ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်
ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ
‘အုန်းသားပြားပေါ်မှာ ကလေးတို့စိတ်ကြိုက် ပန်းချီဆွဲပုံဖော်ကြမယ်’ ကိုကျင်းပမှာ ဖြစ်ပြီး၊ အသက် ၆ နှစ် မှ ၁၄ နှစ်အရွယ် သားသားမီးမီးများ ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။
အုန်းသားပြားလေးတွေဆိုတာက စွန့်ပစ်အုန်းမှုတ်ခွက်တွေကနေ upcycled လုပ်ထားပြီးတော့ ပလတ်စတစ်မပါတဲ့သဘာဝထွက်ကုန်လေးတွေပဲဖြစ်ပါတယ်။စွန့်ပစ်ပစ္စည်းတိုင်းဟာအမှိုက်မဟုတ်ဘူးဆိုတာကိုလည်း အုန်းသားပြားလေးတွေပေါ်မှာ ပန်းချီဆွဲပုံဖော်ရင်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာလေးတွေ မျှဝေပေးသွားပါမယ်။ ကလေးတို့ရဲ့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီလက်ရာလေးတွေလည်း ပြန်လည်ယူဆောင်သွားလို့ရမယ်နော်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -
♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း
biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
နောက်သို့ပြန်သွားရန်