမေးပွဲတစ်ခု ဖြေဆိုလိုပါသလား
  • သုတေသနအဖွဲ့အစည်းများနှင့် အလုပ်ရှင်များအား သင်၏ ဂျာမန်ဘာသာစကားစွမ်းရည်များကို ပြသလိုပါသလား

TestDaF ကျွမ်းကျင်အဆင့်အထိ တတ်မြောက်ထားကြောင်း အတည်ပြုထောက်ခံပေးသည့် စာမေးပွဲတစ်ခုဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER) မှ ပြဌာန်းထားသည့် အဆင့်ခြောက်ဆင့်တွင် B2 အဆင့်မှ C1 အထိ ခြုံငုံအကျုံး၀င်ပါသည်။
 
အကယ်၍ သင်သည် TestDaF စာမေးပွဲ၏ အပိုင်းလေးပိုင်းလုံးတွင် TestDaF အဆင့် (၄)ဖြင့် အောင်မြင်သည်ဆိုပါက ဂျာမနီရှိ တက္ကသိုလ်များ အားလုံးနီးပါးနှင့် ဘာသာရပ်အားလုံးနီးပါးကို ၀င်ခွင့်ရရန် လိုအပ်သည့် ဘာသာတတ်ကျွမ်းမှု အထောက်အထားကို ရရှိသွားပြီဖြစ်ပါသည်။
 
TestDaF စာမေးပွဲသည် ပညာရပ်ဆိုင်ရာ ပရောဂျက်များနှင့် အလုပ်အကိုင်များအတွက် လိုအပ်သည့် ဂျာမန်ဘာသာစကားတတ်ကျွမ်းကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တစ်ခုလည်း ဖြစ်ပါတယ်။
 
ဤစာမေးပွဲကို ဖြေဆိုရန် သာသာစကားစွမ်းရည်များသာလိုအပ်ပြီး အခြား ဘာသာရပ် သို့မဟုတ် နည်းပညာဆိုင်ရာ တတ်ကျွမ်းမှုများ မလိုအပ်ပါဘူး။

တစ်ကမ္ဘာလုံးတွင် ဖြေဆိုနိုင်ခြင်း

TestDaF စာမေးပွဲကို TestDaF စာစစ်ခွင့်လိုင်စင်ရှိသည့် စာစစ်ဌာနများတွင် ဖြေဆိုနိုင်ပါသည်။ ယနေ့ခေတ်တွင် TestDaF စာမေးပွဲ ဖြေဆိုများကျင်းပပေးသည့် စာစစ်ဌာနပေါင်း (၄၅၀)ခန့်ရှိပါသည်။ ဤနေရာတွင် ဂျာမနီနှင့် တစ်ကမ္ဘာလုံးရှိ စာစစ်ဌာနများကို ရှာဖွေတွေ့ရှိနိုင်ပါသည်။


စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

ဤနေရာတွင် လေ့ကျင့်ခန်းများနှင့် ကြည့်ရှုလေ့လာရန် အကြံပြုထားသည့် စာများကို တွေ့ရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

TestDaF စာမေးပွဲဖြေဆိုရန် လိုအပ်ချက်များ၊ စာမေးပွဲတွင် ပါဝင်သည့် အကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် ရရှိနိုင်ပါသည်။