အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Expressive Musical Relaxation©Goethe-Institut Myanmar/TheeOoThazin

ထင်ဟပ်၊ မျှဝေတွဲလက်တွေ
Expressive Musical Relaxation

‘‘နွေးထွေးရင်းနှီးသောပတ်ဝန်းကျင်တစ်ခုဖန်တီးပြီး စိတ်ခံစားချက်များကို ဂီတသံစဉ်များမှတစ်ဆင့်ဖော်ထုတ်ရင်း စိတ်ပြေလျော့မှုကိုပေးနိုင်ရန်ရည်ရွယ်ခဲ့ပါတယ်။ ဆယ်ကျော်သက်ကစလို့ ၆၀ ဝန်းကျင်အထိ အသက်ရွယ်အပိုင်းခြားအမျိုးမျိုးရဲ့ စစ်မှန်သောဘဝဇာတ်ကြောင်းအစုံအလင်ကို ကျွန်မတို့နားထောင်ခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေ၊ အောက်မေ့ဖွယ်အချိန်ကာလတွေကို ကိုယ်စားပြုတဲ့သီချင်းတွေကိုဝေမျှပေးခဲ့ကြပါတယ်။ ဒီလိုကနေတဆင့် စိတ်ပြေလျှော့ခြင်း၊ ကို့ကိုယ်ကိုပြန်လည်သုံးသပ်ခြင်း၊ ကိုယ်ချင်းစာမှုရရှိခြင်းတို့ကြောင့် အဖြစ်အပျက်များကို ပြန်လည်လေ့လာစမ်းစစ်ရင်း လက်ခံနိုင်မှုတိုးလာဖို့ နူးညံ့သိမ်မွေ့သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဂီတသံစဉ်ကိုအသုံးပြု၍ ပုံရိပ်များစိတ်ကူးပုံဖော်ခြင်း၊ လက်တန်းသံစဉ်များညည်းဆိုခြင်းတို့ကနေ စိတ်အပန်းပြေခြင်း၊ ပါဝင်သူအချင်းချင်းဆက်သွယ်မှုတစ်ခုရရှိတို့ကို ကြုံတွေ့ခဲ့ရပါတယ်။ ပါဝင်သူများဟာ ထင်မထားလောက်အောင် ဖန်တီးမှု၊ စီးမျောမှုစွမ်းရည်မြင့်မားကြတာကိုတွေ့ရပါတယ်။ ခြုံငုံပြောရရင်တော့ စိတ်အနားယူမှုနဲ့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရင်းနှီးမှုရရှိ့တာကြောင့် အိမ်ပြန်ရောက်တဲ့အခါ ဝန်ထုပ်ဝန်ပိုးရဲ့ အပိုင်းအစတစ်ခုကို လွှတ်ချနိုင်ပြီး ပေါ့ပါးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။’’
ဒေါက်တာဖွေးနုမိုး

‘‘လူတဦးတယောက်ခြင်းစီရဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို သက်သာစေဖို့ရာအတွက် ဂီတထွက်ပေါက် အစီအစဉ်ကို အဓိက အပိုင်း (၃) ပိုင်းခွဲပြီး လုပ်ဆောင်ခဲ့ပါတယ်။
ပထမပိုင်းကတော့ ယေဘူယျအားဖြင့် သီချင်းနားထောင်ခိုင်းခဲ့တာဖြစ်ပြီး၊ ပါဝင်သူအားလုံးဟာ သူတို့နားထောင်ရတဲ့ သီချင်းပေါ်မူတည်ပြီး သူတို့ရဲ့စိတ်ခံစားချက်များကို ဖော်ပြနိုင်တဲ့ စကားလုံးတွေကို ပြောပြနိုင်လာခဲ့ပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ကြပါတယ်။ 
ဒုတိယပိုင်းမှာတော့ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဆက်နွယ်နေတဲ့ အတွေးခံစားချက်ကို ဖော်ပြတဲ့ သူတို့ကြိုက်တဲ့သီချင်းတွေ၊ သူတို့ဆွဲထားတဲ့ပုံတွေကို မျှဝေပြီး၊ ပါဝင်သူတွေ တစ်ဦးအပေါ်တစ်ဦး စာနာနားလည်စိတ်နဲ့ ဂရုဏာထားတတ်မှုကို ဖော်ဆောင်လာနိုင်ကြပါတယ်။ 
တတိယပိုင်းကတော့ အဓိကအားဖြင့် ဂီတနဲ့ ကိုယ့်ကိုယ်ကို ပြန်သိမြင်လာအောင် ပြုလုပ်တာဖြစ်ပြီးတော့၊ ပါဝင်သူများအနေနဲ့ အစီအစဉ်တစ်လျှောက်လုံး ခံစားတွေးတောမိသွားတဲ့ အကြောင်းအရာတွေကို ဖြေသိမ့်ရင်း တူတူသီချင်းဆိုခြင်း၊ လက်တန်းဂီတဖန်တီးခြင်းတို့နဲ့ စိတ်အကြည်ဓာတ်ရအောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ 
နိဂုံးချုပ်အားဖြင့်တော့ ပါဝင်သူအားလုံးဟာ အစီအစဉ်တစ်လျှေက်လုံး တက်ကြွစွာပါဝင်ခဲ့ကြပြီး၊ တချို့တွေဆို နေ့တိုင်းနီးပါး ပါဝင်လာကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း စီစဉ်ထားတဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီခဲ့ပြီး ပါဝင်သူအချင်းချင်းလည်း ကောင်းမွန်တဲ့ ခင်မင်မှုကွန်ရက်များ တည်ဆောက်နိုင်ခဲ့ကြပါတယ်။’’
ရန်စဲ

  • ဂီတထွက်ပေါက်အလုပ်ရုံဆွေးနွေးပွဲ ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation
  • Expressive Musical Relaxation ©Goethe-Institut Myanmar
    Expressive Musical Relaxation