အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

ပုံမှန်နှင့်အမြန်သင်တန်းများ

Portrait einer jungen Frau; sie lächelt. Im Hintergrund sind vier weitere junge Leute zu sehen.
  • အဖွဲ့အတွင်းအတူတကွသင်ယူခြင်း
  • ခေတ်မီသောသင်ယူမှုနည်းလမ်းများ
  • အရည်အသွေးမြင့်ဆရာ/ဆရာများ

ကျွန်ုပ်တို့၏ကျောင်းတွင်တိုက်ရိုက် ဂျာမန်ဘာသာစကားကိုသင်ယူလိုပါသလား။ သင်၏ဘာသာစကားစွမ်းရည်ကိုမြှင့်တင်လိုပါသလား။ ပြင်ပတွင်လူကိုယ်တိုင်လာရောက်သင်ယူနိုင်သောအတန်းများ ကျွန်ုပ်တို့ထံတွင် ရွေးချယ်စရာအမျိုးမျိုးပြင်ဆင်ထားပါသည်။
 

ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများ။ အားလုံးအတွက်သင့်လျော်သောသင်တန်းများ။

ပုံမှန်သင်တန်း A1/A2

  • တစ်ပတ်လျှင်(၂)ရက်
  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၈၀)

အမြန်သင်တန်း A1/A2

  • တစ်ပတ်လျှင်(၃)ရက်
  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၈၀)

အထူးအမြန်သင်တန်း A1/A2

  • တစ်ပတ်လျှင်(၅)ရက်
  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၈၀)

ပုံမှန်သင်တန်း B1-C1

  • တစ်ပတ်လျှင်(၂)ရက်
  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၈၀)

အမြန်သင်တန်း B1-C1

  • တစ်ပတ်လျှင်(၃)ရက်
  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၁၂၀)

အထူးအမြန်သင်တန်း B1-C1

  • တစ်ပတ်လျှင်(၅)ရက်
  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၁၂၀)

ကျွမ်းကျင်ပညာရှင်များနှင့်ဂျာမန်ဘာသာစကားသင်ယူပါ။

ဘာသာစကားစွမ်းရည် (၄) မျိုး (အရေး၊ အပြော၊ အဖတ်၊ အကြား) အပြင် ၎င်းတို့၏ယဉ်ကျေးမှုကိုပါ ဂျာမန်ဘာသာစကားနှင့်အတူသင်ယူနိုင်ပါသည်။ အခြေခံအဆင့်ဘာသာစကားစွမ်းရည်မှသည် အဆင့်မြင့်လယ်ဗယ်များအထိ သင့်ကိုအကူအညီဖြစ်စေသောနေရာတစ်ခုဖြစ်ပါသည်။

သင်တန်းချိန်ကို ခေတ်မီသင်ထောက်ကူများအပြည့်အစုံတပ်ဆင်ထားသည့်စာသင်ခန်းတွင်းသင်ကြားမည်ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်ဆရာ/ဆရာမများ၊ အခြားသင်တန်းသားများနှင့်အတူ ကောင်းမွန်သောသင်ကြားမှုပတ်ဝန်းကျင်တွင် အတူတကွလေ့လာသင်ယူရမည်ဖြစ်သည်။ သင့်လျော်သောသင်ခန်းစာများ၊ လေ့ကျင့်ခန်းများ၊ ခေတ်မီနည်းစနစ်များဖြင့် ဂျာမန်ဘာသာစကားကို သင်ယူရပါမည်။ ကျွန်ုပ်တို့၏သင်တန်းချိန်တွင်ပြောဆိုဆက်သွယ်ခြင်းနှင့်အမျိုးမျိုးအထွေထွေသောသင်ခန်းစာများပါဝင်သည်။ အပြော၊ အကြား၊ အရေး၊ အဖတ် သင်ခန်းစာများကို လက်တွေ့နှင့်နီးစပ်သောအခြေအနေနှင့်စစ်မှန်သောစာသားများနှင့်လေ့ကျင့်ပေးမည်ဖြစ်သည်။ အမျိုးမျိုးသောသင်ထောက်ကူပစ္စည်းများဖြင့် နေ့စဉ်ပြောဆိုဆက်ဆံရသောအခြေအနေများတွင် သင်ဂျာမန်ဘာသာစကားပြောဆိုရပြီး အခြားသောသင်တန်းသား/သူများနှင့်တွဲဖက် (သို့) အဖွဲ့လိုက်လေ့ကျင်သင်ကြားရပါသည်။

ကျွန်ုပ်တို့၏သင်တန်းများတွင် ဂျာမန်ဘာသာစကားပြောနိုင်ငံများကိုလေ့လာသိကျွမ်းပြီး ထိုနိုင်ငံများနှင့်မြန်မာနိုင်ငံအကြားကွာခြားချက်များကိုရှာဖွေကြည့်ပါ။ ကျွန်ုပ်တို့၏သင်တန်းမှအကြောင်းအရာများသည် လက်တွေ့ကျခေတ်မီပြီး ယဉ်ကျေးမှုဖယ်လှယ်နားလည်နိုင်မှုများကိုဦးစားပေးသည်။ ဂျာမန်ဘာသာစကားပြောယဉ်ကျေးမှုကိုအကျွမ်းတဝင်ဖြစ်စေရန် နိုင်ငံအကြောင်းဗဟုသုတများ၊ အင်တာနက်ပရော့ဂျက်များနှင့်သုတေသနလေ့ကျင့်ခန်းများဖြင့်သင်ယူနိုင်ရန် အမျိုးမျိုးသောရွေးချယ်စရာဖြစ်နိုင်ချေများရှိပါသည်။

မည်သည့်အဆင့်ကကျွန်ုပ်အတွက်သင့်လျော်ပါသနည်း။
သင်ကဂျာမန်ဘာသာစကားကိုပြောဆိုနိုင်သော်လည်း ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများတွင် ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်ပါသလား။ ထိုသို့ဆိုလျှင် ဘာသာစကားအဆင့်စစ်ဆေးခြင်း စာမေးပွဲကိုဖြေဆိုရန်လိုအပ်ပါသည်။ ဤသို့ဖြင့် သင့်တွင်မည်သို့သောဗဟုသုတများကြိုတင်ရှိထားနှင့်သည်၊ သင်နှင့်အတူသင်ယူမှုပန်းတိုင်ကိုအတူတကွချမှတ်ရန်နှင့်သင်နှင့်အတူသင့်လျော်သောသင်တန်းကိုရွေးချယ်ရန်ကျွန်ုပ်တို့ရှာဖွေဖော်ထုတ်နိုင်ပါသည်။
အကြိုဗဟုသုတများမရှိပါက အလိုအလျောက်ပင် A1.1 အဆင့်မှသင်စတင်ရမည်ဖြစ်သည်။

မေးခွန်းရှိပါက တနင်္လာ-သောကြာ (၉း၃၀)နာရီ-(၅)နာရီ +၉၅ ၁ ၉၃၇၆၁၆၀ မေးမြန်းဆွေးနွေးရန် info.language.mmr@goethe.de