အစီအစဥ်တွင် ပါဝင်ဖို့အတွက် လျှောက်လွှာများကို ဖိတ်ခေါ်ခြင်း
“စာနာခြင်းတံတား” အဖွဲ့အလိုက်ဆွေးနွေးခြင်း
၂၀၂၅ခုနှစ် စက်တင်ဘာ မှ ၂၀၂၅ခုနှစ် နိုဝင်ဘာ ထိ
Goethe-Institut မြန်မာတွင် ပြုလုပ်မည့် “စာနာခြင်းတံတား” အစီအစဥ်မှ အဖွဲ့အလိုက်ဆွေးနွေးခြင်းများတွင် ပါဝင်အားဖြည့်နိုင်မည့် လျှောက်လွှာရှင်များကို ဖိတ်ခေါ်လျက်ရှိပါသည်။ ကာလရှည်ကြာပြုလုပ်မည့် “စာနာခြင်းတံတား” အစီအစဥ်၏ ပထမရှေးဦးစွာ အဖွဲ့လိုက်ဆွေးနွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။ ယခုအစီအစဥ်သည် စမ်းသပ်လုပ်ကိုင်ဖန်တီးမှုနှင့် လုပ်ငန်းစဥ်အခြေပြုဖန်တီးလုပ်ဆောင်မှုများကို အတူတကွလုပ်ဆောင်ရန်အတွက် အနက်ဖွင့်ဆိုမှုအမျိုးမျိုး ကိုကြိုဆိုသော၊ လူသားအတွေ့အကြုံကိုထင်ဟပ်သော၊ လူသားချင်းဆက်နွှယ်မှု၏ သိမ်မွေ့နက်နဲမှုများ ကို ထည့်သွင်းစဥ်းစားသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။
မတူညီသော နယ်ပယ်နှင့် ရှုထောင့်အသီးသီးမှ ပါဝင်ကြသူများ၏ စာနာခြင်းနှင့် မျှဝေခံစားခြင်းတို့အပေါ် အတွေးအခေါ်ထင်မြင်ယူဆချက်များကို ဆွေးနွေးကြရန်အတွက် ယခုလို အဖွဲ့လိုက်ဆွေးနွေးခြင်းကို ပြုလုပ်ထားခြင်းဖြစ်သည်။ ဤကဲ့သို့ဆွေးနွေးဖလှယ်ခြင်းများပြုလုပ်ရန်အတွက် ပြည်တွင်းပြည်ပရှိ မြန်မာအနုပညာရှင် အတတ်ပညာရှင်များ၊ ယဥ်ကျေးမှုဆိုင်ရာ လုပ်ငန်းလုပ်ဆောင်သူများက ဦးဆောင်သည့် စကားဝိုင်းများသည် အပြန်အလှန်ဆွေးနွေးမှု၊ အနက်ယူသုံးသပ်မှုနှင့် တီထွင်ဖန်တီးသော စဉ်းစားမှုများကို ဘက်ပေါင်းစုံမှ လမ်းကြောင်းပေးသွားမည်ဖြစ်ပါသည်။
မြန်မာပြည်၊ တောင်အာရှ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဂျာမနီနှင့် အခြားသော တိုင်းပြည်အသီးသီးတွင် နေထိုင်လျက်ရှိသူများအားလုံးဝင်ရောက်လျှောက်ထားနိုင်ပါသည်။ ယခင်က ပြုလုပ်ခဲ့ဖူးသော အနုပညာဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ အတွေ့အကြုံတို့ရှိရန်မလိုအပ်ပဲ စူးစမ်းချင်စိတ်၊ လေ့လာချင်စိတ်၊ နားထောင်ချင်စိတ်နှင့် မိမိ၏ အတွေးအခေါ်များကို အပြန်အလှန် မျှဝေလိုစိတ်တို့ကို အဓိကထား၍ လာရောက်လျှောက်ထားနိုင်ပါသည်။
ဆွေးနွေးမှုတွင်ပါဝင်မည့် အကြောင်းအရာများ
ပါဝင်သည့် အကြောင်းအရာတို့ကို ပုံသေသတ်မှတ်ထားခြင်းမျိုးမရှိဘဲ ဆွေးနွေးခြင်းများမှတဆင့် မိမိတို့၏အတွေ့အကြုံနှင့် စာနာခြင်းအပေါ်တွေးမြင်သည့် ရှုထောင့်များကို ပါဝင်အောင် စသည့် အောက်ပါတို့ကိုပါ ထည့်သွင်းသွားမည်ဖြစ်ပါသည်။- တပါးသူအား ဂရုပြုစောင့်ရှောက်ခြင်း၊ အလေးပေးနားထောင်ခြင်းနှင့် ချိတ်ဆက်ပြောဆိုခြင်း တို့၏ နေ့စဥ်အလေ့အထများ
- မတူညီမှု၊ အမျိုးစုံလင်မှုနှင့် စုံလင်စွာပါဝင်စေမှုဆိုသော အတွေ့အကြုံများ
- အမှတ်လက္ခဏာများ၊ အတိတ်ကိုမှတ်မိပုံများနှင့် ပုဂ္ဂလဘဝအခြေခံသမိုင်းများကို ညှိနှိုင်းစဥ်းစား ခြင်း
- ပြောင်းလဲလာသောအခြေအနေများနှင့် ဝန်းကျင်ဝန်းရပ်များအတွင်းမှ ခံစားမှုပိုင်းဆိုင်ရာ၊ လူမှု ဘဝဆိုင်ရာနှင့် ရပ်ရွာနေထိုင်မှုဘဝဆိုင်ရာ ဆက်နွှယ်မှုများ
- ပုဂ္ဂလိကအမြင်များနှင့် စုပေါင်းလက်ခံထားမှုများအကြားမှ အပြန်အလှန်ဆက်နွှယ်ပတ်သက်မှု
သတ်မှတ်ထားသောအချိန်နှင့် လျှောက်ထားရန်လိုအပ်ချက်များ
• ၂၀၂၅ခုနှစ် စက်တင်ဘာလ မှ နိုဝင်ဘာလ ထိ။ အဖွဲ့လိုက်ဆွေးနွေးခြင်း (အွန်လိုင်း၊ လူတွေ့၊ နှစ်မျိုးစပ်)• လျှောက်ထားသူဘက်မှ ပါဝင်ပေးရန်လိုအပ်သောအချိန်။ ၆ပတ်မှ ၈ပတ်ကာလအတွင်း စုစုပေါင်း အနည်းဆုံး ၁၂နာရီမှ အများဆုံး နာရီ၂၀ထိ။
• ပါဝင်သူများအတွက် ပါဝင်ကြေးအနည်းငယ်ကိုလည်းထောက်ပံ့သွားပါမည်။
လျှောက်ထားရန်လိုအပ်ချက်များ
အောက်ပါအချက်အလက်တို့ကို ပေးပို့၍လျှောက်ထားနိုင်ပါသည်။- ယခုဆွေးနွေးခြင်းကိုပါဝင်လိုသည့် အကြောင်းအရင်းနှင့် မိမိထံမှရရှိနိုင်မည့် အတွေးအမြင်များနှင့် အတွေ့အကြုံများအကြောင်းရေးထားသော စာလုံးရေ ၅၀၀ထက်မပိုသောစာပိုဒ်။ မိမိနှစ်သက်ရာ မြန်မာသို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့်ရေးသားနိုင်ပါသည်။
- ယခင်လုပ်ခဲ့ဖူးသော လက်ရာနမူနာများ (Portfolio)၊ ပါဝင်ခဲ့ဖူးသောစီမံကိန်းများ၊ ရေးသားခဲ့ဖူးသော သုတေသနစာတမ်းများ၊ မှတ်တမ်းများ စသည့်အရာများရှိခဲ့လျှင် ယင်းတို့ကိုဖော်ပြထားသည့် ကိုယ်ရေးအကျဥ်း။ (၂၀ MB ထက်မပိုသောဖိုင်ဖြင့်ပေးပို့ပေးပါရန်)
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံများပါဝင်သည့် ကိုယ်ရေးအချက်အလက်။ (အများဆုံး ၂မျက်နှာ)
- ဆက်သွယ်ရန်အချက်အလက်များ။ (နာမည်အရင်း၊ အီးမေးလိပ်စာနှင့် ဖုန်းနံပါတ်)
အွန်လိုင်း အမေးအဖြေကဏ္ဍ
လျှောက်လွှာအဆင့်ဆင့်ကို အသေးစိတ်ပိုမိုသိရှိနားလည်စေရန်အတွက် အွန်လိုင်းအမေးဖြေကဏ္ဍကိုလည်း စီစဥ်ထားပါသည်။ ဤအစီအစဥ်ကို မြန်မာဘာသာဖြင့်ပြုလုပ်သွားမည်ဖြစ်သည်။နေ့စွဲ။ ၂၀၂၅ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ (သောကြာနေ့)
အချိန်။ ညနေ ၄နာရီမှ ညနေ ၅နာရီ (မြန်မာစံတော်ချိန်)
လင့်။ https://goethe-institut.zoom.us/j/81069851510
Meeting ID: 810 6985 1510
နေ့စွဲ။ ၂၀၂၅ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ (သောကြာနေ့)
အချိန်။ ညနေ ၄နာရီမှ ညနေ ၅နာရီ (မြန်မာစံတော်ချိန်)
လင့်။ https://goethe-institut.zoom.us/j/82024618451
Meeting ID: 820 2461 8451
လျှောက်လွှာပို့ရန် email နှင့်နောက်ဆုံး deadline
လိုအပ်သော အချက်အလက်များပါဝင်သည့် လျှောက်လွှာများကို အီးမေးမှတဆင့် empathy-yangon@goethe.de သို့ ပေးပို့၍လျှောက်ထားနိုင်ပါသည်။
၂၀၂၅ခုနှစ် စက်တင်ဘာ ၇ ရက် (မြန်မာစံတော်ချိန် ည ၁၁နာရီ ၅၉မိနစ်) ထက်နောက်ကျ၍ရောက်ရှိလာသော လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။
ရွေးချယ်ပုံအဆင့်ဆင့်
လျှောက်ထားသူများအားလုံးကို လက်ခံရရှိကြောင်း အီးမေးကိုပေးပို့ပေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် ရွေးချယ်ပုံအဆင့်၂ဆင့်ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။နောက်ဆုံးအဆင့်တွင်ပါဝင်သူများကို ၂၀၂၅ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်
မေးမြန်းလိုသည်ရှိသည်ဖြစ်စေ၊ လျှောက်လွှာပေးပို့ရန်ဖြစ်စေ empathy-yangon@goethe.de သို့ အီးမေးမှတဆင့်တိုက်ရိုက်ပေးပို့နိုင်ပါသည်။လူကြီးမင်းတို့၏ လျှောက်လွှာများကို စာနာခြင်းတံတားအစီစဥ်တွင်လက်ခံရရှိဖို့ မျှော်လင့်လျက်ရှိပါမည်။