ကိုရိုနာဗိုင်းရပ်စ်
ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးတို့၏အရာထင်မှု။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကိုထိန်းချုပ်ရန်ကန့်သတ်ချက်များ၏တရားဝင်မှုနှင့်ထိရောက်မှုတို့သည် အပြန်အလှန်ဆွေးနွေးစရာအကြောင်းတစ်ရပ်ဖြစ်နေဆဲပင်။
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကိုထိန်းချုပ်ရန်ကန့်သတ်ချက်များ၏တရားဝင်မှုနှင့်ထိရောက်မှုတို့သည် အပြန်အလှန်ဆွေးနွေးစရာအကြောင်းတစ်ရပ်ဖြစ်နေဆဲပင်။ | ဓါတ်ပုံ။ ။© picture alliance/AA/Abdulhamid Hosbas

ကိုရိုနာအကြပ်အတည်းကာလအတွင်းကန့်သတ်ချက်စည်းမျဉ်းများသည်မှန်ကန်သလားဟူသော ဆက်လက်ငြင်းခုန်စရာစကားစစ်ထိုးပွဲသည် ဖက်ဒရယ်နှင့်ပြည်နယ်အစိုးရများကချမှတ်သော ဇီဝနိုင်ငံရေးအဆုံးအဖြတ်များရှိအားနည်းချက်ကိုထင်ရှားစေသည်။ သမိုင်းပညာရှင်များဖြစ်ကြသော Hedwig Richter နှင့် René Schlott တို့က ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းများ၏အကျိုးဆက်များကို ငြင်းခုန်ဆွေးနွေးကြသည်။

Ms Richte နဲ့ Mr Schlott တို့ခင်ဗျာ - ဂျာမန်လူ့အဖွဲ့အစည်းဟာကွဲပြားနေတယ်။ အစိုးရကလုပ်ဆောင်ခဲ့တဲ့ နှံ့စပ်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျွန်ုပ်တို့ကိုဘေးကင်းစေလို့ မှန်ကန်တယ်လို့တချို့ကခံစားရတယ်။ တစ်ခြားလူတွေကျတော့ နိုင်ငံတော်ဟာတင်းကြပ်လွန်းတယ်၊ လူထုရဲ့လွတ်လပ်မှုတွေကို မဆီမဆိုင်ကန့်သတ်လွန်းတယ်လို့ ခံစားကြတယ်။ ခေါင်းဆောင်တွေဟာ သူတို့ရရှိထားတဲ့အာဏာကိုစွန့်လွှတ်ဖို့တွန့်ဆုတ်ကြလိမ့်မယ်ဆိုပြီး လူတွေကကြောက်ရွံ့စိုးရိမ်ကြတယ်။ ဒီတော့ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့အရေးယူလုပ်ဆောင်မှုတွေဟာ ဒီမိုကရေစီအတွက်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေလား။

René Schlott - ဂျာမနီနိုင်ငံမှာက ဒီမိုကရေစီကိုအချိန်ကာလအကြာကြီးခြိမ်းခြောက်မှုတစ်ခုဆိုတာထက်၊ လူမှုစည်းလုံးမှုအပေါ်မှာမကောင်းတဲ့သက်ရောက်မှုဖြစ်သွားမှာကိုပဲ ကျွန်တော်ပိုပြီးစိုးရိမ်ပါတယ်။ စီးပွားရေးအပေါ် သက်ရောက်မှုက ကိစ္စမရှိဘူး။ အစိုးရက သူထုတ်ပြန်ခဲ့တဲ့အရေးယူလုပ်ဆောင်မှုတွေရဲ့ တွက်ဆလို့မရနိုင်တဲ့ရေရှည်အကျိုးဆက်တွေကို မစဉ်းစားခဲ့ဘူး။ လာမဲ့ကျောင်းစာသင်နှစ်အတွက် ဂျာမနီအနောက်တောင်ဘက်ကပြည်နယ်တစ်ခုဖြစ်တဲ့ Baden-Württemberg ပြည်နယ်ကကြေညာခဲ့သလို ကျောင်းတက်ခြင်းကိုလပေါင်းများစွာရပ်ဆိုင်းထားတာ၊ မဖြစ်မနေကျောင်းတက်ရခြင်းကိုဖျက်သိမ်းပစ်တာဟာ ပညာရေးကွက်လပ်တစ်ခုကိုဖြစ်ပေါ်စေနိုင်တယ်။ ဒါဆို မိသားစုရဲ့ကနဦးဇစ်မြစ်မှာအခြေတည်တဲ့ဂျာမန်ပညာရေးစနစ်မှာ ကလေးတွေအတွက်မမျှတမှုတွေတိုးလာမှာပဲ။ ဒီအကြပ်အတည်းက နိုင်ငံအတွင်းမှာရှိတဲ့လူမှုကွဲပြားမှုကို အရက်စက်ဆုံးဖော်ထုတ်ပြနေတာပဲ။ အန္တရာယ်ဖြစ်နိုင်ချေရှိတဲ့ အလုပ်ခွင်နဲ့နေထိုင်ရေးအခြေအနေတွေမှာ အဆိုးဆုံးထိခိုက်ပြီး လူမှုဟော့စပေါ့တ် (ရောဂါကူးစက်မှုအများဆုံးဖြစ်နိုင်ချေရှိတဲ့နေရာ) တွေမှာစုစည်းဖြစ်ပေါ်တဲ့ လတ်တလောဖြစ်နေတဲ့ဖြစ်ပွားခြင်းတွေမှာ ဒါကိုမြင်နိုင်တယ်။ ။ အချို့သောအနီးအနားဝန်းကျင်တွေမှာ ကျွန်တော်တို့ ခြံစည်းရိုးတွေကိုဆောက်လုပ်ပြီး၊ လူတွေကိုလှောင်ပိတ်ထားတယ်။ ဒီတော့ကျွန်တော်တို့ရဲ့လူမှုကွဲပြားမှုတွေကို ပိုပြီးနက်ရှိုင်းစေတာပေါ့။

Hedwig Richter - တကယ်တော့အတော်လေးဆန့်ကျင်စွာပဲ ကျွန်မကတော့ ကွဲပြားနေတဲ့လူ့အဖွဲ့အစည်းတစ်ရပ်လို့ကိုမမြင်ဘူး။ ကပ်ရောဂါကာလအတွင်းမှာ အစိုးရကတင်းကြပ်တဲ့အကာအကွယ်ဆောင်ရွက်မှုတွေကိုထုတ်ပြန်တော့ လူအများစုကထောက်ခံကြတယ်လို့ စစ်တမ်းတွေအရတွေ့ရတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တွေကိုစပြီးဖြေလျော့တာနဲ့ တင်းကြပ်တဲ့ဆောင်ရွက်ချက်တွေကိုစွဲမြဲလိုက်နာလိုတဲ့စိတ်ဆန္ဒတွေလည်း လျော့နည်းသွားတယ်။ အခုအချိန်မှာတောင် အများစုက လတ်တလောကန့်သတ်ချက်တွေကို ဆန့်ကျင်တာထက် ပိုပြီးထောက်ခံနေဆဲပဲ။ လူအနည်းငယ်လောက်ကပဲ အစိုးရရဲ့လုပ်ဆောင်ချက်တွေကို တရားမျှတမှုမရှိတဲ့အာဏာသုံးစွဲမှုလို့မြင်ကြတယ်။ ခြုံကြည့်ရင် လူတွေက အကြပ်အတည်းကိုအလေးအနက်ထားကြတယ်၊ အသိတရားရှိရှိပြုမူကြတယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်းက အတင်းအကျပ်လုပ်ဆောင်စေတယ်။ ကိုယ်ကအခြားလူတွေအပေါ် အန္တရာယ်တစ်ခုကျရောက်အောင်လုပ်ဆောင်နိုင်ချေရှိတယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်မှုကိုကိုယ်ကန့်သတ်ရမယ်။ နိုင်ငံတော်မှာလည်း ကျွန်မအဲဒါကိုလုပ်ဖို့တောင်းဆိုရန် လုပ်ပိုင်ခွင့်ရော၊ ဝတ္တရားရောရှိတယ်။ ဒီနေရာမှာ ကျွန်မဝေငှချင်တာက အများရဲ့အမြင်အယူအဆကိုပါ။ ဖက်ဒရယ်အစိုးရက အာဏာတွေကိုထပ်ပြီးရဖို့မမှန်မကန်ကြိုးစားနေတယ်ဆိုတာ သက်သေမရှိပါဘူး။ ဒီတော့ ကပ်ရောဂါကဒီမိုကရေစီကိုခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေတယ်လို့ ကျွန်မမထင်ပါဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ဒီမိုကရေစီကအထူးထိရောက်တယ်ဆိုတာကိုသက်သေပြပြီးပါပြီ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးသမားတွေက လူတွေကိုအားလုံးပါဝင်လာအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ (၂၀၁၉) ခုနှစ်တွင် Bundeswehr University Munich ၌ခေတ်မီနှင့်ခေတ်ပြိုင်သမိုင်းပါမောက္ခရာထူးအတွက် Prof Hedwig Richter အားခန့်အပ်ခဲ့သည်။ သူသည် သမိုင်း၊ ဂျာမန်စာပေနှင့်ဒဿနိကဗေဒဘာသာရပ်တို့ကို Heidelberg University၊ Queen’s University Belfast နှင့် Freie Universität Berlin တို့တွင်သင်ယူလေ့လာခဲ့သည်။ (၂၀၁၉) ခုနှစ်တွင် Bundeswehr University Munich ၌ခေတ်မီနှင့်ခေတ်ပြိုင်သမိုင်းပါမောက္ခရာထူးအတွက် Prof Hedwig Richter အားခန့်အပ်ခဲ့သည်။ သူသည် သမိုင်း၊ ဂျာမန်စာပေနှင့်ဒဿနိကဗေဒဘာသာရပ်တို့ကို Heidelberg University၊ Queen’s University Belfast နှင့် Freie Universität Berlin တို့တွင်သင်ယူလေ့လာခဲ့သည်။ | ဓါတ်ပုံ။ ။© privat Parliamentarianism (ပါလီမန်စနစ်) က ဆက်ပြီးအလုပ်လုပ်နေနိုင်သေးတယ်။ ဒါပေမဲ့ လူထုအဖွဲ့အစည်းအတွက် ဘာတွေဖြစ်နေသလဲ။ သူတို့ရဲ့လွတ်လပ်မှုတွေမရှိကြတော့လို့ လူငယ်တွေကဒေါသထွက်နေကြတယ်။ အတင်းအကြပ်ကွာရင်တိုင်းလုပ်ခိုင်းလို့ နိုင်ငံသားတွေကလည်းဆန္ဒပြနေကြတယ်။ အစိုးရလုပ်တာသိပ်လွန်သွားပြီလား။

Hedwig Richter - ပြည်သူ့ဆန္ဒယူခြင်းကနေတွေ့ရတာက လူငယ်အများစုကညွှန်ကြားချက်တွေကို စည်းလုံးညီညွတ်မှုစိတ်ဓာတ်အပြင် လိုက်နာလိုတယ်လို့ပြသတယ်။ အသက်အရွယ်ကြီးရင့်တဲ့လူတွေထက်ကို သူတို့ကစည်းကမ်းကန့်သတ်ချက်တွေကိုပိုပြီးတော့တောင်လိုက်နာချင်ကြတာလို့ လူထုသဘောထားစစ်တမ်းတစ်ချို့မှာတွေ့ရတယ်။ ဒီမိုကရေစီကိုခြိမ်းခြောက်နေပါတယ်ဆိုတဲ့အငြင်းပွားမှုဟာ အတုအယောင်ဖြစ်ပြီး ယုံကြည်လောက်တဲ့အငြင်းအခုံတွေလည်းမရှိဘူးလို့ ပြသနေခြင်းတစ်ခုပဲမဟုတ်ဘူးလား။ 
 
René Schlott - မဟုတ်ပါဘူး၊ မှားပါတယ်။ မတ်လမတိုင်ခင်လောက်တုန်းကလူအနည်းငယ်သာသိထားတဲ့ ကူးစက်မှုကာကွယ်ရေးအက်ဥပဒေက ကျွန်တော်တို့ရဲ့ဒီမိုကရေစီမှာရှိတဲ့လုံခြုံရေးဟာကွက်တစ်ခုကို သက်သေပြခဲ့ပြီးပါပြီ။ မျှော်လင့်ထားတဲ့ရုတ်တရက်ဖြစ်ပွားတဲ့ကပ်ဘေးတကယ်မဖြစ်လာပေမဲ့ အမှုဆောင်အဖွဲ့ကို ပါလီမန်က အခွင့်အရေးအများကြီးပေးထားနှင့်ပြီးပြီ။ လွတ်လပ်စွာစုဝေးခွင့်ဆိုတဲ့အခြေခံအခွင့်အရေးကို ကျွန်တော်တို့လုံးဝရပ်ဆိုင်းလိုက်ရတာ ရက်သတ္တပတ် တော်တော်တောင်ရှိပြီ။ ဒါက ကျွန်တော်တို့ရဲ့အခြေခံအခွင့်အရေးတွေအပေါ်မှာ အလေးအနက်ချိုးဖောက်မှုတစ်ခုအဖြစ်ကိုယ်စားပြုနေတယ်။ တစ်ခြားအရာတွေကိုလည်း ချိုးဖောက်ပစ်ပြီးပြီ။ နိုင်ငံသားတစ်ချို့ကဆန္ဒပြကြတော့ တရားရုံးတော်ကကန့်သတ်ချက်တစ်ချို့ကိုဖယ်ပေးလိုက်တယ်။ ဘာသာရေးလွတ်လပ်မှု၊ စီးပွားရေးလွတ်လပ်မှု၊ သိပ္ပံနှင့်အနုပညာလွတ်လပ်မှုတွေကို အစိုးရကအလေးအနက်ထိန်းချုပ်ခဲ့တယ်။ ခုချိန်မှာလွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ဂျာမနီနိုင်ငံမှာတားမြစ်ထားတယ်။ ကစားကွင်းတွေပိတ်ပစ်တာ၊ ဘာဗေးရီးယားမှာလို ပန်းခြံထဲကခုံတန်းရှည်ပေါ်မှာစာအုပ်ဖတ်တာကို တားမြစ်တာ၊ လွတ်လပ်စွာခရီးသွားလာခွင့်နဲ့ အခြေခံခိုလှုံခွင့်အပေါ်ကန့်သတ်ချက်တွေနှင့်အတူ အလွန်အကျွံကန့်သတ်ချက်တွေကို တစ်ချို့အစိုးရတွေကထုတ်ပြန်ခဲ့တယ်။ ဖက်ဒရယ်အစိုးရတွေက ကနဦးတုန်းက အချိန်အကန့်အသတ်မရှိ၊ မသဲမကွဲရည်ရွယ်ချက်တွေနဲ့ထုတ်ပြန်ထားတဲ့စည်းမျဉ်းတွေအပေါ်မှာလုံးလုံးလျားလျားအခြေတည်ထားတဲ့ လွန်ခဲ့တဲ့နှစ် (၇၀) အတွင်းမှာအပြင်းထန်ဆုံးဖြစ်တဲ့ အခြေခံအခွင့်အရေးတွေအပေါ် စည်းကမ်းကန့်သတ်ချက်တွေကြောင့် နိုင်ငံတော်နဲ့နိုင်ငံတော်ရဲ့ အဖွဲ့အစည်းတွေအပေါ်ကိုယုံကြည်မှုဟာ မကြာသေးတဲ့ရက်သတ္တပတ်တွေအတွင်းမှာကျဆင်းသွားတယ်။
 
Hedwig Richter - သိရသလောက်တော့ ကိုဗစ်-(၁၉) နဲ့ပတ်သက်ပြီး အစပိုင်းမှာကျွန်မတို့နည်းနည်းပါးပါးပဲသိပြီး ပါဝင်ပတ်သက်တဲ့ပြဿနာတွေကိုတစ်စတစ်စနားလည်ဖို့စတင်လာခဲ့ကြတော့ အစိုးရရဲ့ချည်းကပ်ပုံမကြာမကြာပြောင်းပေမယ့် လူအများစုကနားလည်ခဲ့ကြပါတယ်။ ဒီလောက်တောင်မှယုံကြည်မှုတွေပျောက်ဆုံးသွားခဲ့ရင် လက်ခံမှုအဆင့်မြင့်မားနေတာကို ရှင်ဘယ်လိုရှင်းပြမလဲ။ ကာကွယ်ရေးလုပ်ဆောင်မှုတွေနဲ့နီးနီးကပ်ကပ်ပတ်သက်နေတဲ့ CDU ပါတီက အချိန်အတန်ကြာတဲ့အထိ ပိုမြင့်မားတဲ့သဘောတူညီမှုနှုန်းတွေကိုရရှိနေတယ်။ တချိန်တည်းမှာအရေးယူဆောင်ရွက်မှုတွေကို ဝေဖန်တဲ့ AfD ပါတီက လူတွေရဲ့ခန့်မှန်းချက်မှာအမှန်တကယ်ကျဆင်းသွားတယ်။ လွတ်လပ်စွာစုဝေးခွင့်နဲ့ပတ်သက်လာရင် ကန့်သတ်မှုတွေဟာ အရင်နှစ်များစွာတုန်းကလိုမပြင်းထန်တော့ဘူးလို့ အင်တာနက်ကဆိုလိုတယ်။
 
René Schlott - ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကမြင်တွေ့ရတဲ့အတိုင်း လမ်းပေါ်ဆန္ဒပြခြင်းတွေရဲ့နေရာကို အင်တာနက်ကလုယူသွားလို့မရဘူး။ Dr René Schlott သည်ဘာလင်မြို့နှင့်ဂျနီဗာမြို့တို့တွင် သမိုင်း၊ နိုင်ငံရေးနှင့်စာနယ်ဇင်းပညာတို့ကိုလေ့လာဆည်းပူးခဲ့သည်။ (၂၀၁၁) ခုနှစ်တွင် University of Giessen မှခေတ်သစ်သမိုင်းဘာသာရပ်တွင် ဒေါက်တာဘွဲ့ချီးမြှင့်ခံရသည်။ သုတေသနစီမံကိန်းအမျိုးမျိုးတွင်လုပ်ကိုင်နေပြီး Berlin မြို့၊ Giessen မြို့နှင့် Potsdam မြို့တို့ရှိတက္ကသိုလ်များတွင် စာသင်ကြားပေးနေသည်။ ဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှအပိုဒ်များကို နိုင်ငံသားများ အိမ်များတွင်သက်သောင့်သက်သာဖတ်ရှုကြရန်ဖိတ်ခေါ်သော “Grundgesetz a casa” ကနဦးလှုပ်ရှားမှုကိုတည်ထောင်ခဲ့သည်။ Dr René Schlott သည်ဘာလင်မြို့နှင့်ဂျနီဗာမြို့တို့တွင် သမိုင်း၊ နိုင်ငံရေးနှင့်စာနယ်ဇင်းပညာတို့ကိုလေ့လာဆည်းပူးခဲ့သည်။ (၂၀၁၁) ခုနှစ်တွင် University of Giessen မှခေတ်သစ်သမိုင်းဘာသာရပ်တွင် ဒေါက်တာဘွဲ့ချီးမြှင့်ခံရသည်။ သုတေသနစီမံကိန်းအမျိုးမျိုးတွင်လုပ်ကိုင်နေပြီး Berlin မြို့၊ Giessen မြို့နှင့် Potsdam မြို့တို့ရှိတက္ကသိုလ်များတွင် စာသင်ကြားပေးနေသည်။ ဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှအပိုဒ်များကို နိုင်ငံသားများ အိမ်များတွင်သက်သောင့်သက်သာဖတ်ရှုကြရန်ဖိတ်ခေါ်သော “Grundgesetz a casa” ကနဦးလှုပ်ရှားမှုကိုတည်ထောင်ခဲ့သည်။ | ဓါတ်ပုံ။ ။© Angela Anker

ဒီတော့ကျန်းမာရေးနဲ့ဘဝတွေကိုစောင့်ရှောက်ဖို့နဲ့စပ်လျဉ်းပြီး မျိုးဆက်အမျိုးမျိုးရဲ့အကျိုးစီးပွားတွေကိုချိန်ညှိပေးဖို့ ဇီဝနိုင်ငံရေးဆိုင်ရာကောင်စီတစ်ရပ်လိုအရာတစ်ခု ဂျာမနီနိုင်ငံမှာလိုအပ်နေတာဖြစ်နိုင်တယ်။

Hedwig Richter - အဖွဲ့အစည်းတွေကအလုပ်ကောင်းကောင်းလုပ်ခဲ့ပြီးပြီလို့ကျွန်မထင်တယ်။
 
René Schlott - ဟုတ်တယ်။ ကျွန်တော်တို့မှာကျွမ်းကျင်မှုတွေရှိတယ်။ ပြိုင်ဆိုင်နေတဲ့အကျိုးအမြတ်တွေကြားမှာ ပိုပြီးကောင်းတဲ့ချိန်ညှိမှုကို ကျုပ်တို့လိုအပ်နေတာ။ လူတွေရဲ့ကျန်းမာရေးဖြစ်စေဦးတော့ နိုင်ငံတော်ကဦးတည်ချက်တစ်ခုတည်းကိုဦးမညွှတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ကပ်ရောဂါကိုခုခံတိုက်ခိုက်တဲ့နေရာမှာ မကုသဘဲထားတဲ့ရောဂါရှိနေတဲ့လူတွေရဲ့ကျန်းမာရေး၊ ဒါမှမဟုတ် အထီးကျန်ဝေဒနာခံစားနေရတဲ့သူတွေအတွက် စွန့်စားမှုတွေကိုလက်ခံထားရတယ်။
 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ကန့်သတ်ချက်တွေက လူတွေဘယ်လောက်များများလုပ်ဆောင်လဲဆိုတာကိုပြောင်းလဲခဲ့ပြီးပါပြီ။ ပိုစည်းလုံးလာပြီး မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့အရေးပါမှုတွေကိုပြန်ပြီးအာရုံစိုက်လာကြတယ်။ အချိန်တိုအတွင်းထိရောက်အောင်စွမ်းဆောင်နိုင်မှုနဲ့ ကမ္ဘာရွာဆန်လာခြင်း (ဂလိုဘယ်လိုက်ဇေးရှင်း) တို့ကြောင့် ပါးလျှပ်လာတဲ့စီးပွားရေးဟာလည်းပြောင်းဆန်မှုနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်။ ဒါကကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက်အခွင့်အလမ်းဖြစ်နိုင်ပါသလား။
 
René Schlott - အဲဒီမေးခွန်းကြောင့်ကျွန်တော်ပြောစရာစကားမရှိပါဘူး။ မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေကိုအာရုံထားမယ်ဆိုတဲ့ပြောင်းလဲမှုတစ်ရပ်ကို ကျွန်တော်သတိမထားမိခဲ့ဘူး။ ကျွန်တော်ပထမဆုံးသတိပြုမိတာက လူတွေရိက္ခာစုဆောင်းကြတာကိုပါ။ အဲဒါက စည်းလုံးညီညွတ်မှုရဲ့ဆန့်ကျင်ဘက်ကြီးပဲ။ အစိုးရအာဏာပိုင်တွေက လူတွေအနေနဲ့သူတို့ရဲ့အိမ်နီးချင်းတွေကွာရင်တိုင်းအခြေအနေတွေကိုချိုးဖောက်မှုအပေါ် လူသိရှင်ကြားစွပ်စွဲရှုံ့ချဖို့တောင်ဆွဲဆောင်ပြောဆိုခဲ့ကြပါတယ်။ ဒါကကြောက်ဖို့ကောင်းပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကောင်းတဲ့အရာတစ်ခုခုသင်ယူရရှိခဲ့တယ်လို့လည်းကျွန်တော်မမြင်ဘူး။ စီးပွားရေးဆက်ပြီးလည်ပတ်အောင် အစိုးရကငွေဘီလျှံပေါင်းများစွာဖြည့်တင်းပေးခဲ့တာကတော့သေချာတယ်။ ဒါပေမဲ့ စနစ်ကိုပြန်တည်ဆောက်လိုတဲ့ဆန္ဒ၊ ပိုပြီးမျှတအောင်လုပ်ဆောင်လိုတဲ့ဆန္ဒကို ကျွန်တော်မတွေ့ရဘူး။ ကျန်းမာရေးစောင့်ရှောက်မှုအလုပ်သမားတွေကို အပိုဆောင်းကြေးအနေနဲ့ ယူရိုငွေ (၁,၅၀၀) ပေးမယ်လို့ကတိပြုထားတယ်။ ဒါကခုချိန်ထိ သူတို့အားလုံးနီးပါးမမြင်တွေ့ရသေးပါဘူး။

Hedwig Richter - လူတွေကအမြဲတမ်းသမိုင်းကနေသင်ယူလေ့ရှိတယ်လို့ ကျွန်မယူဆတယ်။ အဲဒီလိုလည်းပဲ မကြာခဏဆိုသလိုလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကိုစစ်ပွဲတစ်ပွဲအပြီးမှာပဲဖြစ်ဖြစ် လေးနက်တဲ့အကြပ်အတည်းတစ်ခုအပြီးမှာပဲဖြစ်ဖြစ် ကျွန်မတို့မြင်တွေ့ရပါတယ်။ ဥပမာ - ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ စစ်ပွဲတွေထပ်မဖြစ်ပွားအောင် လူတွေကနိုင်ငံတကာအဖွဲ့အစည်းတွေကိုစနစ်တကျဖွဲ့စည်းတယ်။ ဒီကမ္ဘာ့ကပ်ရောဂါကနေ ကျွန်တော်တို့ဟာ ကိုယ်ကိုယ်ကိုပိုကောင်းအောင် ဘယ်လိုလုပ်ကာကွယ်ကြမယ်၊ ဘယ်လိုမြန်မြန်ဆန်ဆန်တုံ့ပြန်ကြမယ်ဆိုတာတွေကို သင်ယူကြမှာကျိန်းသေပေါက်ပဲ။ လိင်သာတူညီမျှမှုက အလေးအနက်ကိုင်တွယ်ဖို့လိုအပ်နေတဲ့ကိစ္စလို့ ကျွန်တော်ထင်တယ်။ ဒီမိုကရေစီကိုခြိမ်းခြောက်နေပါတယ်ဆိုတာထက်ကို ဒီပြဿနာက ပိုပြီးလေးနက်တဲ့ပြဿနာပဲ။ အမျိုးသမီးတွေကလုပ်အားလခမရဘဲ ပြုစုစောင့်ရှောက်ရေးအလုပ်တွေကိုလုပ်ဆောင်နေကြတယ်။ ဒီတော့ လခလုပ်စာရတဲ့အလုပ်တွေ တစ်ခြားအလုပ်တွေကို လုပ်ဖို့အချိန်နည်းနည်းပဲရှိတယ်။ နောင်ဆို ကျွန်တော်တို့ပိုကောင်းတဲ့အလုပ်လုပ်မှဖြစ်မယ်။

ကပ်ရောဂါတစ်ခုအတွင်းမှာနိုင်ငံရေးဟာ သိပ္ပံပညာရှင်တွေရဲ့အကြံဉာဏ်ကိုလိုက်နာတယ်။ ရာသီဥတုအပြောင်းအလဲလို တစ်ခြားနယ်ပယ်တွေမှာလည်း ဒီလိုမြင်တွေ့ရရင်ကောင်းမှာပဲ။ တစ်ချိန်တည်းမှာပဲ ဒီအချက်က ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ဖြစ်စဉ်တွေကို တစ်ခြားနည်းလမ်းမရှိတော့တဲ့ ကျွမ်းကျင်သူပညာရှင်တွေရဲ့တွေ့ရှိချက်တွေက အကန့်အသတ်လုပ်ဆောင်လိမ့်မယ်ဆိုတဲ့ အန္တရာယ်ကိုဖြစ်စေတယ်။ နိုင်ငံရေးမှာနည်းပညာပိုင်းကျွမ်းကျင်မှု အနည်းနဲ့အများ ကျွန်တော်တို့ လိုအပ်သလား။
 
Hedwig Richter - ခေတ်သစ်လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေးနဲ့သိပ္ပံပညာရပ်က မတူညီတဲ့ယုတ္တိဗေဒကိုလိုက်နာတဲ့စနစ်နှစ်ရပ်ပါ။ ကျွန်မမြင်သလောက်တော့ ဒီမူဝါဒက ကပ်ရောဂါမှာရောရာသီဥတုပြောင်းလဲခြင်းမှာပါ အသုံးချနိုင်တယ်။ ဒီနယ်ပယ်နှစ်ခုကအမှီသဟဲရှိတယ်။ တစ်ခုနဲ့တစ်ခုအပေါ်မူတည်နေတယ်။ တစ်ချိန်တည်းမှာပဲ သိပ္ပံကနေမူဝါဒကို တစ်ခုချင်းဆီပြောင်းလဲလို့မရသလို၊ အပြန်အလှန်လည်းမလုပ်နိုင်ဘူး။ ကျွန်မတို့ရဲ့ဒီမိုကရေစီအတွက် စီးပွားရေး၊ မိသားစုနဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်လိုတစ်ခြားနယ်ပယ်တွေမှာ ဘယ်ဝန်ထုပ်ဝန်ပိုးကိုခံနိုင်လဲဆိုတာနဲ့ နိုင်ငံသားတွေဆီကဘာသူတို့တောင်းဆိုလို့ရနိုင်လဲဆိုတာကို နိုင်ငံရေးသမားတွေကချိန်ညှိရမယ်လို့ဆိုလိုတယ်။ ဒီတော့ သိပ္ပံအကြံပြုချက်ကိုဆန့်ကျင်တဲ့လိုက်လျောမှုတွေကိုပြုလုပ်ဖို့ သူတို့ဟာမကြာခဏဖိအားပေးခံရတယ်။ သိပ္ပံပညာက အခြားရွေးစရာနည်းလမ်းတွေ ပြီးတော့နယ်ပယ်အများအပြားမှာယှဉ်ပြိုင်နိုင်တဲ့အမြင်မျိုးတွေကိုတောင် အမြဲပေးပါတယ်ဆိုတဲ့ရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုအတွက် တစ်ခြားနည်းလမ်းလုံးဝမရှိတဲ့ မူဝါဒတစ်ခုဆိုတာမျိုးမရှိဘူး။ ဒီတော့မကြာခဏဆိုသလို ကိုယ့်ဟာကိုယ်မှန်အောင်လုပ်ရမယ်။
 
René Schlott - ကျွန်တော်တို့ အဲဒါကိုသဘောတူပါတယ်။ ဒါပေါ့ နိုင်ငံရေးသမားတွေက သိပ္ပံပညာရှင်တွေရဲ့စကားကိုနားထောင်သင့်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်အများစုက သူတို့ရဲ့တတ်ကျွမ်းတဲ့နယ်ပယ်ကိုပဲကြည့်ကြတာ။ Christian Drosten ကသိပ်ကိုထူးခြားတဲ့ပိုးမွှားဗေဒပညာရှင်တစ်ဦးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လူမှုစည်းလုံးမှုမှာသူမကျွမ်းကျင်ဘူး။ နိုင်ငံရေးသမားတွေနဲ့အဖွဲ့အစည်းတွေက တတ်နိုင်သမျှသိပ္ပံဗဟုသုတတွေကို သူတို့လုပ်ဆောင်မှုတွေမှာထည့်တွက်ပြီး ဆုံးဖြတ်ချက်ချဖို့လိုတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ်မှာ တစ်ခြားရွေးစရာနည်းလမ်းမရှိပါဘူးဆိုပြီး ဘယ်ဆုံးဖြတ်ချက်ကိုမှ ကျွန်တော်တို့ချမှတ်လို့မရဘူး။

အခုအထိ ဒီအကြပ်အတည်းကဘယ်လိုဖြစ်ထွန်းလာသလဲဆိုတာကနေ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွေအနေနဲ့ ဘာကိုသင်ယူသင့်ပါသလဲ။
 
René Schlott - ဘယ်အကြပ်အတည်းကမှ အခြေခံအခွင့်အရေးတွေအပေါ်မှာ အဲဒီလောက်ကန့်သတ်ချက်ကြီးတွေမလုပ်ဘူးဆိုတာ ကျွန်တော်တို့လေ့လာသင့်တယ်။ မကြာသေးခင်ရာစုနှစ်တွေကမှ ကျွန်တော်တို့ခက်ခက်ခဲခဲတိုက်ယူခဲ့ရတဲ့လွတ်လပ်မှုတွေအားလုံးကို ကျန်းမာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာလွတ်လပ်ခွင့်တွေကန့်သတ်နေတာနဲ့ ကူးစက်ရောဂါပြန့်ပွားမှုမျဉ်းကွေးတပြေးညီဖြစ်စေရန်အလျော့ပေးဖို့ ထပ်ပြီးမတတ်နိုင်တော့ဘူး။
 
Hedwig Richter - အကြပ်အတည်းကလုံးဝမျှော်လင့်မထားတဲ့ဦးတည်ဖက်ကိုသွားတယ်။ နောက်ထပ် ကျွန်မတို့ကို စီးပွားရေးမှာကန့်သတ်မှုဖြစ်အောင် အတင်းလုပ်တယ်လို့ယူဆရင် အဓိကကျတဲ့အကောင်းမြင်အချက်တစ်ချက်ကို ကျွန်မမြင်တယ်။ ဒီမိုကရေစီအကြပ်အတည်းတစ်ခုလို့ယူဆထားတဲ့အကြောင်းကို ကျွန်မတို့ပြောနေစရာမလိုတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ဒီမိုကရေစီက ဒီလိုရှုပ်ထွေးလွန်းတဲ့အကြပ်အတည်းကိုတောင်စီမံခန့်ခွဲပြီးပြီ။ လူတွေရဲ့အခြေခံအခွင့်အရေးတွေအပေါ်မှာစည်းကြပ်ဖို့မရှောင်လွဲနိုင်တဲ့အချိန်မှာ လူမှုအဖွဲ့အစည်းကိုကွဲသွားအောင်မလုပ်ခဲ့ဘူး။ အကြောင်းပြချက်မရှိဘဲတော့မဟုတ်ဘူး၊ အရင်းရှင်စနစ်နဲ့ပတ်သက်နေသရွေ့  အရင်းရှင်စနစ်လက္ခဏာအချို့အမြဲရှိတဲ့ခိုင်မြဲတဲ့လူမှုစီးပွားရေးဈေးကွက်ဟာ ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့အနီးကပ်ဆက်စပ်နေတယ်လို့ အချို့ကငြင်းခုန်ပြောဆိုကြတာ အကြောင်းမဲ့တော့မဟုတ်ဘူး။